← Chapters

ကြီးမားသောအရှိန်အဟုန်

Vol. 019 Ch. 1877

ကြီးမားသောအရှိန်အဟုန်

Vol. 019 Ch. 1877

သည်မတိုင်ခင်က တန်ခိုးရှင်များသည် ရီဖူရှင်းက အိမ်တော်သခင်ဖြစ်လာမည့်ကိစ္စအား ပြောဆိုခဲ့ကြကာ သူသည် တာဝန်လွှဲပြောင်းခြင်းကာလတစ်ခု လိုအပ်မည်ဟု လူတိုင်းက ပြောခဲ့ကြသည်။ ထိုအကြောင်းပြချက်ဖြင့် တုံ့ယွင်အိမ်တော်သခင်သည် ရီဖူရှင်းအား ထိန်းချုပ်ကာ အိမ်တော်ကို ဆက်လက်စီမံနိုင်ပေသည်။ ယန်တုံ့ချင်းတွင်လည်း ထိုအကြံအစည်များရှိသည်ဟု ရီဖူရှင်းက နားလည်ထားသည်။

လက်ရှိတွင် အင်အားစုအများအပြားသည် အိမ်တော်ကို ထိန်းချုပ်ထားကြရာ သူ၏စကားမှာ ခွန်အားမဲ့သည်။ ထိုအင်အားစုများက တုံ့လင်းကလန်နှင့် မဟာမိတ်ဖြစ်ပါက ထိုအချက်က အထူးတလေ မှန်ပေသည်။ သည်ကိစ္စတွင် သူတို့က ပိုမို၍ပင် လွှမ်းမိုးနိုင်သည်။

အကယ်၍ ရီဖူရှင်းသာ အိမ်တော်သခင်ဖြစ်လာပါက မည်သည့်အင်အားစုမဆို သူ့အား ထိန်းချုပ်ရန် လွယ်ကူမည်ဖြစ်သည်။

အနည်းဆုံး သူတို့အားလုံး ထိုသို့တွေးကြသည်။

အင်ပါယာဟယ်လျန်နှင့် ယန်တုံ့ချင်းတို့ မည်သို့တွေးသည်ကို သူမသိသော်လည်း ၄င်းက အရေးမကြီးပေ။

ဟန်ကန်းဓားတောင်ထိပ်သခင်က ရီဖူရှင်းအား ကြည့်သည်။ ရီဖူရှင်းအနေဖြင့် တာဝန်လွှဲပြောင်းခြင်းကာလ လိုအပ်သည်ဟု သူက ပြောခဲ့သည်။

“မင်းမှာ မြင့်မားတဲ့ပါရမီရှင်ပေမဲ့လို့ မင်းရဲ့ကျင့်ကြံခြင်းက နည်းနည်းလိုသေးတယ်။ မင်းက တုံ့ယွင်အိမ်တော်ကို ချက်ချင်းထိန်းချုပ်မယ်ဆိုရင်တော့ တခြားအင်အားစုတွေ အကူအညီမပါဘဲဆိုရင် ဘယ်သူမဆို အိမ်တော်ကို လာရောက်တိုက်ခိုက်နိုင်တယ်။ မင်းက သူတို့ကို ဘယ်လိုတားဆီးမလဲ” ဟန်ကန်းဓားတောင်ထိပ်သခင်က မေးသည်။ သူ၏စကားလုံးများက ထက်ရှသည်။ သူ စကားပြောလျှင် မုတ်ဆိတ်ရှည်သည် လေထဲလွင့်နေ၏။

“ခင်ဗျားက ဒါကို စိတ်ဝင်စားစရာမလိုဘူး။ ခင်ဗျားတို့ ပြဿနာမရှာသရွေ့ ကျုပ်က အိမ်တော်ကို ထိန်းချုပ်နိုင်တယ်” ရီဖူရှင်းက ပြောသည်။

“ဒါတွေက မိုက်မဲတဲ့စကားတွေပဲ” ဟန်ကန်းဓားတောင်ထိပ်သခင်က အေးစက်စွာ ပြောသည်။ ဓားစွမ်းအားများ သူ့ထံမှ ရိုက်ခတ်လာခဲ့ကာ ထိုနေရာတစ်ခုလုံးအား သတ်ဖြတ်လိုသော အငွေ့အသက်များ ယှက်သမ်းလာခဲ့သည်။

ရီဖူရှင်း၏အကြည့က သူ့ထံသို့ ရောက်လာကာ ပြောသည် “ဒါကို ထပ်ပြီးတော့ ဆွေးနွေးစရာမရှိတော့ဘူး။ ကျုပ်က တစ်ခုပဲမေးမယ်။ တုံ့ယွင်အိမ်တော်ကိစ္စက အိမ်တော်သခင်တည်ထောင်သူရဲ့ဆန္ဒနဲ့ပြီးတာလား။ ခင်ဗျားတို့ရဲ့ ဆန္ဒနဲ့ ပြီးတာလား”

သူ၏စကားက အင်အားစုခြောက်ခုကို သူ့အား စိုက်ကြည့်စေသည်။

သူတို့အားလုံး အတန်ကြာ တိတ်ဆိတ်နေသည်။ လေထုသည် အလွန်တင်းမာနေ၏။

တုံ့ယွင်အိမ်တော်သခင်က ရီဖူရှင်းအား ကြည့်သည်။ ဟန်ကန်းတောင်ထိပ်ခေါင်းဆောင်၏ခန္ဓာကိုယ်မှ ဓားစွမ်းအားများ ထွက်ပေါ်လာ၏။ တုံ့လင်းကလန်မှ လူများ၏အမူအရာက အေးစက်နေသည်။ ရီဖူရှင်းကား အမှန်တကယ် မောက်မာသည်။

သို့သော်လည်း သူ၏စကားက ချက်ကောင်းကို ထိသွားပေသည်။

“မင်းသာ အိမ်တော်သခင်ဖြစ်ချင်ရင် ကျုပ်က နေရာဖယ်ပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့...” အိမ်တော်သခင်က ပြောသည်။

“ခင်ဗျားက အဲလုပ်ဆိုရင် ရပြီ” ရီဖူရှင်းက ချက်ချင်းပြောသည် “ဒီမတိုင်ခင် အိမ်တော်တည်ထောင်သူက ကျုပ်ကို အသိအမှတ်ပြုပြီးတော့ အိမ်တော်သခင်သခင်နေရာကို ပေးပြီးသားပဲ။ အခုကစပြီးတော့ ကျုပ်ဟာ အိမ်တော်သခင်ပဲ”

သူ၏အသံကား ကြည်လင်ပြတ်သားသည်။ အဝေးမှလူများပင် သူ၏စကားကို ကြားနိုင်သည်။ အိမ်တော်ပြင်ပမှ အခြေအနေကို ကြည့်နေသူများအားလုံးမှာ စိတ်နှလုံးများ တုန်ယင်သွားကြသည်။

ဤသည်က ပြတ်သားသည့် ကြေညာခြင်းဖြစ်သည်။

ယခုမှစ၍ သူသည် အိမ်တော်သခင်အသစ်ဖြစ်သည်။

သူ့အနေဖြင့် တခြားလူများ သဘောတူရန်မလို။ တုံ့ယွင်အိမ်တော်တည်ထောင်သူက သူ့အား အိမ်တော်သခင်နေရာကို ပေးပြီးဖြစ်သည်။

တုံ့ယွင်အိမ်တော်တည်ထောင်သူသည် မဟာအင်ပါယာ၏အမိန့်တော်ဖြင့် အိမ်တော်ကို တည်ထောင်ခဲ့ခြင်းဖြစ်ရာ မည်သူက သူ့အား ငြင်းပယ်ရဲမည်နည်း။

လျှိုဟန်ကိုယ်တိုင်က တုံ့ယွင်အိမ်တော်အား စီမံခြင်းသည် အိမ်တော်တည်ထောင်သူ၏သဘောထားဖြင့်သာ သက်ဆိုင်သည်ဟာ ဝန်ခံရသည်။

မည်သူမှ ထိုအချက်ကို မငြင်းနိုင်။

သူတို့သည် ကောင်းကင်ဒေသ၏အစိတ်အပိုင်းငယ်တစ်ခုမျှသာဖြစ်သော်လည်း ကောင်းကင်ဒေသ၏အစိတ်အပိုင်းဖြစ်နေဆဲပင်။ ထို့ကြောင့် သူတို့က အရမ်းကာရော မဆန့်ကျင်ရဲပေ။ တုံ့ယွင်အိမ်တော်အရေးကိစ္စတွင် သူတို့စကားက အပြီးသတ်မဟုတ်ပေ။

အိမ်တော်ကား မဟာအင်ပါယာ၏အမိန့်တော်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

အင်အားစုခြောက်ခုမှ လူများက ရီဖူရှင်းအား ကြည့်နေကြသည်။ သူက အိမ်တော်သခင်နေရာကို ယူမည်ဟု တိုက်ရိုက်ကြေညာသည်။ အခန်းအနားမလို၊ ဓလေ့ထုံးတမ်းမလို၊ သူက သည်အတိုင်း ကြေညာလိုက်သည်။

သူက အင်အားစုခြောက်ခု၏ခေါင်းဆောင်များရှိနေရာသို့ ရီဖူရှင်း လှမ်းသွားလိုက်သည်။

ထိုဖြစ်က သူတို့အားလုံး၏မျက်မှောင်ကို ကျုံ့သွားစေသည်။ သည်လူကား အမှန်မိုက်မဲသည်။ သူတို့အားလုံးက ပူးပေါင်းကာ သူ့အား ရှင်းလင်းပစ်မည်ကို မစိုးရိမ်ပေဘူးလား။

ဟယ်လျန်ယိုက ရီဖူရှင်းအား ကြည့်နေသည်။ သူသည် အလွန်သန်မာကြောင်း သူမ သိပေသည်။ ယခု သူမက ကိုယ်တိုင်တွေ့ကြုံရပြီဖြစ်သည်။ လျိုတုံ့ကောက သူ့အား ထိန်းချုပ်လိုခဲ့သည်။ ကစားပွဲသည် အင်အားစုခြောက်ခုကြားတွင်ဖြစ်သည်ဟု သူတို့အားလုံး ယူဆခဲ့ကြ၏။

သို့သော်လည်း ရီဖူရှင်းသည် တိုက်ရိုက်ပင် အိမ်တော်သခင်နေရာကို ရယူသွားသည်။

လျှိုဟန်နှင့် တခြားလူများက ရီဖူရှင်းအား စိုက်ကြည့်ကြသည်။ ယခု သူသည် အိမ်တော်သခင်ဖြစ်လာမည်ဟု ကြေညာလိုက်ပြီဖြစ်ရာ သူတို့အနေဖြင့် ရီဖူရှင်းကို လတ်တလောသတ်ဖြတ်၍ မဖြစ်တော့။

“အခု ကျုပ်က တုံ့ယွင်အိမ်တော်သခင်အသစ်ပဲ။ အိမ်တော်သခင်လျိုဆိုတာ မလိုတော့ဘူး။ ခင်ဗျားရဲ့ကျင့်ကြံသူတွေကို ခေါ်ပြီးတော့ အိမ်တော်က ထွက်သွားတော့” ရီဖူရှင်းက လျှိုဟန်ကို ပြောသည်။

လျှိုဟန်က သူ့အား ထက်ရှသောမျက်လုံးများဖြင့် ကြည့်သည်။

သူကား စားပွဲအောက်မှ ဖဲချပ်များအားလုံးကို လှန်နေလေပြီ။

“ပြတ်သားလှချည်လား” တုံ့လင်းကလန်ခေါင်းဆောင်ထံမှ စွမ်းအားများပေါက်ကွဲထွက်လာပြီးနောက် ရီဖူရှင်းကိုကြည့်ကာ ပြောသည် “အိမ်တော်သခင်လျိုက အိမ်တော်ကို ထိန်းချုပ်လာတာ နှစ်ပေါင်းများစွာ ကြာပြီ။ အခု မင်းက ဒီနေရာကို ဒီအတိုင်း ရယူလိုက်တယ်ဆိုပေမဲ့ ချက်ချင်းပဲ အိမ်တော်သခင်လျိုကို နှင်ထုတ်ဖို့ ကြိုးစားပြန်တယ်။ မင်းသာ အိမ်တော်သခင်ဖြစ်လာရင် မကြာခင် အိမ်တော်က ပျက်စီးမှာ သေချာတယ်။ ဒါကြောင့်ပဲ ဒီဒေသရဲ့အဓိက အင်အားစုတစ်ခုဖြစ်တဲ့ တုံ့လင်းအိမ်တော်က မင်းကို အိမ်တော်သခင်အနေနဲ့ လက်ခံဖို့ ငြင်းဆန်တယ်။ အိမ်တော်တည်ထောင်သူက မင်းရဲ့ပါရမီကိုပဲမြင်ပြီး မင်းရဲ့အကျင့်စရိုက်ကို မြင်ခဲ့ဘူး။ သူသာ အခြေအနေကိုသိရင်လည်း မင်းကို အိမ်တော်သခင်အဖြစ် ခန့်အပ်ခဲ့မှာ မဟုတ်ဘူး”

သူက ရီဖူရှင်းအား တိုက်ရိုက်တိုက်ခိုက်ခြင်းမပြုဘဲ အမှန်တရားကိုကိုယ်စားပြုသည့်အလား ပြောဆိုသည်။

တုံ့လင်းကလန်သည် လျှိုဟန်နှင့် ဟန်ကန်းဓားတောင်ထိပ်တို့ဖြင့်အတူ အိမ်တော်ကို ထိန်းချုပ်ပေမည်။

ရီဖူရှင်းက အိမ်တော်သခင်နေရာကို ရယူကြောင်း ကြေညာလိုက်သော်လည်း ၄င်းက အရေးမကြီးပေ။ အရာအားလုံးက သူတို့၏အသိအမှတ်ပြုမှုအောက်တွင် ရှိပေသည်။

သူ၏စကားသီးသန့်မျှဖြင့်လား...။

ရီဖူရှင်းက ယခု အိမ်တော်ကို မည်သည့်နည်းဖြင့် ထိန်းချုပ်မည်ကို သူကြည့်လိုသည်။

ရီဖူရှင်းက တစ်ဘက်လူက စကားပြောသည်ကိုမြင်လျှင် လျှိုဟန်ကို ကြည့်ကာ မေးသည် “အကြီးအကဲလျှိုဟန်က ဘယ်လိုထင်ပါသလဲ”

ယန်ချင်း၏နောက်ခံနှင့် ဆရာသခင်တောင်ဘက်တောင်ကုန်း၏ကိစ္စကို သူ ထုတ်မပြောပေ။ ထိုအရာများက အတိတ်မှ ကိစ္စဖြစ်သည်။

ယခုအချိန်တွင် လျှိုဟန်ကို ရှင်းလင်းပစ်သည်က အကောင်းဆုံးဖြစ်သည်။

“ကျုပ် ထပ်ပြောပါ့မယ်။ အိမ်တော်သခင်နေရာကို မင်းယူနိုင်တယ်။ ဒါပေမဲ့ ကျုပ်က အိမ်တော်ကို ကောင်းကောင်းမွန်မွန်လည်ပတ်ဖို့အတွက် မင်းကို ကူညီပေးရမှ ဖြစ်မယ်။ အားလုံးကလည်း ဒီလိုပဲ တွေးထားတယ်” လျှိုဟန်က ထူးမခြားနားစွာ ပြောသည်။

တချို့သောကိစ္စများမှာ သူကိုယ်တိုင်ပြောရန် မသင့်ရာ တုံ့လင်းကလန်ခေါင်းဆောင်က ပြောပေးသည်။ သို့သော်လည်း သူက လုပ်ရမည့်အလုပ်အား ပြတ်သားစွာ လုပ်ဆောင်ရပေမည်။

ရီဖူရှင်းက သူ့အား အတင်းကန်ထုတ်လိုပါက အနည်းဆုံး ဆယ်စုနှစ်တချို့ကြာပေမည်။ သူ့အနေဖြင့် ရီဖူရှင်းကို မတိုက်ခိုက်နိုင်သော်လည်း ရီဖူရှင်းသည် အမိန့်အာဏာကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။

“ကျုပ် နားလည်ပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက တုံ့လင်းကလန်ခေါင်းဆောင်ကို ကြည့်ကာ ပြောသည် “ခင်ဗျားရဲ့အင်အားစုက ဒီဒေသရဲ့အဓိက အင်အားစုတစ်ခုဖြစ်ပြီးတော့ တုံ့ယွင်အိမ်တော်ကို ထိန်းချုပ်တဲ့အင်အားစုတစ်ခုလည်းဖြစ်တယ်။ ဒါပေမဲ့ ခင်ဗျားတို့က ကိုယ်ကျိုးအတွက်အသုံးချပြီးတော့ တုံ့ယွင်အိမ်တော်တည်ထောင်ခြင်းရဲ့အနှစ်သာရကို ဆန့်ကျင်နေတယ်။ ဒီလိုဆိုမှတော့ ဒီနေ့ကစပြီးတော့ တုံ့လင်းကလန်ဟာ တုံ့ယွင်အိမ်တော်ကို ခြေတစ်လှမ်းမချဖို့ ကျုပ် တားမြစ်တယ်။ တုံ့လင်းကလန်ကလူတွေက အိမ်တော်အရေးကိစ္စမှာ ဝင်ပြောပိုင်ခွင့်မရှိတော့ဘူး။ ထွက်သွားကြတော့”

“ရူးသွပ်တာပဲ...” တုံ့လင်းကလန်မှ လူများက ရီဖူရှင်း၏စကားကိုကြားလျှင် အော်ဟစ်ကြသည်။ အောက်တွင် တုံ့လင်းချူယဲ့သည်လည်း ဒေါသကြောင့် မျက်နှာများ နီမြန်းနေသည်။

တုံ့လင်းကလန်မှလူများမှာ တုံ့ယွင်အိမ်တော်၏နှင်ထုတ်ခြင်းကို ခံရသည်လား။

သူက တုံ့လင်းကလန်မှလူများကို ထွက်သွားရန်ပင် ပြောခဲ့သည်။

ထိုသို့သော မောက်မာမှုက...။

တုံ့လင်းကလန်ခေါင်းဆောင်က ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်သည်။ သူက ထိုသို့မောက်မာသောလူငယ်အား မမြင်တွေ့ဖူးပေ။

တတိယအဆင့်ရန်ဟောင်တစ်ပါးက သူ့အား တုံ့ယွင်အိမ်တော်မှ နှင်ထုတ်ရဲသည်။

သူက ရီဖူရှင်းကို အတန်ကြာစိုက်ကြည့်ပြီးမှ သရော်ဟန်ဖြင့် ပြုံးကာ ပြောသည် “ငါက ဒီမှာ ရောက်နေပြီးပြီ။ မင်းဘာလုပ်မှာလဲ”

“တုံ့ယွင်အိမ်တော်ဟာ မဟာအင်ပါယာရဲ့လမ်းညွှန်မှုနဲ့အတူ ကျင့်ကြံခြင်းပညာရပ်တွေ ပျံ့နှံ့ဖို့အတွက် တည်ထောင်ထားတာပဲ။ အခု လူတွေက မဟာအင်ပါယာရဲ့ဆန္ဒကို လိုက်နာဖို့ ပျက်ကွယ်တယ်။ ဒါက အရမ်းမလေးမစားရာရောက်တယ်။ အကြီးအကဲဟယ်လျန်... ခင်ဗျားက တုံ့ယွင်အိမ်တော်ရဲ့စောင့်ရှောက်သူတစ်ယောက်ပဲ။ အခု သူတို့ကို သတ်ပါ” ရီဖူရှင်းက အင်ပါယာဟယ်လျန်ကို အမိန့်ပေးသည်။

“ကျုပ်က အိမ်တော်သခင်ပြောတဲ့အတိုင်း လိုက်နာပါ့မယ်” အင်ပါယာဟယ်လျန်က ခေါင်းညိတ်သည်။ သူ၏အတွေးများက ရီဖူရှင်းနှင့် တူညီသည်။ ချက်ချင်းပင် အင်ပါယာဟယ်လျန်ထံမှ မမြင်ရသောအားလှိုင်းများ ရိုက်ခတ်လာခဲ့ကာ ထိုနေရာတစ်ခုလုံးအား လွှမ်းခြုံလျှက် ကောင်းကင်တွင် မျက်နှာကြီးတစ်ခုပေါ်လာသည်။

လူတိုင်းက ထိုမျက်နှာကြီးအားမြင်သည်။ သူတို့က ထိုထူးဆန်းသောမျက်လုံးများကိုကြည့်သည်တွင် ခေါင်းများပြာဝေလာကာ အိမ်ငိုက်ချင်လာ၏။

အားလုံး၏ခေါင်းထဲကို အတွေးတစ်ခုဝင်လာကြသည်။ ‘အိပ်မက်မဟာလမ်းစဉ်’၊ ၄င်းကား ဟယ်လျန်ကလန်၏အစွမ်းအထက်ဆုံး ပညာရပ်ဖြစ်သည်။ အင်ပါယာဟယ်လျန်သည် ထိုပညာရပ်အား အမြင့်ဆုံးအထိ ကျင့်ကြံထားကာ အလွန်အားကောင်းသည်။ သူက ကျင့်ကြံသူများအား သူ၏အိပ်မက်ထဲသို့ ဆွဲခေါ်ကာ သတ်ဖြတ်နိုင်သည်။

ဟန်ကန်းဓားတောင်ထိပ်ခေါင်းဆောင်၊ လျှိုဟန်နှင့် တုံ့ယွင်အဖွဲ့မှ တခြားသောတန်ခိုးရှင်များသည်လည်း လွှမ်းမိုးခံရ၏။ မမြင်ရသော စိတ်အားလှိုင်းတစ်ခုသည် သူတို့အားလုံးကို ရိုက်ခတ်လာကာ သူတို့၏အိပ်ချင်စိတ်အား လှုပ်နှိုးလောင်ကျွမ်းသည်။

အင်ပါယာဟယ်လျန်၏မျက်လုံးများက မှော်ဆန်စွာဖြင့် တစ်ဘက်ရန်သူအား ကြည့်သည်။ သူက တုံ့လင်းကလန်ခေါင်းဆောင်ကို ကြည့်ကာ ပြောသည် “အခုအိပ်တော့...”

သူက ထိုသို့ပြောလျင် အင်ပါယာဟယ်လျန်၏မျက်လုံးများက မှိတ်သွားသည်။ လျပ်တပြက်တွင် တုံ့လင်းကလန်ခေါင်းဆောင်သည်လည်း အိမ်မက်ကမ္ဘာထဲသို့ကျဆင်းသွားသည်။

လျှိုဟန်နှင့် ဟန်ကန်းဓားတောင်ထိပ်သခင်တို့မှာလည်း အိပ်မောကျတော့မည့်အလား ဖြစ်လာသည်။ သူတို့၏စိတ်နှလုံးများ အေးစက်လာသည်။ အင်ပါယာဟယ်လျန်က တုံ့လင်းကလန်ခေါင်းဆောင်ကို အိပ်မက်ကမ္ဘာသို့ ဆွဲခေါ်သွားသည်။ သူတို့က ဝင်မစွက်ဖက်တော့ပေ။ တုံ့လင်းကလန်ခေါင်းဆောင်သည် ကိုယ်တိုင်ဖြေရှင်းနိုင်၏။

“သတိထား...”

“အတင့်ရဲတယ်...”

ထိုအခိုက်တွင် ကောင်းကင်၌ ပြင်းထန်သောဓားအားလှိုင်းတစ်ခုပေါက်ကွဲထွက်လာကာ ဓားစက်ကွင်းတစ်ခုဖြစ်လာပြီး လူတိုင်းကို အထိတ်တလန့်ဖြစ်သွားစေသည်။ ကြောက်မက်ဖွယ်ဓားသည် ယန်ဓာတ်၏ပေါင်းစပ်ခြင်းကြောင့် ပိုမို၍ပင် အားကောင်းလာသည်။

ဓားအားလှိုင်းသည် တုံ့လင်းကလန်ခေါင်းဆောင်ထံသို့ ဖြတ်သန်းသွားသည်။

ထို့ကြောင့်ပင် တုံ့လင်းကလန်မှလူများက အော်ဟစ်လိုက်ကြခြင်းဖြစ်သည်။ ဓားကား အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

လျှိုဟန်နှင့် ဟန်ကန်းဓားတောင်ထိပ်သခင်တို့ကလည်း ထိုဓားကို ခံစားမိကြ၏။ သို့သော်လည်း ဓားကား အလွန်မြန်သည်။ သူတို့တွင် တားရန်ပင် အချိန်မရှိလိုက်...။

တုံ့လင်းကလန်ခေါင်းဆောင်သည် အိမ်မက်ကမ္ဘာထဲတွင် ပိတ်မိနေသော်လည်း အန္တရာယ်ကိုတော့ ခံစားမိပေသည်။ သူက လက်ဆန့်ထုတ်ကာ လက်ဝါးတံဆိပ်တစ်ခုဖြစ်ပေါ်စေလျှက် တစ်ဘက်မှ ဓားချက်ကို ခုခံသည်။

ဓားစက်ကွင်းထဲတွင် အဆုံးမဲ့သော ဓားအားလှိုင်းများသည် ထိုဓားနှင့် ပနံသင့်စွာ အားပြုပေးထားသည်။

လျပ်တပြက်တွင် တုံ့လင်းကလန်ခေါင်းဆောင်သည် အေးခဲသွား၏။ သူ၏ဝိညာဉ်မူကား အိပ်မက်ကမ္ဘာထဲတွင် လွပ်လပ်စွာ တိုက်ခိုက်နိုင်သေးသည်။

ရွှစ်...

ဓားသည် သူ၏ခေါင်းကို ဖြတ်သန်းသွားသည်။

တုံ့လင်းကလန်ခေါင်းဆောင်သည် အစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားကာ သူ၏ဝိညာဉ်သည်လည်း ပျက်ပြယ်သွားတော့သည်။

***

All Chapters