နောက်ဆုံးနန်းဆောင်သူရဲကောင်း
Vol. 34 Ch. 334
ရုတ်တရက် အငိုက်ဖမ်း တိုက်ခိုက်လိုက်သော လက်သီးသည် စုချန်း၏ အသက်ကို တခါတည်းနှုတ်ယူထားရန် ရည်ရွယ်ထား၏။
သို့သော် ကျိယွာယု၏ အော်ဟစ်သတ်ိပေးမှုကြောင့် စုချန်းကား ပြန်လည် တုံ့ပြန်ခဲ့ပြီး ဖြစ်သည်။
သို့သော် နောက်ကို ပြန်လှည့်၍ ခုခံခြင်းမျိုးတော့ မဟုတ်။ ထိုအစား သူသည် ဝိညာဉ်ကျောက်ပြားကို လွှင့်ပစ်ကာ ရှေ့သို့ တဟုန်ထိုး ခုန်ထွက်လိုက်ခြင်း ဖြစ်သည်။
ဝိညာဉ်ကျောက်ပြား လေထဲသို့ ရောက်သွားသည်နှင့် ပိတ်လော့၏ ပုံရိပ်သည်လည်း ကျောက်ပြားနှင့််အတူ လွင့်ပါသွား၏။ သူ့ပါးစပ်မှလည်း ထိတ်လန့်တကြား အော်ဟစ်သံပေါ်လာလေသည်။ ထိုအချိန်တွင် ခရမ်းရောင်အကြေးခွံနတ်ဆိုးသတ္တဝါသည်လည်း ရှေ့သို့ ခုန်ဝင်လာ၏။ ၎င်း၏ ရည်ရွယ်ချက်မှာကား ကျောက်ပြား မြေပေါ်သို့မကျမီ ဖမ်းဆီးရန်ပင် ဖြစ်သည်။
နောက်ဆုံးတော့ စုချန်း၊ ဒန်ဘာနှင့် နတ်ဆိုးသတ္တဝါတို့သည် ကိုယ့်ရည်ရွယ်ချက်နှင့်ကိုယ် လှုပ်ရှားလိုက်ကြလေရာ လေထဲတွင် ဝင်တိုက်မိကြတော့သည်။
ထို့နောက် အုန်းခနဲ မြည်သံနှင့်အတူ လေထဲတွင် ဖုန်မှုန့်များ အလိပ်လိပ် ထလာ၏။ တချိန်တည်းမှာပင် လူရိပ်နှစ်ရိပ်က နောက်ဘက်သို့ လွင့်စင်သွားတော့သည်။
စုချန်းနှင့် ဒန်ဘာတို့ပေတည်း။
သုံးဦးသုံးဖလှယ် ဝင်တိုက်မှုကြီး၏ အလယ်ဗဟိုတွင် ခရမ်းရောင်အကြေးခွံနတ်ဆိုးသတ္တဝါကြီးသာလျင် မတ်တပ်ရပ်၍ ကျန်ခဲ့လေသည်။ သို့သော် ဝိညာဉ်ကျောက်ပြားမှာကား မထင်မှတ်ပဲ အောက်သို့ ပြုတ်ကျသွား၏။
"မဟုတ်ဘူး"
ပိတ်လော့ ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။။
သို့သော် ကံအကောင်းအကြောင်းမလှစွာပင် ဝိညာဉ်ကျောက်ပြားကား ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေပြီ။
ပိတ်လော့၏ ပုံရိပ်သည် ယိမ်းယိုင်တုန်ခါသွား၏။ ထိုအချိန်မှာပင် သူ ဆက်လက်တည်ရှိနေသေးကြောင်း ပိတ်လော့ သိလိုက်ရသည်။
ဘာလဲဟ...ကျောက်ပြား မကွဲသေးတာလား...
ပိတ်လော့ အံသြတကြီးနှင့် ဝိညာဉ်ကျောက်ပြားကို လှမ်းကြည့်လိုက်၏။ ထိုအခါ လေထုတခုက ဖဲမွေ့ယာသဖွယ် ကျောက်ပြားအောက်မှ ခံပေးထားကြောင်း သူ တွေ့လိုက်ရသည်။ အနီးကပ်စိုက်ကြည့်လိုက်မှ လေလှိုင်းရေဘဝဲလက်တံတခုက ဝိညာဉ်ကျောက်ပြားကို ရစ်ပတ်ထားပြီး ကြမ်းပြင်နှင့် ကျေက်ကြား မထမိစေရန် ကာကွယ်ထားကြောင်း သူ သဘောပေါက်သွား၏။
"ဒါ.....ဒါ......"
သူ အံ့သြတကြီးနှင့် ရေရွတ်လိုက်သည်။
"ကျုပ် ဟာလေဗျာ"
စုချန်းက ပြံးစေ့စေ့နှင့် ပြောလိုက်သည်။ ထို့နောက် သူက လက်တချက်လှုပ်လိုက်သည်နှင့် လေလှိုင်းရေဘဝဲလက်တံ၏ သယ်ဆောင်မှုနှင့်အတူ ကျောက်ပြားမှာ သူ့လက်ထဲသို့ ပြန်လည်ရောက်ရှိသွားလေသည်။
ဒန်ဘာ အံ့သြသွား၏။
"မင်း ကြိုသိနေတာလား"
စုချန်းက ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်သည်။
"ဟုတ်တယ် ငါ မင်းကိုစောင့်နေတာ ကြာပြီလေကွာ"
ဒန်ဘာသည် စုချန်း၏ အစီအစဉ်ကို နှစ်ကြိ်မ်တိုင်တိုင် ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် စုချန်းအဖို့ အတော်လေး အတွေ့အကြုံ ရသွားခဲ့ပြီဟု ဆိုနိုင်၏။ ဤအနေအထားတွင်မှ ကြိုတင်ပြင်ဆင်မှု လုပ်မထားလျင် စုချန်းကို စုချန်းဟုပင် ခေါ်နိုင်တော့မည်မဟုတ်။
ဒန်ဘာ ဘယ်နေရာရောက်နေမှန်း စုချန်း မသိ။ သို့သော် အပျက်အစီးသိုက်၏ အသည်းနှလုံးနေရာကိုတော့ ဒန်ဘာ လက်လွတ်ခံလိမ့်မည်မဟုတ်မှန်း စုချန်း သေသေချာချာ သိရှိထားလေသည်။
စကားဆုံးသည်နှင့် စုချန်းသည် လေလှိုင်းရေဘဝဲလက်တံကို အသုံးပြုကာ ဝိညာဉ်ကျောက်ပြားကို ဒန်ဘာရှိရာသို့ ပစ်ပေါက်လိုက်၏။ သူသည် ဝိညာဉ်ကျောက်ပြားကို တူသဖွယ် အသုံးပြုလိုက်ခြင်းပင်။
အခြေအနေမှာ သိပ်မကောင်းတော့မှန်း ဒန်ဘာ သဘောပေါကာလိုက်သည်။ သူသည် နောက်က်ို လျင်မြန်စွာ ခုန်ဆုတ်လိုက်၏။ ထိုအချိန်တွင် သူ့ကျောပေါ်တွင် သိမ်းငှက်ပုံရိပ်ကြီး ပေါ်ပေါက်လာပြီး ဝိညာဉ်ကျောက်ပြားကို လက်သည်းနှင့် လှမ်းကုတ်လိုက်တော့သည်။
ဒန်ဘာကား ဝိညာဉ်ကျောက်ပြားကို ကျိုးပဲ့သွားစေရန် ရည်ရွယ်လိုက်ခြင်းပင်။
ပ်တ်ိလော့ ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်၏။
ထိုအချိန်တွင် စုချန်းသည် လေလှိုင်းရေဘဝဲလက်တံကို ပြန်လည်ဆွဲယူလိုက်လေရာ ဝိညာဉ်ကျောက်ပြားသည် လက်သည်းကုပ်ချက်နှင့် ပွတ်ကာသီကာ လွတ်မြောက်သွားတော့သည်။
ဒန်ဘာ ပြင်းစွာ ဒေါသထွက်သွား၏။ ပြင်းထန်သော အားလှိုင်းများကလည်း စုချန်း၊ နတ်ဆိုးသတ္တဝါနှင့် ဝိညာဉ်ကျောက်ပြားဆီသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။ ထိုအခိုက်အတန့်ဝယ် အချိန်ကာလသည်ပင် နှေးကွေးသွားသယောင် ရှိသည်။
ထိုစဉ် အလင်းတန်းတခုက စုချန်းဆီသို့ ပြေးဝင်လာ၏။ တချိန်တည်းမှာပင် နာက်ထပ်အလင်းတန်းတခုကလည်း ဒန်ဘာဆီသို့ ပြန်လည်တိုးဝင်သွားလေသည်။
အလင်းရောင်တန်းများ ဝန်းကျင်တခိုလုံး ဝင်းလကာတောက်ပလာပြီး လေထဲတွင် သွေးများနှင့် ရဲခနဲ ဖြစ်သွား၏။ စုချန်းနှင့် ဒန်ဘာတို့နှစ်ယောက်မှာလည်း လူချင်းပူးကပ်သွားပြီး နေရာပြောင်းလဲသွားကြ၏။
ဓာတ်ခွဲခန်း၏ အဝင်ပေါက်တွင်တော့ နောက်ထပ် သတ်ဖြတ်သူ မျိုးဆက်သစ်တယောက် ပေါ်ပေါက်လာ၏။ လှံကိုင်ထားသော နန်းဆောင်သူရဲကောင်းပင်။ သူ၏ တကိုယ်လုံးတွင် သွေးများပေကျံလျက်ရှိပြီး ရင်ဘတ်တွင်လည်း အပေါက်ကြီးတပေါက် ဖြစ်ပေါ်နေ၏။ အနှီ နန်းဆောင်သူရဲကောင်းသတ်ဖြတ်သူသည် ပြင်းထန်စွာ ဒဏ်ရာရထားမှန်း ယုံမှားသံသယရှိနေစရာ မလိုတော့။ သို့တိုင်အောင် သူက စုချန်းကို အငိုက်ဖမ်းတိုက်ခိုက်လိုက်သေးသည်။
ဒန်ဘာ၏ ဝမ်းဗိုက်အတွင်းမှ လှံတချောင်း တိုးထွက်လာ၏။
ထိုလှံမှာ ယိယွန့်ဟုန်၏ လှံပင် ဖြစ်သည်။
"မင်း ဒဏ်ရာရထားတာ မဟုတ်ဘူးလား"
ဒန်ဘာက ယိယွန့်ဟုန်ကို စိုက်ကြည့်ပြီး ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။
"ငါ့ရဲ့ဒဏ်ရာက သက်သာသွားပြီကွ"
ယိယွန့်ဟုန်က ပြုံးစေ့စေ့နှင့် ပြန်ပြောလိုက်သည်။ ထိုအချိန်တွင် အားစိုက်ထုတ်မှုကြောင့် ယိယွန့်ဟုန်၏ ဒဏ်ရာသည် ပြန်လည် စုတ်ပြဲသွားပြီ ဖြစ်သည်။ သို့သော် ယိယွန့်ဟုန်ကား အနည်းငယ်မှ ဂရုမစိုက်ချေ။
နန်းဆောင်သူရဲကောင်း၏ လှံတိုသည် ထက်မြက်လှသော်လည်း အသက်ကို ခြိမ်းခြောက်နိုင်သည်ထိတော့ မဟုတ်ချေ။ တဖက်တွင် အဆင့်မြင့်ဆေးဝါးများ သောက်သုံးထားရ၍ ယိယွန့်ဟုန်၏ ဒဏ်ရာသည် မြန်မြန်ဆန်ဆန်ပင် သက်သာပျောက်ကင်းနေခဲ့ပြီ ုဖြစ်သည်။ သို့သော် စုချန်းက သူ့အား ဒဏ်ရာမပျောက်သေးသည့်သဖွယ် ဟန်ဆောင်ခိုင်းထား၏။ ထို့ကြောင့်သာ သူ့အနေနှင့် ဒန်ဘာကို အငိုက်ဖမ်း တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အံ့သြစရာကောင်းသည်မှာ စုချန်းက ယိယွန့်ဟုန်က အငိုက်ဖမ်းတိုက်ခိုက်ခိုင်းသလို ဒန်ဘာကလည်း သူ့အဖော် လံှကိုင်နန်းဆောင်သူရဲကောင်းကို အငိုဖမ်းတိုက်ခိုက်ခိုင်းထားခြင်းပင်။ ဖြစ်ချင်တော့ နှစ်ယောက်လုံး၏ တိုက်ခိုက်မှုသည် ပြိုင်တူဖြစ်သွားပြီး စုချန်းရော ဒန်ဘာပါ ဒဏ်ရာရသွားခြင်း ဖြစ်သည်။
သူတို့နှစ်ဦးစလုံး အကြံသမားများ ဖြစ်နေသည်ကတော့ သေချာလှသည်။
ယိယွန့်ဟုန် စတင်လှုပ်ရှားလိုက်သည်နှင့် တွန့်ကျန့်ချန်းနှင့် ယုမင်းနန်တို့ကလည်း ထပ်ချပ်မကွာ လိုက်ပါလာကြလေသည်။ နန်းဆောင်သူရဲကောင်းနှစ်ယောက်သည် အင်အားကြီးမားလှသည်ဆိုသော်ငြား ဒဏ်ရာရထား၍ ၎င်းတို့၏ အစွမ်းကို အပြည့်အဝ ထုတ်သုံးနိုင်စွမ်းမရှိချေ။
ထိုအချိန်တွင် ခရမ်းရောင်နတ်ဆိုးကြီးကလည်း လူတိုင်းကို ၎င်း၏ ပါးစပ်ထဲမှ အခိုးအငွေ့များဖြင့် မှုတ်ထုတ်ရင်း ရှေ့သို့ ခုန်ဝင်လာခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ အလယ်အလတ်အဆင့် နတ်ဆိုးသတ္တဝါဖြစ်၍ မည်မျှ အင်အားကြီးမားမှန်း လူတိုင်း သိရှိထား၏။ ထို့ကြောင့် မည်သူမှ ထိပ်တိုင်ရင်မဆိုင်ရဲပဲ နောက်သို့ အသီးသီး ခုန်ဆုတ်လိုက်ကြလေသည်။
သို့သော် နတ်ဆိုးသတ္တဝါကြီးကား လိုရင်းကို မရောက်လိုက်ပြန်။ အကြောင်းမှာ စုချန်းက လေလှိုင်းရေဘဝဲလက်တံကို အသုံးပြုကာ ဝိညာဉ်ကျောက်ပြားကို နေရာပြောင်းလဲလိုက်ခြင်းကြောင့်ပင်။ ထိုအချိန်တွင် ယွဲ့လောင်ရှက စုချန်းကို ဆေးသောက်နိုင်ရန် ကူညီပေးပြီး ကျိယွာယုက လှံကိုဆွဲထုတ်ကာ ပတ်တီးစည်းပေးလိုက်သည်။ ဝိညာဉ်ကျောက်ပြားနှင့်အတူ လွင့််ပါနေသော ပိတ်လော့မှာကား အူသည်းလှိုက်သည်း အော်ဟစ်နေ၏။
ထိုစဉ် စုချန်းက ပြောလိုက်သည်။
"ယွန့်ဟုန် အားတိုးဆေးတွေ ထုတ်သောက်ပြီး ဒီကောင်ကို ရှင်းပစ်လိုက်တော့ကွာ"
"နားလည်ပြီ"
ပြောပြောဆိုဆိုနှင့်ပင် ယိယွန့်ဟုန်သည် စုချန်း သိမဆည်းထားသည့် အားတိုးဆေးများကို တဖုံပြီးတဖုံ သောက်ချလိုက်၏။ သို့သော် ဒဏ်ရာပျောက်ကင်းသည့်ဆေးကိုတော့ မသောက်ပဲ စုချန်းကို တိုက်ကျွေးလိုက်လေသည်။
ဆေးသောက်လိုက်သည်နှင့် ယိယွန့်ဟုန်၏ အင်အားများသည် ချက်ချင်းဆိုသလို လူးလွန့်လှုပ်ရှားလာ၏။ အပူဓာတ်များမှာလည်း တရှိန်းရှိန်း တိုးထွက်လာလေသည်။
"ဒန်ဘာကို အရင်သတ်"
စုချန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့အတွက်တော့ ဒန်ဘာကို သတ်နိုင်ရန်မှာ ကျန် သတ်ဖြတ်သူ ၃၉ယောက်လုံးကို သတ်ဖို့ထက် များစွာ ပိုအရေးကြီး၏။
ယိယွန့်ဟုန်သည် ကျယ်လောင်စွာ အော်ဟစ်ပြီး ဒန်ဘာဆီသို့ ခုန်ဝင်လိုက်သည်။ ဒန်ဘာကလည်း ဆေးမင်ပုံရိပ်ကို ထုတ်ဖော်ပြီး ပြန်လည်တိုက်ခိုက်လိုက်၏။ သို့သော် ဒန်ဘာသည် ယိယွန့်ဟုန်၏ တိုက်ခိုက်မှုကြောင့် နောက်ဘက်သို့ လွင့်စင်သွားတော့သည်။
၎င်းမှာ ယိယွန့်ဟုန်၏ အင်အား တိုးပွားလာသည်ကြောင့်ပင် မဟုတ်ချေ။ ဒန်ဘာကိုယ်တိုင်လည်း အပြင်းအထန် ဒဏ်ရာရထားသောကြောင့် ဖြစ်သည်။
"သေပေတော့"
ယိယွန့်ဟုန်က ရှေ့သို့ ဆက်လက်ခုန်ဝင်လာပြီး ဒန်ဘာ၏ ဦးခေါင်းကို လက်ဝါးနှင့် ရိုက်ချလိုက်လေသည်။
ယိယွန့်ဟုန်၏ ရည်ရွယ်ချက်မှာ ဒန်ဘာ၏ ဦးခေါင်းကို တချီတည်းနှင့် ရိုက်ခွဲလိုက်ရန်ပင် ဖြစ်သည်။ ထိုအချိန်မှာပင် လှံကိုင်ထားသော နန်းဆောင်သူရဲကောင်းက ကြားဖြတ်ခုန်ဝင်လာပြီး ယိယွန့်ဟုန်၏ တိုက်ကွက်ကို ကြားဝင်ခံဆောင်ပေးလိုက်တော့သည်။ သူတို့နှစ်ယောက် လေထဲတွင် မဆုံတွေ့ခင်မှာပင် အနှီ နန်းဆောင်သူရဲကောင်း၏ ကိုယ်ပေါ်မှ မျက်စေ့ကျိန်းစပ်လုမတတ် အလင်းရောင်များ ထွက်ပေါ်လာ၏။
ထိုအလင်းရောင်များမှာ ဖာရာရို မသေဆုံးခင် အသုံးပြုခဲ့သည့် လျှို့ဝှက်နည်းစနစ်မှ အလင်းရောင်များနှင့် တထပ်တည်း တူညီနေလေသည်။
"လွန်တား"
ဒန်ဘာ အူသည်းလှိုက်သည်း အော်ဟစ်လိုက်၏။
လှံကိုင်ထားသော နန်းဆောင်သူရဲကောင်းကလည်း ဒန်ဘာကို လှမ်းကြည့်ရင်း အော်ဟစ်လိုက်သည်။
"မင်း လွတ်အောင်ပြေးတော့"
ဒန်ဘာသည်လည်း ဒဏ်ရာရထားသော ဝမ်းဗိုက်ကို ဖိရင်း ချက်ချင်းလိုလိုပင် နောက်သို့ ခုန်ဆုတ်လိုက်၏။
"မင်း ပြေးလို့လွတ်မယ်ထင်နေတာလား"
ယိယွန့်ဟုန်သည် ကျယ်လောင်စွာ အော်ဟစ်ငေါက်ငမ်းလိုက်ပြီး ဒန်ဘာ၏ နောက်သို့ လိုက်ရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်တွင် လှံတံကိုင်နန်းဆောင်သူရဲကောင်းသည် လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးလိုက်၍ သူ၏ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိလာဟန်ရှိသည်။ အားတိုးဆေးများသောက်ထားသည့် ယိယွန့်ဟုန်နှင့်ပင် အင်အားချင်းတူညီလာ၏။ သို့သော် သူ၏ အကောင်းဆုံးစွမ်းရည်မှာ အမြန်နှုန်း ဖြစ်သည်။ ယခုတော့ ဒန်ဘာ၏ လွတ်မြောက်မှုအတွက် ယိယွန့်ဟုန်၏ တိုက်ကွက်ကို သူ့အဖို့ အမာကိုအမာချင်း တုံ့ပြန်ရသော အခြေအနေသို့ ဆိုက်ရောက်သွား၏။ ထို့ကြောင့် သူ့အနေနှင့်် ယိယွန့်ုဟုန်ကို မည်သို့မှ အနိင်ရစရာ အကြောင်းမရှိတော့ချေ။
ထိုအထဲတွင် ယုမင်းနန်နှင့် တွန့်ကျန့်ချန်းတို့က ထပ်ချပ်မကွာ လိုက်ပါလာလေရာ သူ့အခြေအနေမှာ ပိုဆိုးသွားတော့သည်။
သို့သော် လှံတံကိုင် နန်းဆောင်သူရဲကောင်းကား တံခါးဝကို ပိတ်ကာ အနည်းငယ်မှ နောက်ဆုတ်ခြင်းမရှိပဲ ကြံ့ကြံ့ခံနေ၏။ လက်သီးလက်ဝါးထိုးချက်ရိုက်ချက်များက သူ့ကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်နေလေရာ နန်းဆောင်သူရဲကောင်းကား သွေးပွက်ပွက်အန်နေခဲ့လေပြီ။
သို့တိုင်အောင် ယခုအချိန်ထိ သူသည် မာန်တင်းကာ ခုခံလျက်ရှိ၏။ ထိုအချိန်တွင် သူ့ကိုယ်ပေါ်ရှိ ဆေးမင်များမှာလည်း အရောင်များ တောက်ပဝင်းလက်လာပြီး ဝိညာဉ်ဆေးမင်ပုံရိပ်သည် နောက်ဆုံးအကြိမ်အနေနှင့် ပြန်လည်ထွက်ပေါ်လာတော့သည်။
ထိုအခါ တွန့်ကျန်ချန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ခံနိုင်ရည်ရှိလှသော နန်းဆောင်သူရဲကောင်းကို သူ၏ တောင်ခွဲဓားနှင့် ခုတ်ချလိုက်လေရာ သွေးများ ပန်းခနဲ ထွက်လာပြီး လက်တချောင်း ပြတ်ထွက်သွားတော့သည်။ သို့တိုင်အောင် ခေါင်းမာလှသော သကောင့်သားမှာကား ဒဏ်ရာ စိုးစဉ်းမျှ မရထားသည့် ပုံစံနှင့် ယခုထိ လှံကို ဟိုယမ်းသည်ယမ်း လုပ်လျက်ရှိလေသည်။
တချိန်တည်းမှာပင် ယိယွန့်ဟုန်နှင့်ယုမင်းနန်တို့၏ တိုက်ခိုက်မှုက သူ့ကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာပြန်၏။ လှံတံကိုင်နန်းဆောင်သူရဲကောင်းကား တကိုယ်လုံး သွေးများဖုံးလွှမ်းလျက်ရှိချေပြီ။
သို့သော် သကောင့်သားကား အနည်းငယ်မှ နောက်ဆုတ်သွားခြင်းမရှိသေး။ ထိုအခါ တွန့်ကျန့်ချန်းက ကျယ်လောင်စွာ အော်ဟစ်ပြီး တောင်ခွဲဓားနှင့် နောက်တကြိမ် ပြန်လည်ခုတ်ချလိုက်ပြန်သည်။နန်းဆောင်သူရဲကောင်း လွန်တားကား ရှောင်တိမ်းခြင်းမပြုသည့်အပြင် သူ၏ လက်ထဲရှိ လှံတံဖြင့် တွန့်ကျန့်ချန်းကို ပြန်ထိုးလိုက်၏။ မဲနက်နေသော လှံသည် လျင်မြန်လှသော အရှိန်အဟုန်ဖြင့် တွန့်ကျန့်ချန်း၏ ရင်ဘတ်ကို စိုက်ဝင်သွား၏။ ထိုအချိန်တွင် တောင်ခွဲဓားကလည်း နန်းဆောင်သူရဲကောင်းလွန်တား၏ ကိုယ်ပေါ်သို့ ကျရောက်လာတော့သည်။
ထိုအချိန်မှာပင် ယိယွန့်ဟုန်၏ လက်သီးချက်က လွန်တား၏ ဦးခေါင်းပေါ်သို့ ကျရောက်လာ၏။ ပြင်းထန်လှသော လက်သီးချက်ကြောင့် လွန်တား၏ ဦးခေါင်းတခုလုံး ပြားချပ်သွားလေသည်။ သို့တိုင်အောင် လွန်တားသည် မသေနိုင်သေးပဲ ရှိသမျှ အင်အားကိုထုတ်ကာ ယိယွန့်ဟုန်ကို ပြန်ထိုးလိုက်၏။ သူ၏ လက်သီးက ယိယွန့်ဟုန်၏ ဒဏ်ရာဟောင်းကို တည့်တည့်မတ်မတ်ပင် ထိမှန်သွားလေရာ အကာအကွယ် အသုံးပြုထားသည့်တိုင် ယိယွန့်ဟုန်၏ တကိုယ်လုံး နာကျင်သွားလေသည်။
ယုမင်းနန်၏ လက်ဝါးရိုက်ချက်ကား လွန်တား၏ ရင်ဘတ်ပေါ်သို့ ကျရောက်လာ၏။ နံရံကျိုးသံများ တကျွတ်ကျွတ်ပေါ်ထွက်လာလေသည်။ လွန်တားကား မသေနိုင်သေး။ အကောင်းပကတိ ကျန်နေသော လက်တချောင်းဖြင့် အားကုန်ပြန်ထိုးလိုက်လေရာ ခွန်အားချင်း မယှဉ်သာသော ယုမင်းနန်မှာ နောက်ဖက်သို့ လွင့်စင်သွားတော့သည်။ သို့သော် ယုမင်းနန်ကား ဗလာချီ လွင့်စင်သွားသည်မဟုတ်။ သူမ၏ လက်ထဲမှ ငွေရောင်ကြိုးတချောင်းထွက်လာပြီး လွန်တား၏ လက်ကို တင်းကျပ်စွာ ရစ်ပတ်လိုက်တော့သည်။ ငွေကြိုး၏ အားပါလှသော ဆွဲအားကြောင့် လွန်တား၏ လက်မှာ အရင်းမှ ပြုတ်ထွက်သွားတော့သည်။
သို့သော် လွန်တားကား အံ့သြစရာကောင်းလှအောင် အသက်ပြင်းသူပင်တည်း။
သူသည် လက်နှစ်ချောင်းလုံး ပြတ်တောက်သွားသည့်တိုင်အောင် အလျှော့မပေးသေးပဲ နောက်ဆုံး ကြိုးစားအားထုတ်မှုအနေနှင့် ခြေထောက်နှစ်ချောင်းဖြင့် စုံကန်လိုက်၏။
သို့သော် သူ့ကန်ချက်မှာ လိုရာသို့ မရောက်လိုက်ရှာ။
ယိယွန့်ဟုန်သည် လွန်တား၏ ခြေထောက်ကို ဖမ်းဆွဲထားပြီး အေးစက်သော လေသံနှင့် ပြောလိုက်သည်။
"မင်းက သေဖို့ ငြင်းဆန်နေတယ် ဟုတ်လား ကြည့်ကြသေးတာပေါ့"
ပြောပြောဆိုဆို ယိယွန့်ဟုန်သည် လွန်တား၏ ကိုယ်ခန္ဓာအား နှစ်ခြမ်း ဆွဲဖြဲလိုက်တော့သည်။