← Chapters

လွင့်မြောနေသော ကျောက်စိမ်းရောင် မီးခိုးငွေ့များ

Vol. 34 Ch. 339

လွင့်မြောနေသော ကျောက်စိမ်းရောင် မီးခိုးငွေ့များ

Vol. 34 Ch. 339

နဂါးကျောင်းတော်သို့ ပြန်ရောက်လာခဲ့ပြီးနောက် စုချန်း၏ ဘဝသည် ယခင် ပုံစံခွက်အတွင်းသို့ ပြန်လည်ကျရောက်သွားခဲ့၏။ သူသည် နေ့ရက်တိုင်းလိုလိုတွင် အမျိုးမျိုးအဖုံဖုံသော စမ်းသပ်မှုများနှင့်သာ အလုပ်ရှုပ်နေခဲ့လေသည်။

တခုတည်းသော ကွဲပြာခြားနားချက်ဟူ၍ ဤတကြိမ်တွင်တော့ ကုချိန်းလွှာ သူ့ဘေးနားတွင် ရှိနေခြင်းပင်။ နေ့တိုင်းလိုလို နေဝင်းဆည်းဆာအချိန်ရောက်သည်နှင့် ကုချိန်းလွှာသည် မူလစွမ်းအင်မျှော်စင်သို့ ရောက်ရှိလာပြီး စုချန်းကို အဖော်ပြုလေ့ရှိ၏။ ထိုအခါ သူတို့နှစ်ယောက်သည် ယခင်ကထက် တယောက်ကိုတယောက် ပို၍ နက်ရှိုင်းစွာ နားလည်လာကြ၏။

တကယ်တော့ စုချန်းသည် ကြောက်လန့်စရာကောင်းသော ရည်စားဟု ဆိုနိုင်သည်။ တခုခု ပြောလိုလျင် အမြဲတစေ ကုချိန်းလွှာကသာ စကားစရလေ့ရှိပြီး စုချန်းကတော့ အချိန်တိုင်းတွင် စမ်းသပ်မှုများနှင့်သာ အလုပ်ရှုပ်နေလေ့ရှိသည်။

ဤသည်မှာ စုချန်းအား တပည့်အဖြစ် လက်ခံလိုက်စဉ်က ရှီကိုင်းဟွမ် ပြောခဲ့ဖူးသည့် စကားများနှင့် တနည်းတဖုံ သက်ဆိုင်နေသည်ဟု ဆိုနိုင်၏။

တချိန်တုန်းက စုချန်းသည် ကုချိန်းလွှာ၏ လုပ်ရပ်ကြာင့်သာ သွေးဗီဇကန့်သတ်ချက်ကို ကျော်လွှားရန် စိတ်ကူးစိတ်သန်းများ ပေါ်ပေါက်လာကြောင်း ရှီကိုင်းဟွမ်အား ဝန်ခံခဲ့၏။ ထိုအခါ ရှီကိုင်းဟွမ်ကလည်း စုချန်း၏ ရည်မှန်းချက်နှင့် ဆန္ဒကို ပြန်လည်ဆန်းစစ်ရန် ဖိအားပေးခဲ့ဖူး၏။

စုချန်းကလည်း ရှီကိုင်းဟွမ်၏ ဖိအားပေးမှုအတိုင်း အမှန်တကယ်ပင် လိုက်နာလုပ်ဆောင်ခဲ့၏။

ထိုသို့သာမဟုတ်လျင် ယခုအချိန်တွင် ကုချိန်းလွှာတယောက် သူ့ဘေးနားသို့ ပြန်ရောက်လာခဲ့ပြီဖြစ်၍ စုချန်းအနေနှင့် သွေးဗီဇကန့်သတ်ချက်ကို ကျော်လွှားရန်ဟူသော ရည်မှန်းချက်ကို စွန့်လွှတ်လိုက်ဖို့သာ ရှိတော့သည်။ သူ့အနေနှင့် စမ်းသပ်မှုများ ဆက်လက်ပြုလုပ်နေရန် မလိုအပ်တော့။ သူသည်

" ဒီကနေ့မှာ မင်းဟာ မိန်းကလေးတယောက်အတွက် သစ္စာပြုခဲ့တယ် နောက်တရက်မှာ မိန်းကလေးတယောက်အတွက် အဲဒီသစ္စာကို ဖောက်ဖျက်လိမ့်မယ်"

ဟူသော ရှီကိုင်းဟွမ်၏ စကားကို ရင်ထဲအသည်းထဲတိုင်အောင် စွဲနစ်စွာ မှတ်သားထားလိုက်ခြင်း ဖြစ်သည်။

ယခုအချိန်တွင် စုချန်း လုပ်ဆောင်နေသမျှသည် လူများမျိုးနွယ်ကြီးတခုလုံး ထိပ်တန်းသို့ ရောက်လာစေရန်သာ ဖြစ်သည်။ ချစ်သူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သည့် အပြောင်းအလဲကမှ စုချန်း၏ ရည်ရွယ်ချက်ကို ယိမ်းယိုင်အောင် မပြုလုပ်နိုင်တော့။

ပိတ်လော့၏ လမ်းညွှန်မှုဖြင့် စုချန်း၏ သုတေသနလုပ်ငန်းသည် မြန်မြန်ဆန်ဆန်ပင် တိုးတက်လာခဲ့၏။

နောက်ထပ် အချိန်တနှစ်မှာ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွားခဲ့ပြန်ပြီ ဖြစ်သည်။

ဤယနေ့တွင်လည်း စုချန်းသည် သူ၏ ဓာတ်ခွဲခန်းအတွင်းဝယ် စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်နေခဲ့၏။

သူသည် စနစ်တကျ ပြင်ဆင်ထားသော ဟိုင်ယာဆင့်ဝတ်မှုန်အား ဖန်ပြွန်ထဲသို့ ဂရုတစိုက်နှင့်် ထည့်လိုက်ပြီး အထဲရှိ အပြာရောင်အရည်များနှင့် ရောစပ်လိုက်၏။ ထို့နောက် သူက မီးတောက်တခု ဖန်တီးပြီး ဖန်ပြွန်၏ အောက်ခြေအား အပူပေးလိုက်၏။ အပူရှိန်သည် တသမတ်တည်း တောက်လောင်လျက်ရှိရာ သိပ်မကြာမီပင် ဖန်ပြွန်အတွင်းရှိ အရည်နှင့် ပါဝင်ပစ္စည်းများအားလုံး သမမျှတစွာ ပေါင်းစပ်သွား၏။

"မဲနယ်ရောင်ပုတ်သင်ရဲ့ သွေးကို ထည့်လိုက်တော့"

စုချန်းက ပြောလိုက်၏။ စုချန်း၏ အမိန့်ရသည်နှင့် သံမဏိသည် အနီးအနားရှိ မဲနယ်ရောင်ပုတ်သင်ကို ဖမ်းချုပ်ပြီး လည်ပင်းကို ဆတ်ခနဲ လိမ်ချိုးလိုက်၏။ ပုတ်သင်သွေးများ ပေါင်းထည့်လိုက်သည်နှင့်် ဖန်ပြွန်အောက်ခြေမှ အဖြူရောင်မီးခိုးငွေ့များ ထွက်ပေါ်လာကြောင်း သူတို့ မြင်တွေ့လိုက်ရသည်။

ထိုအခိုက်မှာပင် စုချန်း လက်ထဲရှိ မီးတောက်မီးလျံများ ပျောက်ကွယ်သွားပြီး ရေခဲများသာ ကျန်ရှိခဲ့၏။ ရေခဲများသည် ဖန်ပြွန်တခုလုံးကို ဖုံးအုပ်သွားပြီး ထိပ်ပိုင်းတွင် အပေါက်ငယ်တပေါက်သာ ကျန်ရစ်ခဲ့လေသည်။ ထို့နောက် အနှီ အဖြူရောင်မီးခိုးငွေ့များသည် ရေပမာ အသင့်ပြင်ဆင်ထားသည့် နောက်ထပ် ဖန်ပုလင်းငယ်အတွင်းသို့ စီးဝင်သွား၏။ ကနဦး ဖန်ပြွန်အတွင်းမှ ဆေးဘက်ဝင်ကုန်ကြမ်းများအားလုံးသည် အဖြူရောင်မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုအခါ စုချန်း၏ လုပ်ငန်းစဉ်သည်လည်း အဆုံးသတ်သွားပြီ ဖြစ်သည်။

"ဝိုး နောက်ဆုံးတော့ ငါဟာ ကျောက်စိမ်းမီးခိုးငွေ့တွေကို ဖန်တီးနိုင်ခဲ့ပြီပဲ"

စုချန်းက အဖြူရောင်မီးခိုးငွေ့များ ပြည့်နှက်နေသည့် ဖန်ပုလင်းငယ်ကိ မြှောက်ရင်း ပြောလိုက်သည်။

"ဂုဏ်ယူပါတယ်သခင် ကျောက်စိမ်းမီးခိုးကို ဖန်တီးနိုင်ခဲ့ပြီဆိုတော့ သွေးနီဥပြိုကွဲဆေးမင်ရုပ်ရဲ့ ကနဦးအဆင့်ကို အောင်မြင်သွားပြီပေါ့ သခင့်အနေနဲ့ အရိပ်ပစ္စည်းကိုသာ ပေါင်းထည့်နိုင်ခဲ့ရင် အသုံးပြုနိုင်တဲ့ အဆင့်ကို ရောက်ဖို့ အတော်ကို နီးစပ်သွားပြီ"

ပိတ်လော့က ချီးကျူးလိုက်၏။

"အင်း ဒါကလည်း သွေးဓားသမားတွေ ဖန်တီးရမဲ့ လျှို့ဝှက်နည်းလမ်းကို ခင်ဗျား ပြောပြခဲ့လို့ပါ ဒီအတွက် ခင်ဗျားကို ကျေးဇူးတင်ရမှာပဲ"

စုချန်းက ပြန်ပြောလိုက်၏။

သွေးဓားသမားများဟူသည်မှာ အာကင်နာနိုင်ငံတော်ကြီး ကောင်းစားစဉ်က ပေါ်ထွက်လာခဲ့သူများ ဖြစ်သည်။ ၎င်းသည် အာကင်နာပညာရှင်များက ၎င်းတို့၏ အစေခံများ အင်အားကြီးမားလာစေရန် ရှိရင်းစွဲ သွေးဗီဇကို ပြောင်းလဲပစ်လည်သည့် နည်းလမ်းတမျိုးပင်။ သို့သော် ထိုနည်းလမ်းမှာ ဘေးထွက်ဆိုးကျိုးမျိုးစုံ ရှိနေသည့်အပြင် တိုးပွားလာသည့်အင်အားကလည်း အကန့်အသတ်နှင့်သာ ဖြစ်သည်။ မည်သို့ဆိုစေ သာမာန်လူတယောက်၏ အင်အားကို အမြန်ဆုံးတိုးပွားလာစေရန်တော့ ဤနည်းလမ်းက အတော်ပင် အသုံးဝင်၏။ ထို့ကြောင့် အနာဂတ်အလားအလာ သိပ်မရှိတော့သော လူမျိုးများသည် သွေးဆေးမင် နည်းစနစ်ကို အသုံးပြုလေ့ရှိကြ၏။

အစတုန်းကတော့ စုချန်းသည် အစေခံများအပေါ်တွင် ဤနည်းလမ်းကို အသုံးပြုရန် စိတ်မဝင်စားခဲ့ချေ။ သူ့တွင် အစေခံဟူ၍ သံမဏိတဦးတည်းသာ ရှိနေပြီး သံမဏိအပေါ်တွင်သာ ဤနည်းလမ်းကို အသုံးပြုလိုက်ပါက ၎င်း၏ အသက်မှာ များစွာ တိုသွားပေလိမ့်မည်။ ထို့ကြောင့် စုချန်းက ဤနည်းစနစ်ကို စူးစမ်းလိုသော သဘောနှင့်သာ လေ့လာနေခြင်း ဖြစ်သည်။

သို့သော် အနီးကပ်လေ့လာကြည့်မှ သွေးဓားသမားများ ဖန်တီးသည့်နည်းလမ်းသည် သတ်ဖြတ်သူဆေးမင် ဖန်တီးသည့်နည်းလမ်းနှင့် ဆင်တူနေကြောင်း စုချန်း တွေ့လာရ၏။ နည်းလမ်းနှစ်မျိုးလုံးလိုလိုသည် တစုံတယောက်၏ တိုက်ခိုက်ရေးစွမ်းရည်ကို တိုးပွားလာစေရန် ပြင်ပပုံစံများအား ပြောင်းလဲပစ်လိုက်သည့်သဘောပင်။

နည်းလမ်းနှစ်မျိုးအကြား တခုတည်းသော ကွဲပြားခြားနားချက်မှာ သတ်ဖြတ်သူဆေးမင်သည် ရိုးရှင်း၏။ ရက်စက်ကြမ်းကြုတ်၏။ ၎င်းသည် သတ်ဖြတ်သူများ၏ ခံနိုင်ရည်အပေါ်တွင်သာ မူတည်နေ၏။ သွေးဓားသမားများ ဖန်တီးသည့်နည်းလမ်းကတော့ များစွာ ရှုပ်ထွေး၏။ ၎င်းသည် တစုံတယောက်၏ အသက်ဓာတ်အပေါ်တွင် မူတည်နေပေသည်။ သို့သော် လူတိုင်းနှင့် သင့်လျော်၏။

ထို့ကြောင့် စုချန်းက ထိုနည်းစနစ်နှစ်မျိုးကို ပေါင်းစပ်ရန် ကြိုးစားနေခြင်း ဖြစ်ပြီး အောင်မြင်မှုရလာပါက ထိုနည်းစနစ်ကို သွေးနီဥပြိုကွဲရေးဆေးမင်ကြောင် နည်းစနစ်ဟု အမည်ပေးရန် စုချန်းက စဉ်းစားထားလေသည်။

လုပ်နည်းကိုင်နည်းများမှာ အတူတူဟု ဆိုသည့်တိုင် တခါတရံတွင်တော့ အောင်မြင်မှုများသည် မထင်မှတ်သော နေရာများမှ ပေါ်ထွက်လာတတ်၏။ တနည်းအားဖြင့် သုတေသနလုပ်ငန်းများဟူသည် ကံစမ်းမဲဖောက်နေရသည်နှင့် အတူတူသာ။

တကယ်တော့ စုချန်းသည် လက်ရှိအချိန်တွင် စမ်းသပ်မှုအများအပြားကို ဆောင်ရွက်လျက်ရှိသည်။ ထိုအထဲတွင်မှ သွေးနီဥပြိုကွဲဆေးမှင်နည်းလမ်းသည် သူ အာရုံစိုက်မှု အနည်းဆုံး စမ်းသပ်မှု ဖြစ်သည်။ ယခုတော့ ကြိုးစားအားထုတ်မှု အနည်းငယ်မျှနှင့် ဤနည်းလမ်းက အောင်မြင်မှုလမ်းစပေါ်သို့ ရောက်ရှိလာခဲ့ပေပြီ။

အဖြူရောင်မီးခိုးငွေ့များ ပြည့်နှက်နေသည့် ဖန်ပုလင်းငယ်ကို လက်ထဲတွင် ကိုင်ထားရင်း စုချန်း ငြိမ်သက်သွား၏။ အတန်ကြာမှ သူက ခေါင်းတချက်ခါရင်း ရေရွတ်လိုက်သည်။

"ကျုပ် လမ်းချော်နေပြန်ပြီ ဆရာသာ တွေ့သွားရင် ကျုပ်ဟာ အာရုံများလွန်းတယ်လို့ အပြစ်တင်လိမ့်မယ်"

"အသိပညာဘဏ္ဍာတိုက်ကြီးရဲ့ ထိပ်ပိုင်းကို ရောက်ချင်ရင် သခင်အနေနဲ့ အုတ်မြစ်ခိုင်မာမှရမယ် ခုစမ်းသပ်မှုဟာ လမ်းချော်နေတယ်လို့ ထင်စရာရှိပေမဲ့ တချိန်ကျရင် ဒါက အုတ်မြစ်တခု ချလိုက်သလိုပဲ ဖြစ်လာလိမ့်မယ်သခင်"

ပိတ်လော့က ပြောလိုက်၏။

"ကျုပ်ကလည်း ခင်ဗျားပြောတာကို သဘောတူပါတယ် ဒါပေမဲ့ ဒါက ဖြစ်နိုင်ချေသက်သက်ပဲ ရှိတာ ဟုတ်တယ်မလား ကျုပ်ပြောတာ"

စုချန်းက ပြန်မေးလိုက်၏။

"အသိပညာနဲ့ ပတ်သက်လာရင် အပြည့်အဝ အာမခံချက်ရှိတယ်ဆိုတာ မရှိပါဘူးသခင်"

ပိတ်လော့က ပြန်ဖြေလိုက်၏။ စုချန်း တွေခနဲ ဖြစ်သွား၏။ ပြီးမှ သူက ရယ်မောလိုက်သည်။

"ခင်ဗျားပြောတာ သိပ်မှန်တာပဲ ဘာပြောပြော ကျုပ်ရဲ့ ဓာတ်ခွဲခန်းမှာ ဒီနည်းစနစ်ကို ဖန်တီးနိုင်တယ်ဆိုတာလည်း ကောင်းတာပါပဲ နောက်တဆင့်က လူနဲ့စမ်းသပ်ဖို့ပဲ ရှိတော့တယ် ဒါပေမဲ့ ခက်တာက ကျုပ်မှာ အစမ်းသပ်ခံဆိုလို့ တယောက်မှမရှိဘူး"

စုချန်းက ခေါင်းကို သွက်သွက်ခါအောင် ယမ်းလိုက်သည်။ တကယ်တော့ သွေးနီဥပြိုကွဲဆေးမင်နည်းစနစ်သည် တစုံတယောက်၏ အင်အားကို တိုးပွားလာစေရန် ပြင်ပပုံစံများအား အသွင်ပြောင်းလိုက်ခြင်းဖြစ်လေရာ ယခုအချိန်တွင် အစမ်းသပ်ခံဟူ၍ တယောက်မှ မရှိသည်မှာ နောင်တရစရာပင်။

"ဘာကြောင့်မှန်း မပြောတတ်ပေမဲ့ ထူးတော့ထူးဆန်းတယ် ခုချိန်မှာ သခင့်ကို ဒုက္ခပေးမဲ့လူဆိုလို့ တယောက်မှ မရှိသလိုပဲ"

သံမဏိကလည်း မှတ်ချက်ပြုလိုက်၏။

"ဒါတော့ ဟုတ်တယ် ပိုင်မျိုးနွယ်တွေလည်း သူတို့ရဲ့ လျှို့ဝှက်နည်းစနစ်ကို ပြန်မလိုချင်တော့ဘူးလားပဲ အတော်ကို ပျောက်ချက်သားကောင်းနေတယ်"

"ဒါမှမဟုတ် သခင်ကိုယ်တိုင် အပြင်မထွက်တာကြောင့်လည်း ဖြစ်နိုင်တာပဲ"

သံမဏိက သူ့အတွေးကို ထုတ်ပြောလိုက်ပြန်၏။

"ဒီလိုတော့လည်း မဟုတ်သေးဘူးကွ"

စုချန်းက ခေါင်းခါလိုက်၏။

"ငါနဲ့ချိန်းလွှာဟာ ညတိုင်းလိုလို အပြင်ကို လမ်းလျှောက်ထွက်ကြတယ် နဂါးကျောင်းတော်ရဲ့ အပြင်ဘက်ကိုတောင် အကြိမ်ပေါင်း မရေမတွက်နိင်အောင် ရောက်ခဲ့ပြီးသွားပြီ"

"ဒါဆိုရင်လည်း ဒီကောင်တွေ သခင်ကို ကြောက်သွားတာ ဖြစ်လိမ့်မယ် သခင်ဟာ ခုဆိုရင် အဆင့်၂ သူရဲကောင်းတံဆိပ် ရထားတယ် သခင်ကို ဒုက္ခပေးမယ်ဆိုရင် သူတို့အတွက် မလွယ်ဘူး ပိုင်လျှို့ဝှက်နည်းစနစ်ပေါက်ကြားတာက ကိစ္စသေးသေးလေးပဲလေ ဒီအတွက်နဲ့ သူတို့ ဒီလောက်ထိ စွန့်စားနေစရာမလိုဘူးလို့ တွေးမိသွားတာ ဖြစ်လိမ့်မယ်"

"ဒီလိုတွေးတာကတော့ ရှက်စရာပါပဲကွာ တော်ဝင်မျိုးနွယ်စုဝင်တွေ အများကြီးရှိပေမဲ့ သူတို့တွေ တယ်လည်းသူရဲဘောကြောင်ကြတာကိုး"

စုချန်းက သက်ပြင်းတချက်ချရင်း ပြောလိုက်၏။

တခြားလူများကတော့ ရန်သူ များလာမည်ကို ကြောက်ရွံ့ကြ၏။ စုချန်းအဖို့ကတော့ ရန်သူရှိမှသာ အစမ်းသပ်ခံများ ရရှိနိုင်မည် ဖြစ်သည်။ ယခုတော့ ရန်သူ မရှိသည်မှာ သူ့အတွက် စိတ်ပျက်ဖွယ်ရာ ကောင်းလေစွ။

"ဆရာကပြောဖူးတယ် ဒီလမ်းကို လျှောက်ဖို့ ရွေးချယ်လိုက်တာနဲ့ ငါ့မှာ ရန်သူတွေ ဝိုင်းနေလိမ့်မယ်တဲ့ ခုကျတော့ ဒီလို မဟုတ်ပါလား ကြည့်ရတာ ငါကိုယ်တိုင်ထွက်ပြီး ပြသနာကို မီးခွက်ထွန်းရှာရမဲ့ ပုံစံပေါက်နေပြီ"

သံမဏိက တစုံတရာ ပြောဆိုရန် ဟန်ပြင်လိုက်သည်။ သို့သော် သူ ပါးစပ်မဟနိင်ခင်မှာပင် စုချန်းက စကားဆက်လိုက်၏။

"ဒီစကားကို မေ့လိုက်တော့ဟေ့ ငါစဉ်းစားတာ မှားနေတယ်ကွ အစမ်းသပ်ခံတွေ လိုချင်လို့ ပြသနာလိုက်ရှာမယ်ဆိုတာ မဟုတ်သေးဘူး ဒါ ငါ ချမှတ်ထားတဲ့ စည်းကမ်းနဲ့ မညီဘူး ငါ့အနေနဲ့ ဒါမျိုးတော့ မလုပ်နိုင်ဘူး ဟေ့ သံမဏိ ငါ နောက်တခါ ဒါမျိုး စဉ်းစားရင် ငါ့ကို သတိပေးစမ်းပါ ဘယ်လိုအခြေအနေမျိုးပဲ ကြုံကြုံ ငါတို့အနေနဲ့ စည်းတော့ကျော်လို့မရဘူးကွ"

"ကောင်းပါပြီသခင် ကောင်းပါပြီ"

သံမဏိက လေးနက်သော အမူအရာနှင့် ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်မှာပင် အပြင်ဘက်မှ တိမ်တိုက်ကျားသစ်၏ စကားသံ ထွက်ပေါ်လာသည်။

"ဟေ့ စုချန်း မင်းကို ဆရာ လိုက်ရှာနေတယ်"

All Chapters