← Chapters

နတ်ဘုရား ရတနာ

Vol. 9 Ch. 823

နတ်ဘုရား ရတနာ

Vol. 9 Ch. 823

တစ်ချိန်တည်း၌ ကျိုးချင်ချန်း မျိုးဆက်သွေး ထုတ်ယူခံရသည့် သတင်းက တော်ဝင်မြို့ မိသားစုကြီးများ အကြား၌ အရေးကြီး သတင်းအဖြစ် ပျံ့နှံ့နေသည်။

"အဲဒါအပြင် ချန်းပေ့ရွှမ်းဆိုတဲ့ ကျင့်ကြံသူက မင်းသား ကျိုးချင်ချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကောင်းကင်မျိုမြွေရဲ့ သွေးတွေကိုပါ ထုတ်ယူခဲ့သေးတယ်တဲ့"

"ဟမ် ... အဲဒီလောက် အတင့်ရဲရအောင် ချန်းပေ့ရွှမ်း ဆိုတာက ဘယ်သူ မလို့လဲ ... သူက အရှင်ပေ့ဟန်ကို မကြောက်တာလား ... သူ့မှာ ကြီးမားတဲ့ နောက်ခံ ရှိတာလား ...”

"ငါကြားရသလောက်ဆို သူက သူ့ကိုယ်သူ ကျူးဝမ် မျိုးနွယ်လို့ ပြောတယ်တဲ့ ... အဲဒါက တကယ် မှန် မမှန်ဆိုတာ ဘယ်သူမှ မသိကြဘူး"

တော်ဝင်မြို့၌ ကျိုးမိသားစု အပြင် အခြား မိသားစုကြီး ရှစ်ခုရှိကု ချူမိသားစု၊ လင်းမိသားစု၊ ရှန်းမိသားစုများမှာလည်း အပါအဝင် ဖြစ်သည်။ ထိုမိသားစု ရှစ်ခုမှာ ပထမအရှင် ပေ့ဟန်နှင့် အတူ ပေ့ဟန်နယ်ကို တည်ထောင်ခဲ့သူများ ဖြစ်ရာ အလွန် အင်အားကြီးသည်။

"ကောင်းကင်နယ်မြေ ခြောက်ခုကရော ဘာပြောသေးလဲ ...”

"ဂိုဏ်းတွေ အားလုံးကတော့ ချန်းပေ့ရွှမ်း ဆိုတဲ့လူက သူတို့လူ မဟုတ်ဘူးလို့ ပြောကြတယ် ... ချန်းပေ့ရွှမ်း ဘယ်က လာသလဲ ဆိုတာတော့ အခုထိ စုံစမ်း မရသေးဘူး ... တော်ဝင် မိသားစုကတော့ သူတို့ရဲ့ မြွေဖြူ အစောင့်တွေကို ချန်းပေ့ရွှမ်းနောက် လိုက်ခိုင်းထားတယ် ကြားတယ်"

"မြွေဖြူ အစောင့်တွေတောင် ဝင်ပါလာပြီ ဆိုတော့ ချန်းပေ့ရွှမ်း ဘယ်ပြေးပြေး လွတ်မှာ မဟုတ်တော့ဘူး"

ကျူးဟန် ကောင်းကင် နယ်မြေတွင် ဖြစ်ပျက်ခဲ့သည့် မတော်တဆမှုက ပေ့ဟန်နယ် တစ်ခုလုံးကို မုန်တိုင်းထန် သွားစေသည်။ မရေမတွက်နိုင်သော မိသားစုများ၊ ဂိုဏ်းများသည် တော်ဝင် မိသားစု မည်ကဲ့သို့ တုံ့ပြန်မည်ကို စောင့်ဆိုင်း နေကြ၏။

အကယ်၍ ချန်းပေ့ရွှမ်းကို သတ်ပြီး သူတို့၏ သွေးကို ပြန်မယူနိုင်ပါက တော်ဝင် မိသားစုမှာ သူတို့၏ ဂုဏ်သိက္ခာကို ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။

***

ပေ့ဟန်နယ် တော်ဝင် နန်းတော်၌ ...

"ဟူး ... ဟူး ...”

အဖြူရောင် အင်္ကျီရှည်ကို ဝတ်ဆင်ထားသော အသက်လတ် လူကြီးသည် ဓားကိုကိုင်ရင်း မတ်တတ်ရပ် နေခဲ့သည်။ သူ၏ နောက်တွင်မူ များစွာသော အစောင့်များသည် ဦးညွှတ်၍ ဒူးထောက် နေကြ၏။

ဓားဧကရာဇ် ...

သူကား တော်ဝင်နန်းတော်၏ ထိပ်တန်း ကျင့်ကြံသူ တစ်ယောက်ဖြစ်ကာ ရွှေအမြုတေ အဆင့် ထိပ်ဆုံး၌ ရှိနေခဲ့၏။

တစ်ခါက သူသည် ကောင်းကင်နယ်မြေ ခြောက်ခု ခေါင်းဆောင်များကို အနိုင်ယူကာ ပေ့ဟန်နယ်၏ ဒုတိယ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်အဖြစ် သက်သေပြခဲ့ဖူးသည်။ ပေ့ဟန်နယ် တစ်ခုလုံး၌ အရှင် ပေ့ဟန်မှလွဲ၍ သူ့အား အနိုင်ယူနိုင်သူ မရှိချေ။

"ဦးရီးတော် ...”

ကျိုးတုလော့က အခန်းအတွင်း ဝင်လာကာ ဓားဧကရာဇ်အား ဦးညွှတ်လိုက်သည်။ သူသည် သခင်ကြီး ပေ့ဟန်၏ အကြီးဆုံးသား ဖြစ်ကာ ရွှေအမြုတေ အဆင့် တစ်ယောက်လည်း ဖြစ်သည်။ သို့တိုင်အောင် သူသည် ဓားဧကရာဇ်၏ အရှေ့၌ အနည်းငယ်ပင် မလေးမစား မပြုမူရဲချေ။

"ကျိုးချင်ချန်း ဘယ်လိုနေလဲ ...”

ဓားဧကရာဇ်က မေးသည်။ သူ၏အသံက အေးစက်နေ၏။

"သူ့ရဲ့ သွေးတွေအားလုံး အထုတ်ခံရပြီး စွမ်းအင် ကျင့်ကြံခြင်းလည်း ဆုံးရှုံးသွားတယ် ... ဒဏ္ဍာရီလာ ရွှေရောင်ကပ်ဘေး ဆေးလုံးကို မသုံးရင် သူ ပြန်ကောင်းလာဖို့ မလွယ်တော့ဘူး"

ကျိုးတုလော့က ဖြေသည်။

"ရွှေရောင်ကပ်ဘေးဆေးက နတ်ဘုရား ဆေးလုံးမလား ... ကောင်းကင်နယ်မြေ ခြောက်ခုတောင် အဲဒီလို ဆေးလုံး ပိုင်ဆိုင်မထားဘူး ... နောက်ပြီး အမှိုက်ကောင်အတွက် အဲဒီလိုဆေးမျိုး သုံးဖို့ မတန်ဘူး ... သူ့ကို ပိုက်ဆံ အချို့ပေးပြီး မိသားစုကနေ ထုတ်လိုက်တော့"

ဓားဧကရာဇ်က ပြောသည်။

"ကောင်းပါပြီ ဦးရီးတော် ...”

ကျိုးတုလော့က ငြင်းဆိုမှု မပြုဘဲ ခေါင်းညိတ်လိုက်၏။

သူသည် ဓားဧကရာဇ်၏ သဘောထားကို ကောင်းစွာ နားလည်သည်။ သူသည် အသုံး မကျသည့် မည်သူကိုမဆို အမှိုက်အဖြစ် စွန့်ပယ်သည်။ သူ၏ မျိုးဆက် ဖြစ်လျှင်ပင် ချမ်းသာပေးမည် မဟုတ်ချေ။

"ကျိုးချင်ချန်းက အမှိုက် ဆိုပေမဲ့ ချန်းပေ့ရွှမ်း ဆိုတဲ့ကောင်လည်း သေဖို့ ထိုက်တန်တယ် ... ငါတို့ သူ့ကို မသတ်ရင် တော်ဝင် မိသားစုရဲ့ ဂုဏ်သိက္ခာ စွန်းထင်းရလိမ့်မယ် ... မြွေဖြူ အစောင့်တပ်ဖွဲ့ ဟန်ချီအစောင့် တပ်ဖွဲ့နဲ့ မန်ဟောင် အစောင့်တပ်ဖွဲ့တွေ လွှတ်ပြီး ချန်းပေ့ရွှမ်းကို ရှာခိုင်းလိုက် ... မလုပ်နိုင်တဲ့ တပ်ဖွဲ့ သုံးခုစလုံးရဲ့ ခေါင်းဆောင်တွေ ခေါင်းဖြတ် အပစ်ပေးခံရမယ်"

ဓားဧကရာဇ်က အမိန့်ပေးပြီးသည်နှင့် ဟင်းလင်းပြင် တစ်ခုကိုဖွင့်ကာ ပျောက်ကွယ် သွား၏။

တော်ဝင် မိသားစုသည် ပေ့ဟန်နယ် တစ်ခုလုံးကို အစောင့်တပ်ဖွဲ့ ကိုးဖွဲ့ဖြင့် စိုးမိုးသည်။ ယခု၌ ဓားဧကရာဇ်သည် ချန်းပေ့ရွှမ်းကို သတ်ရန် တပ်ဖွဲ့ကိုးဖွဲ့ထဲမှ သုံးခုအား စေလွှတ်ခဲ့သည်။ ထိုအင်အားမှာ ကောင်းကင်နယ်မြေ တစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်သော အင်အားဖြစ်သည်။

"ဦးရီးတော်က ချန်းပေ့ရွှမ်းကို လျှော့မတွက်ဘူးပဲ ...”

ကျိုးတုလော့က သက်ပြင်းတစ်ချက် ချလိုက်သည်။

***

ထိုအချိန်၌ ချန်းဖန်သည် ကျူးဟန် နန်းတော်အတွင်း တစ်လှမ်းချင်း ဖြည်းညင်းစွာ လျှောက်နေခဲ့သည်။

"ဟူး ... ဟူး ...”

သူ၏ ခြေတစ်လှမ်းချင်းစီ၌ ပတ်ဝန်းကျင်ရှိ မြင်ကွင်းသည် အဆက်မပြတ် ပြောင်းလဲနေ၏။

မိုးကြိုးပင်လယ်၊ လေမုန်တိုင်း၊ ကြယ်တာရာ စသည်ဖြင့် ခြေတစ်လှမ်းချင်းစီက အလွန် အန္တရာယ် များလှသည်။ ရွှေအမြုတေ အဆင့် တစ်ယောက်ပင် သတိမထားမိပါက ချက်ချင်း သေဆုံး သွားရလိမ့်မည် ဖြစ်သည်။

"ထျန်းဟန် သတ်ဖြတ်ခြင်း ခြောက်ပါး အစီအရင် ...”

"ကိုးကြယ် အစီအရင် ...”

"ကောင်းကင်ပြို အစီအရင် ...”

ချန်းဖန်သည် ထူးဆန်းသော အစီအရင် နာမည်များကို ရေရွတ်နေ၏။

ထိုအစီအရင် တစ်ခုချင်းစီမှာ တစ်ဝက်တစ်ပျက် ကောင်းကင် အစီအရင်များသာ ဖြစ်သော်လည်း အားလုံး စုပေါင်းလိုက်ပါက ဝမ်ရှင်း တန်ခိုးရှင်ကိုပင် သတ်ဖြတ်နိုင်သည်။

သို့သော်လည်း ထိုအရာများမှာ ချန်းဖန်ကိုမူ မည်သို့မျှ မလုပ်နိုင်ကြချေ။ သူကား နှစ်ငါးရာ အသက်ရှင်ခဲ့ရာ ထိုအစီအရင်များကို ကျော်ဖြတ်ရန်မှာ ရိုးရှင်းသော သင်္ချာပုစ္ဆာ တစ်ခုအလား လွယ်ကူလှသည်။

"ထျန်းဟောင်ဂြိုဟ်ရဲ့ ကျင့်ကြံသူတွေက အတော်လေး ခေတ်နောက်ကျတာပဲ ... ကျင့်ကြံခြင်း ဂြိုဟ်ကြီးတွေမှာဆို ဒီလို အစုတ်ပလုတ် ကောင်းကင်ပြို အစီအရင်ကို ဘယ်သူမှ မသုံးတော့ဘူး"

ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်သည်။

ခြေကိုးလှမ်း လှမ်းပြီးနောက် သူ၏ အရှေ့တွင် အစီအရင် အမြုတေများ ပေါ်လာခဲ့၏။ ချန်းဖန်က ဖနောင့်ကို ညင်သာစွာ ဆောင့်၍ ရေရွတ်လိုက်သည်။

"ပွင့်စမ်း ...”

"ဘုန်း ...”

ရုတ်တရက် နန်းတော် တစ်ခုလုံး တုန်ခါသွား၏။ ထို့နောက် အမျိုးမျိုးသော ပုံရိပ်ယောင်များမှာ ပျောက်ကွယ်သွားသည်။

ချန်းဖန် ရောက်ရှိနေသော နေရာမှာ ကြီးမားသော ခန်းမကြီး တစ်ခုဖြစ်ဟည်။ ခန်းမ အလယ်တွင် တင်ပျဉ်ချိတ်ကာ ထိုင်နေသော ဝတ်ကောင်းစားလှဝတ် ကျင့်ကြံသူ တစ်ယောက်ရှိ၏။

ထိုကျင့်ကြံသူသည် ဆံပင်ဖြူများကို ပိုင်ဆိုင်ထားကာ သူ၏ အသားအရေကလည်း သလင်းကျောက်အလား ကြည်လင်နေ၏။ သူ၏ ဦးခေါင်းထက်၌ အပေါက်ကြီး တစ်ခုက နေရာယူ နေခဲ့သော်လည်း သူ၏ နှာသီးဝရှိ ဝင်လေ ထွက်လေမှာမူ စီးဆင်းနေဆဲ ဖြစ်သည်။

သူကား ကျူးဟန် ကောင်းကင် နယ်မြေ၏ တည်ထောင်သူ ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန်ပင် ဖြစ်သည်။

"ရွှေအမြုတေ အဆင့် ကျင့်ကြံသူတွေဟာ အခြေတည် ဝိညာဉ် အဆင့်ကို မချိုးဖျက်နိုင်တဲ့ အခါ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ပိတ်မိသွားကြတယ် ...”

ချန်းဖန်က သက်ပြင်း တစ်ချက်ချလိုက်၏။ သူသည် အတိတ်ဘဝ၌ အဆင့်တက်ရင်း ကျဆုံးသွားသော ရွှေအမြုတေ အဆင့် များစွာကို မြင်ဖူးရာ အံ့အားသင့်ခြင်း မရှိချေ။

"ဒါက ရှေးဟောင်း မြေအောက်ပုလဲ ဖြစ်ရမယ် ...”

ချန်းဖန်က ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန်၏ လက်နှစ်ဖက် အတွင်းရှိ အနက်ရောင် ပုလဲကို ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။ ထိုအရာက သာမန်ပုလဲ တစ်လုံးနှင့် ခြားနားခြင်း မရှိသော်လည်း သေချာကြည့်ပါက အတွင်း၌ အနက်ရောင် မီးခိုးများ ရုန်းကြွနေသည်ကို တွေ့မြင် နိုင်သည်။

ချန်းဖန်က တစ်ခဏမျှ စဉ်းစားပြီးနောက် ရှေ့သို့ ဖြည်းညင်းစွာ တစ်လှမ်းတိုးလိုက်၏။

"ဘုန်း ...”

ရုတ်ခြည်းပင် အနက်ရောင် ပုလဲလုံးထံမှ အနက်ရောင် အဆိပ်မြူများ ပြန့်ကား ထွက်လာသည်။ ထိုမြူများမှာ ငရဲမှ လာသည့်အလား အေးစက်လှကာ ရွှေအမြုတေ အဆင့်များ၏ နတ်ဘုရား ဝိညာဉ်ကိုပင် အေးခဲ ပစ်နိုင်ပုံရ၏။

ချန်းဖန်က ခြေတစ်လှမ်း ဆုတ်လိုက်ရာ အနက်ရောင် မြူများမှာ ပြန်လည် ပျောက်ကွယ် သွားသည်။ ထို့နောက် ချန်းဖန်က တစ်စုံတစ်ခုကို နားလည် သဘောပေါက်ဟန် ခေါင်းတစ်ချက် ညိတ်လိုက်၏။

"နှစ်တွေ ဒီလောက် ကြာတာတောင် ပေ့ဟန်ရဲ့ ရွှေအမြုတေ အဆင့်တွေ ဒီရတနာကို မယူနိုင်သေးတာ မထူးဆန်းဘူးပဲ ...”

ရှေးဟောင်း မြေအောင် ပုလဲမှာ ပုံပန်း သဏ္ဌာန်အရ သာမန်ဆန်သော်လည်း အထဲမှ စွမ်းအားများမှာမူ အဆုံးမဲ့သည် အထိ ကြီးမားလှ၏။ ကျူးဟန် ကောင်းကင် နယ်မြေနှင့် ကျူးဟန် တောင်တန်းတစ်လျှောက် ပျံ့လွင့်နေသော အအေးလှိုင်းများမှာ ထိုပုလဲမှ မြစ်ဖျားခံ၍ လာခြင်း ဖြစ်သည်။

"ကြည့်ရတာ ငါ ဒီရှေးဟောင်း မြေအောက် ပုလဲကို အထင်သေးမိပြီ ထင်တယ် ... ဒီဟာက နတ်ဘုရား ရတနာ ဖြစ်ဖို့တောင် နီးကပ်နေပြီ ... အထဲမှာပါတဲ့ ရွှမ်မင်ချီ ပမာဏနဲ့ဆို ငါ ချောင်အဆင့် ရွှေအမြုတေကို ဖွဲ့စည်းလို့ ရပြီ"

ချန်းဖန်က တွေးကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။

"ဘုန်း ...”

ပုလဲထံမှ အနက်ရောင် မြူများ နောက်တစ်ဖန် ရုန်းကြွ လာပြန်သည်။ သို့သော်လည်း ယခု တစ်ကြိမ်တွင်မူ ချန်းဖန်က ရပ်တန့်ခြင်း မရှိဘဲ ရှေ့သို့ ဆက်လက် တိုးသွား၏။

ဆယ်ပေ ...

ကိုးပေ ...

ရှစ်ပေ ...

ချန်းဖန်၏ ခြေလှမ်းတိုင်း၌ အနက်ရောင်မြူမှာ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ ပုလဲနှင့် ငါးပေ အကွာအဝေးသို့ အရောက်၌ ချန်းဖန်၏ ထူးခြား အောင်မြင်ခြင်း အဆင့် ခန္ဓာကိုယ်ပင် နာကျင်မှုကို ခံစားလာရ၏။

ထိုရှေးဟောင်း မြေအောက် ပုလဲကား အမှန်ပင် အစွမ်းထက် လွန်းသည်။

ထိုအရာသာ ပေါက်ကွဲပါက မိုင်တစ်ထောင် အကွာအဝေး အတွင်းရှိ အရာအားလုံး ပျက်စီး ရပေလိမ့်မည်။ ထိုအရာက အခြေတည် ဝိညာဉ်အဆင့် တစ်ယောက်၏ တိုက်ခိုက်မှုနှင့်ပင် ညီမျှ၏။

"သွား ...”

ချန်းဖန်က အမိန့်ပေး လိုက်ရာ သူ၏ အနောက်၌ ကမ္ဘာသစ်ပင် ဖြစ်ပေါ်လာ၏။ တစ်ချိန်တည်း၌ သူ၏ အရှေ့တွင် မိုးကြိုးငါးခု ချိပ်တံဆိပ် ပေါ်လာကာ အရောင် ငါးသွယ်ကို ထုတ်လွှတ်သည်။

"ဘုန်း ...”

အဆုံး၌ ချန်းဖန်မှာ နောက်ဆုံး ခြေလှမ်းကို လှမ်းကာ ပုလဲအား ဆုပ်ကိုင်လိုက်နိုင်၏။

"ဟူး ... ဟူး ...”

ချက်ချင်းပင် အနက်ရောင် မြူများမှာ ပုံရိပ်ယောင် တစ်ခုအလား ပျောက်ကွယ်သွားသည်။

ထို့နောက် ချန်းဖန်က အသက်ပြင်းပြင်းရှူကာ ပုလဲအား သေချာစွာ အကဲခတ်လိုက်၏။

"ဒီပုလဲက နတ်ဘုရား ရတနာ မဖြစ်သေးပေမဲ့ တစ်ဝက်တစ်ပျက် နတ်ဘုရား ရတနာ ဖြစ်နေပြီ ... ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန်က ဒီပုလဲ ဘယ်လောက် တန်ဖိုးရှိလဲ ဆိုတာ မသိခဲ့ဘူး ထင်တယ်"

ဂြိုဟ်တစ်ခုပေါ်၌ နတ်ဘုရား ရတနာများသည် ဖြစ်ပေါ်ခဲကာ တစ်ဝက်တစ်ပျက် ရတနာများပင်လျှင် ရှားပါ၏။ နတ်ဘုရား ရတနာများမှာ စကြဝဠာ အတွင်းရှိ အဓိက ဂိုဏ်းကြီးများတွင်ပင် အကန့်အသတ်ဖြင့် နိုင်သော အရာများဖြစ်သည်။

ယခု ရှေးဟောင်း မြေအောက် ပုလဲမှာ တစ်ဝက်တစ်ပျက် နတ်ဘုရား ရတနာသာ ဖြစ်သော်လည်း ချန်းဖန် အတွက် ချောင်အဆင့် ရွှေအမြုတေ ဖွဲ့စည်းရန် လုံလောက်နေပြီ ဖြစ်သည်။

***

All Chapters