← Chapters

ရွှမ်ဝူ နတ်ဘုရား အသွင်

Vol. 9 Ch. 824

ရွှမ်ဝူ နတ်ဘုရား အသွင်

Vol. 9 Ch. 824

ချန်းဖန်သည် ရှေးဟောင်း မြေအောက် ပုလဲကို ရရှိပြီးနောက် ထိုနေရာမှ ချက်ချင်း ထွက်မသွားခဲ့ချေ။

ကျူးဟန် ကောင်းကင် နယ်မြေကား တန်ခိုးရှင် ကျင့်ကြံခြင်း အတွက် အလွန် သင့်လျော်သော နေရာတစ်ခု ဖြစ်ရာ ချန်းဖန်သည် ထိုနေရာတွင်ပင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူသည် ကောင်းကင်နယ်မြေ၏ တံခါးကို ပိတ်ဆို့ကာ စတင် ကျင့်ကြံတော့၏။

"ဟူး ... ဟူး ...”

ချန်းဖန်၏ အမြုတေသည် အရှိန်ပြင်းစွာ လည်ပတ်ရင်း ဝိညာဉ်ချီများကို စုပ်ယူနေ၏။ ထိုအရာမှာ ဝိညာဉ်ချီများကို ပိုမို၍ စုပ်ယူလေလေ ရွှေရောင် အဆင်းသို့ ပိုမို နီးကပ် လာလေလေ ဖြစ်သည်။

"ဒါကို တန်ခိုးရှင် ကျင့်ကြံသူတွေက ရွှေအမြုတေလို့ ခေါ်တယ် ... ဝိညာဉ် သားရဲတွေကတော့ မွန်းစတား အမြုတေလို့ ခေါ်တယ် ... ဘယ်လိုပဲခေါ်ခေါ် အတူတူပဲ ... အဲဒါက ကျင့်ကြံသူရဲ့ ခန္ဓာထဲကို အဆုံးမဲ့ စွမ်းအားတွေ ထောက်ပံ့ပေးနိုင်တယ်"

ချန်းဖန်သည် ကျင့်ကြံရင်း တွေးနေမိသည်။

ရွှေအမြုတေ တစ်ခု ဖွဲ့စည်းခြင်းသည် ကျင့်ကြံသူ၏ ကျင့်စဉ်၊ ပါရမီတို့အရ ကွာခြားမှု ရှိသည်။ ပုံမှန်အားဖြင့် ရွှေအမြုတေများကို အဆင့်ကိုးခု ခွဲခြားထားပြီး အဆင့်ကိုး ရွှေအမြုတေမှာ အကောင်းဆုံး ဖြစ်သည်။

"ငါ့အတွက်တော့ အဲဒါက မလုံလောက်ဘူး ... ချောင် ရွှေအမြုတေကိုသာ မဖွဲ့စည်းနိုင်ရင် အနာဂတ်မှာ ကျင့်ကြံခြင်း လောကရဲ့ ထိပ်သီး ပါရမီရှင်တွေကို ငါ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး"

ထိုအတွေးဖြင့် ချန်းဖန်က ရှေးဟောင်း မြေအောက်ပုလဲကို ထုတ်ယူလိုက်၏။ ထို့နောက် သူက ထိုပုလဲကို ရင်ဘတ်ရှေ့ လေထု၍ လွင့်မျောစေကာ သူ၏ ခန္ဓာကိုယ်နှင့် ညင်သာစွာ ချိတ်ဆက် လိုက်သည်။

"ဘုန်း ...”

ပေါက်ကွဲသံနှင့် အတူ ပုလဲအတွင်းမှ ရွှမ်မင် မြစ်တစ်စင်း စီးထွက်လာ၏။ အနက်ရောင် ရေများက ကောင်းကင်၌ ပြေးလွှားရာ လေဟာနယ်ပင် တုန်ခါလာသည်။ ထို ရွှမ်မင်မြစ် အတွင်းရှိ ရေ တစ်စက်ချင်းစီတွင် တောင်တစ်ခုလုံးကိုပင် အေးခဲစေနိုင်သော စွမ်းအားများ ပါဝင်နေသည်။

"ဝှစ် ... ဝှစ် ...”

ရွှမ်မိန် ရေစက်များသည် ဖြည်းညင်းစွာပင် ချန်းဖန်၏ ခန္ဓာကိုယ်အတွင်း စီးဝင်သည်။ ထိုရွှမ်မိန်မြစ်၏ တိုက်စားမှုတွင် ချန်းဖန်၏ ထူးခြား အောင်မြင်ခြင်း အဆင့် ခန္ဓာကိုယ်ပင်လျှင် အက်ကွဲသံများ ထွက်ပေါ်လာသည်။

"ဟူး ... ဟူး ...”

ချန်းဖန်၏ အမြုတေသည် အဆက်မပြတ် လည်ပတ်နေသည်။ ၎င်းသည် စုပ်ဝဲ သဏ္ဌာန်ဖြင့် ချန်းဖန်၏ ခန္ဓာကိုယ်သို့ စီးဆင်းလာသော ရွှမ်မင်စွမ်းအား အလုံးစုံကို စုပ်ယူနေ၏။

တစ်စက် ...

နှစ်စက် ...

သုံးစက် ...

ရွှမ်မင်ရေစက်များကို ပိုမို၍ စုပ်ယူလေလေ အမြုတေ၏ အရောင်မှာလည်း တဖြည်းဖြည်း မင်ကဲ့သို့ မည်းနက်လာလေလေ ဖြစ်နေခဲ့သည်။ ၎င်းကား ငရဲပြည်မှ အမှောင် အမြုတေနှင့်ပင် တူနေသေး၏။

"ချောင် အမြုတေတွေက စကြဝဠာထဲမှာ ရှိတဲ့ ဘယ် အမတေချီမဆို စုပ်ယူနိုင်တာကြောင့် အရမ်း အစွမ်းထက်ကြတယ် ... အဲဒါက မတူညီတဲ့ နတ်ဘုရား စွမ်းအားတွေကိုလည်း ဖန်တီး နိုင်တယ် ... နောက်ပြီးတော့ ချောင်ရွှေအမြုတေရဲ့ ဓမ္မအသွင်ကလည်း သာမန် ရွှေအမြုတေတွေထက် ပိုပြီးတော့ သန်မာတယ်"

"အချို့ လူတွေက သူတို့ရဲ့ အသက်ဓားကို သူတို့ရဲ့ ခန္ဓာကိုယ်အတွင်း ထည့်သွင်းပြီး ရွှေအမြုတေကို နတ်ဘုရားဓား အဖြစ် ပြောင်းလဲပစ်ကြတယ် ... အချို့ကလည်း အမတေ ချီမြစ် တစ်စင်းကို ရွှေအမြုတေထဲ ထည့်ပြီး အမြုတေ မြစ်တစ်စင်း ပြုလုပ်ပစ်ကြတယ် ... အချို့ကတော့ သူတို့ရဲ့ ရွှေအမြုတေကို ကောင်းကင် သားရဲ တစ်ကောင်နဲ့ သွေးနဲ့ ပေါင်းစပ်ပြီး ကောင်းကင် သားရဲ ဓမ္မအသွင်ကို ဖွဲ့စည်းကြတယ်"

ချောင်အဆင့် ရွှေအမြုတေများသည် သာမန် ရွှေအမြုတေများနှင့် မတူညီပဲ မတူ ခြားနားသော ပုံသဏ္ဌာန်၊ နတ်ဘုရား စွမ်းအားများ စသည် အသွင်များဖြင့် ဖွဲ့စည်းနိုင်ကြသည်။ ထို့ကြောင့်ပင် ချောင်ရွှေအမြုတေ အဆင့် ပိုင်ရှင်များမှာ စကြဝဠာ၌ ပြိုင်ဘက်ကင်းကြခြင်း ဖြစ်သည်။

"ငါကတော့ ရွှမ်မင် ရွှေအမြုတေကို ဖွဲ့စည်းမယ် ...”

ချန်းဖန်က ဆုံးဖြတ်ချက် ချလိုက်၏။

"ဟူး ... ဟူး ...”

ရွှမ်မင်ရေများကို ပိုမို စုပ်ယူသည်နှင့် ချန်းဖန်၏ အမြုတေ ပုံစံမှာ စတင် ပြောင်းလဲ လာခဲ့သည်။ ၎င်းသည် ကြက်ဥ တစ်လုံး၏ ပုံသဏ္ဌာန်မှ အနက်ရောင် သလင်း အရည်များ ဖြစ်လာခဲ့၏။

"ခရက် ...”

ချန်းဖန်၏ ခန္ဓာကိုယ်မှ အက်ကွဲသံများ ပေါ်ထွက် လာခဲ့သည်။ ၎င်းသည် တန်ချိန် တစ်သောင်း အလေးချိန် စွမ်းအားများကို လိုက်လျောညီထွေ ဖြစ်အောင် မနည်း ထိန်းညှိ နေရပုံ ရ၏။

"ဝှစ် ...”

ထို့နောက် ချန်းဖန်၏ နံဘေးတွင် အနက်ရောင် ရွှမ်မင်ရေများ စီးဆင်းနေသည့် မြစ်ငယ် တစ်စင်း ဖြစ်ပေါ်လာ၏။ ထိုမြစ်ငယ်က ချန်းဖန်၏ ခန္ဓာကိုယ်အား စက်ဝိုင်း သဏ္ဌာန် လည်ပတ်သည်။ အကယ်၍ ချန်းဖန်သာ ဆန္ဒ ရှိပါက ထိုရေများကို မိုင်တစ်ရာ မြစ်တစ်စင်းအဖြစ် ပြောင်းလဲကာ တောင်တန်းများကို ဖျက်ဆီး ပစ်နိုင်သည်။

ထိုအရာအား ကျင့်ကြံခြင်း လောက၌”နတ်ဘုရား အသွင်" သို့မဟုတ်”ဓမ္မ အသွင်" ဟု ခေါ်ဆိုကြသည်။

ရွှေအမြုတေ အဆင့်တိုင်းသည် နတ်ဘုရား အသွင် တစ်ခုကို ဖွဲ့စည်းနိုင်ကြသည်။ ချန်းဖန်၏ ခွန်ပန် အသွင်နှင့် ကမ္ဘာ သစ်ပင်တို့မှာ အစစ်အမှန်”နတ်ဘုရား အသွင်" မဟုတ်ဘဲ”နတ်ဘုရား အသွင် ပြောင်းလဲခြင်း စွမ်းအား" သာ ဖြစ်သည်။

ရွှေအမြုတေ အဆင့်များသည် မတူ ခြားနားသော ကျင့်စဉ်များကို လေ့ကျင့်ကြရာ သူတို့၏ ဓမ္မအသွင် စွမ်းအားများမှာလည်း ခြားနားသည်။ တစ်ခုတည်းသော တူညီခြင်းကား ဓမ္မအသွင် စွမ်းအား အားလုံးမှာ အစစ်အမှန် မဟုတ်ဘဲ ပုံရိပ်ယောင် ဖြစ်နေခြင်းပင်။ ချန်းဖန်၏ ခွန်ပန် အသွင်ဆိုလျှင် အစစ်အမှန် ခန္ဓာကဲ့သို့ အသွေး၊ အသား မရှိဘဲ ဓမ္မစွမ်းအားဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သို့သော်လည်း နတ်ဘုရား အသွင်များမှာမူ ခြားနား၏။ နတ်ဘုရား အသွင်သည် ကျင့်စဉ်မှ မဟုတ်ဘဲ ချောင် ရွှေအမြုတေမှ ဖွဲ့စည်းထားခြင်း ဖြစ်ရာ အစစ်အမှန်နှင့် ခြားနားခြင်း မရှိချေ။

အကယ်၍ ကျင့်ကြံသူသည် ရွှေအမြုတေကို ဓားတစ်စင်းအသွင် ဖွဲ့စည်းပါက သူ၏ နတ်ဘုရား အသွင်မှာ ဓားများကို ဓမ္မ ရတနာများအလား ဖော်ထုတ်နိုင်သည်။ သို့တည်းမဟုတ် ရွှေအမြုတေကို ရှေးဟောင်း သုံးချောင်းထောက် ဆေးအိုး အသွင်ဖြင့် ဖွဲ့စည်းပါက နတ်ဘုရား အသွင်မှာ ပြိုင်ဘက်ကင်း သုံးချောင်းထောက် ဆေးအိုး ဖြစ်လာပေလိမ့်မည်။

"အခု ငါသာ ရွှမ်မင် ရွှေအမြုတေကို ဖွဲ့စည်းလိုက်ရင် ငါ့ရဲ့ နတ်ဘုရား အသွင်က မိုင်တစ်ရာ ရှည်လျားနဲ့ ရွှမ်မင်မြစ် ဖြစ်လာလိမ့်မယ် ...”

ချန်းဖန်က မျက်လုံး မှိတ်ထားရင်းမှ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထိုအရာကား ချောင် အဆင့် ရွှေအမြုတေ ဖြစ်နေပြီ ဖြစ်ကာ စကြဝဠာ အတွင်းရှိ ထိပ်သီး ပါရမီရှင်များ၏ အမြုတေများနှင့် နှိုင်းယှဉ် နိုင်နေပြီဖြစ်သည်။ သို့သော်လည်း ကောင်းကင် အရှင်သခင်သည် သာမန် ချောင်အဆင့် ရွှေအမြုတေကို ရောင့်ရဲ ကျေနပ်ခြင်း မရှိချေ။

"ကလန့် ...”

ရုတ်တရက် ချန်းဖန်၏ အရှေ့၌ အဆုံးမဲ့ အလင်းများ တောက်ပလာ၏။

"ဟူး ... ဟူး ...”

ထိုအလင်းများ အတွင်း၌ ကောင်းကင် ပန်းချီ ဆယ့်ခုနစ်ခုသည် ပုံရိပ်ယောင်အဖြစ် တဖျတ်ဖျတ် လင်းလက်နေပြီး တတိယ ကျဲ့ထျန်း ပန်းချီကား အရောက်တွင် ရပ်တန့်သွားသည်။ ထိုပန်းချီကား အတွင်း၌ ပင်လယ်လိပ် မြွေတို့နှင့် အလားတူသော သားရဲတစ်ကောင် ရှိသည်။

ရွှမ်ဝူ ကောင်းကင် သားရဲ ...

ထိုအရာကား ဒဏ္ဍာရီလာ အစွမ်း အထက်ဆုံး ကောင်းကင်သားရဲ ဖြစ်သည်။ ရွှမ်ဝူသားရဲသည် မြောက်အရပ် ကောင်းကင်ကို အုပ်စိုးကာ ရေ၏ဘုရင်လည်း ဖြစ်၏။

"ဘုန်း ...”

ကျဲ့ထျန်း ပန်းချီ ပေါ်ထွက်လာသည်နှင့် ချန်းဖန်၏ ရွှမ်မင် ရွှေအမြုတေသည် ဧကရာဇ်ကို မြင်တွေ့ရသည့် အလား ရုန်းကြွလာသည်။ ထို့နောက် ရေအသွင် ရှိနေသော ရွှေအမြုတေမှာ ရွှမ်ဝူ သားရဲ၏ အသွင်သို့ တဖြည်းဖြည်း ဖွဲ့စည်းလာ၏။

"ခရက် ...”

တစ်ချိန်တည်း၌ ချန်းဖန်၏ ခန္ဓာတွင် ရွှမ်ဝူ သားရဲသဏ္ဌာန် အစက်အပြောက်များ ဖြစ်ပေါ် လာသည်။ ရွှမ်ဝူသားရဲသည် အမှန်တယ်ပင် အစွမ်းအထက်ဆုံး ကောင်းကင်သားရဲ ဖြစ်သည်။ ၎င်းကြောင့် ဖြစ်ပေါ်လာသော အစက်အပြောက်များမှာ ခွန်ပန်နှင့် လိန်ဟူ သားရဲတို့ထက်ပင် ပိုမို၍ များပြားသေး၏။

"ဟူး ... ဟူး ...”

ကျူးဟန် နန်းတော် အထက် ကောင်းကင်၌ လေစုပ်ဝဲ တစ်ခုသည် အရှိန်ပြင်းစွာ လှည့်ပတ် နေ၏။ ထိုလေစုပ်ဝဲသည် ကောင်းကင်နယ်မြေ အတွင်းရှိ ဝိညာဉ်ချီများကို စုပ်ယူကာ ချန်းဖန်အား အဆုံးမဲ့ စွမ်းအားများကို ထောက်ပံ့ပေးသည်။ ထိုဝိညာဉ်ချီ မလုံလောက်သည့် အချိန်တိုင်း ရွှမ်မင်ရေမှ ရေစက် တစ်စက်သည် ရွှမ်မင်ချီ အသွင် ပြောင်းလဲကာ ချန်းဖန်၏ ခန္ဓာကိုယ်အတွင်း စီးဝင်သည်။

အကယ်၍ ချန်းဖန်၏ နေရာ၌ သာမန် ကျင့်ကြံသူ တစ်ယောက် ဆိုပါက ထိုစွမ်းအားများ၏ ရိုက်ခတ်မှု ဖိအားအောက်တွင် သေဆုံးသွားလောက်ပြီ ဖြစ်သည်။ ချန်းဖန်ပင်လျှင် ထူးခြား အောင်မြင်ခြင်း အဆင့် ခန္ဓာကိုယ် မရှိပါက ထိုသို့ လုပ်ဝံ့မည် မဟုတ်ချေ။

"ဘုန်း ...”

ရွှမ်မင်ရေ တစ်ဝက်ခန့်ကို စုပ်ယူပြီးနောက် ပေါက်ကွဲသံတစ်ခု ပေါ်လာကာ ချန်းဖန်၏ ခန္ဓာကိုယ် အတွင်းရှိ ရွှမ်ဝူ ကောင်းကင်သားရဲ သဏ္ဌာန် အစက်အပြောက်များမှာ ပြည့်စုံသွား၏။

တစ်ချိန်တည်း၌ ချန်းဖန်၏ အမြုတေမှာလည်း ရွှမ်ဝူ သားရဲအသွင်သို့ အပြည့်အဝ ဖွဲ့စည်း ပြီးမြောက်၏။ ရွှမ်ဝူသားရဲ အမြုတေက ရွှမ်မင် စွမ်းအားများကို ခြံရံကာ ဟိန်းဟောက်သံ ပေးသည်။ ၎င်း၏ အရှိန်အဝါ အောက်၌ ရှေးဟောင်း မြေအောက် ပုလဲပင်လျှင် လှုပ်ခါသွား၏။

"ငါ ခုအချိန် မိုးကြိုး ကပ်ဘေးကို ဆင့်ခေါ် ရင်ဆိုင်လိုက်တာနဲ့ ရွှမ်မင် ရွှေအမြုတေက ဖွဲ့စည်း ပြီးသွားလိမ့်မယ် ... ငါ့ရဲ့ ရွှမ်ဝူ နတ်ဘုရားအသွင်က အခြား ရွှေအမြုတေ နတ်ဘုရား အသွင်တွေထက် ပိုပြီး အစွမ်းထက် လိမ့်မယ် ...”

ချန်းဖန်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူ၏ နှုတ်ခမ်းတွင်မူ အပြုံး အချို့က တွဲခိုနေ၏။

"ငါ့ရဲ့ ရွှေအမြုတေက ရွှမ်မင် စွမ်းအားနဲ့ ဖွဲ့စည်းထားတယ် ဆိုပေမဲ့ ရွှမ်ဝူ သားရဲပုံစံ ရှိနေတာ ဆိုတော့ ... ရွှမ်ဝူ ရွှေအမြုတေလို့ပဲ ပိုပြီး ခေါ်သင့်တယ်"

ချန်းဖန်သည်”ရွှမ်ဝူ ရွှေအမြုတေ" နှင့် တတိယ ကောင်းကင် ပန်းချီ”ရွှမ်ဝူ သားရဲ အသွင်" ကို တစ်ပြိုင်နက်တည်း အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။ ယခု အချိန်၌ သူသည် ကျူးဟန် တောင်တန်းကိုပင် လက်သီးဖြင့် ထိုးကာ အမှုန့်ခြေနိုင်သည် အထိ ယုံကြည်ချက် ရှိနေခဲ့၏။

ချောင် အဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ပြီ ဖြစ်ရာ သူ၏ ရည်ရွယ်ချက်မှာ ပြည့်မြောက် သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ချန်းဖန်သည် ထိုင်ရာမှမထဘဲ မျက်လုံးကို နောက်တစ်ဖန် ပြန်လည်ပိတ်ကာ ဆက်လက် ကျင့်ကြံ၏။

"ဟူး ... ဟူး ...”

ယခုတစ်ကြိမ်သည် သူသည် အခြား ကျင့်စဉ်တစ်ခု ဖြစ်သော အဇူရာ သက်ရှည် ကျင့်စဉ်ကို ကျင့်ကြံနေခြင်း ဖြစ်သည်။

"ခရက် ...”

အော်မြည်သံနှင့် အတူ ချန်းဖန်၏ ခန္ဓာကိုယ် အတွင်း၌ အခြား အမြုတေတစ်ခု ဖြစ်တည်လာ၏။ ထိုအမြုတေသည် အစိမ်းရောင်ဖြစ်ကာ သစ်သား အမတေချီများကို သယ်ဆောင် ထားသည်။

"ခရက် ... ခရက် ...”

ပထမ၌ ထိုအမြုတေမှာ ပဲစေ့ အရွယ်မျှသာ ရှိသော်လည်း အချိန်ကြာလာသည်နှင့် အမျှ ပိုမို ကြီးမားလာသည်။ ၎င်း၏ အတွင်းတွင်မူ ကမ္ဘာသစ်ပင်၏ ပုံရိပ်ရှိ၏။

ချန်းဖန်ကား ဒုတိယ အမြုတေကို ဖွဲ့စည်းရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

***

All Chapters