← Chapters

အခန်း (၃၇၀)

Vol. 27 Ch. 370

အခန်း (၃၇၀)

Vol. 27 Ch. 370

မသေမျိုးတရားခုံရုံး၏ မသေမျိုးအရာရှိများတွင် ရာထူးအဆင့် ဆယ်ဆင့်ရှိသည်။ အမြင့်ဆုံးသည် "ကျား"အဆင့်ဦ ထို့နောက်မှ ယီ၊ ပင်း၊ တင်း၊ ဝူ၊ ကျီ၊ ကိန်း၊ ရှင်း၊ ရန်၊ ကွေ့၊ ဟူ၍။

ဆိုရိုးစကား ရှိသည့်အတိုင်း မသေမျိုးကျင့်ကြံရေးဆိုသည်မှာ သတ်ဖြတ်တိုက်ခိုက်ခြင်းအကြောင်း မဟုတ်ပါဘဲ လူတို့ကြားက ဆက်ဆံဆက်သွယ်ရေးနှင့် လူမှုရေးကျင့်ဝတ်တွေအကြောင်းပင်။

သူ၏ ထူးခြားသော ပါရမီ၊ ခွန်အားလျင်မြန်စွာ တိုးတက်လာမှုနှင့် ကိစ္စရပ်များကို သေသေချာချာ လိုက်လျောညီထွေစွာ ကိုင်တွယ်ဖြေရှင်းတတ်မှုတို့ကြောင့် ယွီဟွားရှန့်သည် ရာထူးအဆက်မပြတ် တိုးတက်ခဲ့ပြီး အလွန်အမင်း ချီးကျူးခံရသူ ဝန်ထမ်းတစ်ဦးဖြစ်ခဲ့၏။

ဤကာလအတွင်း သူသည် နတ်ဆိုးသန္ဓေတည်ပြောင်းလဲနည်းကျင့်စဥ်ကို လျှို့ဝှက်စွာ ဆက်လက်အသုံးပြု၍ မရေမတွက်နိုင်သော မဟာစီရင်စုများ၏ အသက်ဓာတ်ကို ခမ်း‌ခြောက်သည်အထိ စားသုံးခဲ့ပြီး ယုတ်မာဆိုးဝါးသော လုပ်ရပ်များစွာကို အဆက်မပြတ် ကျူးလွန်ခဲ့သော်ငြား အပြင်ပန်းဂုဏ်ပုဒ်မှာ မသေမျိုးတရားခုံရုံး၏ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သောကြောင့် ပြောမကုန်နိုင်သော ဂုဏ်သတင်းဖြင့် ကျော်ကြားမွှေးပျံ့ခဲ့လေသည်။

ဤကာလအတွင်း မသေမျိုးတရားခုံရုံး၏ သံသယကို သူအမှန်တကယ် နှိုးဆွခဲ့မိသောကြောင့် အခြေအနေကို အသေးစိတ်စုံစမ်းရန် သံတမန်များကို အထူးစေလွှတ်ခဲ့သည်။ ယွီဟွားရှန့်သည် မိမိ၏သရုပ်မှန်ကို ဖုံးကွယ်ရန် လာဘ်ထိုးခြင်း၊ လူစားထိုးလွှဲချခြင်း စသည်ဖြင့် အကြိမ်ကြိမ်လွတ်မြောက်အောင် ရုန်းကန်ခဲ့ရ၏။

မည်သို့ပင်ဆိုစေ မသေမျိုးနယ်မြေသည် ကျယ်ပြောလှပြီး အဆုံးအစမရှိပေ။ မဟာမသေမျိုးဒေသကြီးတွင် မဟာစီရင်စု သန်းရာနှင့်ချီ၍ ရှိသည်။ မဟာစီရင်စု အနည်းငယ်မျှ မျိုးတုံးခြင်းသည် အရေးပါလှသည်မဟုတ်။

သူ၏ သရုပ်မှန်ကို မဖော်ထုတ်နိုင်ကြသရွေ့ နေရာအနှံ့အပြားတွင် သားကောင်ဆက်လက် ရှာဖွေနိုင်ခဲ့၏။ အတိတ်က လုပ်ရပ်များကိုလည်း အောင်မြင်စွာ ဖုံးကွယ်နိုင်ခဲ့သဖြင့် မသေမျိုးတရားခုံရုံး၏ စုံစမ်းစစ်ဆေးမှုများကို အတွင်းအရာရှိတစ်ဦးအနေဖြင့် ကိုင်တွယ်ဖြေရှင်းရ ပိုမိုလွယ်ကူလာခဲ့သည်။

အချိန်ကား မြားတစ်စင်း ပစ်လွှတ်လိုက်သည့်ပမာ၊ နှစ်များကား အရိပ်ပမာ လျင်မြန်စွာ ကုန်ဆုံးသွားလေပြီ။

ယနေ့အချိန်တွင် ယွီဟွားရှန့်သည် ပင်းအဆင့် မသေမျိုးအရာရှိ ရာထူးကို ရယူထားနိုင်ခဲ့ပြီး မသေမျိုးတရားခုံရုံး၏ အဆင့်မြင့် အဖွဲ့ဝင်တစ်ဦးဖြစ်လာကာ ကြီးမားသော အာဏာစက်ကို ချုပ်ကိုင်ထားနိုင်ခဲ့သည်။ ပြင်ပကမ္ဘာတွင် သူ့ကို ယွီဟွားမသေမျိုးအရှင်သူမြတ်ဟု ခေါ်ဝေါ်ကြပြီး သက်ရှိသန်းရာချီ၏ ကိုးကွယ်ကြည်ညိုခြင်းကို ခံယူထားရသူတစ်ဦးဖြစ်၏။

ထိုသို့သော တက်ချိန်တွင် စိတ်ဓာတ်တက်ကြွရွှင်လန်းနေသင့်ပေသည့် မသေမျိုးနယ်မြေတွင် ကပ်‌ဘေးဆိုးကြီးတစ်ခုနှင့် ရင်ဆိုင်နေခဲ့ရပေသည်။ နယ်ခြားမျိုးနွယ်စုများ၏ ကျူးကျော်မှုပင်။

မသေမျိုးနယ်မြေနှင့် ခွင်းလွင်နယ်မြေ၏ ဇာစ်မြစ်ဇာတ်ကြောင်းကို နားလည်သူတိုင်း၊ မသေမျိုးတရားခုံရုံးနှင့် မရဏမျိုးနွယ်တို့ကြားမှ ရန်ငြှိုးရန်စတွေကို နားလည်သူတိုင်း အခြေအနေအား ကောင်းကောင်းကြီး ရိပ်စားမိကြမည်ပင်။

မသေမျိုးနယ်မြေသည် အပေါ်ယံတွင် စည်ပင်ဝပြောနေပုံရသော်လည်း ပြိုင်ဘက်အစစ်နှင့် ရင်ဆိုင်လာရသောအခါ ၎င်း၏ ဘုန်းတန်ခိုးအာနုဘော်အားလုံးသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားဖို့ အချိန်သိပ်မလိုလှပေ။ ခွင်းလွင်နယ်မြေပင်လျှင် အထွတ်အထိပ်ရောက်စဉ် အတောအတွင်း ရစရာမရှိအောင် ဖျက်ဆီးခံခဲ့ရသေးသည်။ ယွီဟွားရှန့်အနေဖြင့် အပေါ်ယံတွင်သာ ခမ်းနားလှပသော မသေမျိုးနယ်မြေသည် အဆုံးအထိ အောင်မြင်စွာ ခံနိုင်ရည်ရှိမည်ဟု မယုံကြည်ပေ။

ထို့ကြောင့် ယွီဟွားသူတော်စင်ဟာ မိမိတစ်ဦးတည်းအတွက် လွတ်လမ်းကို စတင်ရှာဖွေရတော့၏။ ထို့နောက် အာဏာကိုအသုံးချကာ ရန်သူတပ်ဖွဲ့များဆီ လျှို့ဝှက်ထောက်လှမ်းရေးအချက်အလက်များ ရောင်းချခဲ့သည်။

သူ့ကိုယ်သူ ကာကွယ်ဖို့၊ အနာဂတ်အတွက် လမ်းခင်းဖို့တင် မဟုတ်ဘဲ အရေးကြီးလိုအပ်ချက်တစ်ခုလည်း ရှိနေသေးသောကြောင့်ပင်။ သူကျင့်ကြံနေသော နတ်ဆိုးသန္ဓေတည်ပြောင်းလဲခြင်း ကျင့်စဥ်က မသေမျိုးနယ်မြေသို့ တက်ရောက်ပြီးနောက် စားသုံးလိုစိတ် ပိုမိုကြီးမားလာကာ လိုအင်ကို ဖြည့်လို့မပြည့်နိုင်ရှိလေ၏။

မသေမျိုးဧကရာဇ်အဆင့်သို့ ထိုးဖောက် ဝင်ရောက်ရန် စိတ်အားထက်သန်နေသော ယွီဟွားရှန့်သည် နယ်ခြားမဟာမိတ်တပ်ကို ဓားအဖြစ် အသုံးပြုကာ မသေမျိုးနယ်မြေ၏ အင်အားကို အဆက်မပြတ် အားနည်းစေခဲ့သည်။ ထိုအချိန်တွင် မသေမျိုးနယ်မြေ၌ သူ့ကို ထိန်းချုပ်စောင့်ကြည့်မည့် အင်အားကြီး ပုဂ္ဂိုလ်များလည်း မရှိတော့သဖြင့် ယွီဟွားရှန့်သည် နတ်ဆိုးသန္ဓေတည်ပြောင်းလဲခြင်း ကျင့်စဥ်ကို အကန့်အသတ်မရှိ စားသုံးနိုင်တော့မည်ဖြစ်။ ဘာတွေကိုများ စားသုံးနိုင်မလဲဆိုတော့…

မသေမျိုးနယ်မြေ တစ်ခုလုံး!

တကယ်သာ စားသုံးနိုင်ခဲ့လျှင်တော့ မသေမျိုးဧကရာဇ်အဆင့်တင်မက ထိုထက်ပါပိုမိုမြင့်မားနိုင်ချေ ရှိနေလေသည်။

ထိုရည်မှန်းချက်ကို စွဲကိုင်ရင်း ယွီဟွားရှန့်ဟာ မသေမျိုးတရားခုံရုံးတွင် လျှို့ဝှက်စွာဆက်လက်ပုန်းအောင်းနေထိုင်ရင်း အကြံအစည်ကြီးကို တိတ်တိတ်လေး အကောင်အထည်ဖော်နေခဲ့သည်။

လမ်းခုလတ်တွင် အစီအရင် မဟာအကြီးအကဲ လျိုဟွမ်ရှုက တစ်ဖန် ထိတ်လန့်စရာ လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်ပြီး နယ်ခြားမဟာမိတ်တပ်၏ အရှိန်ကို ရပ်တန့်ပိတ်ပင်ပစ်နိုင်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

အန္တရာယ်အရှိဆုံးကတော့ တစ်ဖက်က အချက်အလက်တွေ မပေါက်ကြားအောင် အစီအရင်ကို တမင်တကာ တိတ်တိတ်လေး အသက်သွင်းခဲ့တာဆိုတော့ မသေမျိုးနန်းတော် အဆင့်မြင့် အရာရှိတွေထဲမှာ သူလျှိုရှိနေတာကို သူတို့ သေချာပေါက် သိရှိနေကြပြီပင်။

ယွီဟွားရှန့် ကျောချမ်းသွားမိသည်။ သူ့သရုပ်မှန် ပေါ်လွင်သွားနိုင်သည်ပင်။

“အဲဒီ မြေခွေးအိုကြီး သေချင်နေပြီနဲ့တူတယ်!”

ယွီဟွားရှန့် ထပ်မံကျိန်ဆဲရင်း ဒေါသလှိုင်းက တစ်ဖန်ထလာပြန်သည်။

“ငါ့ရဲ့ ယွီဟွားဂိုဏ်း အခြေအနေရော ဘယ်လောက်တိုးတက်နေပြီလဲ မသိဘူး?”

“အဆင်ပြေရင်တော့ အဲဒါလည်း အရန်လမ်းကြောင်းတစ်ခုပဲပေါ့။”

ယွီဟွားရှန့် စဥ်းစားရင်း မျက်မှောင်ကြုတ်သွားသည်။

ဘာကြောင့်မှန်းမသိ၊ အစောပိုင်းကတည်းက စိတ်တွေအတော်လေး မတည်မငြိမ်ဖြစ်နေခဲ့သည်ပင်။ စစ်ပွဲသတင်းကြောင့်ဟု တွေးလိုက်ပေသည့် တကယ်တမ်းစစ်ဆေးကြည့်လိုက်တော့ ယွီဟွားဂိုဏ်းမှ လာနေသော နိမိတ်လမ်းကြောင်း ဖြစ်နေခဲ့သည်။

သူ့ရဲ့ တာအိုအမွေအနှစ်တစ်ခုခုများ ဘေးအန္တရာယ်နဲ့ ကြုံနေရတာလား?

မဖြစ်သင့်ဘူး!

ယုတ္တိကျကျ ပြောရလျှင် ကြယ်တံခါးကို ဖွင့်ပြီး မရဏတပ်ကို ကျူးကျော်ခွင့်ပေးလိုက်သည်နှင့် အရှေ့ပိုင်းစီရင်စုကို အလွယ်တကူ လွှမ်းမိုးနိုင်ပြီ။ အခုအချိန်လောက်ဆို အရှေ့ပိုင်းစီရင်စုသာမက ခွင်းလွင်နယ်မြေကိုပါ သိမ်းပိုက်ပြီးလောက်ပြီ မဟုတ်လား?

ခွင်းလွင်နယ်မြေ ကျင့်ကြံသူအုပ်စုက မသေမျိုးအဆင့်ကနေစတဲ့ မရဏတပ်ကို ဘယ်လိုအားနဲ့ ခုခံနိုင်မှာတဲ့လဲ?

ဒါပေမဲ့ လောလောဆယ် ဘာလို့စိတ်မကြည်နေသေးတာပါလိမ့်?

တခဏမျှ ရပ်စဉ်းစားပြီးနောက် ယွီဟွားရှန့်သည် ကမ္ပည်းတိုင်ပေါ်တွင် သူထားခဲ့သော ဝိညာဉ်အကြွင်းအကျန်မှတစ်ဆင့် ယွီဟွားဂိုဏ်း၏ အခြေအနေကို အကြမ်းဖျင်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့လိုက်သည်။

“ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ရအောင်”

ယွီဟွားရှန့်သည် လက်သင်္ကေတများ ပြုလုပ်ပြီး ဝေးကွာနေတာ ကြာပြီဖြစ်သော ကမ္ပည်းတိုင်နှင့် ဝိညာဉ်ရေးရာ ဆက်သွယ်မှုတစ်ခုကို တည်ဆောက်ခဲ့သည်။ ရိုးရှင်းစွာပြောရလျှင် ၎င်းသည် တစ်ဖက်ကျောက်တိုင်၏နေရာမှ သွားရောက်အကဲခတ်လေ့လာခြင်းပင်။

ဝှီး!

ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသည်။

သူ့ပတ်ဝန်းကျင်ကတော့ ရင်းနှီးသော ဂိုဏ်းတော်အတွင်းပိုင်းပင်။

“ဟင်? ငါက ဘာလို့ မြေပြင်ပေါ်မှာလဲ?”

“နေပါဦး၊ ဒီလူက ဘယ်သူလဲ? ငါ လုံးဝမသိတဲ့လူပဲ?”

“ဟေး၊ ဟေး၊ ဟေး၊ မင်း ဘာလို့ ဘောင်းဘီကို ချွတ်နေတာလဲ? ပြန်ဝတ်စမ်း! မင်း တိရိစ္ဆာန်ကောင်၊ ငါ့ကမ္ပည်းတိုင်ကို ဘာလုပ်နေတာလဲ?!”

“အား၊ ငါ့မျက်လုံး၊ ငါ့မျက်လုံး၊ အားးးးးးးးး!!!”

ယွီဟွားသူတော်စင် ချက်ချင်းလဲကျသွားပြီး ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများမှာ ပြူးကျယ်စွာဖြင့် အရှေ့မှ ဝါးဦးထုပ်ဆောင်းကာ ကျန်းဟူ ဓားသမားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လူလတ်ပိုင်းအမျိုးသားမှ ခါးပတ်ကို ဖျတ်ခနဲပစ်ချလျက် သူ့အပေါ်တည့်တည့် ဆီးသွားနေသည့်မြင်ကွင်းအား ကြည့်နေမိလျက်သား ရှိလေ၏။

All Chapters