← Chapters

အခန်း (၃၇၂)

Vol. 27 Ch. 372

အခန်း (၃၇၂)

Vol. 27 Ch. 372

ယွီဟွားရှန့် သည် အေးစက်သောလေကို ပြင်းပြင်းရှိုက်ရှူလိုက်သည်။

ဒီလူရဲ့ ဆရာသခင်မှာ ဘယ်လိုနောက်ခံရှိနေလို့လဲ? ဒီလို ခေတ်နောက်ကျနေတဲ့ ကျင့်ကြံရေးပတ်ဝန်းကျင်မှာ ဒီလိုအောင်မြင်မှုကို ဘယ်လိုလုပ်နိုင်တာလဲ?

ကောင်းကင်ဘုံကို ဆန့်ကျင်နေတဲ့ ဖြစ်ရပ်မျိုးပဲ!

ယွီဟွားရှန့်သည် အခု မသေမျိုးအရှင်သခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် အသက်တစ်ချက်ရှူထုတ်ရုံမျှဖြင့် အဆင့်နိမ့် မသေမျိုးအရှင် သန်းပေါင်းများစွာကို သတ်နိုင်ပါသည်။

သို့သော် နှိုင်းယှဥ်ပြောဆိုရလျှင် သူ မသေမျိုးအဖြစ် မတက်ရောက်နိုင်ခင်က သူ့အင်အားမှာ ထိုသူ၏ဆရာသခင်ထက်တော့ ပို‌နိမ့်ပါးနေမည် ဧကန်ပင်။ ရန်သူများကို ထိုသို့နှိမ်နင်းသုတ်သင်ခဲ့သည့် မှတ်တမ်းမှတ်ရာမျိုး သူ့တွင် ခမ်းခမ်းနားနား မရှိခဲ့ပါချေ။

တစ်ဖက်လူက သူ့ထက်ပိုပြီး ပါရမီရှိနေတာလား?

ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ တိုးတက်နိုင်စွမ်းက ခွင်းလွင်နယ်မြေရဲ့ ပြန်လည်နာလန်ထူမှုနဲ့ တိုက်ဆိုင်ပြီး ဖူယောင်လိုမျိုး တက်လှမ်းနိုင်ခဲ့မယ်ဆိုရင်...

ယွီဟွားရှန့် ထိုအတွေးဖြင့် တုန်လှုပ်သွားပြီး သူ၏မျက်လုံးများတွင် လူသတ်လိုဟန် အရိပ်အမြွက် ပေါ်လာသည်။ “မင်းရဲ့ ဆရာသခင်က ဒီဘဝမှာ သူ အနှောင့်အယှက်မပေးသင့်တဲ့လူကို အနှောင့်အယှက်ပေးမိပြီ!”

လီဝူကျယ်က ခပ်ပြုံးပြုံးဖြင့် ပြန်ပြောလာ၏။ “ကျွန်တော့် ဆရာသခင်ရဲ့ ကျင့်ကြံမှုက ကောင်းကင်ကိုတောင် ထိုးဖောက်နိုင်ပြီး အခုအချိန်ထိ ကြောက်ရမယ့်လူ မမွေးသေးဘူး။ ပြီးတော့ ခင်ဗျားကို လူတစ်ယောက်လို့တောင် သတ်မှတ်လို့ရသေးလို့လား? နယ်ခြားမျိုးနွယ်တွေနဲ့ ပူးပေါင်းပြီး ကိုယ့်မျိုးနွယ်တူတွေကို ဒုက္ခပေးတာ၊ ခေါင်းဆောင်က မဖြောင့်မတ်တော့ အောက်ကလည်း ကောက်ကျစ်ကြတော့တာပေါ့။ ဟမ့်! ခင်ဗျားရဲ့ တာအိုမျိုးဆက် ပျက်စီးသွားတာ တကယ်ကို ထိုက်တန်တယ်!”

“မင်း!!!”

ယွီဟွားရှန့်၏ မျက်လုံးများ ဒေါသဖြင့် တောက်လောင်နေသည်။

သူသည် ဂုဏ်သရေ ခမ်းနားထည်ဝါသော နာမည်ကျော် ယွီဟွားမသေမျိုးအရှင် ဖြစ်ပြီး နှစ်ပေါင်းများစွာ မသေမျိုးနယ်မြေကို လွှမ်းမိုးခဲ့ကာ မသေမျိုးတရားခုံရုံးတွင် အရေးကြီးသော ရာထူးတစ်နေရာကို ရယူထားသူဖြစ်သည်။ အင်အားကြီး ပုဂ္ဂိုလ်များစွာက သူ့ကို လေးစားရိုသေစွာ ဆက်ဆံခဲ့ကြရသည်။ သို့သော် အခုတော့ လူသားနယ်မြေမှ ပုရွက်ဆိတ်တစ်ကောင်က သူ့ကို စိတ်လွတ်လက်လွတ် စော်ကားနေခဲ့သည်လား?

“ဒါဆို မင်းကို သတ်ပစ်မယ်! ပြီးရင် သူ့ကို သတ်ဖို့ အခွင့်အရေးရှာရမယ်!” ယွီဟွားရှန့်က အော်ဟစ်လိုက်ပြီး သူ့လက်ကိုမြှောက်၍ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဘုံး!

ဝိညာဉ်ခန္ဓာက မသေမျိုးအရှင်တစ်ပါး၏ အရှိန်အဝါကို ပေါက်ကွဲထွက်လာစေပြီး ခန်းဆောင်းအတွင်းအား ချက်ချင်းကြေမွရှုပ်ပွသွားစေသည်။

လီဝူကျယ် ရင်တဒိတ်ဒိတ်တုန်ပြီး ချွေးအေးများ ရွှဲနေအောင်ထွက်လာကာ တိတ်တိတ်လေးတွေးလိုက်မိသည်။ “သွားပြီ၊ ငါ ဒီမှာ သေရတော့မှာလား?”

စကားများရတာတော့ အရသာရှိပေမဲ့ တကယ်လို့ မသေမျိုးအရှင် တစ်ပါးနဲ့ တိုက်ရမယ်ဆိုရင် သူ ၁၀၀ ရာခိုင်နှုန်း သေကိုသေလိမ့်မယ်!

“သေစမ်း! မင်း အကျင့်ယုတ်တဲ့၊ စက်ဆုပ်စရာကောင်းတဲ့၊ မီးကျွမ်းနေတဲ့ အရိုင်းအစိုင်းကောင်!!!” ယွီဟွားရှန့်က အော်ဟစ်လိုက်ပြီး လက်ကိုမြှောက်ကာ လီဝူကျယ်အား ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

"လာစမ်းပါ၊ ငါ မင်းနဲ့ အသေခံ တိုက်မယ်!” လီဝူကျယ်က အံကိုကြိတ်ပြီး မျက်လုံးများ လျင်မြန်စွာ နီရဲလာကာ သူ၏ နတ်ဆိုးသွေးမျိုးဆက်အား အသက်သွင်းရန် ပြင်ဆင်လိုက်သည်။

ဖျတ်ခနဲဆိုသလိုပင်!

တောက်ပသော ဓားအလင်းရောင် တစ်ချက်သည် ပိုးဖဲကြိုးတစ်သွယ်ကဲ့သို့ ပျံသန်းလာပြီး ယွီဟွားရှန့် ၏ လှုပ်ရှားမှုကို တိုက်ရိုက် ဖြတ်တောက်လိုက်သည်။

“ဘယ်သူလဲ?!” ယွီဟွားရှန့် အံ့ဩတုန်လှုပ်ပြီး ဒေါသထွက်သွားသည်။ မသေမျိုးအရှင် တစ်ပါးက ဓားထုတ်ပြီး သူ့ကို ဝင်တားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဒီလူပြောတဲ့ ဆရာသခင် များလား?

"အစ်ကိုကြီးလီ၊ ဘာဖြစ်တာလဲ?”

ရွှယ်ဝူဟန်သည် အပြစ်အနာအဆာကင်းမဲ့သော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ကာ လေထဲတွင် ခြေလှမ်းရောက်ရှိလာပုံမှာ နတ်သက်ကြွေလွင့်ရှာသော မသေမျိုးအရှင် တစ်ပါး ကမ္ဘာသို့ ဆင်းသက်လာသကဲ့သို့ ထင်မှတ်မှားစေ၏။ ထိုသူက လေးနက်သောလေသံဖြင့် မေးလိုက်သည်။

လီဝူကျယ်သည် မသေမျိုးအဖြစ်သို့ တက်လှမ်းမရနိုင်သေးသော်လည်း အကြီးအကဲယဲ့၏ တပည့်ဖြစ်သောကြောင့် ရွှယ်ဝူဟန်မှာ သူ့ကို အထင်အမြင်သေးခြင်းမရှိဘဲ အစ်ကိုကြီးလီဟုသာ ခေါ်ဝေါ်တတ်လေသည်။

ဓားသိုင်းသမားတစ်ဦးဖြစ်သော်ငြား လူမှုရေးကျင့်ဝတ်များနှင့် ပတ်သက်၍ ဤမျှလောက်တော့ နားလည်ပါသည်။

ကျင့်ကြံခြင်းဆိုသည်မှာ လူအချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခြင်းကို ဆိုလိုခြင်း မဟုတ်သည်လေ။

နောက်ပြီး အကြီးအကဲယဲ့ရဲ့ ဘေးပတ်ဝန်းကျင်ကလူတွေနဲ့ ပိုရင်းနှီးလေ အကျိုးရှိလေဖြစ်မှာပဲ!

ဟွမ်ကျိုးမှာ ပျံ့နှံ့နေတဲ့ ဟိုနာမည်ကြီးစကားပုံလိုပေါ့။ 'နားလည်တဲ့သူ နားလည်လိမ့်မယ်"

“သတိထား၊ ဒါက ယွီဟွားဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီး ပဲ။ ဒီအဘိုးကြီးက ခုနကမှ ဒီကျောက်တိုင်ကနေ ပေါ်လာတာ!”

“သူက ငါ့ကို မနာလိုဖြစ်လို့ တိုက်ခိုက်ချင်နေတာလေ!”

လီဝူကျယ်က ဒေါသတကြီး ပြောပြလိုက်သည်။

ယွီဟွားရှန့်သည် ချက်ချင်း မူးမေ့လဲကျလုနီးပါး ဖြစ်သွားပြီး ရူးသွပ်လုနီးပါး ဒေါသထွက်သွားရသည်။ ဒီလူ့မှာ အရှက်မရှိဘူးလား?

ရွှယ်ဝူဟန်က မျက်မှောင်ကြုတ်လိုက်ပြီး ဝိညာဉ်ခန္ဓာကို စူးစိုက်အကဲခတ်လိုက်သည်။ “ဒါဆို ခင်ဗျားက ယွီဟွားဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးပေါ့!”

သူသည် ထိုပုဂ္ဂိုလ်၏ဒဏ္ဍာရီလာ လုပ်ဆောင်ချက်များကို ကြားဖူးပြီး ရှေးခေတ်အခါက မည်မျှအရေးပါအရာရောက်ခဲ့သူဖြစ်မှန်း နားလည်၏။ တစ်ချိန်က လေးစားမှုရှိခဲ့သော်လည်း ယခုအခါ သူ့စိတ်ထဲတွင် ထိုသစ္စာဖောက်ခေါင်းဆောင်အပေါ် စက်ဆုပ်ရွံရှာမှုသာ ရှိတော့သည်ပင်။

ယွီဟွားရှန့်က ခပ်ပြုံးပြုံးဖြင့် ဆိုလာ၏။ “ကောင်လေး၊ အရမ်း မာနမကြီးနဲ့။ ကိုယ့်အတွက်ကိုယ် ထွက်ပေါက်ထားဦး။ မင်းကို ပြောပြရရင် ငါက ယွီဟွားမသေမျိုးအရှင်သခင်ပဲ။ နောင်မှာ မင်း မသေမျိုးနယ်မြေ ကို တက်လှမ်းရင် ငါ့နောက်လိုက်ဖို့ အခွင့်အရေးပေးမယ်၊ အနည်းဆုံး မသေမျိုးဘုရင် အဆင့်ဖြစ်အောင် လုပ်ပေးနိုင်တယ်။”

“ဒါပေမဲ့ မင်းသူ့ကိုတော့ ပြန်သတ်ပေးရမယ်!”

ရွှယ်ဝူဟန်က လုံးဝမစဥ်းစားဘဲ ခပ်အေးအေး ပြန်လည်လှောင်ပြောင်လိုက်သည်။ “ဒီဘဝမှာ ကျွန်တော် ကိုးကွယ်တာ အကြီးအကဲယဲ့ တစ်ဦးတည်းပဲ။ ကျန်တဲ့ ဘယ်သူကမှ ကျွန်တော့်ကို အမိန့်ပေးစေခိုင်းဖို့ မထိုက်တန်ဘူး!”

“မသေမျိုးအရှင်သခင်အဆင့်လောက်နဲ့? ထိုက်တန်လို့လား?”

“မှန်တယ်!” လီဝူကျယ်က လက်မထောင်ပြလိုက်ပြီး ထပ်ဖြည့်ပြောလာသည်။ “သူပြောတဲ့ အကြီးအကဲယဲ့ က ကျွန်တော့် ဆရာသခင် ပဲ!”

“ဟင်???”

ယွီဟွားရှန့် မျက်လုံးများ ပြူးကျယ်သွားပြီး ကြောင်တောင်တောင် ဖြစ်နေသည်။

ငါက မသေမျိုးအရှင်သခင်ပဲ! မသေမျိုးအရှင်သခင်!!!

သူတို့က ငါ့ရှေ့မှာတောင် ဒူးမထောက်ချင်ကြဘူးလား၊ ဘာတွေဖြစ်နေတာလဲ?

ဒီကြားထဲ၊ ခွင်းလွင်နယ်မြေက ဘယ်တုန်းက ဒီလောက် အပြိုင်အဆိုင် တိုးတက်လာကြတာလဲ၊ မသေမျိုးအရှင် တစ်ပါးကိုတောင် ရိုသေသမှု မပြုကြတော့ဘူးလား

ယဲ့မျိုးရိုးနဲ့ အဲ့ကောင်ကဘယ်သူလဲ၊ ဒီလို ကောင်းကင်ကို ဆန့်ကျင်တဲ့ စည်းရုံးမှုမျိုး စွမ်းဆောင်ထားနိုင်တာလဲ?

မဟုတ်မှ မသေမျိုးဧကရာဇ်တစ်ပါးများ ပြန်လည်ဝင်စားလာတာလား!???

All Chapters