← Chapters

အခန်း (၃၇၆)

Vol. 27 Ch. 376

အခန်း (၃၇၆)

Vol. 27 Ch. 376

ယွင်ရှန်းကျွန်း။

ခြံဝင်းထဲမှ သတ္တဝါများ စကားစမြည် ပြောဆိုနေကြသည်။

“အားလုံးပဲ၊ ကျွန်းပိုင်ရှင်အသစ်က ကျွန်တော်တို့ ထင်ထားတာနဲ့ မတူပုံပဲ။ သူက မရဏစစ်တပ်ရဲ့ တိုက်ခိုက်မှုကို မခံနိုင်လောက်ဘူးလို့ ကျွန်တော် အစက ထင်ခဲ့တာ၊ ဒါပေမဲ့ သူ တကယ်ပဲ လုပ်နိုင်ခဲ့တယ်။”

မြည်းက တိုးတိုးလေး ပြောလိုက်သည်။ "ငါတို့သူ့ကို နည်းနည်းလျှော့တွက်မိလိုက်ပုံပဲနော်!”

“ကတော် ကတော်~”

ကြက်မအိုကြီးက အားရပါးရ နှစ်ချက်တွန်လိုက်ပြီး မောက်မာစွာ ပြန်လည်ချေပလာသည်။ “မင်းပဲလျှော့တွက်ခဲ့တာလေ။ ဒီအဘွားကြီးဆို ကျွန်းသခင်အသစ်ကို တစ်ခါမှ လျှော့မတွက်ခဲ့ဖူးပေါင်"

“ဪ အဲ့လိုလား။ မရဏစစ်တပ်က စစ်မှန်တဲ့ မသေမျိုးအရှင် သိန်းပေါင်းများစွာ ဝင်လာတယ်ဆိုတော့ မင်းအရမ်းစိုးရိမ်နေခဲ့သလားလို့၊ အကူအညီသွားပေးဖို့တောင် အတင်းအကျပ် စီစဉ်နေခဲ့တာလေ!” မြည်းလေးက မညှာမတာ တုံ့ပြန်လိုက်သည်။

“ဒီမြည်းစုတ်ကလေး၊ မင်းဘာသိလို့လဲ? ငါကူညီမယ်ဆိုတာ လိုရမယ်ရ ပြင်ဆင်ထားတဲ့သဘောပဲ။ ဘာပဲဖြစ်ဖြစ်၊ ငါတော့ ဒီကျွန်းပိုင်ရှင်အသစ်ကို ယုံတယ်!” ကြက်မအိုကြီးက ခေါင်းမာစွာ ပြန်ရန်တွေ့လိုက်သည်။

“ဟီး‌ဟော်၊ သူက မင်းကို ပေါ့ပေါ့ပါးပါးလေးပဲ တစ်ခွန်းချီးကျူးလိုက်တာ ‘ကြက်မမလေး၊ မင်းက အရမ်းလှတယ်’ ဆိုတာလေးပဲ၊ မင်းကတော့ သူ့အတွက် တာဝန်ထမ်းဆောင်ဖို့ လုံးဝ ဆန္ဒရှိနေပြီ။ မင်းတစ်ချိန်က မသေမျိုးအရှင်တစ်ပါး ဖြစ်ခဲ့တဲ့မျက်နှာကို မထောက်တော့ဘူးလား၊ ရှက်စရာကောင်းလိုက်တာ!”

ကြက်မအိုကြီး ဒေါသထွက်ပြီး တိုက်ခိုက်တော့မည့်ဟန် ပြင်လိုက်သည်။ “ဘာပြောလိုက်တာလဲ၊ မြည်းစုတ်ကောင်? ဒီအဘွားကြီးက သင်ခန်းစာကောင်းကောင်း ပေးရ‌တော့မှာပဲ!”

“လာ၊ လာ၊ လာ၊ မြည်းသခင် က မင်းရဲ့ကြက်ခေါင်းကို ဘယ်လိုနင်းမလဲ ပြမယ်!” မြည်းလေးက ကြောက်မက်ဖွယ် ပြန်ကြိမ်းဝါးလိုက်ပြီး မဲနက်သောခွာများကို မြှောက်ပင့်ကာ ဒေါသတကြီး ရှေ့ထွက်လာသည်။

“ရပ်၊ တိုက်ခိုက်တာနဲ့ ငြင်းခုံတာ ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်တဲ့ အပြုအမူမျိုးလဲ?!”

ခြံဝင်းထဲမှ အေးစက်ပြီး အထက်စီးဆန်သော အသံတစ်ခု ထွက်ပေါ်လာကာ ငြင်းဆန်လို့မရသော အာဏာစက်ကို ဆောင်ယူလာသည်။

ကြက်မအိုကြီးနှင့် မြည်းလေးတို့ ချက်ချင်းတိတ်ဆိတ်သွားရ၏။

မိုးမခပင်က တိတ်ဆိတ်စွာ ရပ်နေပြီး စိမ်းလန်းသော အကိုင်းအခက်များက လေထဲတွင် ယိမ်းထိုးနေကာ နူးညံ့သိမ်မွေ့သော နတ်ဘုံနတ်နန်းအရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

“မင်းတို့ကို တစ်ခုသတိပေးရဦးမယ်။ ယွင်ရှန်းကျွန်း ပိုင်ရှင်ပြောင်းသွားပြီဆိုကတည်းက သူ့ကို ကျွန်းပိုင်ရှင်အသစ်လို့ မခေါ်သင့်တော့ဘူး။ ဒါက မလေးမစားလုပ်တာပဲ။ သီးခြား ဂုဏ်ပြုနာမ်စား ရှိရမယ်!”

“သူ့ရဲ့ မျိုးရိုးနာမည်ကယဲ့ ဖြစ်တဲ့အတွက် သူ့ကို ကျွန်းသခင်ယဲ့ လို့ပဲ ခေါ်လို့ရတယ်!”

“မစ္စလျို မှန်ပါတယ်” သတ္တဝါတွေ ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။

“အထူးသဖြင့် မင်း မြည်းလေး၊ မင်း ကျွန်းသခင်ယဲ့ကို မယုံကြည်သလို သံသယတွေလည်း ရှိနေတယ်။ ဒါက အရမ်းဆိုးရွားတဲ့ သဘောထားပဲ!” အေးစက်စက်အသံတွင် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်များ ပါဝင်နေခဲ့သည်။

မြည်းလေးသည် ကြောက်လန့်တကြား ကျောရိုးတလျှောက် တုန်ယင်သွားပြီး သွားချင်းရိုက်သံ တဂတ်ဂတ်ပင် ထွက်ပေါ်လာသည်။ ထိုပုံရိပ်၏ ကြောက်မက်ဖွယ်ကောင်းသော ပုံစံအစစ်က သူ့စိတ်ထဲတွင် ပြန်လည်ပေါ်လွင်လာပြီး‌ မြေပြင်ပေါ်ဒူးထောက်ချကာ ငိုကြွေးတိုင်တည်လိုက်သည်။

“မစ္စလျို၊ ဒါ နားလည်မှုလွဲတာပါ။ ကျွန်တော် ကျွန်းသခင်ယဲ့ အပေါ် ဘာမရိုးသားတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး။ ကျွန်တော် သူ့အပေါ် လုံးဝ သစ္စာရှိပါတယ်။”

“ကျွန်တော့် မျက်လုံးတွေကို ကြည့်ပါဦး၊ ဘယ်လောက် စိတ်ရင်းမှန်လဲ?”

မြည်းလေး၏ တောင်းပန်ပုံက အလွန်ရယ်စရာကောင်းပြီး တခြားသတ္တဝါများမှာ ရယ်သံကို မနည်းထိန်းချုပ်ထားရသည်။

မိုးမခပင် - “ထပါ။ နောက်တစ်ခါ မဖြစ်စေနဲ့။”

“ဟုတ်ကဲ့!”

မြည်းလေးသည် ကြီးမားသော လွတ်ငြိမ်းချမ်းသာခွင့် ရရှိလိုက်သကဲ့သို့ ခံစားလိုက်ရ၏။ သူသည် ကြောက်ရွံ့မှုများဖြင့် ထရပ်လိုက်ပြီး ကြက်မအိုကြီး၏ လှောင်ပြောင်သည့် အကြည့်ကို မြင်ရသော်လည်း ဒေါသမထွက်ရဲတော့ပေ။

ဤခြံဝန်းထဲတွင် မိုးမခပင်သည် အဆင့်အမြင့်ဆုံး သက်ရှိဖြစ်၏။

ရှေးခေတ်တစ်ချိန်းက မသေမျိုးအရှင် အားလုံးကို ကြောက်လန့်တုန်လှုပ်စေခဲ့ပြီး ကမောက်ကမအဖြစ်စေဆုံ စွမ်းအားရှင်တစ်ပါးဖြစ်ခဲ့သည်။ သူ့အရည်အချင်းနှင့်ဆိုလျှင် မိုးမခပင်၏ ဖိနပ်တိုက်ပေးဖို့တောင်မှ မသင့်လျော်ပေ။

မိုးမခကိုင်း တစ်ချက်ရိုက်လိုက်သည်နှင့် သူဘဝကူးရမည်ဖြစ်၏။

မိုးမခပင် - “ငါတို့အားလုံး ကျွန်းသခင်ယဲ့ရဲ့ စွမ်းအားကို လျှော့တွက်ခဲ့ကြတယ်ဆိုတာတော့ ငြင်းလို့မရဘူး။ သူက ငါတို့ထင်ထားတာထက် အများကြီး ပိုအစွမ်းထက်ပြီး ပါရမီ က မယုံနိုင်လောက်အောင်ကို ထူးခြားတယ်။ ကျွန်းသခင်လျိုက လူမှန်ကို ရွေးချယ်ခဲ့ကြောင်း သက်သေပြလိုက်တာပဲ။"

“ဘာပဲဖြစ်ဖြစ်၊ သူ နောင်တချိန်မှာ ရင်ဆိုင်ရမယ့်အရာတွေက ပြင်ပဖိအားတွေတင်မကဘူး၊ ခွင်းလွင်နယ်မြေရဲ့ အတွင်းပိုင်းပြောင်းလဲမှုတွေလည်း ပါဝင်တယ်။”

“မစ္စလျို၊ ခင်ဗျားဆိုလိုတာက…” ကြက်မအိုကြီးက အလေးအနက် စကားထောက်လိုက်သည်။

“ဟုတ်တယ်၊ ငါ့ရဲ့ ခန့်မှန်းတွက်ချက်မှုအရ ခွင်းလွင်နယ်မြေဟာ ပြန်လည်နာလန်ထူမယ့်အဆင့်ကို ရောက်စပြုနေပြီ။ ဒီပြောင်းလဲမှုရဲ့ အတိုင်းအတာက အထူးတလည် ကြီးမားလိမ့်မယ်၊ မသေမျိုးအရှင်ဘုရင် အဆင့် ဖြစ်တည်မှုတွေတောင် မွေးဖွားလာနိုင်တယ်။”

“မသေမျိုးနယ်မြေကို မတက်ဘဲ ခွင်းလွင်နယ်မြေမှာပဲ ခေါင်းမာမာနဲ့ ဆက်နေထိုင်ခဲ့တဲ့ အဲဒီအဘိုးကြီးတွေက တစ်ယောက်ပြီးတစ်ယောက် နိုးထလာပြီး လှုပ်ရှားလာကြလိမ့်မယ်။”

မိုးမခပင်က အလေးအနက် ပြောကြားနေခဲ့သည်။

ရှေးခေတ်က အစွမ်းထက်သူများအားလုံးသည် စိတ်နေမြင့်မားကြသူများပင်။ သူတို့ မသေမျိုးနယ်မြေကို မသွားချင်ကြသည့် အကြောင်းရင်းမှာ ဇာတိမြေ ပြန်လည်တိုးတက်မည့်အခွင့်အရေးအား လောင်းကြေးထပ်ချင်ကြလို့သာ ဖြစ်၏။ ကိုယ်ကျင့်စရိုက်က ဖြောင့်မတ်နေပါစေ၊ ဆိုးသွမ်းနေပါစေ၊ လက်စွဲကိုင်ထားသော ယုံကြည်မှုကတော့ ချိုးဖျက်မရအောင် ခိုင်မာကြသည်သာ။

ထို ရှေးဟောင်းမသေမျိုးအရှင်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာရင် ခွင်းလွင်နယ်မြေ၏ လက်ရှိအခြေအနေကို အတော်လေးရိုက်ခတ်လှုပ်ရှားစေပေမည်။

ကြယ်တာရာထဲက မျိုးနွယ်စုပေါင်းစုံ ရောက်မလာခင်မှာတောင် ခွင်းလွင်နယ်မြေက သူ့ကိစ္စနှင့်သူ ရှုပ်ထွေးနေပြီး ဖြစ်လောက်၏။

ခြံဝန်းထဲက သတ္တဝါအားလုံး စိတ်မကောင်းခြင်းအပြည့်ဖြင့် ငြိမ်သက်သွားခဲ့ကြသည်။

ဒုံး~

ရုတ်တရက် ကောင်းကင်ထက်မှ ကြောက်မက်ဖွယ်မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့သည်။

ရွှယ်ထျန်းဂိုဏ်းအပေါ်ဝယ် မည်းမှောင်နေသော ဘေးဒုက္ခမိုးတိမ် အစုအဝေးကြီးများ ရုတ်ချည်းစုဝေးလာခဲ့ပြီး လျှပ်စီးကြောင်းများလည်း တဖျပ်ဖျပ်လင်းလက်လာခဲ့သည်။

“ဘာဖြစ်တာလဲ?” ခြံဝင်းထဲက သတ္တဝါများ အံ့သြထိတ်လန့်ကုန်ကြ၏။

မိုးမခပင်က ခပ်အေးအေးသာ ပြောလိုက်သည်။ “မကြောက်ကြနဲ့၊ အပြင်မှာ တစ်ယောက်ယောက်က မသေမျိုးတက်လှမ်းခြင်းအတွက် ဘေးဒုက္ခဒဏ်ခံယူနေတာ။”

All Chapters