← Chapters

ဆောရီးပါနော် တံခါးပြန်ပိတ်ပေးသွားပါ့မယ်

Vol. 27 Ch. 366

ဆောရီးပါနော် တံခါးပြန်ပိတ်ပေးသွားပါ့မယ်

Vol. 27 Ch. 366

ထို့နောက် ယဲ့ကျွင်းလင်သုံးဦးမှ တိုက်ကွက်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်ခဲ့သည်။ မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက် တစ်ခုတည်းဖြင့်ပင် အလွန်အစွမ်းထက်လှပြီးဖြစ်ရာ သုံးခုတစ်ပြိုင်တည်းဆိုလျှင် ပြောစရာစကားပင် မရှိနိုင်တော့ပေ!

“အား...”

အစီအရင်ရုပ်တု ခြောက်ခု ကွဲကြေသွားပြီး တိုက်ပွဲအစီအရင် ခြောက်ခုလည်း ချက်ချင်း ပြိုကွဲသွားရသည်။ အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ထိခိုက်ဒဏ်ရာများလည်း အတော်လေးပြင်းထန်ခဲ့လေသည်။

ယဲ့ကျွင်းလင်သည် စန်းယွမ်ဓားကို ကိုင်ဆောင်ကာ ဆက်တိုက်ခုတ်ပိုင်းနေပြီး လှုပ်ရှားသက်ဝင်နေသော ဓားချီလှိုင်းများက ရေတွက်လို့မရသော ဦးခေါင်းများစွာကို ရိတ်သိမ်းနေခဲ့သည်။

ဘယ်ဘက်ရှိ ယဲ့ကျွင်းလင် ကိုယ်ပွားသည် ကောင်းကင်သင်္ချိုင်းခေါင်းတလားကို ဖွင့်လိုက်ပြီး မရဏမျိုးနွယ် စစ်သား ထောင်သောင်းချီကို စုပ်ယူလိုက်ရာ ရုပ်အလောင်းများပင် တစ်စတလေမှ ကျန်ရစ်ခြင်းမရှိခဲ့ပေ။

ညာဘက်ရှိ ယဲ့ကျွင်းလင်ကိုယ်ပွားသည် ချန်းရှန်တိကို တီးမှုတ်လိုက်ရာ ပုလွေသံသာသည် လေထုထဲတွင် မြင်နိုင်သော အသံလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး မရဏမျိုးနွယ် စစ်သား အမြောက်အများကို ဖျက်ဆီးပစ်ခဲ့ရာ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ သွေးအမှုန်အမွှားများအဖြစ် ပေါက်ကွဲထွက်သွားခဲ့၏။

သုံးဦး၏ ပူးပေါင်းအားထုတ်မှုဖြင့် စွမ်းဆောင်ရည်မှာ အလွန်မြင့်မားခဲ့ပြီး မရဏမျိုးနွယ် စစ်သား ခြောက်သိန်းကို မျက်စိတစ်မှိတ်အတွင်း နှစ်သိန်းအောက်သာ ကျန်ရှိသည်အထိ သုတ်သင်ရှင်းလင်းခဲ့သည်။

လုံးဝကို ရက်စက်ကြမ်းကြုတ်လှ၏!!!

“ဖူး!”

ဓားချီလှိုင်း ထိမှန်ခံရသော မင်ဖုန်းသည် သွေးများဖူးခနဲ အန်ထွက်လာပြီး အနောက်သို့ ပေရာပေါင်းများစွာ လွင့်စင်သွားကာ လက်ထဲရှိ ကျိုးပဲ့နေသော လှံတံကိုကြည့်ရင်း ကြောက်လန့်တကြား တုန်ယင်နေခဲ့သည်။

“ကယ်ကြပါ၊ မြန်မြန်လာကယ်ပေးပါ!”

သူ၏ ရဲဘော်များထံမှ ကယ်ဆယ်ရန် အော်ဟစ်အကူအညီတောင်းသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ မကြာမီပင် ၎င်းတို့သည် ဓားတစ်ချက်တည်းဖြင့် အသေခုတ်သတ်ခံရခြင်း၊ ကောင်းကင်သင်္ချိုင်းခေါင်းတလားထဲသို့ ရုပ်အလောင်းပင်မကျန် စုပ်ယူခံရခြင်း၊ သို့မဟုတ် ချန်းရှန်တိ၏ အသံလှိုင်းများကြောင့် စိတ်နှလုံးတုန်လှုပ်၍ သေဆုံးခြင်းတို့ဖြင့် အသံတို့ တိုးဝင်တိတ်ဆိတ်သွားကြရ၏။

မူလက ဦးဆောင်ကြမ်းရမ်းနေခဲ့ကြသော မရဏမျိုးနွယ် ခေါင်းဆောင်ခြောက်ဦးမှ သူတစ်ဦးတည်းသာ ကျန်သည်အထိ လျင်မြန်စွာ လျော့ပါးသွားသည်ကို မြင်သောအခါ မင်ဖုန်းသည် ဦးရေပြား ကျဉ်တက်လောက်အောင် ကြောက်လန့်သွားပြီး အိပ်မက်ဆိုးများပေလားဟု ရုတ်တရတ် တွေးထင်မိသည်အထိ။

အကယ်၍ အိပ်မက်သာဆိုပါက ဤအိပ်မက်သည် မကြုံစဖူး အိပ်မက်ဆိုးကြီးမျှသာ။

သူသည် ဤ ခေတ်နောက်ကျကျန်ခဲ့သော ကမ္ဘာငယ်သို့ မရှုံးနိမ့်နိုင်သော အရှိန်အဝါတစ်ခုဖြင့် ရောက်ရှိလာကာ အားနည်းသူများကို စိတ်တိုင်းကျ အနိုင်ကျင့်ပစ်ရမည်ဟု အတွေးရှိခဲ့သော်ငြား သူကိုယ်တိုင်သာ ပြပွဲတစ်ခုလုံး၏ လူပြက်သာသာဖြစ်ခဲ့ရကြောင်း နားလည်လိုက်ရပါ၏။

ဒီလောက်တောင် စိတ်ဓာတ်ကျစရာ ကောင်းရသလား?

ဒီ ခွင်းလွင်နယ်မြေက ဒေသခံရဲ့ ခွန်အားက တကယ်ကို မူမမှန်ဘူး မဟုတ်လား?

ထိုသူသည် မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက် သုံးခုကို တိုက်ရိုက်အသက်သွင်းကာ မရဏတပ်သားခြောက်သိန်းအား စိတ်တိုင်းကျသတ်ဖြတ်နေခဲ့သည်။

ဒါက ကောင်းကင်အဆင့် မသေမျိုးအရှင်တစ်ပါး လုပ်နိုင်တဲ့အရာ ဟုတ်မနေဘူးလေ။

မင်ဖုန်းမှာ လှည့်ဖျားခံနေရသည်လားဟုပင် ခံစားနေခဲ့ရသည်။ မိမိသိနားလည်ထားသမျှ တစ်ခုမှ အမှန်ဟုတ်မနေခဲ့ပါချေ။

“တပ်မှူး၊ ကျွန်တော်တို့ဆက်မတိုက်နိုင်တော့ဘူး!”

“သူ့လက်ထဲက မှော်လက်နက်တွေက တကယ်ကို အားကောင်းလွန်းတယ်!”

“ဟုတ်တယ်၊ မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက်ကြီး သုံးခုတောင်။ သူ့နဲ့ယှဉ်ရင် ငါတို့ ကိုင်ထားတာတွေက ဘာလဲ? အကုန်လုံး အမှိုက်သရိုက်တွေပဲ! ဘယ်လိုယှဥ်တိုက်နိုင်မှာလဲ?

“ခွင်းလွင်နယ်မြေက ကျင့်ကြံသူတွေက အရမ်းအားနည်းတယ်လို့ ပြောခဲ့ကြတာမဟုတ်လား? ဒါက ဘယ်လိုလုပ်ပြီး အားနည်းတာလဲ!”

“ကယ်ပါ၊ ကယ်ပါ၊ ကယ်ပါ၊ ကယ်ကြပါ!”

ပတ်ပတ်လည်မှာ ငိုယိုသံတွေ၊ အကူအညီတောင်းသံတွေ၊ အော်ဟစ်သံတွေနှင့်သာ ပြည့်နှက်နေခဲ့သည်။

လက်အောက်ခံစစ်သည်တော်များ တစ်ချက်မှခုခံနိုင်ခြင်းမရှိဘဲ အတုံးအရုံး လဲကျသေဆုံးနေရသည်ကိုမြင်သော မင်ဖုန်း၏ တိုက်ပွဲအစမှ စိတ်ဓာတ်ကြံ့ခိုင်မှုများနှင့် ရည်မှန်းချက်ကြီးများလည်း တစ်စမျကန် ပြိုလဲပျောက်ကွယ်ခဲ့ရလေပြီ။

ဒီတိုက်ပွဲကို ဘယ်လိုဆက်တိုက်ရမလဲ?

ဘာအတွက် ဆက်တိုက်ရမှာလဲ!?

ဒေါသထွက်နေသော မင်ဖုန်းဟာ ကြောင်တောင်တောင်ဖြစ်နေသော မင်ဝမ်ကျွင့်ကို ကြည့်ပြီး ဆူပူလိုက်သည်။ “ဒါတွေအကုန် မင်းသတင်းပို့လို့ ဖြစ်ရတာ! မင်းရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ငါတို့ မရဏမျိုးနွယ် စစ်သည်တော်တွေ ဘယ်လောက်တောင် သေကုန်ပြီလဲ!”

မင်ဝမ်ကျွင့်: “???”

မင်း၊ မင်း ငါ့ကိုအပြစ်တင်နေတာပေါ့လေ?

ခွင်းလွင်နယ်မြေမှာ ဒီလို ပါရမီရှင်တစ်ယောက် ရှိနေလိမ့်မယ်ဆိုတာ ငါလည်း ဘယ်လိုလုပ်သိမလဲ!?

ရောက်လာတုန်းကတော့ မာနတထောင်ထောင်နဲ့ ခွေးလိုအရိုက်ခံရပြီဆိုမှ ငါ့အပြစ်တဲ့လား?

ငါ မင်းတို့ကို တောင်းပန်နေရဦးမှာလား?

ရဲဘော်ရဲဘက်၏ စွပ်စွဲစကားကြောင့် မင်ဝမ်ကျွင့် နာကျင်ခံစားနေရသည်။

ငါလည်း အပြစ်တင်စရာ ရှာရမယ်။

လှည့်ပတ်တွေးနေရင် တစ်ဖက်မှ ကြောင်တောင်တောင်ရုပ်ဖြင့် ယွီဟွားဂိုဏ်းဘိုးဘေးကြီးကို ဒေါသတကြီး လှမ်းအော်လိုက်သည်။

“အကုန်လုံး မင်းအပြစ်ပဲ၊ ခွေးကောင်! ကြယ်တံခါးကို အခုအချိန်ကြီး ဘယ်သူက ဖွင့်ခိုင်းလို့လဲ? မင်းရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ငါတို့ ဘယ်လောက်တောင် ဆုံးရှုံးလိုက်ရသလဲ မြင်လား? ဒီသွေးကြွေးကို မင်း ဘယ်လိုပြန်ဆပ်မလဲ!?”

ဘိုးဘေးကြီး: “???”

ဒါက အရမ်းလွန်သွားပြီ မဟုတ်ဘူးလား?

အပြစ်ကို ငါ့ဆီ လွှဲချတာလား?

မင်းတို့ အရမ်းအစွမ်းထက်လောက်မယ် ထင်ခဲ့လို့ပေါ့၊ အခုမှ ဒီလောက်အားနည်းနေမှန်း သိရတာလေ!

လွန်လွန်းတယ်!

ဒီအချိန်မှာ မင်းတို့ကို ငါက မျက်နှာလုပ်နေဦးမယ် ထင်လို့လား?

“ဟမ့်!”

ဘိုးဘေးကြီးမှာ တွေးလေလေ ဒေါသထွက်လေလေဖြစ်ကာ နှုတ်ခမ်းမွေးဖြူတွေ၊ ဆံပင်တွေ ထောင်မတ်ကုန်ပြီး မျက်လုံးအစုံမှာလည်း ဒေါသအမျက်မီးဖြင့် တောက်လောင်နေခဲ့သည်။ ‌‌ဒေါသကို ထိန်းမနိုင်တော့သည့်အဆုံး သူအမြန်ပြေးဝင်သွားကာ ချန်ရှောင်းကို ပါးရိုက်ချလိုက်သည်။

“မင်းအပြစ်တွေပဲ! မင်းရဲ့ နေမင်းမသေမျိုးခန္ဓာကြောင့် ငါ ယွီဟွာဂိုဏ်းကြယ်တံခါးကို ဖွင့်ပြီး အကြီးအကဲတွေကို ခေါ်သွင်းမိခဲ့တာ။ အခု အခြေအနေတွေက ဒီလိုဖြစ်ကုန်ပြီး၊ မင်းကို ဘယ်လိုအပြစ်မျိုးပေးရမလဲ? ဟမ်!?”

ဘိုးဘေးကြီးက ဒေါသတကြီး အော်ဟစ်လိုက်၏။

ချန်ရှောင်ဟာ မြေပြင်ပေါ်မှာ မှောက်လျက်လဲနေပြီး သွေးများစီးကျနေသော မျက်နှာကို လက်ဖြင့်အုပ်ထားရင်း စိတ်ထဲတွင် မေးခွန်းများတစ်ခုပြီးတစ်ခု ပေါ်လာသည်။

နဂိုကတည်းက စိတ်ဖောက်ပြန်သောသူအဖို့ အားပြင်းပြင်းတစ်ချက်ထပ်ရိုက်ခံလိုက်ရရုံဖြင့် စိတ်ကစဥ့်ကလျား ပိုဖြစ်သွားရကာ နားကွဲမတတ် ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ “ဟုတ်တယ် ငါ့အပြစ်ပဲ! အကုန်လုံး ငါ့အပြစ်ပဲ! ဟားဟားဟားဟားဟား! ဟဲဟဲဟဲဟဲဟဲ!”

“ပါးစပ်ပိတ်စမ်း၊ နားဝင်ဆိုးလိုက်တာ!” ဘိုးဘေးကြီးက သူ့ကို တံတွေးတစ်ချက် ထွီခနဲထွေးကာ မင်မင်ဖုန်းနှင့် မင်ဝမ်ကျွင့်တို့ဘက် လှည့်အော်သည်။ “လူကြီးမင်းတို့၊ ဒီကလေးက ဝန်ခံပြီ!”

မင်ဖုန်း: “...”

မင်ဝမ်ကျွင့်: “...”

မကြာမီပင် မရဏမျိုးနွယ်တပ်၏ အရေအတွက်မှာ ဆယ်ရာခိုင်နှုန်းအောက်သို့ လျင်မြန်စွာ လျော့ပါးသွားသောကြောင့် သူတို့နှစ်ဦးသည်လည်း မျှော်လင့်ချက်အားလုံးကို အဆုံးစွန် စွန့်လွှတ်လိုက်ကြသည်။

မတတ်နိုင်တော့သည့်အဆုံး လက်လျှော့ရတော့ပေမည်။

အခုအချိန်မှ မဆုတ်ခွာလျှင် တစ်သက်လုံး နောက်ကျသွားပေရော့မည်။

“ဆုတ်ခွာ! မြန်မြန်ဆုတ်ခွာကြ!”

မင်ဖုန်းနှင့် မင်ဝမ်ကျွင့်တို့ စိတ်ထိခိုက်စွာ အော်ဟစ်လိုက်ကြပြီး ၎င်းတို့၏ နှလုံးသားများမှာလည်း ဝမ်းနည်းမှုများ ပြည့်နှက်နေခဲ့သည်။

မျိုးနွယ်မှ ဂုဏ်သိက္ခာရှိ ခေါင်းဆောင်တပ်မှူးများ ခွင်းလွင်နယ်မြေသို့ ကျူးကျော်ခြင်း၏ ပထမဆုံးတိုက်ပွဲသည် ဤမျှဆိုးရွားသော ရှုံးနိမ့်မှုဖြင့် အဆုံးသတ်လိမ့်မည်ဟု ဘယ်သောအခါမျှ စိတ်မကူးမိခဲ့ကြပါချေ။

အရှက်ရစရာပဲ!

“ဟမ့်၊ ထွက်ပြေးဖို့ ကြိုးစားနေတာလား?” ကြည်လင်ပြတ်သားသော အသံသုံးခု ကောင်းကင်ယံတွင် တစ်ပြိုင်နက်တည်း ပဲ့တင်ထပ်လာသည်။ ယဲ့ကျွင်းလင်နှင့် သူ၏ ကိုယ်ပွားနှစ်ဦးတို့သည် ကိုင်ဆောင်ထားသော မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက်များကို အသက်သွင်းကာ သူတို့ဆီတည့်တည့် ချီတက်လာလေပြီ။

“အား!”

ကြယ်တံခါးထဲသို့ ထွက်ပြေးလွတ်မြောက်ရန် မျှော်လင့်ခဲ့ကြသော မရဏမျိုးနွယ် စစ်သားအုပ်စုသည် ကြောက်လန့်တကြား အော်သံများကြားတွင် ဝိညာဉ်များ လွင့်ပျံကွဲကြေသွားသည်အထိ ဆက်တိုက် အရိုက်ခံနေရသည်။

စတင်ပေါ်ထွက်လာချိန်က ကြမ်းတမ်းရက်စက်မှုတို့ အကုန်ကွယ်ပျောက်ကာ အမေကယ်ပါ အဘကယ်ပါ အော်သံများသာ ကျန်ရှိခဲ့တော့၏။

တော်တော်လေးကိုမှ သရော်လှောင်ပြောင်ချင်စရာ!

“လူကြီးမင်းတို့၊ ကျွန်တော်တို့ကို မထားခဲ့ပါနဲ့!” ဘိုးဘေးကြီး ငါးဦးစလုံး ထိတ်လန့်တကြား ဖြစ်နေကြသည်။ သူတို့သာ ကျန်ခဲ့ပါက သေသည်ထက်ပင် ပိုဆိုးရွားသော နှိပ်စက်မှုမျိုးကို ကြုံတွေ့ရပေမည်။

သူတို့ရဲ့ လက်ရှိအခြေအနေက လူသားမျိုးနွယ်ရဲ့ သစ္စာဖောက်တွေ၊ ခွင်းလွင်နယ်မြေ တစ်ခုလုံးရဲ့ သစ္စာဖောက်တွေပဲလေ!

သစ္စာဖောက်တို့၏ လားရာကံကြမ္မာကို သူတို့ရင်မဆိုင်ရဲကြပေ။

“ဖယ်စမ်း!”

မင်ဝမ်ကျွင့်က အော်ဟစ်ပြီး လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ရာ ငါးဦးစလုံး ဖတ်ခနဲလွင့်စင်သွားရလေတော့၏။

ဘိုးဘေးကြီးသည် ဒေါသတကြီးဖြင့် တဆတ်ဆတ်တုန်သွားရ၏။ မင်းက စပြီးကြမ်းတမ်းပြတယ်ပေါ့လေ?

ကောင်းပြီ၊ ဒါဆို ငါလည်း လူမဆန်တော့ဘူး!

“ဒါဆိုလည်း ဒီအတိုင်း အတူတူ သေကြရအောင်!” ဘိုးဘေးကြီး ထျန်းဟုန်သည် ယွီဟွာဂိုဏ်း၏ ကျင့်ကြံဆင့်မြှင့်တင်ခြင်း လျှို့ဝှက်ကျင့်စဥ်ကို ထုတ်လွှတ်လိုက်ပြီး ပြင်းထန်သော တိုက်ခိုက်လိုစိတ်ဖြင့် မင်ဝမ်ကျွင့်အား တားဆီးရန် ငါးဦးပေါင်း အားထုတ်စုစည်းခဲ့ကြသည်။

မင်ဝမ်ကျွင့်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားရသည်။ မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက်၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရထားပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာလည်း စစ်မှန်သော မသေမျိုးအဆင့်သို့ ကျဆင်းသွားခဲ့သည်ပင်။ လက်ရှိအချိန်တွင် ဘိုးဘေးကြီး ငါးဦး၏ ပူးပေါင်းအားထုတ်မှုဖြင့် ထိန်းချုပ်ခံထားရသောကြောင့် လွတ်မြောက်ရန် ခက်ခဲသွားရတော့၏။

“မင်းတို့ အတော်လေးကို အတင့်ရဲနေပါလား၊ မြန်မြန် လွှတ်လိုက်စမ်း!!!” မင်ဝမ်ကျွင့်က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

“ဟားဟား၊ ငါတို့နဲ့အတူသေဖို့ တစ်ယောက်လောက်တော့ ဆွဲခေါ်သွားရမှာပဲလေ" ဘိုးဘေးကြီး ထျန်းဟုန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး စိတ်လွတ်နေသလိုပြုမူကာ ပါးပြင်ထက် မျက်ရည်ကြည်နှစ်ကြောင်း စီးကျလာပြန်၏။

သူသည် ယွီဟွားဂိုဏ်း၏ နောက်ကွယ်တွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ပြီး ပြန်လည်တိုးတက်သောခေတ်ကို လိုက်မီလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ဤမျှဆိုးရွားသော အဆုံးသတ်နှင့် ကြုံတွေ့ရမည်ဟု မမျှော်လင့်ခဲ့ပေ။

ဒါဟာ သူရဲ့ ကံကြမ္မာများလား...

“သေစမ်း!”

ကောင်းကင်ယံမှ ရွှေရောင်ဓားချီလှိုင်းများသည် ရေတံခွန်ကဲ့သို့ ကျဆင်းလာခဲ့သည်။ ယွီဟွာဂိုဏ်း ၏ ဘိုးဘေးကြီး ငါးဦးသည် နှလုံးသားများတွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေပြီး မကြာမီပင် ရုပ်ခန္ဓာများ ပျက်စီးကာ ဝိညာဥ်ရင်းမြစ်များပါမကျန် ပျောက်ကွယ်သွားခဲ့လေ၏။

မသေဆုံးမီ မင်ဝမ်ကျွင့်သည် အားရပါးရကျိန်ဆဲရန် ပြင်ဆင်ထားခဲ့သော်လည်း အချိန်မမီလိုက်ဘဲ ‌အေးချမ်းစွာ သေဆုံးသွားခဲ့ရသည်။

အရာရာက အရမ်းမြန်လွန်းတယ်။

သတ်ဖြတ်လိုစိတ်တွေ လှိုင်းထနေသည်ကို ခံစားမိလိုက်တော့ မင်ဖုန်းဟာ ဆံပင်များပင်ထောင်မတ်ကုန်သည်။ အားကုန်သုံးလျက် ထွက်ပြေးလွတ်မြောက်ဖို့ ပြင်ဆင်လိုက်ချိန်တွင် အစောက ကြားမိလိုက်သည့် စကားဝိုင်းအား ပြန်လည်သတိရလိုက်မိ၏။

အဓိကအချက် နှစ်ချက်ပါတယ်။

နေမင်းမသေမျိုးခန္ဓာ၊ ကြယ်တံခါး!

“ဒီကိုလာ!” မင်ဖုန်းသည် အံတင်းတင်းကြိတ်ကာ ခွေလဲနေသောချန်ရှောင်းအား လင်းယုန်မှ ငှက်ပေါက်လေးကိုသုတ်သကဲ့သို့ သယ်ယူခေါ်ဆောင်ပြီး ကြယ်တံခါးထဲ ပြေးဝင်သွားလေတော့၏။

ဝှီး~!

ကြယ်တံခါးထံမှ နေမင်းစွမ်းအင် အားလုံးဟာ ချန်ရှောင်း၏ကိုယ်ထဲသို့ တိုက်ရိုက်စီးဝင်သွားပြီး စွမ်းအင်ပံ့ပိုးမှု မရှိတော့သည့် ကြယ်တံခါးလည်း အလိုအလျောက် ပိတ်ဆို့သွားခဲ့သည်။

ဘုန်း!

ကြယ်တံခါး ရှိခဲ့သော မြေနေရာတွင် ကြီးမားသော တွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာကာ ဖုန်မှုန့်များလည်း လွင့်ပျံသွားခဲ့သည်။

ကြယ်တံခါးသည် ပုံရိပ်ယောင်အဖြစ် ပြန်လည်ကူးပြောင်းသွားခြင်းပင်။ မင်ဖုန်းနှင့် ချန်ရှောင်းတို့သည် ဂိတ်၏တစ်ဖက်ခြမ်းတွင် ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ကြလေသည်။

အလောင်းများ နေရာအနှံ့ ပျံ့ကျဲနေပြီး မီးခိုးငွေ့များ လေထဲတွင် ပြည့်နှက်နေသည်။

ပုံရိပ်သုံးခုသည် တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားပြီး ဓားကိုကိုင်ကာ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

အရာအားလုံးမှာ သေလောက်အောင်တိတ်ဆိတ်လျက်။

ထိုသူသည် ကိုယ်ပိုင်ခွန်အားဖြင့် စစ်မှန်သော မသေမျိုးအရှင် ရာပေါင်းများစွာကို သုတ်သင်ခဲ့သည်။

ကျူးကျော်သူများကို သတ်ဖြတ်ချေမှုန်းပြီး ထိတ်လန့်တကြား ထွက်ပြေးစေခဲ့ကာ မထွက်ခွာမီပင် တံခါးကို ယဥ်ယဥ်ကျေးကျေး ပြန်ပိတ်သွားစေခဲ့သူပင်။

ဤကဲ့သို့သော စစ်ဆင်ရေးမျိုးကို ခွင်းလွင်နယ်မြေ တစ်ခုလုံးတွင် မည်သူက လုပ်ဆောင်နိုင်ပါဦးမည်နည်း?

မေးပါရစေ၊ တခြားဘယ်သူ ရှိပါသေးသလဲ!!!

All Chapters