← Chapters

သာမန် လူတစ်ယောက် ဖြစ်လာခြင်း

Vol. 9 Ch. 828

သာမန် လူတစ်ယောက် ဖြစ်လာခြင်း

Vol. 9 Ch. 828

ယန်ပြည်နယ်သည် မိုင်သိန်းဂဏန်း ကျယ်ဝန်းပြီး မီးတောင်များဖြင့် ပြည့်နှက်နေ၏။ နာမည်နှင့် လိုက်ဖက်ညီစွာပင် ရာသီဥတုမှာလည်း တစ်နှစ်ပတ်လုံး ပူနွေးသည်။ (ယန် = မီး)

"ဟူ ... ဟူး ...”

ချန်းဖန်သည် ပို့ဆောင်ရေး သားရဲအား ရှေးဟောင်း ကျူးဝမ်မြို့သို့ ဦးတည် ပျံသန်းစေလိုက်၏။

ယန်ပြည်နယ် ကောင်းကင်၌ ချန်းဖန်တို့ အပြင် ဓမ္မ ရတနာများ၊ သားရဲများကို စီးနင်းကာ ပျံသန်းနေသော ကျင့်ကြံသူများ ရှိပြီး တစ်ခါတစ်ရံ၌ လေသင်္ဘောများကိုလည်း တွေ့ရ၏။

ယန်ပြည်နယ်၏ မြို့တော်မှာ ဧရိယာ မိုင်တစ်ရာခန့် ကျယ်ဝန်းသော”အနီရောင် မီးတောက်မြို့" ဖြစ်သည်။ ၎င်း၏ လူဦးရေမှာ မီလျံနှင့်ချီ၍ ရှိ၏။

"ဟူ ...”

ချန်းဖန်တို့၏ ပို့ဆောင်ရင်း သားရဲမှာ အနီရောင် မီးတောက်မြို့၌ မရပ်နားပဲ မြောက်အရပ်သို့ ဆက်လက် ပျံသန်း နေခဲ့သည်။

"ဟူး ... ဟူး ...”

မြောက်အရပ်နှင့် နီးကပ်လာသည်နှင့် ရာသီဥတုမှာ တဖြည်းဖြည်း အေးလာခဲ့၏။ ထိုအရပ်၌ ကျင့်ကြံသူများ အစား သာမန် လူများကိုသာ တွေ့ရသည်။ ထိုလူများမှာ အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်ဆန်တို့ကို ပိုင်ဆိုင်ထားရာ အခြားလူများ ရည်ညွှန်းသည့် ကျိန်စာသင့်ခံ ကျူးဝမ် လူမျိုးများ ဖြစ်နိုင်သည်။

"ဟူး ... ဟူး ...”

မကြာင် ချန်းဖန်တို့ အရှေ့၌ အိုမင်းသော ကျောက်တုံးမြို့တစ်ခု ပေါ်လာခဲ့သည်။ ထိုအရာကား ရှေးဟောင်း ကျူးဝမ်မြို့ပင် ဖြစ်လေ၏။

"ဒီနေရာမှာပဲ ဆင်းခိုင်းလိုက် ... ငါတို့ မြို့ထဲကို လမ်းလျှောက် ဝင်ကြမယ်"

ချန်းဖန်က အမိန့်ပေး လိုက်သည်။

"ကောင်းပါပြီ ...”

အဘိုးကြီးတင်းက ပို့ဆောင်ရေး သားရဲအား မြို့ပြင် မြေပြန့်တစ်နေရာ၌ ဆင်းခိုင်းလိုက်၏။

ထို့နောက် သူတို့ နှစ်ယောက်သည် သာမန် သခင်လေးနှင့် အစေခံအိုကြီး တစ်ယောက်တို့ အလား ရှေးဟောင်း ကျူးဝမ်မြို့ အတွင်းသို့ ခပ်ဖြည်းဖြည်း လမ်းလျှောက်ကာ ဝင်လာခဲ့ကြသည်။

မြို့အတွင်းတွင်မူ ...

အနက်ရောင် ဆံပင်အနက်ရောင် မျက်လုံးများရှိသော လူများသည် လှုပ်ရှားသွားလာ နေကြ၏။ သူတို့သည် ကမ္ဘာ၏ ရှေးဟောင်းခေတ်သုံး ဘာသာစကားကို ပြောဆို နေကြသည်။

"သူတို့က တကယ်ပဲ ကမ္ဘာကနေ ထွက်သွားတဲ့ ရှေးဟောင်း တန်ခိုးရှင်တွေရဲ့ မျိုးဆက် တွေပဲ ...”

ချန်းဖန်မှာ ထိုလူများကို ကြည့်ရင်း ကမ္ဘာသို့ ပြန်လည်ရောက်သွားသလို ခံစား လိုက်ရသည်။ သို့သော်လည်း သူ့ကို ဝမ်းနည်းစေသည့် အချက်ကား လမ်းမများထက်ရှိ ကျင့်ကြံသူ အရေအတွက်မှာ အလွန်နည်းပါး နေခြင်းပင်။ ထိုအရာက ပေ့ဟန်နယ် အတွင်းရှိ မြို့ငယ်လေး ဖြစ်သည့် ကျူးရန် မြို့နှင့်ပင် လုံးဝ ခြားနားနေ၏။

"သခင် ... ကျွန်တော် သိသလောက်ဆို ကျူးဝမ် မျိုးနွယ်တွေက ကြီးလေးတဲ့ပြစ်မှု တစ်ခုကို ကျူးလွန်ခဲ့တယ်တဲ့ ... ဒါကြောင့် ပထမအရှင် ပေ့ဟန်က သူတို့ရဲ့ ကျင့်ကြံခြင်း ပါရမီတွေကို ကျိန်စာတိုက် ဖယ်ရှားပြီး ဒီလို အစွန်အဖျား နေရာမှာ နေထိုင်ဖို့ ပြစ်ဒဏ်ချမှတ် ခဲ့တာတဲ့"

အဘိုးကြီးတင်းက ချန်းဖန်အား ရှင်းပြလိုက်သည်။

"ရှေးဟောင်း ကျူးဝမ် မြို့ထဲမှာတင် လူဦးရေက သန်းချီရှိတယ် ... နောက်ပြီး မြို့အပြင်မှာလည်း လူတွေ အများကြီး ရှိသေးတယ် ... ပေ့ဟန်နယ် တစ်ခုလုံးမှာဆို ကျူးဝမ် မျိုးနွယ်က အနည်းဆုံး လူဦးရေ ဆယ်သန်းလောက်တော့ ရှိမှာပဲ ... အရှင် ပေ့ဟန် ဆိုတဲ့လူ ဘယ်လို လုပ်ပြီး နှစ်ထောင်ချီ ကြာအောင် သက်ရောက်တဲ့ ကျိန်စာမျိုးကို တိုက်နိုင်တာလဲ"

ချန်းဖန်က နားမလည်စွာ မျက်မှောင်ကြုတ် လိုက်သည်။

ထို့နောက် သူသည် လမ်းတွင် တွေ့သမျှ လူများထံမှ သူတို့အကြောင်းကို စုံစမ်း ကြည့်လိုက်၏။ သို့သော်လည်း မည်သူမျှ အရှင် ကောင်းကင် ညီမျှခြင်းနှင့် ကောင်းကင် လမ်းကြောင်း အကြောင်းကို မသိကြချေ။

ကြည့်ရသည်က ကျူးဝမ် မျိုးနွယ်၏ သမိုင်းအားလုံးမှာ ဖျက်ဆီးခံထားရဟန် တူသည်။

"လွန်ခဲ့တဲ့ နှစ်ထောင်ချီမှာ တစ်ခုခုများ ဖြစ်ခဲ့တာလား ...”

ချန်းဖန်၏ မျက်လုံးများက နားမလည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေ၏။

ထို့နောက် သူနှင့် အဘိုးကြီးတင်းတို့သည် ရှေးဟောင်း ကျူးဝမ်မြို့၌ အိမ်တစ်လုံး ဝယ်ယူ လိုက်သည်။

နှစ်လဆိုသော အချိန် ကာလသည် မျက်တောင် တစ်ခတ်စာအတွင်း ကုန်ဆုံးသွားသည်။ ထိုအတောအတွင်း၌ ချန်းဖန်သည် မည်သည့် နတ်ဘုရား စွမ်းအားကိုမျှ မသုံးဘဲ သာမန်သေမျိုး တစ်ယောက် အဖြစ်ဖြင့်သာ နေထိုင်ခဲ့သည်။

မကြာခင်မှာပင် အိမ်နီးနားချင်းများသည် လူငယ် တစ်ယောက်နှင့် အစေခံ အဘိုးအို တစ်ယောက် ပြောင်းရွှေ့ နေထိုင်သည်ကို သိရှိလာကြသည်။ လူငယ်၏ အမည်မှာ ချန်းဖန်ဖြစ်ပြီး သူသည် အလွန် ဖော်ရွေ၏။

"ရှောင်ဖန် ... တိုင်ရှီ နန်းတော်ကို စာသွားပြီး ဖတ်မလို့လား ...”

"ရှောင်ဖန် ... အဒေါ်လုရဲ့ အိမ်မှာ မုန်လာဥတွေ ရှိတယ်နော် ... လာယူဖို့ မမေ့နဲ့ဦး"

"ရှောင်ဖန် ... တူလေး ပြောပြတဲ့ အနောက် အရပ်သို့ ခရီးသွားခြင်းဆိုတဲ့ ပုံပြင်က အရမ်း ကောင်းတာပဲ ... ဦးလေးသားက နောက်တစ်ခါ နားထောင်ချင်လို့တဲ့ ... မနက်ဖြန်ကျ သူ့ကိုတစ်ခါ ခေါ်လာဦးမယ်နော်"

အိမ်နီးနားချင်းများသည် ချန်းဖန်ကို တွေ့သည်နှင့် ရင်းနှီးစွာ နှုတ်ဆက်ကြ၏။ ချန်းဖန်ကလည်း သူတို့အား ပြန်လည် ပြုံးပြရင်း စကားဆိုသည်။

ချန်းဖန်သည် ရိုးရာ စာသင်သား ဝတ်စုံကို ဝတ်ဆင်ကာ ဆံပင်ကို ကျောက်စိမ်း ဆံထိုးဖြင့် ချည်နှောင်ထား၏။ သူ၏ ပုံစံက တက်ကြွသော လူငယ်သူဌေးသား တစ်ဦးနှင့် အလားတူနေသည်။ အဘိုးကြီးတင်းမှာမူ အဇူရာ ဝတ်စုံကို ဝတ်ဆင်ကာ ချန်းဖန်၏ ဘေးမှ အစေခံ တစ်ယောက်အလား လိုက်ပါလာခဲ့သည်။

မကြာခင်မှာပင် သူတို့ နှစ်ယောက်သည် တိုင်ရှီ နန်းတော်သို့ ရောက်ရှိလာခဲ့သည်။

တိုင်ရှီ နန်းတော်သည် ကျူးဝမ် မျိုးနွယ်၏ ရှေးဟောင်း စာအုပ်များ သိုမှီးရာ နေရာဖြစ်ပြီး တစ်ခုတည်းသော စာပေ လေ့လာရာ ကျောင်းတော်ဟုလည်း ဆိုနိုင်သည်။

ချန်းဖန်သည် တိုင်ရှီ နန်းတော်သို့ နေ့တိုင်း လာရောက်ကာ စာအုပ်များကို လေ့လာ ဖတ်ရှု၏။ သို့သော်လည်း ကမ္ဘာမှ ရှေးဟောင်း ကျင့်ကြံသူများ အကြောင်းကိုမူ အပိုင်းအစမျှပင် မတွေ့ရသေးချေ။

"ချန်းဖန် ... သား စာအုပ်ဖတ်ရအောင် လာတာလား"

သခင်ကြီး တိုင်ရှီက ချန်းဖန်အား တွေ့သည်နှင့် ညင်သာသော အပြုံးဖြင့် လာရောက် နှုတ်ဆက်၏။

"ဟုတ်ပါတယ် ဦးလေး ...”

ချန်းဖန်က ထိုင်ရာမှထ၍ လေးစားစွာ ပြန်လည်ပြောလိုက်သည်။ ထို့နောက် သူက တစ်ဆက်တည်း မေးလိုက်၏။

"ဒါပေမဲ့ ဒီစာအုပ်တွေထဲမှာ ပါတဲ့ ကျွန်တော်တို့ မျိုးနွယ် အကြောင်းတွေက မစုံလင်ဘူးလို့ ကျွန်တော့် စိတ်ထဲမှာ ခံစားနေရတယ် ... ဥပမာ ပြောရရင် ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေက ဘယ်က လာတာလဲ ... ဘာလို့ ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်း ပါရမီတွေ ဆုံးရှုံး သွားတာလဲ ...”

သခင်ကြီး တိုင်ရှီမှာ တဒင်္ဂ တိတ်ဆိတ်သွား၏။ အတန်ကြာမှ သူက သက်ပြင်းချရင်း ပြောလိုက်သည်။

"သား တိုင်ရှီ နန်းတော်ထဲကို ဝင်လာကတည်းက ဘာကို မေးချင်တာလဲဆိုတာ ဦးလေး သဘောပေါက်ပါတယ် ... သားလိုပဲ မရေမတွက်နိုင်တဲ့ လူငယ်တွေဟာ အဖြေရှာဖို့ ကြိုးစားဖူးတယ် ... ဒါပေမဲ့ အဲဒီ အတွက် ဦးလေးမှာ အဖြေ မရှိခဲ့ဘူး ... သားအနေနဲ့ တကယ် သိချင်တယ် ဆိုရင် ဘိုဘေး ဘုရားကျောင်းကို သွားသင့်တယ် ... အဲဒီ နေရာမှာ သားသိချင်တာ တစ်ခုခု ရှာတွေ့မှာပါ"

"ကျေးဇူးတင်ပါတယ် ဦးလေး ...”

ချန်းဖန်က ရိုသေစွာဖြင့် အရိုအသေပြု လိုက်သည်။

"တိုင်ရှီ နန်းတော်မှာ ငါလိုချင်တာ တစ်ခုမှ ရှိမနေဘူး ... ဘိုးဘေး ဘုရားကျောင်းက နောက်ဆုံး မျှော်လင့်ချက်ပဲ"

ချန်းဖန်က အဝေးသို့ လှမ်းမျှော်ကာ ကြည့်လိုက်၏။

ကျူးဝမ် မြို့၏အလယ်၌ အိုဟောင်းသော ဘုရားကျောင်းကြီးတစ်ခု ရှိနေသည်။ ထိုဘုရားကျောင်း အတွင်း၌ မီးရောင်တစ်ခုက အစဉ်အမြဲ လင်းလက်နေ၏။

ဘိုးဘေး ဘုရားကျောင်း ...

ထိုအဆောက်အဦကား ကျူးဝမ် မျိုးနွယ်များ၏ အထွတ်အမြတ်နယ်မြေ ဖြစ်သလို ရှေးဟောင်းခေတ်၏ လျှို့ဝှက်ချက်များ တည်ရှိရာ နေရာလည်းဖြစ်၏။

ညနေဘက်သို့ အရောက်၌ ချန်းဖန်သည် စာဖတ်ခြင်းကို ရပ်နားကာ အိမ်သို့ ပြန်လာခဲ့သည်။

"အစ်ကို ... အဘိုးတင်း ... ပြန်လာကြပြီလား"

အိမ်သို့ ပြန်ရောက်သည်နှင့် ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေး တစ်ယောက်က ဆီးကြိုကာ နှုတ်ဆက်၏။

"အစ်ကို ... သမီး ဆန်မုန့်တွေ လုပ်ထားတယ် ... အစ်ကို စားကြည့်မလား"

ထို့နောက် သူမက ချန်းဖန်အား စက္ကူ သေတ္တာငယ်လေး တစ်ခုကို လှမ်းကာပေးသည်။

ချန်းဖန်က တစ်ခုကို ယူကာ မြည်းစမ်း လိုက်သည်။ ထို့နောက် သူက မိန်းကလေးအား ကြည့်ကာ ဆိုလိုက်၏။

"အရမ်းစားလို့ ကောင်းတာပဲ ... ရှောင်မန်ရဲ့ လက်ရာက တစ်နေ့တခြား ပိုပိုပြီး တိုးတက်လာတယ်"

ရှောင်မန်၏ မျက်နှာလေးက ကြောင်မငယ်လေး အလား ချက်ချင်းပင် ဝင်းပသွားသည်။

ရှောင်မန်သည် ချန်းဖန်နှင့် မျက်နှာချင်းဆိုင်အိမ်မှ ဖြစ်သည်။

လွန်ခဲ့သည့် တစ်လခန့်က ရှောင်မန်သည် မိဘများနှင့်အတူ ခရီးထွက်ခဲ့၏။ ထိုခရီးတွင်ပင် သူမ၏ မိဘများမှာ ပင်လယ် မွန်းစတား၏ တိုက်ခိုက်မှု ခံရကာ သေဆုံးသွားခဲ့သည်။ အကယ်၍ ချန်းဖန်သာ အချိန်မီ ရောက်မလာခဲ့လျှင် သူမလည်း သေဆုံး နေလောက်ပြီ ဖြစ်သည်။

ထိုအချိန်မှ စ၍ ရှောင်မန်သည် ချန်းဖန်တို့နှင့်အတူ နေထိုင်ခဲ့၏။ သူမသည် အသက် ဆယ့်သုံးနှစ်သာ ရှိသေးသော်လည်း ချန်းဖန်၏ အဝတ်များကို လျှော်ဖွပ်ပေးသလို ချန်းဖန်အတွက် ချက်ပြုတ် ပေးသည်။ ယခု၌ ချန်းဖန် ပင်လျှင် သူမအပေါ် သံယောဇဉ် ရှိနေပြီ ဖြစ်သည်။

"အစ်ကို ... မနက်ဖြန်ကျရင် ဘိုးဘေး ဘုရားကျောင်းမှာ သမီးတို့ရဲ့ ကျင့်ကြံခြင်း ပါရမီတွေကို စစ်ဆေး လိမ့်မယ် ... အသက် ဆယ့်ငါးနှစ်အောင် လူတိုင်းသွားပြီး စစ်ဆေးခံလို့ ရတယ်တဲ့ ... ဒါပေမဲ့ လူတစ်သောင်းမှာ ဆယ်ယောက်လောက်ပဲ ကျင့်ကြံဖို့ ပါရမီပါကြတာ"

ရှောင်မန်က ချန်းဖန်၏ လက်ကိုဆွဲရင်း ဆိုလိုက်သည်။

"သမီးမှာသာ ကျင့်ကြံခြင်း ပါရမီတွေရှိရင် ဘယ်လောက် ကောင်းလိုက်မလဲ ... အဲဒါဆို တစ်နေ့မှာ အစ်ကိုနဲ့ သခင်ကြီး ချင်လော့တို့လို တန်းခိုးရှင်ကြီး ဖြစ်လာမှာ ... အဲဒီအခါကျရင် အဖေနဲ့ အမေ့အတွက် လက်စားချေနိုင်မယ့် အပြင် အစ်ကို့ကိုပါ ကူညီနိုင်မှာနော်"

ရှောင်မန်၏ စကားထဲမှ ချင်လော့ ဆိုသည်မှာ ကျူးဝမ် မျိုးနွယ် မူလအဆင့် အနည်းငယ်ထဲမှ တစ်ယောက် ဖြစ်ပြီး အလွန်အမင်း ပါရမီပါ၏။ သူသည် နှစ်ငါးဆယ်အတွင်း မူလအဆင့် အထွတ်အထိပ် ရောက်အောင် ကျင့်ကြံနိုင်ခဲ့ကာ ကျူးဝမ် မျိုးနွယ်၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ချင်လော့သည် ယခုလက်ရှိ ရှေးဟောင်း ကျူးဝမ်မြို့၏ ကာကွယ်သူလည်း ဖြစ်သည်။

"မစိုးရိမ်နဲ့ ... ရှောင်မန်မှာ ကျင့်ကြံခြင်း ပါရမီ ပါမှာပါ"

ချန်းဖန်က သူမ၏ခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"အင်း ...”

ရှောင်မန်က ယုံကြည်ချက် အပြည့်ဖြင့် ခေါင်းညိတ်လိုက်၏။

ထို့နောက် သူမက ချန်းဖန်၏ လက်ကိုဆွဲကာ အိမ်နီးနားချင်းများထံမှ ကြားရသည့် အကြောင်း အရာများကို ပြန်လည် ပြောပြသည်။ ညဉ့်နက် လာပြီးနောက် မိန်းကလေးမှာ မောပန်းကာ အိပ်မောကျသွား၏။ သို့တိုင်အောင် သူမသည် ချန်းဖန် သူမအား ထားသွားမည်ကို ကြောက်သည့်အလား လက်အား တင်းကျပ်စွာ ဖက်ထားဆဲ ဖြစ်သည်။

ချန်းဖန်မှာ ရှောင်မန်၏ အပြစ်ကင်းသော မျက်နှာလေးကို ကြည့်ကာ ပိုမို၍ နူးညံ့လာခဲ့၏။

ပထမ၌ သူသည် ကျူးဝမ် မျိုးနွယ်များ၏ အကြောင်းကို စုံစမ်းပြီးနောက် ထွက်သွားရန် စီစဉ် ထားခဲ့သည်။ ထိုမှတစ်ဆင့် အခြား နတ်ဘုရား ရတနာများကို ရှာဖွေကာ သူ၏ ကျန်အမြုတေ သုံးခုကို အဆင့် မြှင့်တင်ရန် ဖြစ်သည်။

သို့သော်လည်း ထိုမိန်းကလေးကြောင့် သူ၏ အစီအစဉ်များမှာ မရေမရာ ဖြစ်လာခဲ့သည်။ သူသည် ယခု ရရှိထားသော အခိုက်အတန့်လေးကို မဆုံးရှုံးလိုချေ။

"ဘာပဲဖြစ်ဖြစ်လေ ... ကျူးဝမ် မျိုးနွယ်အကြောင်း အချက်အလက်တွေ ရတာနဲ့ ငါ ထွက်သွားရမှာပဲ"

ချန်းဖန်က လေးပင်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

"ကလန့် ...”

ရုတ်တရက် ရှောင်မန်၏ ကိုယ်မှ အလင်းတစ်ခု လင်းလက်လာ၏။ ထိုအလင်းက နဂါး၏ အသွင်ကို ယူ၍ ရုန်းကြွရန် ကြိုးစားသည်။ သို့သော်လည်း တစ်စုံတစ်ခု၏ တားဆီးခြင်းကို ခံရသည့် အလား တန့်ကာ ခန္ဓာကိုယ်အတွင်း တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားသည်။

"အစစ်အမှန် နဂါး နတ်ဘုရား သွေးကြော ...”

ချန်းဖန်၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။

ထိုအရာကား ဇာမဏီငှက်၊ ရွှမ်ဝူ သားရဲ၊ ခွန်ပန်တို့နှင့် နှိုင်းယှဉ်နိုင်သည့် အစစ်အမှန် နဂါး၏ သွေးများ စီးဆင်းနေသော နတ်ဘုရား သွေးကြောဖြစ်သည်။

အကယ်၍ ရှောင်မန်သာ ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းပါက မည်သည့် အခက်အခဲမျှ မရှိဘဲ ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကို တိုက်ရိုက် တက်ရောက် နိုင်ပေလိမ့်မည်။

သူမ အနေဖြင့် အခြေတည် ဝိညာဉ် အဆင့်ကိုပင် ရာစုနှစ်တစ်ခု အတွင်းမှာပင် ရောက်နိုင်ချေ ရှိ၏။ အကယ်၍ လုံလောက်သည့် ကျင့်ကြံခြင်း ကျင့်စဉ်၊ ရင်းမြစ်များ ရှိပါက တစ်ချိန်၌ အာကာသ အဆင့်ကိုပင် ရောက်ရှိ နိုင်သည်။

အကယ်၍ စကြဝဠာအတွင်းရှိ အဓိက ကျင့်ကြံခြင်း ဂိုဏ်းကြီးများသာ ထိုအကြောင်းကို သိရှိပါက ရှောင်မန်အား တပည့်အဖြစ် ခေါ်ယူရန် တိုက်ပွဲများပင် ဖြစ်ပေါ် လာနိုင်သည်။

သို့သော်လည်း ကံဆိုးစွာပင် ရှောင်မန်၏ ပါရမီများကို မမြင်နိုင်သော ကြိုးများက ချည်နှောင်ထားသည်။ ထိုကြိုးများသည် ရှောင်မန်၏ ခန္ဓာကိုယ် အတွင်းပိုင်း၌ ပုန်းအောင်း နေကာ ကျိန်စာ တစ်ခုအလား ပြုမူနေ၏။ သို့သော်လည်း ထိုကြိုးများမှာ ချန်းဖန်၏ အမြင် အာရုံမှ ကွယ်ဝှက်နိုင်စွမ်း မရှိချေ။

"နတ်ဘုရား ဥပဒေသ ကြိုး ...”

ချန်းဖန်မှာ ထိုကြိုးများကို မြင်သည်နှင့် ချက်ချင်းပင် မှတ်မိလိုက်၏။ ထို့နောက် သူက တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားရင်း အိပ်ရာ ဝင်လိုက်သည်။

***

နောက်တစ်နေ့ နံနက် ...

ချန်းဖန် အိပ်ရာနိုးပြီး မကြာခင်မှာပင် ရှောင်မန်မှာ ခေါင်းငိုက်စိုက်ချကာ အပြင်မှ ပြန်ရောက်လာသည်။ သူမ၏ မျက်လုံးများက နီရဲနေရာ မကြာသေးခင်ကပင် ငိုကြွေးထားပုံရ၏။

ချန်းဖန်မှာ သူမ၏ ပုံစံကိုကြည့်ကာ ကျင့်ကြံခြင်း ပါရမီ စစ်ဆေးခြင်း၌ ကျဆုံးခဲ့ကြောင်း သိရှိလိုက်၏။ သူက ရုတ်တရက်ပင် မေးလိုက်သည်။

"ရှောင်မန် ... နင် တန်ခိုးရှင် ကျင့်ကြံသူ တစ်ယောက် ဖြစ်ချင်လား"

***

All Chapters