← Chapters

မီးတောက်ဘီလူး ဆေးလုံး (၂)

Vol. 112 Ch. 1556

မီးတောက်ဘီလူး ဆေးလုံး (၂)

Vol. 112 Ch. 1556

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ထာဝရ တိုက်ပွဲ၌ ပေးထားသည့် ကုန်ကြမ်း ပစ္စည်းများ အားလုံးမှာ ထိပ်တန်း အရည်အသွေးများ၌ ရှိနေသည် မဟုတ်ပါချေ။ အားလုံးက ထိပ်တန်း အဆင့်များ ဆိုလျှင် သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်တိုင်း လွယ်ကူ ချောမွေ့စွာ အောင်မြင်နိုင်လိမ့်မည် ဖြစ်သည်။

ထိုအထဲမှ အချို့မှာ အလွန်ပင် နုနယ်လွန်းသည်။ အချို့က အလွန် ပါးလွှာလွန်းသည်။ အချို့က အလွန်ပင် ရင့်မှည့်လွန်းနေသည်။ အချို့မှာလည်း အလွန် ပျက်စီးလွယ်သည်။ အချို့ကတော့ အလွန်ပင် အညစ်အကြေးများလွန်းသည်။ ဝေ့ဝူယင်မှာ ထိုပြဿနာ တစ်ခုချင်းစီကို စက္ကန့်ပိုင်းအတွင်း တိကျစွာ ခွဲထုတ်ပြီး ပြင်ဆင်နိုင်ခဲ့သည်။

“ဘုရားရေ…”

လျှို့ဝှက် အာဏာရှင် အဆင့် အမဲလိုက် သမားများနှင့် ကာကွယ်သူများမှာ မိမိတို့၏ ပြိုင်ပွဲဝင်များအား ကာကွယ်ရန် သို့မဟုတ် အခြား ပြိုင်ပွဲဝင်များအား အမဲလိုက်ရန် မူလက စီစဉ်ထားခဲ့သော်လည်း ဝေ့ဝူယင်၏ လှုပ်ရှားမှုများကို ကြည့်ရင်း မူရင်းရည်ရွယ်ချက်များကို ချက်ချင်းမေ့လျော့သွားကြသည်။

သူတို့က တိုက်ခိုက်ရေးသမားများ ဖြစ်ကြသော်လည်း အဂ္ဂိရတ် တာအိုကိုလည်း သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့် အထိ အတင်းအကြပ် လေ့ကျင့်ထားကြလေရာ သူတို့ထံတွင် အဂ္ဂိရတ် လမ်းစဉ် အကြောင်း ဗဟုသုတများစွာ အပြည့်အဝရှိပေသည်။ သူတို့က အခြေခံ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်များနှင့် နှိုင်းယှဉ်ရန် လုံလောက်ပေသည်။

“သူက နည်းလမ်းတွေ အများကြီး သုံးသွားတယ်...”

ကောင်းကင်မျိုးနွယ် တစ်ဦးက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။ သူ၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်နေကာ အမွေးပွပွ အမြီးမှာလည်း ယိမ်းထိုး နေခဲ့သည်။ ဝေ့ဝူယင်မှာ ကုန်ကြမ်း ပစ္စည်းတစ်ခုချင်းစီ အတွင်းရှိ ပြဿနာအမျိုးမျိုးကို ပြုပြင်ရန် နည်းလမ်းတစ်ရာလောက်ကို အသုံးပြုသွားခဲ့သည်။ သို့သော်လည်း မှော်သန့်စင် ဆေးအိုးအတွင်း ရောက်ရှိသွားကြချိန်၌ ၎င်းတို့ထံတွင် မည်သည့် ချိုးယွင်းချက်မှ မရှိကြတော့ချေ။

အခြားတစ်ဖက်၌... ဝေ့ဝူယင်မှာ ကုန်ကြမ်းပစ္စည်း တစ်ခုချင်းစီကို ထုတ်ယူရင်း စိတ်ထဲမှ မျက်မှောင်ကြုတ်နေခဲ့မိသည်။ ထိုကုန်ကြမ်းပစ္စည်းများတွင် ဆေးဖော်စပ်မှု အပေါ် သက်ရောက်မှုဖြစ်စေမည့် ချို့ယွင်းချက်အမျိုးမျိုးကို ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းထားကြောင်း အစောကတည်းက သူသိရှိခဲ့သည်။ ၎င်းမှာ အဂ္ဂိရတ်ပညာရှင်များ အနေဖြင့် အမှားအယွင်းများကို သတိပြုမိပြီး ပြင်ဆင်နိုင်ရန်နှင့် ထိုခြားနားသည့် အပြောင်းအလဲများက ဆေးဖော်စပ်မှုလုပ်ငန်းစဉ် အပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုများ ရှိမည်ကို ချိန်ညှိနိုင်ရန် စမ်းသပ်ခြင်း ဖြစ်ကာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသည်။

“ဒီဗီဇပြောင်းလဲမှုတွေကြောင့် ပြင်ပ မီးစွမ်းအင်ပမာဏကို တိုးမပေးရင် ပေါင်းစပ်တဲ့အဆင့်ကမှာ လုံးဝကျရှုံးသွားလိမ့်မယ်”

ဝေ့ဝူယင် ကုန်းကြမ်း ပစ္စည်းများ၏ ဗီဇ ပြောင်းလဲမှုများကို ပြုပြင်ကာ မှော်သန့်စင် ဆေးအိုးထဲသို့ ထည့်သွင်းရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ပုံမှန်အားဖြင့် အဂ္ဂိရတ်ပညာရှင်များမှာ လိုက်လျောညီထွေ ဖြစ်အောင် ညှိယူရမည် ဖြစ်သော်လည်း ဝေ့ဝူယင်ကတော့ ခြားနားပေသည်။

“သူက အဂ္ဂိရတ် ရှန့်ထို အဆင့် နည်းစနစ်တွေကို သုံးနေတာ”

တိုက်တန် မျိုးနွယ်ဝင် မိန်းကလေး တစ်ဦးက သူမ၏ တာအို လက်တွဲဖော်ကို ကြည့်ရင်း မယုံနိုင်စွာ အော်ဟစ်လိုက်ကာ ဝေ့ဝူယင်ကို လက်ညိုးထိုးပြလိုက်သည်။ ထိုအခါ သူမ၏ တာအို လက်တွဲဖော်မှာလည်း မျက်လုံးများ ပြူးကျယ်နေကာ ခြေလက်များပင် တုန်ယင်နေကြောင်း တွေ့လိုက်ရ၏။ သူကလည်း ထိုအချက်ကို သတိထားမိသည်မှာ ရှင်းလင်းပေသည်။

မိန်းကလေးမှာ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်၏။ ထိုအခါ လျှို့ဝှက် အာဏာရှင်အချို့သည်လည်း အလားတူ အနေအထားတွင် ရှိနေကြသည်ကို သတိပြုမိလိုက်သည်။ မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။

“ဒီမှာ မျိုးစေ့ကောင်းလေးတွေ ရှိနေတယ်... သူတို့ကို ဖျက်ဆီးပစ်တာ ဝမ်းနည်းစရာပဲ”

ပိုင်ယုက ပတ်ဝန်းကျင်ရှိ လျှို့ဝှက် အာဏာရှင် အဆင့်များ၏ အပြောင်းအလဲများကို သတိပြုမိကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

တစ်ချို့မှာ ဝေ့ဝူယင် အသုံးပြုနေသည့် နည်းစနစ်များကို ကြည့်ကာ ဉာဏ်အလင်း ပွင့်လင်းခြင်း အခြေအနေများ တွင်းကိုပင် ဝင်ရောက်နေကြပြီ ဖြစ်သည်။ သူတို့က အဂ္ဂိရတ် တာအိုတွင် အလွန် ပါရမီ မြင့်မားလှကြောင်း ထင်ရှားပေသည်။ သို့သော်လည်း... သူတို့ထဲမှ အချို့မှာ လျှို့ဝှက် အာဏာရှင် အဆင့် ကာကွယ်သူများနှင့် အမဲလိုက် သမားများ ဖြစ်လေရာ နှမြောစရာ ကောင်းလှသည်။ အကယ်၍ သူတို့သာ အဂ္ဂိရတ် ဝိညာဉ်များကို ကျင့်ကြံခဲ့ပါက အဂ္ဂိရတ် တာအို၏ အလွန်အစွမ်းထက်သူများ ဖြစ်လာနိုင်ပေသည်။

ဝေ့ဝူယင်ကတော့ ထိုအရာ အားလုံးကို လုံးဝဂရုမစိုက်ပေ။ ကုန်ကြမ်းပစ္စည်းတိုင်းရှိ ပြဿနာအားလုံးကို ပြုပြင်ကာ မှော်သန့်စင် ဆေးအိုး အတွင်း ထည့်သွင်းပြီးသည် အထိ လေးဆယ့်နှစ်စက္ကန့်သာ အချိန်ယူခဲ့ရသည်။

ဝှစ်... ဝှစ်...

ထို့နောက် ဝေ့ဝူယင်က လက်ဟန်ချိပ်စည်းတစ်ခုကို ပုံဖော်လိုက်၏။ အာရုဏ်ဦး ခြေချခြင်း မှော်ဆေးအိုးမှာ နို့နှစ်ရောင် အဖြူရောင်အလင်းများဖြင့် တောက်ပလာကာ မျက်နှာပြင်ပေါ်တွင် သက်ဝင်လှုပ်ရှားနေသည့် ခုနစ်ရောင်ခြယ် ကြယ်များ ပျံသန်းလာခဲ့သည်။ ထို့နောက် သူက ဒုတိယမြောက် လက်ဟန်ချိပ်စည်းကို ဖော်ဆောင်လိုက်၏။ မှော်သန့်စင် ဆေးအိုးမှာ တောက်ပလာခဲ့သည်။ ထို့နောက် တတိယမြောက် လက်ဟန်ချိပ်စည်း... မှော်သန့်စင် ဆေးအိုးမှာ တုန်ခါသွားခဲ့၏။

ဝေ့ဝူယင်မှာ စုစုပေါင်း လက်ဟန်ချိပ်စည်း ခြောက်ခုကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ တစ်ခုနှင့်တစ်ခုကြား၌ ခြောက်စက္ကန့် ခြားနား၏။

သုံးဆယ့်ခြောက်စက္ကန့် အရောက်တွင် မှော်သန့်စင် ဆေးအိုး၏ အိုးအဖုံးမှ အလင်းတန်းများ ထွက်ပေါ်လာခြင်းနှင့်အတူ သတ္တမမြောက် လက်ဟန်ချိပ်စည်းကို ပြုလုပ်လိုက်သည်။

ဝမ်... ဝမ်...

ပေါက်ကွဲလာသည့် အလင်းတန်းများကို ကြည့်ရင်း အားလုံးမှာ အုတ်အုတ်ကြွပ်ကြွပ် ဖြစ်သွားခဲ့၏။ ထိုအရာက ပေါင်းစပ်မှု လက္ခဏာ မဟုတ်လော။ အဘယ်ကြောင့် ထိုမျှ မြန်ဆန်နေရသနည်း။

လှပသော အလင်းရောင်များမှာ လေးဆယ့်ကိုးစက္ကန့် ကြာသည် အထိ ကွန့်မြူး ထွက်ပေါ်နေခဲ့၏။ ထို့နောက်တွင်တော့ ဘီလူးအရွယ် မီးတောက်ဆေးလုံးတစ်လုံးမှာ မှော်သန့်စင် ဆေးအိုး အတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ပတ်ပတ်လည်တွင် မီးတောက် စွမ်းအင်များဖြင့် လည်ပတ် နေလေရာ ချက်ချင်းပင် လေထု၏ အလင်းရောင်မှာ ပြောင်းလဲ သွားခဲ့သည်။ ပတ်ဝန်းကျင်မှာ အပူဓာတ်များနှင့် စတင် စိမ့်ဝင်လာခဲ့၏။

“ဘာလဲ...”

ဆေးလုံး၌ ခါးပတ် ရှိနေသည်ကို ကြည့်ရင်း လျှို့ဝှက် အာဏာရှင် အချို့မှာ ထိတ်လန့် တကြား အော်ဟစ် လိုက်ကြသည်။ ဆေးလုံး၏ အော်ရာကို ကြည့်ရင်း သူတို့၏ လျှို့ဝှက် ဝိညာဉ်များမှာ လောဘတကြီး တုန်ယင်လာခဲ့၏။

“အဲဒါက လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ် မဟုတ်ဘူးလား...”

“ဘုရားရေ... သူ ဘယ်သူလဲ”

ထိုပုဂ္ဂိုလ်မှာ နှစ်မိနစ် မပြည့်ခင် အချိန် အတွင်းမှာပင် အဆင့်ရှစ် ဆေးလုံးတစ်ခုကို ချို့ယွင်းချက် မရှိ ဖော်စပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးကို တစ်ယောက်ယောက်ကတော့ ကျိန်းသေ သိနေရပေမည်။

ဝေ့ဝူယင်က သူ ဖော်စပ်ထားသည့် မီးတောက်ဘီလူးဆေးလုံးကို ကြည့်လိုက်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းသည် သာလွန်ခြင်း အဆင့် အရည်အသွေးကို ပိုင်ဆိုင်ထားရုံမျှသာ မကပဲ အဆင့်မြင့် မီး ရည်ရွယ်ချက် တစ်ခုကိုပါ ထိန်းသိမ်းထားသည်။ ဝေ့ဝူယင် မော့လိုက်ရင်း ဝမ်ယုထျန်းကို စိုက်ကြည့်လိုက်၏။

ဝိညာဉ်အသွင် လူအိုကြီး၏ ခံစားချက် ကင်းမဲ့သည့် ယန္တရားရုပ် မျက်နှာမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်ကာ အံ့အားသင့်နေသည့် အမူအရာများ ထင်ရှားစွာ ပေါ်လွင်နေခဲ့သည်။ ကံကောင်းထောက်မစွာပင်... ထိုအခိုက်၌ ဝေ့ဝူယင်မှာ အားလုံး၏ အာရုံစိုက်မှု အလယ်ဗဟိုတွင် ကျရောက်နေခဲ့လေရာ မည်သူကမျှ သူ့ကို သတိမထားမိကြချေ။

“နေဦး...”

ရုတ်တရက် အမြင်အာရုံ စူးရှသည့် လေ့လာ စောင့်ကြည့်နေသူ တစ်ဦးမှာ ဝေ့ဝူယင် ဖန်တီးထားသည့် မီးတောက်ဘီလူး ဆေးလုံးက အဆင့်ရှစ် ထုတ်ကုန် တစ်ခုနှင့် မတူညီသည်ကို သတိထားမိသွားခဲ့သည်။ ၎င်းမှာ ထူးခြားစွာပင် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်နှင့် ဆင်တူနေသည်။ ဤအဆင့်တွင် ပေးအပ်သည့် အဂ္ဂိရတ် ထုတ်ကုန် အဆင့် အားလုံးက အတူတူ မဟုတ်သည်လား။

ဝေ့ဝူယင်၏ မျက်နှာအမူအရာမှာ မည်းမှောင်သွားခဲ့၏။ သူက ဆေးဖော်စပ်နည်း အတိုင်း အတိအကျ လိုက်နာကာ ပေးထားသည့် ကုန်ကြမ်းပစ္စည်းများကိုသာ အသုံးပြုခဲ့သော်လည်း…

သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် မီးတောက်ဘီလူးဆေးလုံးမှာ...

အဆင့်ရှစ် မဟုတ်ပါချေ။

ဝမ်ယုထျန်း တစ်ယောက် ပိုမို၍ မူးဝေ သွားခဲ့၏။ ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

အကယ်၍ ဝေ့ဝူယင်သာ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကိုသာ ဖန်တီးနိုင်ခဲ့မည် ဆိုပါက ထိုပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့ပေလိမ့်မည်။ ထာဝရ ဧကရာဇ် ကိုယ်တိုင် လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက သတ်မှတ်ထားခဲ့သည့် လျှို့ဝှက်စံနှုန်းမှ တစ်ဆင့် ကြီးမားသော ဆုလာဘ်များကို ချီးမြှင့်ခံရပေလိမ့်မည်။

သို့သော် ဤအနေအထားက အခြေခံအားဖြင့် လုံးဝ ကွဲပြားကာ မည်သူမှ မျှော်လင့် မထားသည့် အံ့ဖွယ် ဖြစ်ရပ် တစ်ခု ဖြစ်သည်။ သို့သော်လည်း သူ ဖန်တီးခဲ့သော ထုတ်ကုန်သည် မီးတောက်ဘီလူးဆေးလုံးဖြစ်ကြောင်း သေချာသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ၎င်း၏မှန်ကန်မှုကို ဝမ်ယုထျန်း ဆုံးဖြတ်နိုင်ခဲ့သည်။

မီးတောက်ဘီလူးဆေးလုံး...

အဆင့်ကိုး မီးတောက်ဘီလူးဆေးလုံး...

ဝေ့ဝူယင် ကိုယ်တိုင်ပင်လျှင် ထိုဖြစ်ရပ်ကြောင့် မျက်မှောင်ကြုတ် နေခဲ့၏။ ဆေးဖော်စပ်မှု မပြုလုပ်ရခင်တုန်းက ဝေ့ဝူယင်မှာ သူ၏ အဂ္ဂိရတ် ထုတ်ကုန်ကို အမြင့်ဆုံး ကြေညာချက်ဖြစ်သည့် ‘အထွတ်အထိပ်’ ဟု ကြေညာခဲ့သည်။ သာလွန်ခြင်း အဆင့် အရည်အသွေး အတွက်မူ မြေကြီး အဂ္ဂိရတ် ရှန့်ထို အထွတ်အထိပ် အဆင့်သို့ မရောက်သေးပါက ဖော်စပ် ရရှိနိုင်ဖို့ ခက်ခဲလှသည်။

သို့သော်လည်း စည်းမျဉ်းများ အရ... ထာဝရ တိုက်ပွဲ၌ သာလွန်ခြင်း အဆင့် အရည်အသွေးကို ဖော်စပ်နိုင်လျှင် ကိုးဆင့် မြင့်တက်ခြင်း ဆုလာဘ်ကို ချီးမြှင့် ခံရလိမ့်မည် ဖြစ်သည်။ ကိုးဆင့် မြင့်တက်ခြင်း ဆိုသည်မှာ အလွန်ပင် ရိုးရှင်းသည့် စည်းမျဉ်းတစ်ခု ဖြစ်သည်။ သာလွန်ခြင်း အဆင့် အရည်အသွေးကို ဖော်စပ်နိုင်ပါက သူတို့မှာ တိုက်ပွဲ၏ မည်သည့် အဆင့်၌ ရှိစေကာမူ ထိုအဆင့်ကို ကျော်လွန်နိုင်လိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်မှာ ထိုစည်းမျဉ်းကို အသုံးပြုကာ သာလွန်ခြင်း အဆင့် အရည်အသွေးဖြင့် ပြိုင်ပွဲအား လျှင်မြန်စွာ အဆုံးသတ်ရန် ရည်ရွယ်ထားသော်လည်း မီးတောက်ဘီလူးဆေးလုံးကို အဆင့်ကိုးထိ ရောက်အောင် တွန်းပို့နိုင်လိမ့်မည်ဟုတော့ လုံးဝ မျှော်လင့် မထားခဲ့ပါချေ။

***

All Chapters