ထုတ်ဖော်ပြသခြင်း
Vol. 112 Ch. 1557
“ခဏလောက်...”
ဝမ်ယုထျန်းက သူ၏ ခန့်ညားပြီး ယန္တရား ဆန်သည့် အမူအရာနှင့် လေသံတို့ကို လုံးဝ စွန့်ပယ်ပစ်လိုက်ကာ လက်ကို ဝှေ့ယမ်းရင်း မီးတောက်ဘီလူး ဆေးလုံးကို သူ့ထံသို့ ဆွဲယူလိုက်သည်။ ဝေ့ဝူယင်က အသာအယာပင် ထိုအရာကို ခွင့်ပြုလိုက်၏။ ဝမ်ယုထျန်းက မည်ကဲ့သို့ ဆုံးဖြတ်မည်ကို သူ စိတ်ဝင်စားနေမိသည်။
ထာဝရ တိုက်ပွဲ၏ စည်းမျဉ်းများအရ သူအောင်မြင်ခဲ့သည်။ သံသယဖြစ်ဖွယ်မရှိအောင်ပင် သူ မီးတောက်ဘီလူးဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည်။ သာလွန်ခြင်း အဆင့် အရည်အသွေး တစ်ခုကို ဖော်စပ်နိုင်ခဲ့ခြင်း အတွက် အပို ဆုကြေးတစ်ခုကိုလည်း သူ ရရှိဦးမည် ဖြစ်သည်။ သို့သော်လည်း စည်းမျဉ်းများထဲတွင် ညွှန်ကြားထားသည့် ထုတ်ကုန်ကို ၎င်း၏ သတ်မှတ်ဘောင် အတွင်းတွင်သာ ဖန်တီးရမည်ဟု ပါဝင်သည်။ ၎င်းမှာ အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ထိုအရာကပင် အခြေအနေများကို ရှုပ်ထွေး သွားစေခဲ့ခြင်း ဖြစ်သည်။
“ထုတ်ကုန်ရဲ့ အဆင့်က မြင့်တက်သွားတဲ့ အတွက် အပိုဆုကြေးတွေ ရမှာလား... ဒါမှမဟုတ် ငါ့ကို စည်းမျဉ်းတွေ မလိုက်နာဘူး ဆိုပြီး ပြစ်ဒဏ်ပေးမှာလား...”
ဝေ့ဝူယင် အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုးကို စိုက်ကြည့်လိုက်၏။ ပိုင်ယုမှာ ဘာအမှားမှ မလုပ်ခဲ့ချေ။ သူကိုယ်တိုင်လည်း အမှား မလုပ်ခဲ့ချေ။
ဆေးညွှန်းနှင့် ကုန်ကြမ်း ပစ္စည်းများ အရ မီးတောက်ဘီလူး ဆေးလုံးမှာ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖြစ်လာနိုင်သည့် လက္ခဏာရပ်များ ရှိကြောင်း သူ အစတည်းက သတိပြုမိခဲ့သည်။ သို့သော်လည်း ဘီလူး အမျိုးအစား ဆေးလုံးများမှာ သာမန် ဆေးလုံးများထက် ကုန်ကြမ်း ပစ္စည်း ကုန်ကျမှု ပိုမို မြင့်မားသည့် အပြင် အဆင့်မြင့် လက္ခဏာရပ်များကို မကြာခဏ ဆိုသလို ထုတ်လွှတ်တတ်လေရာ သူ ရိုးရိုးလေးပင် လျစ်လျူခဲ့သည်။
၎င်းက အဆင့်ကိုး ဆေးလုံးတစ်ခု ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မိခဲ့မည်နည်း။ ထပ်မံ တွေးတောကြည့်လိုက်တော့ ဤသည်မှာ လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို တက်လှမ်းပြီး နောက်တွင် သူ ပထမဆုံး အကြိမ် အဖြစ် အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ဖော်စပ်ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ် အတွင်း သူ ဖော်စပ်ခဲ့သမျှာက လျှို့ဝှက်မြေကြီး အဆင့်နှင့် လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန်များသာ ဖြစ်ပေသည်။
သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့ကို ဖွဲ့စည်းပြီး နောက်တွင် ဝေ့ဝူယင်မှာ သူ၏ လက်အောက်ငယ်သားများကို ပုံ့ပိုးပေးရန် အတွက် လိုအပ်သည့် အဆင့်ကိုးနှင့်အောက် အဂ္ဂိရတ် ထုတ်ကုန်များကို ကိုယ်တိုင် ဖော်စပ်စရာ မလိုတော့ပါချေ။
ထို့ကြောင့်ပင် ယခု အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ပြန်လည် ဖော်စပ်သော အချိန်၌ အလွန်အကျွံ အမှတ်တစ်ခုကို ရောက်ရှိသွားခြင်း ဖြစ်ပေလိမ့်မည်။ သူ၏ အဂ္ဂိရတ် လမ်းစဉ်အပေါ် အသိပညာနှင့် ဗဟုသုတများမှာ သေမျိုး ကန့်သတ်ချက်များထက် များစွာ ကျော်လွန်နေသည်။ ထို့ကြောင့်ပင် သမာရိုးကျ ကန့်သတ်ချက်များအား ကျော်လွန်နိုင်ခြင်းက အံ့ဩစရာတော့ မဟုတ်ပါချေ။
ဝမ်ယုထျန်းမှာ စစ်ဆေးမှုများကို လုပ်ဆောင်ရန် ကိုးစက္ကန့်ခန့် အချိန်ယူခဲ့ရ၏။ သူက ဝေ့ဝူယင် ဆေးဖော်စပ်ခဲ့သည့် လုပ်ငန်းစဉ် ရုပ်သံမှတ်တမ်းကိုပင် ပြန်လည်ကြည့်ရှုခဲ့သည်။ သို့သော်လည်း... ပိုမို၍ ကြည့်လေလေ သူပိုမို၍ မူးဝေလေလေ ဖြစ်သည်။ ဝေ့ဝူယင်မှာ နည်းလမ်းများကို အပြစ်အနာအဆာမရှိ လိုက်နာခဲ့သည်။ ၎င်းမှာ အသေးငယ်ဆုံးသော အချက်အလက်များ အထိ ဆေးဖော်စပ်နည်းဖြစ်ကြောင်း သေချာပါသည်။
သို့သော်…
သို့သော်…
ဝမ်ယုထျန်း သူ့ဘေးတွင် ဝေ့ဝဲနေသည့် မီးတောက်ဘီလူးဆေးလုံးကို ကြည့်လိုက်၏။ သူ၏ စိတ်ဝိညာဉ်မှာ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း မသိတော့ချေ။ ၎င်းက ဖြစ်နိုင်၏လော။
ထိုအနေအထားကို စောင့်ကြည့် နေကြသည့် အခြားသူများမှာလည်း အလားတူပင် အံ့အားသင့်နေကြသည်။ အချို့မှာ ဝေ့ဝူယင်၏ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် လျင်မြန်လှသည့် ဆေးဖော်စပ်မှု အမြန်နှုန်းကြောင့် တုန်လှုပ်ခြောက်ခြားနေခဲ့ကြကာ အချို့မှာလည်း အဆင့်ကိုး ဆေးလုံး တစ်ခုကို ဖော်စပ်ခဲ့ခြင်းကြောင့် အံ့အားသင့်နေခဲ့ကြသည်။ အချို့မှာလည်း ထိုအချင်းအရာ နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း သတိထားမိကာ ကိုယ့်အမြင်အာရုံကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
သေချာရေရာသည့် အဖြေ တစ်ခုကို ရှာဖွေသကဲ့သို့ သူတို့ တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြ၏။ သို့သော်လည်း... သူတို့ ရရှိလိုက်သည့် အရာက တန်ပြန် မေးခွန်းထုတ်သည့် အကြည့်များသာ ဖြစ်သည်။
သို့ဖြစ်လေရာ လောကတွင် ထိုအဖြေကို ဖြေနိုင်သူက တစ်ယောက်တည်းသာ ရှိပေတော့သည်။ မှန်ပေ၏။ တစ်ယောက်တည်း...။ သူတို့ အားလုံး၏ မျက်လုံးများက ဝေ့ဝူယင်ထံသို့ တစ်ပြိုင်နက်တည်း ပြန်လည်၍ ရွေ့လျား သွားခဲ့၏။
သူတို့ မေးခွန်းများ ထုတ်ကြဖို့ ဟန်ပြင်လိုက်စဉ်မှာပင် ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်၏။ အင်ပါယာ ဥပဒေသ အပေါ် သာမည အာဏာက ပတ်ဝန်းကျင် အတွင်း စိမ့်ဝင်သွားခဲ့သည်။ ချက်ချင်းပင် အားလုံးမှာ အာစေးကပ်သလို နှုတ်ဆိတ်သွားကြ၏။ ဘာကြောင့်မှန်း မသိ ထိတ်လန့် တုန်လှုပ်လာကြကာ သူတို့ တစ်ခွန်းမှ မမေးရဲကြတော့ချေ။
ထိုအခိုက်အတန့်တွင်ပင် ဝမ်ယုထျန်းက ဝေ့ဝူယင်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ သူ လိုက်နာရမည့် စည်းမျဉ်းများကို တစ်စက္ကန့်မျှ စဉ်းစားလိုက်ပြီးနောက်တွင် လွတ်လပ်ခွင့်အချို့ ရှိနေကြောင်း တွေ့ရှိလိုက်သည်။
“ပြိုင်ပွဲဝင်... မင်းရဲ့ထုတ်ကုန်က ဘာကြောင့် ဒီအနေအထားကို ရောက်သွားရတာလဲ... ဘာကြောင့် သတ်မှတ်ထားတဲ့ ထုတ်ကုန်ထက် ပိုအဆင့်မြင့် နေရတာလဲဆိုတာ ရှင်းပြနိုင်ရင် မင်းကို သေချာပေါက် ဆုလာဘ်တွေ ချီးမြှင့်ပေးမယ်”
ဝမ်ယုထျန်းက ဝေ့ဝူယင်ကို ပုံမှန် ပြိုင်ပွဲဝင် တစ်ဦးလိုပင် သုံးနှုန်းကာ ပြောလိုက်၏။ ထိုကဲ့သို့ အခြေအနေမျိုးနှင့် ဆင်တူသည့် စည်းမျဉ်းတစ်ခုကို အသုံးပြုကာ ဝေ့ဝူယင်ကို ကူညီဖို့ သူ ကြိုးစားနေခြင်း ဖြစ်သည်။
သို့သော်လည်း... မူလ ပြဌာန်းထားသည့် စည်းမျဉ်းက ထိုအတွက်တော့ မဟုတ်ချေ။ ၎င်းက ဖန်တီးနိုင်စွမ်း မြင့်မားသည့် အဂ္ဂိရတ် ပညာရှင်များ အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။
အကယ်၍ အဂ္ဂိရတ် ပညာရှင် တစ်ဦးမှာ တူညီသည့် အဆင့်၊ တူညီသည့် အမျိုးအစားနှင့် တူညီသည့် ကုန်းကြမ်း ပစ္စည်းများကိုပင် သုံးကာ လုံးဝ ခြားနားသည့် ထုတ်ကုန် တစ်ခုကို ဖန်တီးနိုင်လျှင် ထိုစည်းမျဉ်းကို အသက်သွင်း၍ ရသည်။ ဥပမာ... အဆင့်ရှစ် ဘီလူးမီးတောက် ဆေးလုံး အတွက် ပေးအပ်ထားသည့် ကုန်ကြမ်း ပစ္စည်းများကို သုံးကာ အဆင့်ရှစ် ဘီလူးအမတေ ဆေးလုံးတစ်ခုကို ဖန်တီးနိုင်သည့် အခါမျိုးတွင် ဖြစ်သည်။
သို့သော်လည်း... သေချာစွာ ရှင်းလင်းပြဖို့တော့ လိုအပ်သည်။ အချို့သော အဂ္ဂိရတ် ပညာရှင်များမှာ စိတ်လှုပ်ရှားမှုကြောင့်ပင် လုပ်ငန်းစဉ်များ လွဲချော်ကာ ခြားနားသည့် ထုတ်ကုန် တစ်မျိုးကို မတော်တဆ ဖန်တီးမိတတ်သည့် အခါများ ရှိသည်။ သူတို့က မည်ကဲ့သို့ ဖန်တီးခဲ့သည်ကို လုံးဝ ရှင်းပြနိုင်စွမ်း မရှိပါချေ။
ဝေ့ဝူယင်၏ ပြဿနာက ခြားနားကာ အဆင့်တစ်ခုကို ကျော်လွန် ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ရှိသည့် စည်းမျဉ်းနှင့် ရအောင်တော့ ညှိယူရမည် ဖြစ်သည်။
ဝေ့ဝူယင် ဝမ်ယုထျန်းကို ကြည့်ကာ ဖြူရော်စွာ ပြုံးလိုက်မိ၏။ သူ မည်ကဲ့သို့ ရှင်းပြရမည်နည်း။ သူက ပေးအပ်ထားသည့် ဆေးညွှန်းအတိုင်း အတိအကျ လိုက်နာကာ ဖော်စပ်ခဲ့ခြင်းသာ ဖြစ်သည်။ နောက်တစ်ကြိမ် ထပ်ဖော်စပ်လည်း ထိုရလဒ်သာ ထွက်ပေလိမ့််မည်။ အကြောင်းရင်းကို သူ တိတိကျကျ မပြောတတ်ချေ။
“စဉ်းစားရင်းနဲ့ အဂ္ဂိရတ် ထုတ်ကုန် တစ်ချို့ကို ထပ်ဖော်စပ်လို့ ရလား...”
ဝေ့ဝူယင်က မေးလိုက်၏။ ဝမ်ယုထျန်းက တစ်ခဏမျှ စဉ်းစားပြီးနောက် ခေါင်ညိတ်ပြလိုက်သည်။ ထာဝရ တိုက်ပွဲ အတွင်း၌ အချို့သော အဂ္ဂိရတ် ပညာရှင်များမှာ မိမိကိုယ်ကို သွေးပူအောင် လုပ်သည့် အနေဖြင့် အဆင့်နိမ့် အဂ္ဂိရတ် ထုတ်ကုန် တစ်ချို့ကို ဖော်စပ်လေ့ ရှိသည်။ ၎င်းကို ခွင့်ပြုထားပေသည်။
များလှစွာသော ပြိုင်ပွဲဝင်များ၏ ရှေ့တွင်ပင် ဝေ့ဝူယင်က အမျိုးမျိုးသော ကုန်ကြမ်းပစ္စည်းများကို ထုတ်ယူလိုက်၏။ ထို့နောက် သူက သမာရိုးကျ နည်းလမ်းများ အတိုင်းပင် ချို့ယွင်းချက်များကို ဖယ်ရှားကာ အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုး အတွင်း ထည့်သွင်းလိုက်သည်။ နှစ်မိနစ်မျှအတွင်းမှာပင် မတူညီသည့် အဂ္ဂိရတ် ထုတ်ကုန် သုံးခုကို ဖော်စပ်ပြီးသွားခဲ့၏။ အားလုံးမှာ ဆေလုံးများ ဖြစ်ကြပေသည်။
"..."
လေ့လာနေကြသူများ အားလုံး ပါးစပ် အဟောင်းသား ဖြစ်နေကြ၏။ ဝေ့ဝူယင်၏ ဆေးဖော်စပ်မှု အမြန်နှုန်းမှာ မွန်းစတား ဆန်လွန်းလှသည်။ အဂ္ဂိရတ် ရှန့်ထိုများထဲတွင်ပင် ထိုမျှ မြန်မြန်ဆန်ဆန် ဆေးဖော်စပ်နိုင်သူမျိုး သူမ အသက်နှင့်တစ်ကိုယ် မကြုံခဲ့ဖူးချေ.
ဝေ့ဝူယင် ဖော်စပ်ခဲ့သည့် အဂ္ဂိရတ် ထုန်ကုတ် သုံးခုလုံးမှာ လူတိုင်း သိရှိပြီးသား အဆင့်ရှစ် ထုတ်ကုန်များ ဖြစ်သည်။ ၎င်းတို့မှာ အမ်ဘရာ အဆိပ်ဖြေ ဆေးလုံး၊ ဝိညာဉ် ဆေးလုံးနှင့် ရေဘီလူး ဆေးလုံးတို့ ဖြစ်ပေသည်။
၎င်းတို့ တစ်ခုချင်းစီတွင် ကိုယ်ပိုင် အသုံးဝင်မှုများ ရှိကြသည်။ ရေဘီလူး ဆေးလုံးမှာ မီးတောက်ဘီလူး ဆေးလုံး၏ ရေစွမ်းအင် အမျိုးအစား ဖြစ်ပေသည်။
ဝေ့ဝူယင် ဆေးလုံး ဖော်စပ်နေသည်ကို ကြည့်ရင်း လေ့လာနေကြသူများမှာ သူတို့ သိရှိဖူးသမျှ အဂ္ဂိရတ် တာအို၏ သမာရိုးကျ စည်းမျဉ်းများ အားလုံး အကုန် တစ်ခု မကျန် ကျိုးပျက်သွားနေသလို သူတို့ ခံစားနေခဲ့ကြရသည်။ သို့သော်လည်း... သူတို့ထဲမှ အများစုက လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်ကြသည်။ သူတို့အတွက် စက္ကန့်တိုင်းမှာ သေမျိုးများ နာရီနှင့်ချီသလို ကြာမြင့်ပေသည်။ ထို့ကြောင့်ပင် များစွာသော အရာများကို သူတို့ ဆုပ်ကိုင်နိုင်ခဲ့ကြသည်။ ထို့အပြင်... ဝေ့ဝူယင်မှာ မည်သည့် အရာကိုမှ ဖုံးကွယ်ထားရန် မကြိုးပမ်းခဲ့ပါချေ။
ဝမ်ယုထျန်းမှာလည်း စိတ်အားထက်သန်စွာ စောင့်ကြည့်နေခဲ့သည်။ သူ၏ အမှတ်ကတယ် မရှိသည့် နှလုံးသားမှာ ထုတ်ကုန်တစ်ခုချင်းစီ ပြီးမြောက်နေပုံကို ကြည့်ရင်း ပြင်းထန်စွာ ခုန်နေခဲ့သည်။ ထွက်ပေါ်လာသည့် ရလဒ်တိုင်းတွင် သာလွန်ခြင်း အဆင့် လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်နှင့် အဆင့်ကိုး ထုတ်ကုန် တစ်ခု၏ အော်ရာ ပါရှိသည်။ ၎င်းတို့ တစ်ခုချင်းစီမှာ အရောင်အသွေးမတူညီသည့် နေကြယ် အသေးစား ကလေးများလိုပင်။
သီအိုရီများကို စမ်းသပ်ပြီးနောက် ဝေ့ဝူယင်မှာ ကောက်ချက် တစ်ခု ချနိုင်ခဲ့ပြီ ဖြစ်လေရာ သူ၏ မျက်လုံးများက သိနားလည်မှုဖြင့် တောက်ပလာခဲ့သည်။
ထို့နောက် သူ ဖုံးကွယ်မထားတော့ချေ။ လျှင်မြန်စွာပင် မျက်ဝန်း တစ်ဖက်ချင်းစီ၌ မတူကွဲပြားသော အရောင်များနှင့် မင်းမူနေသည့် သေမျိုး ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာများမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အညစ်အကြေး ကင်းစင်ကာ ပိုမို သန့်စင်လာခဲ့သည်။
တတိယ အဆင့် အဂ္ဂိရတ် ကြယ်တာရာများ...
သာလွန် သန့်စင်ခြင်း အဆင့်...
***