← Chapters

ကိုးဆင့် ခြေချခြင်း

Vol. 112 Ch. 1558

ကိုးဆင့် ခြေချခြင်း

Vol. 112 Ch. 1558

“....”

တတိယ အဆင့် အဂ္ဂိရတ် ကြယ်တာရာများကို ထုတ်ဖော် ပြသလိုက်သည်နှင့် တစ်ပြိုင်နက် များလှစွာသော သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ မျက်ဝန်းများမှာ အဆမတန် ပြူးကျယ်လာခဲ့ကြ၏။ သူတို့၏ ခန္ဓာကိုယ်များက ပိုမို၍ လေးလံလာကာ၊ ရင်ခုန်သံများမှာ ပိုမို၍ကျယ်လောင်လာခဲ့သည်။

ဝမ်ယုထျန်း ပင်လျှင် အံ့အားသင့် သွားခဲ့၏။ ကြီးကျယ် ခမ်းနားသည့် အဂ္ဂိရတ် ပညာရှင်များ၏ ထိုပြိုင်စံရှား စွမ်းအား အကြောင်းကို သူ အပြည့်အဝ သိပေသည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို ရောက်ရှိပြီးကြသူတိုင်းမှာ အံ့ဩ ထူးဆန်းဖွယ် စွမ်းရည်များ ရှိသည့် သေမျိုး ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာများကို လက်ခံ ရရှိကြသည်။

သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ ကြောက်မက်ဖွယ် အကောင်းဆုံး စွမ်းအား တစ်ရပ်မှာ သေမျိုး ပျက်သုဉ်းခြင်းပင် ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်များ ပင်လျှင် ထိုစွမ်းအားကို ကြောက်ရွံ့ ကြရသည်။

သေမျိုး ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာများ၏ ဒုတိယ အဆင့်မှာ “ဝိညာဉ် သာလွန်ခြင်း အဆင့်” ဖြစ်သည်။ အဆင့်ကိုး ဆေးလုံးများကို သာလွန်ခြင်း အဆင့် အရည်အသွေးအထိ ရောက်ရှိအောင် ဖော်စပ်နိုင်ပါက ထိုအဆင့်ကို လက်ခံ ရရှိနိုင်သည်။

မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ သမိုင်းကြောင်းတွင် ထာဝရ ဧကရာဇ်နှင့် မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုတို့မှာ “ဝိညာဉ်သာလွန်ခြင်း အဆင့်” ကို ရရှိထားကြသူများ အဖြစ် မှတ်တမ်းဝင်ထားသည်။

အလွှာအပြင်က လောကတွင်ပင် ဝိညာဉ် သာလွန်ခြင်း အဆင့်ကို ရရှိထားကြသည့် အဂ္ဂိရတ် ပညာရှင် များများစားစား မရှိပါချေ။ အချို့သော လောက အဂ္ဂိရတ် ရှန့်ထိုများပင်လျှင် ၎င်းကို ရယူ ပိုင်ဆိုင်ထားခြင်း မရှိချေ။ သေမျိုးနှင့် လျှို့ဝှက် အဂ္ဂိရတ် တာအို နှစ်ခုကို ပေါင်းစပ်ရခြင်းမှာ အပြောလွယ်သလောက် အလုပ်ရခက်သည့် ကိစ္စတစ်ခု ဖြစ်သည်။

ထိုအဆင့်၌ အဂ္ဂိရတ် ပညာရှင်များမှာ အဂ္ဂိရတ် သင်္ကေတများကို စတင် ပုံဖော်လာနိုင်ကြသည်ဟု ဆိုသည်။ ထိုသင်္ကေတများထဲ၌ အမွေခံဉာဏ်စဉ် သင်္ကေတ၊ ချီးမြှင့်ခံ အဂ္ဂိရတ် သင်္ကေတနှင့် သာလွန်ခြင်း သင်္ကေတတို့ ပါဝင်ပေသည်။

တတိယ အဆင့် ဖြစ်သည့် သာလွန် သန့်စင်ခြင်း အဂ္ဂိရတ် ကြယ်တာရာများကတော့ ဒဏ္ဍာရီများထဲတွင်ပင် ဒဏ္ဍာရီ တစ်ခု ဖြစ်သည်။ ဝမ်ယုထျန်း ပင်လျှင် ထိုတည်ရှိမှု အကြောင်း ကောလဟလများသာ ကြားခဲ့ဖူးသည်။ အဂ္ဂိရတ် တာအိုမှာ ထိုအဆင့်ကို သူ ကိုယ်တိုင် ရွေးချယ်ထားသည့် အလွန့်အလွန် နည်းပါးလှသော အဂ္ဂိရတ် ပညာရှင်များကိုသာ ဆုချသည်။ ထိုစွမ်းအား အတွက် လိုအပ်ချက်များကို သူ မသိပါချေ။

“အဲဒါက ဘာကြောင့်လဲ ဆိုတာရဲ့ အဖြေပဲ...”

ဝေ့ဝူယင်က သူတို့ နှစ်ယောက်ကြားရှိ စကားဝိုင်းကို သီးသန့် အဖြစ် ပြောင်းလဲ လိုက်သည်။ သူ၏ ရှင်းပြမှုများကို နားထောင်ရင်း ဝမ်ယုထျန်း၏ မျက်လုံးများမှာ ပြူးကျယ်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်မှာလည်း ဉာဏ်အလင်း ရနေသည့် အလား သိသိသာသာပင် တုန်ရီလာခဲ့သည်။ ဝိညာဉ်အသွင် ဖြစ်သည့်တိုင် သူ၏ အသက်ရှူသံများမှာ ပိုမို၍ လေးပင်လာခဲ့၏။ သူက ပုံမှန်လူသား တစ်ယောက်၏ စိတ်ကို ယခုထက်ထိ မဖျောက်နိုင်သေးပုံ ရသည်။

“လုံလောက်ပြီလား...”

ဝေ့ဝူယင်က ပြုံးရင်း မေးလိုက်၏။ သူ၏ ရှည်လျားသော ရှင်းပြမှုကို နားထောင်ပြီးနောက် ဝမ်ယုထျန်းမှာ စိတ်စွမ်းအင်များ ကုန်ဆုံးသွားသည့် အလား အားနည်းစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

“လက်ခံနိုင်တယ်... ကိုးဆင့် ခြေချခြင်းကို ချီးမြှင့်တယ်...”

ထိုကဲ့သို့ ပြောပြီးနောက် သူ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ အဖြူရောင် အလင်းများနှင့် ဝန်းရံကာ ပျောက်ကွယ်သွားခဲ့တော့သ်ည။ ထိုမြင်ကွင်းမှာ အလွန်တရာ လှပလွန်းရကား လူတိုင်း၏ အာရုံများကို ဖမ်းစားသွားဖို့ လုံလောက်ပေသည်။ အဆောင်များ၊ ဝင်္ကပါများနှင့် ချိပ်ပိတ်ထားသူများပင်လျှင် ၎င်းကို ရှင်းလင်းစွာ မြင်နိုင်ခဲ့ပေသည်။

သို့သော်လည်း ဝမ်ယုထျန်းမှာ မပြီးဆုံးသေးပါချေ။ သူက လေးနက်သည့် လေသံဖြင့် ဆက်လက်၍ ကြေညာလိုက်လေ၏။

“အထူးချွင်းချက်... ကိုယ်ပိုင် ဖန်တီးမှုတွေ၊ အံ့ဖွယ် စွမ်းဆောင်ရည်တွေနဲ့ ဘိုးဘေးတွေကို ဖိနှိပ်နိုင်ခဲ့တဲ့ အတွက် နောက်ထပ် ကိုးဆင့် ခြေချခြင်းကို ချီးမြှင့်တယ်...”

အထက် ကောင်းကင်၌ အလင်းက နောက်တစ်ကြိမ် ပေါက်ကွဲ လာခဲ့ပြန်၏။ သူတို့အားလုံး ထိုအရာကို မြင်နိုင်လေရာ ပါးစပ် အဟောင်းသား ဖြစ်နေကြလေ၏။ သို့သော်လည်း ထိုမျှနှင့် မရပ်တန့်ခဲ့ပါချေ။

“အထူးချွင်းချက်... ပြင်ပ အကူအညီ အထောက်အပံ့ မပါပဲ အဆင့်ရှစ် ဆေးလုံးကို အမြန်ဆုံး ဖော်စပ် အောင်မြင်ခဲ့တဲ့ မှတ်တမ်း အတွက် ကိုးဆင့် ခြေချခြင်းကို ချီးမြှင့်တယ်...”

နောက်တစ်ကြိမ် အလင်းများ ပေါက်ကွဲ လာခဲ့ပြန်ကာ အဂ္ဂိရတ် တာအို၏ အသက်ရှူ မှားဖွယ် ရောင်စဉ်တန်းများ လင်းလက်လာခဲ့ပြန်သည်။

သို့သော်လည်း... ထိုမျှနှင့် မပြီးသေးပါချေ။

“အထူးချွင်းချက်...

နောက်တစ်ကြိမ်...

“အထူးချွင်းချက်...”

ဝမ်ယုထျန်းထံမှ စကားလုံးများ ထွက်ပေါ်လာ သကဲ့သို့ ဝေ့ဝူယင်၏ ပုံရိပ်မှာလည်း ပိုမို၍ ဝေးသွားနေခဲ့လေသည်။ ရှစ်ကြိမ်တိုင်တိုင် ကြေညာပြီး နောက်တွင်တော့ လူအုပ်ကြီး တစ်ခုလုံးမှာ လုံးဝ ဆွံ့အ နေခဲ့ကြတော့၏။ မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း သူတို့ ယုံကြည်ရန် ခက်ခဲနေကြသည်။ ထိုအရာက အမှန်တကယ်လော။ သို့မဟုတ်... သူတို့ အိပ်မက် မက်နေသလော။ ပြန်လည် နိုးထရန် ကိုယ့်ကိုယ်ကို ဆိတ်ဆွဲသင့်သလော။

“ထာဝရတိုက်ပွဲရဲ့ ကြီးကြပ်သူ အနေနဲ့ စိတ်ဓာတ်၊ အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေကို အကြောင်းပြုပြီး ထိုက်တန်တယ်လို့ ယူဆတဲ့ သူတွေကို ကိုးဆင့်အထိ ချီးမြှင့်နိုင်တဲ့ အခွင့်အာဏာတစ်ခု ငါ့မှာ ရှိတယ်... ဒီနေ့ အဲဒီ အခွင့်အာဏာကို သင့်ကို ချီးမြှင့်လိုက်တယ်...”

၎င်းမှာ တရားဝင် ကိုးဆင့် ခြေချခြင်း မဟုတ်သော်လည်း ၎င်းနှင့် ခြားနားခြင်း မရှိပါချေ။ ခြေတစ်လှမ်းတည်းဖြင့်ပင် ဝေ့ဝူယင်မှာ ရှစ်ဆယ့်တစ်ဆင့် အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အသက်တစ်ရှိုက်စာ အတွင်းမှာပင် သူက အားလုံးကို အောင်မြင်သွားခဲ့လေပြီ။

နောက်ဆုံး၌ ဝမ်ယုထျန်းက ပြုံးလိုက်၏။ သူက စည်းမျဉ်းများကို အနည်းငယ် လက်တစ်လုံးခြား လုပ်ခဲ့သည့်တိုင် မတရားသည့် အရာတော့ မရှိပါချေ။ ထာဝရ တိုက်ပွဲကို စတင် ကျင်းပခဲ့သည့် အချိန်တည်းက စလို့ ထိုအဆင့်ထိ ရောက်ခဲ့ဖူးသူ မရှိပါချေ။ စည်မျဉ်းများက ရိုးရှင်းစွာပင် အလွန် မြင့်မားလွန်းလှပေသည်။

ဝေ့ဝူယင်အား စောင့်ကြည့်နေသည့် လျှို့ဝှက် အာဏာရှင် အဆင့်များကို ကြည့်ရင်း ဝမ်ယုထျန်း စိတ်ထဲမှ မျက်မှောင်ကြုတ် လိုက်မိသည်။ အထူးသဖြင့် ဝေ့ဝူယင်၏ သာလွန်သန့်စင် အဂ္ဂိရတ် ကြယ်တာရာများ ဖော်ထုတ်ခံလိုက်ရသည့် အပေါ် သူ စိုးရိမ်မိနေခဲ့သည်။ အကယ်၍ သူတို့သာ အလွှာအပြင်က လောကို ရောက်ရှိသွားပါက ထိုကိစ္စက ပျံ့နှံ့သွားနိုင်ပေသည်။

သို့သော်လည်း ဝမ်ယုထျန်း မသိသည့် အချက်ကား ဝေ့ဝူယင်ထံ၌ သူ၏ အဂ္ဂိရတ် ကြယ်တာရာများကို ဆက်လက် ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိတော့ခြင်း ဖြစ်သည်။ သူက အဂ္ဂိရတ် တောက်ပမှုနှင့် ဆက်နွယ်၍ မည်သည်ကိုမှ ကွယ်ဝှက်ထားတော့မည် မဟုတ်ချေ။

...

ထာဝရ တိုက်ပွဲအတွင်း ပါဝင်လာသည့် မည်သည့် အဂ္ဂိရတ် ပညာရှင်မှ သာမန် ကျင့်ကြံသူများ မဟုတ်ကြပါချေ။ သူတို့မှာ မွေးဖွားချိန်မှ စတင်၍ အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်လာရန် သို့မဟုတ် ကာကွယ်သူနှင့် အမဲလိုက်သူများ ဖြစ်လာစေရန် စနစ်တကျ လေ့ကျင့်ထားကြသူများ ဖြစ်သည်။ သူတို့ အားလုံးမှာ ထူးခြားသူများ ဖြစ်ကြသည်။

သို့သော်လည်း ယခုတွင်တော့ သူတို့ အားလုံးမှာ ပါးစပ် အဟောင်းသား၊ မျက်လုံး အပြူးများ ဖြစ်နေကြပြီ ဖြစ်သည်။ နှလုံးသားများ ပြင်းထန်စွာ ခုန်လျှက် သူတို့၏ စိတ်များက ရှုပ်ထွေး နေကြသည်။ ထိုအရာ အားလုံးမှာ ဝေ့ဝူယင်ဆိုသည့် ပုဂ္ဂိုလ် တစ်ယောက်ကြောင့်သာတည်း။

ထျန်းရှောင်လော့နှင့် ချင်ကူးယဉ်တို့မှာ အပြင်ဘက်မှ ပုံမှန်မဟုတ်သည့် ဆူညံသံများကို သတိပြုမိလိုက်ရာ ဆေးဖော်စပ်ရန် ပြင်ဆင်မှုများကို ခတ္တရပ်တန့်လိုက်ကြသည်။

ထို့နောက်တွင်တော့... ဝမ်ယုထျန်း၏ ကြေညာချက်များကို ကြားလိုက်ရကာ တောက်ပသည့် ရောင်စုံ အလင်းများနှင့် အတူ ဝေ့ဝူယင်၏ ပုံရိပ် ပိုမို၍ ဝေးကွာသွားနေသည်ကို တွေ့မြင်လိုက်ကြရလေတော့သည်။ ထျန်းရှောင်လော့ တစ်ယောက် ကိုယ့်မျက်လုံးကို မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့သည်။

“သူ့မျက်လုံးတွေကို မြင်လိုက်လား”

ချင်ကူးယဉ်က မေးလိုက်ရင်း ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်၏။ တဒိတ်ဒိတ် ခုန်နေသည့် နှလုံးခုန်သံကို ခံစားမိသော အခါတွင်မှ ထိုအခြေအနေက အမှန်တကယ် ဖြစ်ကြောင်း သူ အတည်ပြုလိုက်နိုင်သည်။

ထျန်းရှောင်လော့မှာ တိတ်ဆိတ်နေ၏။ ဝေ့ဝူယင်က သာလွန်သန့်စင် အဂ္ဂိရတ် ကြယ်တာရာများကို ဖော်ထုတ်လိုက်ချိန်တွင် သူတို့ နှစ်ယောက်သည်လည်း အခြား သေမျိုး အဂ္ဂိရတ် အာဏာရှင်များလိုပင် ပြင်းထန်သည့် ဖိအားများကို ခံစားခဲ့ကြရသည်။

ထျန်းရှောင်လော့၏ ဘဝတွင် အဂ္ဂိရတ် တာအိုနှင့် ပတ်သက်၍ မည်သူ့ကိုမှ အောက်ကျို့သည်ဟု မခံစားခဲ့ဖူးချေ။ ထာဝရ ဧကရာဇ်နှင့် နှိုင်းယှဉ်လျှင်ပင် နိမ့်ကျသည်ဟု သူမ မတွေးချေ။ အဘယ်ကြောင့်နည်း။ သူမက အဂ္ဂိရတ် တာအို အပြင် တိုက်ခိုက်ရေး စွမ်းအင်ကိုပါ ကျင့်ကြံရင်း ဤအဆင့်ကို ရောက်ရှိခဲ့သောကြောင့် ဖြစ်သည်။ ထာဝရ ဧကရာဇ်မှာ အဂ္ဂိရတ် တာအိုကို အပြည့်အဝ မြှပ်နှံထားသူ ဖြစ်သည်။ သို့သော်လည်း... သူမကတော့ တစ်စိတ်တစ်ပိုင်းသာ မြှုပ်နှံထားပေသည်။ သို့ဖြစ်လေရာ မည်ကဲ့သို့ အောက်ကျို့မည်နည်း။

သို့သော်လည်း ဝေ့ဝူယင်ကမူ လုံးဝကွဲပြားခြားနားသည်။ သူက သူမနှင့် တူရုံမျှသာမက ပိုမို၍ ငယ်ရွယ်ကာ အောင်မြင်မှုများမှာလည်း ပိုမို မြင့်မားသည်။ ထိုမျှမက သူ့ အရည်အချင်းက သူမထက်ပို၍ မြင့်မားသည်။ ဝေ့ဝူယင်ယင်မှာ တိုက်ခိုက်ရေး စွမ်းအင်ဘက်တွင်လည်း သူမတူအောင် ထူးချွန်ကာ ကြယ်ကွင်းပြင် အပြင်ဘက်ရှိ ဒဏ္ဍာရီလာ မြွေနဂါးကြီးကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိခဲ့သည်။

ဝေ့ဝူယင်နှင့် နှိုင်းယှဉ်လိုက်သည့် အခါတိုင်း ထျန်းရှောင်လော့ တစ်ယောက် နိမ့်ကျမှုကို ခံစားရသည်။ သူမထံတွင် မည်သည့် ဆင်ခြေဆင်လက်မှ ထုတ်စရာ မရှိတော့ချေ။ သူနှင့် ယှဉ်လျှင် သူမမှာ နယ်ပယ်တိုင်း၌ နိမ့်ကျပေသည်။ မဆီမဆိုင် ရုပ်ရည်ချင်း ယှဉ်မည် ဆိုလျှင်ပင် ဝေ့ဝူယင်ကို သူမ အနိုင် ရရှိဖို့ မလွယ်ချေ။

...

ထာဝရ တိုက်ပွဲ၏ နောက်ဆုံးမျဉ်း ဖြစ်သည့် ရှစ်ဆယ့်တစ်ခုမြောက် အဆင့်၌...

ဝေ့ဝူယင်၏ သာလွန်သန့်စင် အဂ္ဂိရတ် ကြယ်တာရာများမှာ တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားခဲ့၏။ မကြာခင်မှာပင် သူ့ မျက်လုံးများက သာမန် ငွေရောင် အဖြစ်သို့ ပြန်လည် ပြောင်းလဲ သွာခဲ့လေသည်။

“အဂ္ဂိရတ် ကြယ်တာရာတွေက ငါ ထင်ထားတာထက်တောင် ပိုပြီး ကြောက်စရာ ကောင်းတယ်...”

အသံတစ်ခုက အသက်ရှူ ပြင်းပြင်း လေသံဖြင့် ပြောလိုက်သည်။ အသံ ပိုင်ရှင်မှာ စိတ်အတွင်း၌ တုန်လှုပ်ချောက်ချားသွားကြောင်း ထင်ရှားသည်။

ဝေ့ဝူယင် ခေါင်းမော့ကြည့်လိုက်ရာ အပြာရောင်သန်းနေသည့် မျက်နှာထက်တွင် အနည်းငယ် ဖြူဖတ်ဖြူလျော်ဖြစ်နေသည့် ဝမ်ယုထျန်းကို တွေ့လိုက်ရသည်။ သူ မျက်ခုံးပင့်လိုက်ရင်း...

"ခင်ဗျား အဆင်ပြေရဲ့လား"

သူ၏ အသံထဲတွင် စိတ်ရင်းမှန်ဖြင့် ဂရုစိုက်မှုများ ပါဝင်နေသည်။ ကျင့်ကြံခြင်း လောက၌ စိတ်ရင်းမှန် မိတ်ဆွေများကို ရှာတွေ့ရန် ခဲယဉ်းသည်။

ကိုယ်ပိုင် အကျိုးစီးပွားများ၊ ကျင့်ကြံခြင်း အခြေခံ၊ ခွန်အား၊ အဆင့်အတန်း၊ ကိုယ်ပိုင် ရည်မှန်းချက်များ အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် မိမိကိုယ်ကိုမှလွဲ၍ မည်သူ့ကိုမျှ အပြည့်အဝ ယုံကြည်ရန် ခက်ခဲလှသည်။

ဝမ်ယုထျန်းမှာ ဝေ့ဝူယင်၏ ဘဝတွင် စိတ်ရင်းမှန်ဖြင့် လေးစားမှု၊ ခင်မင်ရင်းနှီးမှု ရှိသည်ဟု ခံစားရသည့် လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ သူက ဝေ့ဝူယင်ထံမှ မည်သည့်အရာကိုမျှ မလိုချင်သလို ဝေ့ဝူယင်ထံတွင်လည်း သူ့ဆီမှ တစ်ခုခု ရရန် မျှော်လင့်ချက်များ မရှိပါချေ။

“ငါ အဆင်ပြေပါတယ်”

ဝမ်ယုထျန်းက ခါးသီးစွာ ပြုံးလိုက်၏။ သာလွန်သန့်စင် အဂ္ဂိရတ် ကြယ်တာရာများသည် ဆေးဖော်စပ်နည်းနှင့် ကုန်ကြမ်းပစ္စည်းများတွင် ကွာခြားမှု မရှိသော်လည်း ပေါ်ထွက်လာသည့် ဆေးလုံး၏ ဂုဏ်သတ္တိများကို အဘယ်ကြောင့် မြင့်တက်စေကြောင်း ဝေ့ဝူယင်က သူ့ကို နက်နဲစွာ ရှင်းပြခဲ့သည်။ ထိုအရာက သူ၏ အသိစိတ် ပင်လယ်ကို လှိုင်းဂယက် ထစေခဲ့ကာ နားထောင်ရုံဖြင့် သူ၏ စွမ်းအင်အားလုံး ကုန်ခန်းသွားလုနီးပါး ဖြစ်စေခဲ့လေသည်။

***

All Chapters