← Chapters

ကမ္ဘာ နှစ်ခု

Vol. 9 Ch. 829

ကမ္ဘာ နှစ်ခု

Vol. 9 Ch. 829

"တန်ခိုးရှင် ကျင့်ကြံသူ ...”

ရှောင်မန်က စိုဆွတ်နေဆဲ ဖြစ်သော မျက်လုံးများဖြင့် ချန်းဖန်ကို မော့ကြည့်လိုက်သည်။

တန်ခိုးရှင် ကျင့်ကြံသူ ...

ထိုအရာမှာ ကျူးဝမ် မျိုးနွယ်ဝင်များအတွက် အလွန် မြင့်မားသော ဂုဏ်ပုဒ်တစ်ခု ဖြစ်သည်။

တန်ခိုးရှင် ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းနိုင်သူတိုင်းမှာ မျိုးနွယ်အတွင်း၌ အခွင့်ထူးခံ လူများ ဖြစ်သလို သူတို့၏ အဆင့်အတန်းမှာလည်း အလွန် မြင့်မားကြ၏။

လွန်ခဲ့သည့် တစ်လခန့်၌ ချန်းဖန်သည် သူမ၏ အရှေ့၌ ရေမွန်းစတားကို သတ်ဖြတ်ခဲ့သည်။ သို့ဖြစ်ရာ ချန်းဖန်မှာ တန်ခိုးရှင် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်း ရှောင်မန် သိရှိပြီးဖြစ်သည်။

"ဒါပေမဲ့ ဘိုးဘေး ဘုရားကျောင်းက အကြီးအကဲတွေ ပြောတာတော့ သမီးက တန်ခိုးရှင် ကျင့်ကြံသူ တစ်ယောက် မဖြစ်နိုင်ဘူးတဲ့"

ရှောင်မန်က သူမ၏ ခေါင်းလေးအား ပြန်လည် ငုံ့လိုက်သည်။

"သူတို့ မှားနေတာ ... ရှောင်မန်က ဒီလောက် ပါရမီ ပါတာကို ... သေချာသာ ကျင့်ကြံမယ် ဆိုရင် တစ်လ အတွင်း ဒီကမ္ဘာရဲ့ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်လာမှာ ... မယုံရင် အခြေခံ ကျင့်စဉ် တစ်ခုစမ်းပြီး ကျင့်ကြည့်ပါလား"

ချန်းဖန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောရင်း ပြုံးလိုက်၏။

ထို့နောက် သူက ရှောင်မန်ကို မြေပြင်ပေါ် ထိုင်စေကာ သူမ၏ခေါင်းကို ထိလိုက်သည်။ သူ၏ လက်ချောင်းများသည် ရှောင်မန်၏ ဆံပင်ကို ဖြတ်ကာ ဦးခေါင်းအား ညင်သာစွာ ထိတွေ့ ၏။

"ဘုန်း ... ဘုန်း ... ဘုန်း ...”

ချန်းဖန်၏ လက်အတွင်းမှ စွမ်းအင်များ စီးထွက်ကာ ရှောင်မန်၏ ပါရမီကို ချည်နှောင် ထားသော နတ်ဘုရား ဥပဒေသကြိုးများကို ဖြတ်တောက်သည်။

"တစ်ချောင်း ...”

"နှစ်ချောင်း ...”

"သုံးချောင်း ...”

ပထမ ဥပဒေသ ကြိုးများမှာ ဖြေရှင်းရ လွယ်ကူသော်လည်း တဖြည်းဖြည်းနှင့် ပိုမို၍ ခက်ခဲလာ၏။ သို့သော်လည်း ချန်းဖန်က ဂရုမစိုက်ဘဲ ကျင့်စဉ်အား ဆက်လက် ဖော်ထုတ်သည်။

"ဘုန်း ...”

နတ်ဘုရား ဥပဒေသကြိုးများ အားလုံး ပြတ်တောက် သွားသည်နှင့် ရှောင်မန်၏ ခန္ဓာကိုယ် အတွင်းမှ အစစ်အမှန် နဂါး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

"ရား ...”

ထိုနဂါးက ဟိန်းဟောက်၍ ကောင်းကင်သို့ ပျံတက်ကာ ပျော်ရွှင်စွာ မြူးထူး၏။

"ဟူး ...”

တစ်ချိန်တည်း၌ ရှောင်မန်မှာ မြေပြင်ပေါ်၌ ထိုင်ရင်း သူမ သိထားသည့် အခြေခံ ကျင့်စဉ် တစ်ခုကို လေ့ကျင့်နေ၏။ ထိုကျင့်စဉ်မှာ ကျင့်ကြံသူတိုင်း အတွက် အခြေခံ အကျဆုံး”ချီခံစားခြင်း" ကျင့်စဉ် ဖြစ်သည်။

ရှောင်မန်သည် ထိုကျင့်စဉ်ကို ဆယ်နှစ်ခန့်အထိ ကျင့်ကြံခဲ့သော်လည်း မည်သည့် ချီစွမ်းအားကိုမျှ မခံစားနိုင်ခဲ့ချေ။ သို့သော်လည်း ယခု တစ်ကြိမ်တွင်မူ သူမသည် ပတ်ဝန်းကျင်ရှိ ချီတည်ရှိမှုကို ရှင်းလင်းစွာ ခံစား၍ ရနေခဲ့၏။

"အဲဒါက ...”

ရှောင်မန်၏ မျက်လုံးများမှာ ပြူးကျယ်စွာ ပွင့်လာခဲ့သည်။

"အဲဒါက အစစ်အမှန်ချီ ဆိုတာလား ... ဒါဆို သမီးက တကယ်ကြီး တန်ခိုးရှင် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာဖို့ ထိုက်တန်တယ်ပေါ့ ဟုတ်လား"

"ဒါပေါ့ ...”

ချန်းဖန်က သူမကို ပြုံးရင်း ခေါင်းညိတ်ပြလိုက်၏။

"နောက်ဆုံးတော့ ငါ တန်ခိုးရှင် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာပြီ ... အရမ်း အံ့ဩဖို့ ကောင်းတာပဲ ... နတ်ဆိုးတွေ နင်တို့ကို နှိမ်နင်းဖို့ ငါ အရှင်မ လာတော့မယ် ... ထွက်ပြေးကြစမ်း"

ရှောင်မန်မှာ ပျော်ရွှင်စွာဖြင့် အော်ဟစ်နေခဲ့သည်။ သူမက ချန်းဖန်အား ပြေးဖက်ကာ ပါးအား အနမ်းတစ်ပွင့်ပင် ပေးလိုက်သေး၏။

"သမီး အဒေါ်လုကို ဒီအကြောင်း သွားပြောလိုက်တော့မယ် ...”

ထို့နောက် ရှောင်မန်က ကဆုန်ပေါက်ကာ ပြေးထွက်သွားသည်။

ချန်းဖန်ကမူ သူမ၏ နောက်ကျောကို ကြည့်ရင်း ပြုံးရုံသာ ပြုံးနေခဲ့တော့သည်။

***

ရှောင်မန် ကျင့်ကြံနိုင်သည် ဆိုသော သတင်းက မကြာခင်မှာပင် ရှေးဟောင်း ကျူးဝမ် တစ်မြို့လုံးသို့ ပျံ့နှံ့ ရောက်ရှိသွား၏။

ပထမ၌ ဘိုးဘေး ဘုရားကျောင်း အကြီးအကဲ များသည် အမှားအယွင်း တစ်ခု ဖြစ်သွားခြင်း ဟုသာ ယူဆခဲ့ကြသည်။ သို့သော်လည်း အခြေတည် တည်ဆောက်ခြင်း အစောပိုင်း အဆင့်ကို ရှောင်မန် သုံးရက်တည်းနှင့် တက်လှမ်းသွားသည့် သတင်းကြားသော အခါတွင်မူ သူတို့ မအံ့ဩပဲ မနေနိုင် ကြတော့ချေ။

သို့သော်လည်း ထိုအရာကား အစမျှသာ ဖြစ်သည်။

ရှောင်မန်သည် အခြေခံ တည်ဆောက်ခြင်း အလယ် အဆင့်ကို တက်လှမ်းရန် အတွက် လဝက်မျှသာ အချိန်ယူခဲ့ပြီး တစ်လအကြာ၌ သူမသည် အခြေခံ တည်ဆောက်ခြင်း ထိပ်ဆုံး အဆင့်အထိ ရောက်ရှိသွား၏။

ထိုသို့သော ပါရမီနှင့် အမြန်နှုန်းအား ပေ့ဟန်နယ်၏ ထိပ်သီး ပါရမီရှင်များဟု ဆိုနိုင်သော ကူလင်ကျိ၊ လင်းဝူဟွာတို့ပင် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

"ရှောင်မန် မိန်းကလေးက ငါတို့ ကျူးဝမ် မျိုးနွယ်အတွက် ကောင်းကင်က ပေးတဲ့ လက်ဆောင်ပဲ"

များစွာသော ကျူးဝမ် အကြီးအကဲများမှာ မျက်ရည်များပင် တတွေတွေ ကျဆင်း လာခဲ့သည်။

ဘိုးဘေး ဘုရားကျောင်း၏ ခေါင်းဆောင် များကလည်း သူမအား အနီးကပ် ခေါ်ယူကာ လေ့ကျင့်ပေး၏။ သူတို့က သူမအား အကောင်းဆုံးသော တန်ခိုးရှင် ကျင့်ကြံခြင်း ကျင့်စဉ်၊ အရင်းအမြစ်တို့ဖြင့် ထောက်ပံ့ပေးသည်။

သို့ဖြစ်ရာ ရှောင်မန်မှာ အိမ်သို့ ရက်အနည်းငယ် အကြာမှ တစ်ခဏမျှသာ ပြန်နိုင်တော့သည်။

"သခင် ... ရှောင်မန် မရှိတော့ ကျွန်တော်တော့ တစ်ခုခု လိုနေသလို ခံစားရတယ် ... သူသာ ဒီနေ့ ပြန်လာရင် ကောင်းမှာပဲနော်"

အဘိုးကြီးတင်းက လမ်းမကို မျှော်ကြည့်ရင်း ပြောသည်။

"ဟုတ်တယ် ...”

ချန်းဖန်က သဘောတူဟန် ခေါင်းညိတ်လိုက်၏။

ထိုရက်များ အတွင်း၌ သူသည် သူ၏ ဟင်းလင်းပြင် အမြုတေ ပိုမိုသန်မာ လာစေရန် အတွက် ဟင်းလင်းပြင် စွမ်းအားကို စုပ်ယူနေခဲ့သည်။ သို့သော်လည်း ထိုအရာက အလွန် နှေးကွေးသော နည်းစနစ်တစ်ခု ဖြစ်ရာ ကောင်းကင် အမြုတေ ရရန်အတွက် အနည်းဆုံး ဆယ်နှစ်ခန့် ကျင့်ကြံ ရပေလိမ့်မည်။

ချန်းဖန်သည် နတ်ဘုရား စိတ်အာရုံကို ရှေးဟောင်း ကျူးဝမ်တစ်မြို့လုံးသို့ ဖြန့်ကြက်ထားရာ ဘိုးဘေး ဘုရားကျောင်း အတွင်းရှိ မိန်းကလေး၏ တည်ရှိမှုကို ခံစား၍ ရနေခဲ့သည်။

သို့သော်လည်း လူကိုယ်တိုင် မတွေ့ရသည်က ရက်ရှည်ကြာခဲ့ပြီ ဖြစ်ရာ ချန်းဖန်၏ စိတ်အတွင်း၌ သတိရသော ခံစားချက်က ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

"စိတ်ဝင်စားစရာပဲ ... အခုထိ အရှင် ကောင်းကင် ညီမျှခြင်းနဲ့ ပတ်သက်တဲ့ မှတ်တမ်း တစ်ခုကိုတောင် ငါ မတွေ့ရဘူး ... ဘယ်လို ဖြစ်နိုင်မှာလဲ ... ဒါပေမဲ့ သူတို့တွေက ကမ္ဘာရဲ့ ကျင့်ကြံသူတွေ ဆိုတာတော့ သေချာတယ် ... သူတို့ရဲ့ ကျင့်စဉ်တွေက ယွင်ထျန်း နန်းတော်နဲ့ အမတေ ပေါင်းစည်းခြင်း ဂိုဏ်းရဲ့ အငွေ့အသက်တွေ ဖုံးလွှမ်းနေတယ်"

ချန်းဖန်သည် နတ်ဘုရား စိတ်အာရုံဖြင့် ဘိုးဘေး ဘုရားကျောင်း အတွင်းရှိ စာအုပ် များစွာကို ဖတ်ရှုခဲ့ပြီး ဖြစ်သည်။ သူသည် အဆောင်များဖြင့် ချိပ်ပိတ်ထားသော လျှို့ဝှက်ခန်းများထဲရှိ စာအုပ်များကိုပင် အလွတ် မပေးခဲ့ချေ။

သို့သော်လည်း သူ၏ နတ်ဘုရား စိတ်အာရုံသည် ဘိုးဘေး ဘုရားကျောင်း အတွင်းရှိ ”အရှေ့ဂြိုဟ်" ဟု ရေးထားသော အခန်း အစီအရင်ကိုမူ ယခုထိ မထိုးဖောက် နိုင်သေးချေ။

"အဲဒီ လျှို့ဝှက်ခန်းကိုတော့ လူကိုယ်တိုင် သွားကြည့်မှပဲ ဖြစ်တော့မယ် ထင်တယ် ...”

ချန်းဖန်က လက်ဖြင့် မေးစေ့အား ပွတ်သပ်လိုက်၏။

ထိုအချိန်မှာ တံခါးခေါက်သံတစ်ခု ပေါ်ထွက်လာသည်။ အဘိုးကြီးတင်းသည် ရှောင်မန် ပြန်လာပြီ အထင်ဖြင့် ဝမ်းသာအားရ တံခါး သွားဖွင့်၏။

"ဟမ် ...”

သို့သော်လည်း စိတ်ပျက်စွာပင် အဘိုးကြီးတင်းသည် ရှောင်မန်အစား အခြား အနက်ရောင်ဝတ် လူငယ် တစ်ယောက်ကိုသာ တွေ့လိုက်ရသည်။ လူငယ်က အဘိုးကြီးတင်းကို တွန်းဖယ်ကာ အခန်းအတွင်း ဝင်ရောက် လာခဲ့၏။

"မိတ်ဆွေ ... ဒါက ကျုပ်တို့ရဲ့ ကိုယ်ပိုင်အိမ်ပါ ... လူတိုင်း လာနိုင်တဲ့ ဇရပ် မဟုတ်ပါဘူး"

အဘိုးကြီးတင်းက လူငယ်အား ဟန့်တားရန် ကြိုးစားလိုက်၏။ သို့သော်လည်း အတွင်းပိုင်းမှ ချန်းဖမ်၏ အသံက ပျံ့လွင့် လာခဲ့သည်။

"သူ့ကို ဝင်ခွင့်ပြုလိုက်ပါ ...”

"ကောင်းပါပြီ ...”

အဘိုးကြီးတင်းက နာခံစွာ ခေါင်းညိတ်လိုက်၏။

ထို့နောက် ချန်းဖန်က လူငယ်ကို ထိုင်ခုံ တစ်ခုတွင် နေရာပေးကာ သူကိုယ်တိုင်လည်း အခြားထိုင်ခုံ တစ်ခုတွင် ဝင်ထိုင်လိုက်သည်။

"ခင်ဗျားက ရှေးဟောင်း ကျူးဝမ်မြို့ရဲ့ စောင့်ရှောက်သူ ချင်လော့မလား ...”

ချန်းဖန်က တည်ငြိမ်စွာပင် မေးလိုက်၏။

"အင်း ...”

ချင်လော့က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

"ခင်ဗျား နာမည်က ချန်းဖန် ... ခင်ဗျား ဘယ်ကနေ လာတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိပေမဲ့ လူတွေကတော့ ခင်ဗျားဟာ ဆူးပြည်နယ်ကနေ လာတယ်လို့ ဆိုကြတယ် ...”

"ခင်ဗျားက ရှေးဟောင်း ကျူးဝမ်မြို့ရဲ့ ကုန်သည်မိသားစု တစ်ခုမှာ မွေးဖွားလာတယ် ... ဒါပေမဲ့ ခင်ဗျားရဲ့ လုပ်ငန်း အများစုက ဆူးမြို့မှာပဲ ရှိတယ် ... မိဘတွေ သေဆုံးပြီးတဲ့ နောက်မှာ ခင်ဗျားက မွေးရပ်မြေကို ပြန်လာတယ် ...”

"အဲဒီ အချိန်ကစလို့ ခင်ဗျားဟာ စီးပွားရေးထက် သမိုင်း လေ့လာမှုမှာပဲ အာရုံစိုက် နေခဲ့တယ် ... ခင်ဗျားရဲ့ အစေခံက ဆေးပညာ ကျွမ်းကျင်တဲ့ တန်ခိုးရှင် ကျင့်ကြံသူ တစ်ယောက် ဒီတော့ ခင်ဗျားဟာလည်း ကျင့်ကြံသူ တစ်ယောက် ဖြစ်မှာပဲ ... ခင်ဗျားက ရှောင်မန်ကို ကယ်ဖို့ အခြေခံ တည်ဆောက်ခြင်း အဆင့် ရေမွန်းစတား တစ်ကောင်ကို သတ်ခဲ့ဖူးတယ် ဆိုတော့ အနည်းဆုံး ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို ရောက်နေတာ သေချာတယ် ... ဟုတ်တယ် မလား"

ချန်းဖန်သည် ရှေးဟောင်း ကျူးဝမ်မြို့၌ သုံးလခန့်သာ နေရသေးသည်။ သို့သော်လည်း ထိုချင်လော့မှာ သူ့အကြောင်းအား သေချာ လေ့လာထားခဲ့ပြီး ဖြစ်ပုံရသည်။

"ခင်ဗျားက အရမ်း လျှို့ဝှက်တယ် ... နောက်ပြီး ခင်ဗျားရဲ့ အပြုအမူတွေကလည်း စီးပွားရေး သမား တစ်ယောက် ဖြစ်ဖို့ နူးညံ့လွန်းတယ်"

"ဒါပေမဲ့ ခင်ဗျား ဘယ်သူဘယ်ဝါ ဘယ်က လာတယ် ဘာရည်ရွယ်ချက်နဲ့ လာတယ် ဆိုတာ ကျုပ်တို့ စိတ်မဝင်စားဘူး ... ကုန်ကုန် ပြောရရင် ခင်ဗျား ရှောင်မန်ရဲ့ ကိုယ်ထဲက ကျိန်စာကို ဘယ်လို ဖယ်ရှားပေးခဲ့တယ် ဆိုတာတောင် ကျုပ်တို့ ဂရုမစိုက်ဘူး"

ချင်လော့က ထိုင်ရာမှထကာ ချန်းဖန်၏ မျက်လုံးအား စူးစိုက် ကြည့်လိုက်၏။

"ရှောင်မန်ဟာ ကျုပ်တို့ ကျူးဝမ် မျိုးနွယ်အတွက် အရမ်း တန်ဖိုးရှိတယ် ... သူမဟာ ကျုပ်တို့ ကျူးဝမ်မျိုးနွယ် ပြန်လည် ထွန်းတောက်ဖို့ အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပဲ ... တကယ်လို့ ခင်ဗျား သူ့ကို ဆွဲချမယ်ဆိုရင် ကျုပ်ကိုယ်တိုင် ခင်ဗျားကို သတ်မယ်"

ထို့နောက် ချင်လော့မှာ ချန်းဖန်၏ အဖြေကိုပင် မစောင့်တော့ပဲ ထွက်ခွာ သွားတော့၏။

သူ၏ ပုံစံက အနည်းငယ် ရိုင်းပျသော်လည်း တစ်ချိန်တည်း၌ ရှောင်မန်ကို မည်မျှ တန်ဖိုးထားကြောင်း ဖော်ပြနေသည်။ သို့ဖြစ်ရာ ချန်းဖန်မှာ ထိုအပြုအမူများအတွက် စိတ်ထဲ ထားမနေတော့ချေ။

"သခင် ... သူကဘာကို ပြောချင်တာလဲ"

ချင်လော့ ပျောက်ကွယ် သွားပြီးနောက် အဘိုးကြီးတင်းက မေးသည်။

"သူက ငါ့ကိုလာပြီး သတိပေးတာ ...”

ချန်းဖန်က ပြုံးလိုက်၏။

"ရှောင်မန်က ကျုးဝမ် မျိုးနွယ်တွေရဲ့ အနာဂတ်လို့ ဆိုနိုင်တယ် ... ဒါပေမဲ့ ငါကတော့ လျှို့ဝှက်တဲ့ သူစိမ်း တစ်ယောက်လေ ... ဒီတော့ သူတို့က ငါ ရှောင်မန်ကို တစ်ခုခု လုပ်မှာကို စိုးရိမ် နေကြတာ"

နောက်တစ်နေ့ အရောက်၌ ရှောင်မန်ထံမှ သတင်းပို့လာ၏။ ထိုသတင်းကား သူမ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ တက်လှမ်းပြီးမှ အိမ်သို့ ပြန်လာမည်ဆိုသော သတင်းပင်။

အဘိုးကြီးတင်းမှာ ထိုသတင်းကို ကြားရသည့် အချိန်မှစ၍ ငေးငိုင်နေတော့၏။ သူသည် သူစိုက်ပျိုးထားသည့် ဥယျာဉ်အတွင်းရှိ ပန်းပင်များကိုပင် ရေလောင်းရန် မေ့လျော့နေခဲ့သည်။

ချန်းဖန်ကမူ တိတ်ဆိတ်စွာပင် ကျင့်ကြံနေခဲ့သည်။

တစ်ပတ် ...

နှစ်ပတ် ...

သုံးပတ် ...

ရှောင်မန်သည် ယခုအထိ ပြန်လည် ရောက်မလာ သေးချေ။

ထိုအတော အတွင်း၌ ...

အဘိုးကြီးတင်းသည် ချန်းဖန် ခဏခဏ ပျောက်သွားတတ်သည်ကို သတိပြုမိသည်။ သူသည် ရက်အနည်းငယ် ကြာမှ ပြန်လည် ရောက်လာတတ်၏။

အဘိုးကြီးတင်းသည် ချန်းဖန် မည်သည့် နေရာများသို့ သွားသည်ကို မမေးရဲသလို သိလည်း မသိချေ။ သို့သော်လည်း ပြန်လည် ရောက်လာသည့် အချိန်တိုင်း၌ ချန်းဖန်၏ မျက်နှာတွင် ဒဏ်ရာ အချို့ ပါလာတတ်ကို ရိပ်ခနဲ မြင်ရတတ်သည်။

သုံးလ ကြာပြီးနောက် ...

ချန်းဖန် အိမ်သို့ ပြန်လည် ရောက်ရှိ၍ အင်္ကျီလဲပြီး မကြာခင်မှာပင် ခရမ်းရောင် ဝတ်စုံဝတ် မိန်းကလေး တစ်ယောက် ခြံဝင်းအတွင်း ကဆုန်ပေါက်ကာ ပြေးဝင်လာ၏။

"အစ်ကို ...”

***

All Chapters