မဟာ အသွင်ပြောင်းခြင်း
Vol. 112 Ch. 1564
“အား...”
ထိုအော်ဟစ်သံမှာ ကုန်းရီထံမှ ဖြစ်၏။ အားလုံး လှမ်းကြည့်လိုက်သော အခိုက်၌ ထိုကောင်းကင် ဧကရာဇ်၏ မျက်လုံး တစ်ဖက်မှာ လုံးဝ ပေါက်ကွဲထွက်သွားသည်ကို မြင်လိုက်ရသည်။ သွေးများမှာ အဆုံးမဲ့စွာပင် စီးကျနေ၏။
ထျန်းဝေလုံက ကုန်းရီကို အဆုံးမဲ့ ကောင်းကင် စွမ်းအင်ဖြင့် လွှမ်းခြုံလိုက်ကာ နောက်ကို ဆုတ်စေလိုက်သည်။ ထို့နောက် သူက ထိုးစစ်ကို အရှိန်မြှင့်လိုက်၏။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း အသေးစား ဂြိုဟ်တစ်ခုလောက် အရွယ်အစား ရှိသည့် အနီရောင်၊ ဦးချို နှစ်ခုပါ နဂါးကို ဆင့်ခေါ်လိုက်သည်။ ၎င်းမှာ အပြည့်အဝပင် အသက်ဝင်နေကာ ကျယ်လေင်သည့် ဟိန်းဟောက်သံကို ထုတ်လွှတ်ရင်း ဝူယုကို ကိုက်ဝါးလိုက်လေ၏။
ထျန်းဝေလုံ၏ တိုက်ခိုက်မှုကြောင့် ရရှိလာသော အချိန်ကလေးတွင် ကောင်းကင် ဧကရာဇ်ပိုင်က ကုန်းရီကို ဖမ်းလိုက်၏။ ရုတ်တရက် သူ့ခန္ဓာကိုယ်က တုန်ခါသွားသလို ခံစားလိုက်ရသည်။ ကုန်းရီ၏ ခန္ဓာကိုယ်ကို အဆိပ်အတောက် တစ်ခုသဖွယ် စွဲကပ်နေသည့် ကောင်းကင် အင်ပါယာ စွမ်းအားများက သူ့ထံသို့ ကူးစက် လာခဲ့ခြင်း ဖြစ်သည်။ သူက လျှို့ဝှက် စွမ်းအင်ကို အတင်းအကြပ် မြှင့်တင်ပေးနိုင်သည့် ကျင့်စဉ် တစ်ခုကို သုံးကာ ဝူယု၏ ထူးဆန်းသည့် အင်အားများကို ခုခံလိုက်သည်။
ထို့နောက်တွင်တော့ တုန့်ဆိုင်းခြင်း မပြုပဲ အဆုံးမဲ့ ကောင်းကင်ဘုံ အတွင်း ရောက်သည်အထိ ဆုတ်ခွာ လိုက်တော့၏။ ကုန်းရီကတော့ ပြင်းထန်သည့် စွမ်းအင်များ၏ ထိုးနှက်မှု အောက်တွင် သတိလစ်သွားလိုက်၊ ပြန်ရလိုက် ဖြစ်နေခဲ့သည်။
“ငါ…တိုက်ခိုက်ဖို့...”
သူက စကားပြောဖို့ ကြိုးပမ်းလိုက်သော်လည်း အသက်ရှူသံကဲ့သို့ပင် သူ၏ ဝိညာဉ် ဆက်သွယ်မှုက လုံးဝ ရှုပ်ထွေး နေခဲ့သည်။ ကုန်းရီထံမှ ဆက်လက် တိုက်ခိုက်လိုသည့် ဆန္ဒများကို ခံစားမိသည့်တိုင် ကောင်းကင် ဧကရာဇ်ပိုင် လျစ်လျူလိုက်၏။
“ဘုရားရေ..”
ရုတ်တရက်... ထျန်းရှန်းယန်၏ မျက်လုံးများက ပြူးကျယ်သွားကာ ထိတ်လန့် တကြား ထအော်လိုက်၏။ ယန်ချောင်ယွီ၊ ထျန်းလင်းယု၊ ကျန်းကျိရီ၊ ဟန်ယုဟိုင်နှင့် အခြား လျှို့ဝှက် အာဏာရှင်များအားလုံးမှာ ဝူယု လက်တစ်ဖက်အား မြှောက်လိုက်သည်ကို တွေ့မြင်လိုက်ကြရ၏။
ဘုန်း...
ချက်ချင်းပင် အမှောင် ဟင်းလင်းပြင် အတွင်း၌ အလွန်တရာ ကြီးမားလွန်းလှသည့် လှံကြီးတစ်စင်း ဖြစ်ပေါ်လာခဲ့သည်။ ၎င်းမှာ ထျန်းဝေလုံ ဖန်တီးထားသည့် နဂါးကြီးထက်ပင် ပိုကြီးကာ အသွားစွန်းမှာ အဆုံးမဲ့ ထက်မြိမှုတို့နှင့် ပြည့်နှက် နေခဲ့လေ၏။
ဝူယုမှာ လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့်ပင် အကန့်အသတ်မဲ့ ခွန်အားများအား သယ်ဆောင်ထားသည့် နတ်ဘုရား လက်နက် တစ်ခုကို ဆင့်ခေါ်လိုက်ပြီ ဖြစ်လေတော့သည်။
ထျန်းဝေလုံ၏ မျက်လုံးများမှာ ထိစပ်လုမတတ် ကျဉ်းမြောင်းသွားခဲ့၏။ လှံသွားထံမှ ထက်မြိမှုက အဝေးမှပင် သူ၏ အရေပြားကို လှီးဖြတ်သွားကာ သွေးများ ယိုစိမ့်ထွက်လာခဲ့၏။ သူ ဝတ်ဆင်ထားသည့် နဂါးဝတ်ရုံက ပိုမို၍ စုတ်ပြတ်လာခဲ့သည်။ သို့သော်လည်း သူသည် နောက်မဆုတ်ခဲ့ပေ။
ဘုန်း... ဘုန်း...
လျှို့ဝှက် အမြုတေထံမှ လျှို့ဝှက် စွမ်းအင်များကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပြင်းထန်သော စွမ်းအားများနှင့် ပွက်ပွက်ဆူ လာခဲ့သည်။ သူ၏ မျက်လုံးများက မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် ကြည်လင် ပြတ်သားလာခဲ့၏။
ဝူယု၏ မျက်ခုံးများမှာ မဆိုသလောက် တွန့်သွားသည်။ အလေးအနက်ထားသည့် အမူအရာ တစ်ခုက ပထမဆုံး အကြိမ် အနေဖြင့် သူ့ မျက်နှာထက်တွင် ပေါ်လာခဲ့သည်။
ထျန်းဝေလုံသည် အဆုံးမဲ့ ကောင်းကင် အော်ရာ၏ အနှစ်သာရ စွမ်းအားကို ဖော်ထုတ် နေခဲ့ပြီ ဖြစ်သည်။ ထိုအရာက မည်သည်နှင့် ဆင်တူသနည်း ဆိုသော်...
“မဟာ အသွင်ပြောင်းခြင်း...”
ထျန်းဝေလုံက မိုးကြိုးထစ်ချုန်း သကဲ့သို့ အသံမျိုးဖြင့် ဟိန်းဟောက်လိုက်လေ၏။ ထို့နောက်တွင်တော့ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ မယုံကြည်နိုင်စရာ ကောင်းလောက်သည့် အပြောင်းအလဲများကို စတင် ကြုံတွေ့ လာခဲ့ရတော့သည်။
သူ၏ ဆံပင်များက ပိုရှည်လာကာ ရွှေရောင် မျက်လုံးများမှာ ရောင်စုံ ကြယ်တာရာ ပန်းချီကားတစ်ခု သဖွယ် ဖြစ်လာခဲ့၏။ သူ၏ အရေပြားကလည်း မဟူရာ ရွှေရောင် အဆင်းသို့ ပြောင်းလဲကာ ကြယ်တာရာများ အတိ ဖုံးလွှမ်း သွားခဲ့သည်။ ကြယ်တာရာများမှာ နေရာတိုင်းတွင် ထင်ရှားစွာ ပေါ်လွင်နေကာ အလွန်အသက်ဝင်နေလှ၏။ ၎င်းတို့ တစ်ခုချင်းစီမှာ ကိုယ်ပိုင် ပတ်လမ်းများနှင့် အတူ ထျန်းဝေလုံကို ဗဟိုပြုကာ အလွန် လျှင်မြန်စွာ ရွေ့လျားနေပုံ ရသည်။
ဝူယု၏ မျက်လုံးများမှာ နောက်ဆုံးတွင် ပွင့်လာခဲ့၏။ သူက ထျန်းဝေလုံ၏ ကြီးကျယ်ခမ်းနားသော အသွင်ပြောင်းလဲမှုကို တိတ်တဆိတ်ပင် ငေးကြည့်နေကာ အင်ပါယာ ကောင်းကင် ချီနည်းလမ်းနှင့် ၎င်းကြား ဆက်စပ်မှု ရှိ၊ မရှိကို အကဲခတ် နေခဲ့သည်။ ၎င်းတို့၏ ဖွဲ့စည်းပုံမှာ အလွန်ပင် ဆင်တူသော်လည်း အခြေခံအုတ်မြစ်ကတော့ အခြေခံအားဖြင့် ကွဲပြားသည်ဟု သူ မှတ်ချက်ချလိုက်၏။
ရင်းမြစ် တစ်ခုခုမှ လှုံ့ဆော်မှုကို ရယူ၍ စွမ်းအင် မြှင့်တင်ပေးသည့် နည်းစနစ်များ၊ ကျင့်စဉ်များမှာ ကျင့်ကြံခြင်း လောကတွင် ပုံမှန်ဟုပင် ဆိုနိုင်ပေသည်။
ဝူယု၏ ကောင်းကင် အင်ပါယာချီ နည်းလမ်းမှာ သွေးမျိုးဆက် အတွင်းမှ စွမ်းအင် ရင်းမြစ်ကို အသုံးပြု၍ မဟာ အသွင်ပြောင်းခြင်းအား ထုတ်ဖော်ခြင်း ဖြစ်ကာ ထျန်းကလန်၏ နည်းလမ်းကတော့ ဝိညာဉ် အတွင်းရှိ ရင်းမြစ်ကို သုံးပေသည်။ သွေးမျိုးဆက်နှင့် စိတ်ဝိညာဉ်တို့မှာ ကျင့်ကြံခြင်း လမ်းစဉ်၏ ပထမ အဆင့်တွင်ပင် သိသာ ထင်ရှားသည့် အခြေခံ ကွဲပြားမှုများ ဖြစ်သည်။
မည်သို့ပင် ဆိုစေ... ထျန်းဝေလုံ၏ အသွင်ပြောင်းလဲမှုမှာ ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်သည့် မြင်ကွင်း တစ်ခုကို ဖန်တီး နေပေသည်။ သူက ရွှေရောင် အဆင်း ရှိသည့် နတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူနေကာ လှုပ်ရှားမှုတိုင်း၌ စကြဝဠာ တစ်ခုလုံး၏ အင်အားကိုပင် သယ်ဆောင်ထားပုံ ရသည်။ တဖြည်းဖြည်းနှင့် သူ့ စွမ်းအင်များက ပိုမို၍ မြင့်တက်လာကာ ဝူယု၏ တတိယမြောက် မဟာ အသွင်ပြောင်းခြင်းနှင့် နှိုင်းယှဉ်နိုင်သည် အထိ ရောက်ရှိသွားခဲ့၏။
နောက်ဆုံး၌ ဝူယုက ဖြည်းညင်းစွာပင် မတ်တပ်ရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ အင်ပါယာ ကောင်းကင်စွမ်းအင်ဖြင့် တုန်ခါနေကာ ပတ်ဝန်းကျင် အာကာသမှာ လှပသည့် ကြယ်တာရာ အလင်းများဖြင့် တောက်ပနေလေ၏။
ပထမ မဟာ အသွင်ပြောင်းလဲခြင်း...
သူ၏ လျှို့ဝှက် စွမ်းအင်က ခန္ဓာကိုယ် အတွင်း၌ တုန်ခါလာကာ အင်ပါယာ ကောင်းကင် အော်ရာနှင့် လုံးဝ ပေါင်းစပ်သွားပြီး အံ့ဩဖွယ် စတင် ပြောင်းလဲ လာခဲ့သည်။ ထို့နောက်တွင်တော့ သူ့ ခန္ဓာကိုယ် တစ်ခုလုံးရှိ လျှို့ဝှက် စွမ်းအင်များမှာ အင်ပါယာ စွမ်းအင် အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ မန်နာများမှာ အရှိန်အဟုန်နှင့် စတင် ပေါက်ကွဲ လာကြ၏။
ဒုတိယ မဟာ အသွင်ပြောင်းလဲခြင်း...
“မင်းတို့ရဲ့ အသွင်ပြောင်းခြင်းက အဆင့် တစ်ခုပဲ ရှိတယ်...”
ဝူယုက ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထျန်းဝေလုံမှာ နတ်ဘုရားကဲ့သို့ စွမ်းအားများကို ပိုင်ဆိုင်ထားသည့်တိုင် ရွှေရောင် အလင်းများ အလယ်တွင် စတင် တုန်ခါလာခဲ့သည်။
ယခု ကွာခြားချက်ကို သူ ရှင်းလင်းစွာ မြင်နိုင်ခဲ့ပြီ ဖြစ်သည်။ ဝူယု၏ အင်ပါယာ ကောင်းကင်ချီ နည်းလမ်း၏ မဟာ အသွင်ပြောင်းခြင်းတွင် ခြားနားသည့် အဆင့်များ ပါဝင်သည်။ သို့သော်လည်း အဆုံးမဲ့ ကောင်းကင် ကျမ်းစာတွင်တော့ အဆင့်က တစ်ဆင့်တည်း ပါဝင်ပေသည်။ သူတို့က ဝိညာဉ် အတွင်း ကျင့်ကြံထားသည့် စွမ်းအင်များကို အဆင့်တစ်ခုတည်း အဖြစ်သာ ထုတ်ယူ အသုံးပြုနိုင်သည်။
ထိန်းချုပ်မှုအရ... ဝူယု၏ အင်ပါယာ ကောင်းကင် ချီနည်းလမ်းက ပိုမိုကောင်းမွန်နေသည်မှာ ရှင်းနေသည်။ ၎င်းမှာ လျှို့ဝှက် အာဏာရှင်အဆင့်ကို မရောက်သေးသူများအတွက် ပို၍ပင် အသုံးဝင်သည်။
အကယ်၍ လုံချန်နှင့် ဝူပိုင်ကျိုးတို့သာ အဆုံးမဲ့ ကောင်းကင် ကျမ်းစာကို ကျင့်ကြံခဲ့ပါက လျှို့ဝှက် အာဏာရှင် အဆင့်ကို မရောက်မချင်း မဟာ အသွင်ပြောင်းခြင်းကို အသုံးပြုနိုင်လိမ့်မည် မဟုတ်ပါချေ။ ၎င်းကို ချို့ယွင်းချက် တစ်ခုဟု ယူဆနိုင်သော်လည်း မဟာ အသွင်ပြောင်းလဲခြင်း၏ အကျိုးကျေးဇူးများကို အသေးစိတ် မသိပဲ ဆုံးဖြတ်ဖို့ ခက်ခဲသည်ဟု ဝူယု တွေးလိုက်မိသည်။
ထျန်းဝေလုံ၏ မျက်လုံးများမှာ ဝူယု၏ လျင်မြန်စွာ ပြောင်းလဲနေသော စွမ်းအင်များ အပေါ် အာရုံစိုက်နေခဲ့သည်။ နောက်ဆုံး၌ ထိုမဟာ သူရဲကောင်းအား လှုပ်ရှားလာအောင် လုပ်နိုင်ခဲ့သည့် အပေါ် သူ ကျေနပ် နေခဲ့မိသည်။ ထို့အပြင် ဝူယု၏ ကျင့်ကြံခြင်း နည်းလမ်းမှာ သူတို့နှင့် ဆင်တူ သလို ရှိသော်လည်း ကွာခြားနေကြောင်း သူ သဘောပေါက် သွားခဲ့သည်။
ဝူယု၏ မျက်လုံးများမှာ နောက်ဆုံး၌ လုံးဝ အသွင်ပြောင်းလဲ သွားကာ အမှောင် ဟင်းလင်းပြင် တစ်ခု အလား မဲနက် လာခဲ့သည် အဆုံးမဲ့ ကြယ်တာရာများမှာ နေရာ အနှံ့ ပျံ့ကြ နေခဲ့၏။ သူ၏ အရေပြားမှာလည်း အလားတူ ပြောင်းလဲမှုများနှင့် ကြုံတွေ့လာခဲ့ရသည်။
တစ်ချိန်တည်း၌ သူ၏ ဆံပင်များမှာလည်း ရှည်လျားကာ ချွန်ထက် လာခဲ့၏။ ခန္ဓာကိုယ်ကလည်း ပိုမို၍ ထွားကြိုင်းလာကာ ကြီးမြတ်သည့် စွမ်းအားများနှင့် ပြည့်လျှံလာသည်နှင့် အမျှ သူ့ တည်ရှိမှု တစ်ခုလုံးမှာ ပြောင်းလဲ လာခဲ့တော့၏။
တတိယမြောက် မဟာ အသွင်ပြောင်းလဲခြင်း...
သူတို့ နှစ်ဦးလုံး မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေကြ၏။ တစ်ဦးမှာ ညကောင်းကင်ကဲ့သို့ မဲနက်နေပြီး နောက်တစ်ဦးကတော့ ရွှေရောင် အဆင်းနှင့် တောက်ပနေသည်။
ဝူယုမှာ မည်သည့် မဟာ အသွင်ပြောင်လဲခြင်းက ပိုမို၍ အားကောင်းသည်ကို သိလိုနေခဲ့ပြီ ဖြစ်သည်။
***