← Chapters

ဖိတ်ခေါ်မှု

Vol. 112 Ch. 1566

ဖိတ်ခေါ်မှု

Vol. 112 Ch. 1566

ဘုန်း... ဘုန်း...

ဧရာမလှံကြီးမှာ ထွင်းဖောက်သွားရာ လမ်းတစ်လျှောက်တွင် ပေါက်ကွဲမှုများကို ချန်ရစ်ကာ အဆုံးမဲ့ ကောင်းကင်ဘုံထံ တိုးဝင်လာနေခဲ့၏။ အသံနှင့် စွမ်းအင် တုန်ခါမှုလှိုင်းများ အောက်တွင် နယ်မြေ အကာအကွယ် ဝင်္ကပါများပင်လျှင် တဟုန်းဟုန်း တုန်ဟီး နေခဲ့လေသည်။

"သူက ငါတို့ရဲ့ ဘုံတစ်ခုလုံးကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား..."

ထျန်းရှန်းယန်၏ လက်များမှာ စိတ်လှုပ်ရှားမှုများကြောင့် တုန်ရီ၍ပင် နေခဲ့ပြီ ဖြစ်သည်။ လှံမှ ထွက်ပေါ်နေသည့် စွမ်းအင်များမှာ နတ်ဘုရား တစ်ပါး အလား ခမ်းနား ထည်ဝါလှကာ မည်သည့်အရာကို မဆို ထိုးဖောက်နိုင်ပုံ ရသည်။

ထျန်းရှန်းယန် ယန်ချောင်ယွီနှင့် ထျန်းလင်းယုတို့ဘက်ကို လှည့်ကြည့်လိုက်၏။ ဝေ့ဝူယင်က စစ်ပွဲတစ်ခုကို စတင်လိမ့်မည် မဟုတ်ဟု သူတို့ ပြောခဲ့သည် မဟုတ်ပါလား။

အခြေအနေကို စောင့်ကြည့်နေကြသည့် ထျန်းမျိုးနွယ်ဝင်တိုင်းမှာ မီးဖီးနစ်နှင့် ရင်ဆိုင်ခဲ့ရသည့် အစစ်အမှန် မွေးဖွားခြင်း နည်းတူပင် ချွေးများ တဒီးဒီး စီးကျလာခဲ့သည်။ သူတို့က နတ်ဘုရား ဧကရာဇ် အပေါ် မျက်စိစုံမှိတ် ယုံကြည်မှု ရှိကြသော်လည်း မစိုးရိမ်ပဲ မနေနိုင်သည့် အကြောင်းရင်း တစ်ခု ရှိပေသည်။ ၎င်းကတော့ ဝေ့ဝူယင် ဆိုသည့် သေမျိုး ကျင့်ကြံသူပင်။

ဝေ့ဝူယင်မှာ အသက် တစ်ရာ မပြည့်ခင်မှာပင် လောက အဂ္ဂိရတ် ရှန့်ထို ဖြစ်လာခဲ့သည့် ပြိုင်စံရှား ပါရမီရှင် တစ်ဦး ဖြစ်သည်။ ထို့အပြင်... ဒဏ္ဍာရီလာ မြွေနဂါးကြီးနှင့်ပင် ရင်ဆိုင် တိုက်ခိုက်နိုင်သည့် ကိုယ်ပိုင် စွမ်းအင်များကို ပိုင်ဆိုင်ထား၏။ သူက အဆုံးမဲ့ ကောင်းကင် နေကြယ်ထက်ပင် ပိုမို ကြီးမားသည့် နေကြယ်ကြီး တစ်ခုကိုလည်း ပိုင်ဆိုင်ထားကာ အစစ်အမှန် မွေးဖွားခြင်းကိုပင် အရှုံးပေးစေခဲ့သူ ဖြစ်သည်။ ထို့အပြင် သူ့ လက်အောက်၌ လူသိရှင်ကြား ဖော်ထုတ်ထားသည့် မြေကြီး ရှန့်ထိုများ ပင်လျှင် ရှစ်ဆယ်ကျော် ရှိပေသည်။

သို့ဖြစ်လေရာ သူတို့ မစိုးရိမ်ပဲ မည်ကဲ့သို့ နေနိုင်မည်နည်း။

ဟူး... ဟူး...

ရုတ်တရက်... ပြည်သူပြည်သားများထံမှ စိုးရိမ် ပူပန်မှုများကို ကြားလိုက်ရသည့် အလား အော်ရာ တစ်ခုမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ တစ်လျှောက် ပျံ့လွင့်လာခဲ့သည်။ ချက်ချင်းပင် မြေကြီး ရှန့်ထိုများ အပါအဝင် ကျင့်ကြံသူ အားလုံးမှာ သူတို့ဘဝ အတွက် အကြီးမားဆုံး မှီခိုရာတိုင် တစ်ခုကို ရှာတွေ့လိုက်ရသည့် အလား သူတို့၏ နှလုံးသားနှင့် စိတ်ဝိညာဉ်များမှာ ပြန်လည်၍ ငြိမ်သက် သွားခဲ့ကြ၏။

ယန်ချောင်ယွီ၏ မျက်နှာထားက သိသိသာသာပင် ပြောင်းလဲ သွားခဲ့သည်။

“လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်...”

အခြား တစ်ဖက်၌... ဝူယု၏ မျက်လုံးများမှာလည်း အံ့မခန်း တောက်ပလာကာ တတိယမြောက် မဟာ အသွင်ပြောင်ခြင်းမှာလည်း ပိုမို ကြီးကျယ် ခမ်းနားသည့် အငွေ့အသက်များကို ထုတ်လွှတ် လာခဲ့သည်။ သိသိသာသာ လင်းလက်လာပြီး သူ၏ တတိယမြောက် ကြီးမားသော အသွင်ပြောင်းလဲမှုသည် ပိုမိုကြီးမားသော အငွေ့အသက်ကို ထုတ်လွှတ်လာသည်။ သူက နှလုံးသား အတွင်း ခိုအောင်းနေသည့် လောက သင်္ကေတကို ထိတွေ့လိုက်ရာ လှံ၏ မူလ အော်ရာမှာ အဖြူရောင် အစင်းသို့ ပြောင်းလဲ သွားခဲ့လေသည်။

"ငါ နားလည်ပြီ..."

ရုတ်တရက်... အသံ တစ်ခု ပဲ့တင်ထပ်လာ၏။ ထို့နောက်တွင်တော့ လောကနှလုံးသား ရည်ရွယ်ချက် အော်ရာမျာ ပြန်လည်၍ ရုတ်သိမ်း သွားခဲ့သည်။ ထိုလုပ်ရပ်က အဆုံးမဲ့ ကောင်းကင်ဘုံ အတွင်း တည်ရှိနေသမျှ သက်ရှိများ အားလုံးကို ဖျက်ဆီးရန် ဖိတ်ခေါ်နေသကဲ့သို့ပင်။

ဝူယု မျက်မှောင်ကြုတ် သွားခဲ့၏။ အကယ်၍ ထိုတိုက်ခိုက်မှုသာ အဆုံးမဲ့ ကောင်းကင်ဘုံပေါ် ကျရောက် သွားပါက လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းခန့် ကာလ အတွင်း အကြီးမားဆုံးသော ကပ်ဘေးကြီး တစ်ခု ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။ သံသယ ဖြစ်စရာ မရှိပါချေ။

"ဟမ့်..."

အေးစက်စက် နှာခေါင်းရှုံ့သံနှင့် အတူ ဝူယုက လက်ကို နောက်ပြန် ဆွဲလိုက်ရာ လှံ၏ အရှိန်အဟုန်မှာ လျှင်မြန်စွာ လျော့ကျသွားခဲ့၏။ နှာခေါင်းဆီမှ ကြယ်ရောင် သွေးများ စီးကျလာခဲ့သော်လည်း လှံ၏ စွမ်းအားအပေါ် ထိန်းချုပ်မှုကို ရပ်တန့် ပစ်လိုက်ခြင်း မရှိပါချေ။ ထိုလုပ်ဆောင်မှုကြောင့်ပင် သူ၏ သွေးကြောများ၊ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့မှာ နာကျင်မှုစွာ အော်ဟစ် လာကြ၏။

ဝှစ်...

ထို့နောက်တွင်တော့... လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ မျက်လုံး တစ်မှိတ်အတွင်းမှာပင် လှံမှာ လုံးဝ ရပ်တန့်သွားခဲ့သည်။

ဝူယု၏ ခန္ဓာကိုယ်မှာ မူလနေရာမှ ပျောက်ကွယ်သွားကာ လှံကြီး၏နံဘေးသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် သူက လက်သီးကို ဆုပ်လိုက်ရာ လှံမှာ ကျုံ့ဝင် သွားခဲ့၏။ တစ်ခဏ အတွင်းမှာပင် နေကြယ်ပု အရွယ် လှံကြီးမှာ ကိုးပေမျှ အရှည်မျှသာ ရှိပေတော့သည်။ ၎င်းက အလိုအလျောက်ပင် ပျံသန်းလာလေရာ ဝူယုက ဆုပ်ကိုင်လိုက်၏။

“ဝင်ခဲ့ပါ...”

အသံက ငြိမ်သက်စွာပင် ဖိတ်ခေါ်လိုက်သည်။ တစ်ချိန်တည်းတွင်ပင် အဆုံးမဲ့ ကောင်းကင် အကာအကွယ် အစီအရင်ထက်၌ အပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဝူယုက စိတ်ရှုပ်ထွေးခြင်း၊ တုံ့ဆိုင်းနေခြင်းမရှိဘဲ ထိုအပေါက်ထဲကို ပျံသန်း ဝင်ရောက် သွားခဲ့သည်။

ကမ္ဘာလောက တစ်ခုလုံးကို တုန်လှုပ်စေမည့် အာရုဏ်ဦး အဂ္ဂိရတ် မဟာ သူရဲကောင်းနှင့် အင်ပါယာ ကလန်ကြားမှ တိုက်ပွဲမှာ ဖိတ်ခေါ်ခံရခြင်းနှင့် အတူ အဆုံးသတ် သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဝူယု အဘယ်ကြောင့် ရောက်ရှိလာခဲ့ရသည်၊ မည်ကဲ့သို့ ပြီးဆုံးသွားခဲ့သည်ကိုတော့ မည်သူ တစ်ဦး တစ်ယောက်မှ မသိခဲ့ကြပါချေ။ သေချာတာ တစ်ခုကတော့ မဟာ သူရဲကောင်းမှာ အဆုံးမဲ့ ကောင်းကင်ဘုံ အတွင်းကို အကြောက်အလန့် ကင်းမဲ့စွာဖြင့် တစ်ကိုယ်တော် ဝင်ရောက် သွားခဲ့ခြင်း ဖြစ်ပေသည်။

မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။

ဝှစ်...

ထျန်းလင်းယုမှာလည်း အဆုံးမဲ့ ကောင်းကင်ဘုံ အတွင်း ပြန်လည် လှမ်းဝင်လာခဲ့၏။ မိန်းကလေးမှာ ဝူယုက အဆုံးမဲ့ ကောင်းကင်ကို ထိခိုက်အောင် လုပ်လိမ့်မည် မဟုတ်ဟု ယုံကြည်နေသူ အနည်းငယ်ထဲမှ တစ်ယောက် ဖြစ်သည်။ သံသယ ဝင်လာသည့် အခါတိုင်း ဝေ့ဝူယင်နှင့် ရင်းနှီးစွာရှိခဲ့သည့် အချိန်များကို ပြန်လည် တွေးတောမိသည်နှင့် သူမ၏ နှလုံးသားက အလိုလိုပင် ငြိမ်သက် သွားခဲ့သည်။ ဝေ့ဝူယင်မှာ ထိုနည်းလမ်းဖြင့် သူမကို နာကျင်အောင် မလုပ်ဟု ကျိန်းသေ ယုံကြည်သည်။

ဝှစ်...

မကြာခင်မှာပင် မိန်းကလေးမှာ ဝူယုကို မိုင်ထောင်ပေါင်းများစွာ အကွာ၌ လှမ်းမြင်လိုက်ရ၏။ ထိုပုဂ္ဂိုလ်ကြီးမှာ အဆုံးမဲ့ ကောင်းကင်ဘုံ၏ မြို့တော်ဂြိုဟ် ရှိရာ နေရာသို့ သွားနေကြောင်း သူမ ပြောနိုင်ပေသည်။

ဝူယုက သူမဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ မိုင်ထောင်ပေါင်းများစွာ ကွာဝေးနေသော်လည်း အရောင်အသွေးစုံလင်သည့် ကြယ်များဖြင့် အလှဆင်ထားသည့် ညကောင်းကင်လို မျက်လုံးများကို မြင်လိုက်ရသော အခိုက်၌ သူမ၏ နှလုံးသားက တုန်ယင် သွားခဲ့သည်။ သူမ ဘာမှ မပြောနိုင်ခင်မှာပင် ဝူယုမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို မယုံကြည်နိုင်လောက်စရာ အမြန်နှုန်းဖြင့် ဖြတ်သန်း ပျံသန်း သွားခဲ့ပြီ ဖြစ်လေသည်။

ဝှစ်...

နောက်ဆုံး၌ ထျန်းလင်းယုမှာ ခန္ဓာကိုယ် တစ်ခုလုံး ဒဏ်ရာများနှင့် ပြည့်နှက်နေသည့် ထျန်းဝေလုံ၏ သတိလစ် မေ့မြောနေသော ခန္ဓာကိုယ် အနားသို့ ရောက်ရှိလာခဲ့သည်။ သူ၏ အိုမင်း ရင့်ရော်နေသော ခန္ဓာကိုယ်မှာ အခြေအနေ အတော်လေး ဆိုးရွားသွားသည့်တိုင် အသက်စွမ်းအင် အပေါ်တွင်တော့ တစ်စုံတစ်ရာ သက်ရောက်မှု မရှိပါချေ။ ပြင်ပ ဒဏ်ရာများစွာ ရရှိခဲ့သည့်တိုင် ဝူယုမှာ သူ့အပေါ် သနား ကြင်နာမှုများ ပြသခဲ့ကြောင်း ထင်ရှားပေသည်။

ဝှစ်...

ယန်ချောင်ယွီမှာ ထျန်းလင်းယု နံဘေးသို့ ရောက်ရှိလာခဲ့၏။ သူမက ထျန်းဝေလုံကို စစ်ဆေးရင်း ပေါ့ပေါ့ပါးပါးပင် မှတ်ချက်ပေးလိုက်သည်။

“ကြောက်စရာ ကောင်းလိုက်တဲ့ စွမ်းအား...”

သို့သော်လည်း သူမ အံ့အားသင့်ခြင်း မရှိပါချေ။ ဝူယုမှာ ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း ဖြစ်ပေသည်။ သူ အယုံကြည်ရဆုံး နောက်လိုက် တစ်ယောက် ဖြစ်သလို သူ့ထံမှ အစွမ်းကုန် ပြုစု ပျိုးထောင်မှုများကို လက်ခံ ရရှိထားသူ ဖြစ်သည်။

ထို့အပြင်... ဝေ့ဝူယင်မှာ ယခင်ကတည်းက မြေကြီး အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်နိုင်ချေ ရှိသည် ဆိုသည့် သီအိုရီ တစ်ခုလည်း ရှိသည်။ မဟုတ်ပါက ရှန့်ထို ဖန်ဆင်းရှင် ဆိုသည့် ဘွဲ့ကို သူ မည်ကဲ့သို့ ရမည်နည်း။ လျှို့ဝှက် မြေကြီး အဆင့် ဆေးလုံးများကို မည်ကဲ့သို့ ပေါပေါသီသီ ထုတ်သုံးနိုင်မည်နည်း။

ဟူး... ဟူး...

ထျန်းလင်းယုက သစ်သား ဒြပ်စင် လျှို့ဝှက် စွမ်းအင်များကို ထျန်းဝေလုံ၏ ခန္ဓာကိုယ် အတွင်း ပို့လွှတ်လိုက်လေရာ ဒဏ်ရာများမှာ လျှင်မြန်စွာပင် ပြန်လည် ကောင်းမွန်လာခဲ့သည်။

ယန်ချောင်ယွီ၏ အမူအရာက ပြောင်းလဲ သွားခဲ့၏။ အပေါ်ယံ ကြည့်ပါက ထျန်းလင်းယု၏ လုပ်ရပ်မှာ ပေါ့ပေါ့ပါးပါး ထင်ရသော်လည်း အမှန်တကယ်တွင် သူမမှာ လျှို့ဝှက် စွမ်းအင် မြောက်များစွာကို သုံးစွဲ နေရခြင်း ဖြစ်သည်။ လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များသာ မရှိပါက ၎င်းတို့ကို ပြန်လည် ဖြည့်တင်းရန် အလွန်ပင် ခက်ခဲလှသည်။

“ကြည့်ရတာ နင်လည်း သူနဲ့ ရင်းနှီးရတဲ့ အကျိုးကျေးဇူးတွေကို ခံစားနေရပြီ ထင်တယ်...”

ယန်ချောင်ယွီက နောက်ပြောင် လိုက်လေလေရာ ထျန်းလင်းယု၏ မျက်နှာက ရှက်ရွံ့ဖြင့် အနည်းငယ် နီမြန်း သွားခဲ့သည်။ သူမက ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံလိုက်၏။ ဝေ့ဝူယင်ထံမှ အမတေ ပြန်လည် ဖြည့်တင်းသည့် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များနှင့် လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ချို့ကို သူမ ရရှိထားပေသည်။ ထို့ကြောင့်ပင် လျှို့ဝှက် စွမ်းအင်များအား ပေါ့ပေါ့ဆဆ သုံးနိုင်ခြင်း ဖြစ်သည်။

ဝှစ်... ဝှစ်...

မကြာခင်မှာပင် ထျန်းရှန်းယန် အပါအဝင် အခြား မြေကြီး ရှန့်ထိုများပါ ရောက်ရှိလာကြကာ ထျန်းဝေလုံ၏ အခြေအနေကို အကဲခတ်လိုက်၏။ ဒဏ်ရာ ကြီးမားခြင်း မရှိကြောင်း သတိထားမိသော အခါတွင်မှ သူတို့ သက်ပြင်း ချလိုက်မိသည်။

ဝူယုကိုတော့ သူတို့ များစွာ မစိုးရိမ်တော့ချေ။ နတ်ဘုရား အင်ပါယာ ကိုယ်တိုင်က သူ့ကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်လေရာ အခြေအနေက အေးအေးဆေးဆေး ဖြစ်သွားပြီဟု ဆိုနိုင်ပေသည်။ ဝူယု၏ သူ၏ နောက်ခံ ဝေ့ဝူယင်တို့မှာ အလွန်ပင် ကြောက်စရာ ကောင်းသည် ဆိုသော်လည်း နတ်ဘုရား အင်ပါယာ အပေါ် သူတို့၏ ယုံကြည်မှုက အကြွင်းမဲ့ တည်မြဲသည်။

"ဆရာကြီး ထျန်းဝေလုံရဲ့ ခန္ဓာကိုယ်ပေါ်မှာ လမ်းစဉ် ခြောက်မျိုးပဲ ခံစားလို့ရတယ်... ဝူယုက လမ်းစဉ်ရှစ်ခု မြေကြီးရှန့်ထိုလို့ ငါ ထင်ခဲ့တာ”

ထျန်းရှန်းယန်က မှတ်ချက်ချလိုက်၏။ ထိုအချင်းအရာကို သတိထားမိသည်နှင့် အားလုံး၏ အမူအရာများမှာ ပြောင်းလဲ သွားကြသည်။ သို့သော်လည်း... မြေကြီး ရှန့်ထိုများ အနေဖြင့် အကြောင်းပြချက်ကို သူတို့ လျင်မြန်စွာ ကောက်ချက်ချနိုင်ခဲ့ကြသည်။

“သူက ကျင့်ကြံခြင်း အခြေခံကို လျှော့ပြီး တိုက်ခိုက်ခဲ့တာ...”

***

All Chapters