← Chapters

နတ်မျက်စိဖြင့်သုံးသပ်ခြင်း ဖူစန်းအလောင်းပေါ်တွင် ဒြပ်စင်စွမ်းအားဝိညာဉ်လက်

Vol. 2 Ch. 24

နတ်မျက်စိဖြင့်သုံးသပ်ခြင်း ဖူစန်းအလောင်းပေါ်တွင် ဒြပ်စင်စွမ်းအားဝိညာဉ်လက်

Vol. 2 Ch. 24

နက်တစ်ခု တွေ့ရှိရမည်ဟု ခုန်မင် လုံးဝထင်မထားခဲ့ပေ။ ဤပစ္စည်းရရှိခြင်းကတော့ လုံးဝမမျှော်လင့်ထားသည့် အံ့သြဝမ်းသာဖွယ်ရာကိစ္စ ဖြစ်သည်။

ခွန်းကာမြို့တွင် အလွန်တရာ သြဇာကြီးမားသော ခုန်အိမ်တော်သည်ပင် မျိုးနွယ်တစ်ခုလုံးတွင်မှ ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခုသာရှိသည်ဖြစ်ရာ ဖူစန်းကဲ့သို့ အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်က ဤသို့ရှားပါးရတနာပိုင်ဆိုင်ထားသည်မှာ အတော်ထူးခြားသည်။

ခုန်မင်က ဓားမြောင်ငယ်၏ ဒြပ်စင်စွမ်းအားလှုပ်ရှားမှုကိုအာရုံခံရင်း...

“ဒီဓားမြောင်ရဲ့ ဇစ်မြစ်က ဘာလဲ၊ ဖူစန်းက ဒီပစ္စည်းကို ဘယ်လိုရခဲ့တာလဲ”

ထိုဓားမြောင်တွင် ရေဒြပ်စင်စွမ်းအားပါဝင်နေပုံရပြီး ထိုစွမ်းအားက ဖူစန်း၏ ကျင့်ကြံခြင်းနှင့် ကိုက်ညီခြင်းမရှိပေ။ မဟုတ်ပါက သူသာ ဤဓားမြောင်ကိုကိုင်ဆောင်ပြီး အဋ္ဌဂံဝင်္ကပါဗျူဟာကို ချိုးဖျက်မည်ဆိုပါက အမှန်ပင် ပြဿနာတက်ပေမည်။

တွေးတောရင်းဖြင့်ပင် ခုန်မင်က ဓားမြောင်ကို သေချာအာရုံစူးစိုက်ကြည့်လိုက်သည်။

ထိုအချိန် ခုန်မင်၏ကိုယ်တွင်း၌ ထူးဆန်းသောအပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်‌ပေါ်လာသည်။

နတ်ဘုရားစွမ်းအားအဖြစ် ဖြည်းညင်းစွာပြောင်းလဲလျှက်ရှိသော လျှို့ဝှက်ဆန်းကြယ်သည့် ကြယ်စင်စွမ်းအားက အကြောင်းမရှိဘဲ ရုတ်တရက် မြင့်တက်လာလေသည်။

ကံကောင်းသည်မှာ ခုန်မင်၏ စွမ်းအင်ဗဟိုချက်ချီပင်လယ်မှ သုံးရောင်ထိုက်ကျိယင်ယန်သင်္ကေတက ဟန်ချက်ညီမှုကိုထိန်းထားသဖြင့် ကြယ်စင်စွမ်းအား မူမမှန်စွာ မြင့်တက်လာခြင်းက မည်သည့်ထိခိုက်မှုမှ မရှိခဲ့ပေ။

ခုန်မင်အနေဖြင့် စွမ်းအားလွဲချော်မှုနှင့် ကျင့်ကြံခြင်းသွေဖယ်မှု မဖြစ်ပေါ်ခဲ့ပေ။

သို့သော် သူ့ကိုယ်ထဲမှ ကြယ်စင်စွမ်းအား ပြောင်းပြန်စီးဆင်းသွားသည်ကို အာရုံခံလိုက်မိပြီး ခုန်မင် ခေါင်းများမူးဝေသွားရသည်။

ကြယ်စင်စွမ်းအားက နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲရန် စွမ်းအင်ဗဟိုချက်ချီပင်လယ်သို့ ဦးတည်မသွားဘဲ သွေးကြောဆုံချက်များအတိုင်းဆန်တက်ကာ ခုန်မင်၏မျက်လုံးများဆီသို့ ဝင်ရောက်လာသည်။

ထိုကြယ်စင်စွမ်းအားက မည်သို့သောအရာဖြစ်ကြောင်း ခုန်မင် အပြည့်အဝ နားလည်ခြင်း မရှိသေးပေ။

ထိုစွမ်းအားက ကောင်းကင်ထက်ရှိ လျှို့ဝှက်ဆန်းကြယ်သော “ထျန်းစူးကြယ်စင်” မှ ဆင်းသက်လာကြောင်းကိုသာ သူကသိရှိထားသည်။

“ထျန်းစူးကြယ်စင်” ကို နေ့ဘက်တွင် မတွေ့မြင်ရသော်လည်း ထိုကြယ်စင်က ကောင်းကင်ထက်တွင် အစဉ်အမြဲ ရှိနေခဲ့သည်။

ထို့ကြောင့် နေ့ဖြစ်စေ ညဖြစ်စေ ကြယ်စင်စွမ်းအားက ခုန်မင်၏ခန္ဓာကိုယ်ထဲသို့ အဆုံးမရှိစီးဝင်နေပြီး စွမ်းအင်ဗဟိုချက် ချီပင်လယ်ရှိ ထိုက်ကျိယင်ယန်သင်္ကေတမှတစ်ဆင့် နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

ဤလုပ်ငန်းစဉ်သည် အလိုအလျောက်လည်ပတ်နေခြင်းဖြစ်ပြီး ခုန်မင်၏ထိန်းချုပ်နိုင်စွမ်းကို ကျော်လွန်သွားသည်။

ဤထူးဆန်းသောလုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ခုန်မင် ကျင့်သားရနေပြီဖြစ်သော်လည်း ၊ သူ ထင်မထားသည်မှာ ကြယ်စင်စွမ်းအားက နတ်ဘုရားစွမ်းအားအဖြစ်သို့ ပြောင်းလဲရန်တစ်ခုတည်းအတွက် အသုံးပြုခြင်း မဟုတ်ခဲ့ပေ။

ကြယ်စင်စွမ်းအား လမ်းကြောင်းပြောင်းလဲပြီး သူ၏မျက်လုံးများထံ ဆန်တက်ဝင်ရောက်လာသည်နှင့် ခုန်မင်၏မျက်ဝန်းများထဲ ခရမ်းရောင်အလင်းတစ်ချက် ဖျတ်ခနဲလင်းလက်သွားသည်။

ထို့နောက် ခုန်မင်၏ဦးခေါင်းထက်မှ ခရမ်းရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး...

“နတ်မျက်စိဖြင့်သုံးသပ်ခြင်း”

ဆိုသော စာလုံးကြီးများ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းပင် ခုန်မင်၏မျက်ဝန်းများမှ ခရမ်းရောင်အလင်းတန်းနှစ်ခုထွက်ပေါ်လာပြီး သူ့လက်ထဲမှဓားမြောင်ကို ထိမှန်သွားသည်။

ခရမ်းရောင်အလင်းတန်းများက စက်ဝန်းအသွင်ပြောင်းလဲသွားပြီး ဓားမြှောင်ငယ်ပတ်လည်တွင် လှည့်ပတ်လှုပ်ရှားနေသည်။

အံ့သြဖွယ်အကောင်းဆုံးမှာ ထိုခရမ်းရောင်အလင်းစက်ဝန်းက သေးငယ်ပြီး ဖောက်ထွင်းမြင်နိုင်သော ခရမ်းရောင်စာလုံးများဖြင့် ဖွဲ့စည်းထားခြင်းပင်။

ခုန်မင်ကတော့ ထိုစာများကို ရှင်းလင်းစွာ တွေ့မြင်နိုင်ခဲ့သည်။

အလင်းစက်ဝန်းထဲတွင် ရေးသားထားသည့် စာလုံးများမှာ...

“အလင်းဖောက်ထွင်းဓားမြောင် ၊ အလယ်ဆင့် ရေဒြပ်စင်ဝိညာဉ်လက်နက်၊ တန်ဖိုးမြင့်မားသည်”

ဤ ရုတ်တရက်ဆန်သော ထူးဆန်းသည့်ပြောင်းလဲမှုက ခုန်မင်ကို အမှန်တကယ် ထိတ်လန့်သွားစေသည်။

ဘာတွေဖြစ်ပျက်နေသည်လဲ...။

ဤသည်က ဒဏ္ဍာရီလာ ကောင်းကင်မျက်လုံးဖွင့်လှစ်ခြင်းလား။

‘ကောင်းကင်မျက်လုံးဖွင့်လှစ်ခြင်း’ ဆိုလျှင်တောင် ခုန်မင် ထိုမျှအံ့သြထိတ်လန့်မည် မဟုတ်ပေ။

သူ့ကို စိတ်ရှုပ်ထွေးသွားစေသည်မှာ သူ၏ခေါင်းထက်မှ ပေါ်ထွက်လာသော “နတ်မျက်စိဖြင့်သုံးသပ်ခြင်း” ဆိုသည့်စာလုံးများနှင့် အလင်းဖောက်ထွင်းဓားမြောင်အကြောင်းဖော်ပြထားသော ခရမ်းရောင်စာသားစက်ဝန်းပင် ဖြစ်သည်။

ထိုစာလုံးများအားလုံးက ရှေးဟောင်းတရုတ်စာလုံးများဖြင့် ရေးသားထားခြင်း ဖြစ်လေသည်။

ထျန်းယွမ်ကုန်းမြေတွင် အသုံးပြုသော စာရေးနည်းစနစ်က တရုတ်စာလုံးများနှင့် လုံးဝကွဲပြားသော စာရေးနည်းတစ်မျိုးဖြစ်သည်။

ကျူးကဲလျန့်က ခုန်မင်လေး၏ဝိညာဉ်နှင့်ပေါင်းစည်းပြီးနောက် ထျန်းယွမ်ကုန်းမြေ၏ စာရေးနည်းကို သဘာဝအလျောက် နားလည်ခဲ့သည်။

သို့သော် ထျန်းယွမ်ကုန်းမြေတွင် ရှေးဟောင်းတရုတ်စာလုံးများကို သိရှိသူဆို၍ သုံးပြည်ထောင်ခေတ်မှကူးပြောင်းလာသည့် ‘ကျူးကဲခုန်မင်’ တစ်ယောက်သာလျှင် ရှိသည်။

အခြားသူများအနေဖြင့် တရုတ်စာလုံးများကိုတွေ့မြင်ပါက ဘာမှန်းမသိသည့် တစ္ဆေစာလုံးများဟု ထင်မှတ်ကြပေလိမ့်မည်။

ခုန်မင်က ဉာဏ်ထက်သူဖြစ်ရာ အစပိုင်းထိတ်လန့်သွားသော်လည်း နောက်ပိုင်း အကြောင်းအရာများကို လျှင်မြန်စွာ ချိတ်ဆက်စဉ်းစားလိုက်သည်။

ကြယ်စင်စွမ်းအားတည်ရှိမှုက ခုန်မင်အတွက် အမြဲတမ်း ထူးဆန်းနေခဲ့သည်။

ယခု “နတ်မျက်စိဖြင့်သုံးသပ်ခြင်း” ရုတ်တရက်ထွက်ပေါ်လာပြီး အလင်းဖောက်ထွင်းဓားမြောင်အကြောင်း ထုတ်ဖော်ပြသလိုက်သည်။

ဤဖြစ်ရပ်မှ ခုန်မင်နားလည်လိုက်သည်မှာ -

ဤသည်က လျှို့ဝှက်ဆန်းကြယ်သော ကြယ်စင်စွမ်းအား၏ အမှန်တကယ် အစွမ်းသတ္တိဖြစ်နိုင်သည်။

ခုန်မင်၏ခန္ဓာကိုယ်ထဲတွင် ကြယ်စင်စွမ်းအား လှည့်ပတ်နေသရွေ့ သူ့အနေဖြင့် ပစ္စည်းတစ်ခု၏ဂုဏ်သတ္တိများကို သိရှိလိုတိုင်း ထို “နတ်မျက်စိဖြင့်သုံးသပ်ခြင်း” စွမ်းရည်ကို ထုတ်ဖော်အကဲဖြတ်နိုင်မည်။

အဘယ့်ကြောင့် ဤစွမ်းရည်မျိုးရရှိသည်ကိုတော့ ခုန်မင် နားလည်နိုင်စွမ်း မရှိသေးပေ။

သို့သော် ထျန်းယွမ်ကုန်းမြေက ဒြပ်စင်စွမ်းအားကဲ့သို့ အစွမ်းထက်သောစွမ်းအားများတည်ရှိသည့် ကျင့်ကြံခြင်းကမ္ဘာတစ်ခု ဖြစ်လေရာ အခြားထူးကဲသောစွမ်းအားများလည်း တည်ရှိနေနိုင်သည်ပင်။

ကြယ်စင်စွမ်းအားက နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲသွားသည့်အကြောင်းရင်းမှာ ခုန်မင်က “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်” ကို ကျင့်ကြံလိုက်သောကြောင့် ဖြစ်နိုင်၏။

ကြယ်စင်စွမ်းအားကြောင့်ပင် ခုန်မင်သည်လည်း နတ်မျိုးနွယ်ကျင့်စဉ်တစ်ခု ကျင့်ကြံလိုက်နိုင်ပြီးသုံးပြည်ထောင်ခေတ်မှ ထူးခြားသောကျင့်စဉ်တစ်ခုကို ထျန်းယွမ်ကုန်းမြေတွင် ထင်ရှားစေသည့် အခွင့်အရေးတစ်ခု ရရှိခဲ့သည်။

အားနည်းချက်မှာ ကြယ်စင်စွမ်းအားများ နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲသွားလျှင်တော့ “နတ်မျက်စိဖြင့်သုံးသပ်ခြင်း” စွမ်းရည် မလွှဲမရှောင်သာ ထိခိုက်မှုရှိလာနိုင်သည်။

သို့သော် ကြယ်စင်စွမ်းအားများကို ပိုမိုမြင့်မားသည့်အဆင့်တစ်ခုရောက်အောင် စုဆောင်းနိုင်ပါက “နတ်မျက်စိဖြင့်သုံးသပ်ခြင်း” ထက်ကျော်လွန်သော အခြားစွမ်းရည်များကို ဖွင့်လှစ်နိုင်ဖွယ်ရှိသည်။

ဤအကျိုးအပြစ်ယှဉ်တွဲတည်ရှိနေမှုက ကောင်းချီးလား ကျိန်စာလား ခုန်မင် ဆုံးဖြတ်နိုင်ခြင်း မရှိသေးပေ။

သို့သော် သစ်သား-မီးဒြပ်စင်ဝိညာဉ်ခန္ဓာအဖြစ် ပြောင်းလဲသွားခြင်း ၊ စွမ်းအင်ဗဟိုချက်ချီပင်လယ်တွင် သုံးရောင်ထိုက်ကျိယင်ယန်သင်္ကေတ ဖြစ်ပေါ်လာခြင်း ၊ တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ် ပထမအဆင့်ကို အလိုလိုနေရင်းအောင်မြင်သွားခြင်း __

ဤအချက်များအားလုံးကတော့ ခုန်မင်အတွက် အကျိုးရှိလှပေသည်။

ဤသို့အကျိုးရှိမည်ဆိုပါက ဤသို့သောထူးခြားချက်များကို သူ ဆက်ပြီးဖြစ်ပေါ်စေချင်မိပါသည်။

ခုန်မင်၏ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအား၊ နတ်ဘုရားစွမ်းအားနှင့် ကြယ်စင်စွမ်းအားတို့က ထိုက်ကျိယင်ယန်သင်္ကေတ၏ သန့်စင်ပေးမှုမှတစ်ဆင့် အလိုအလျောက် ဟန်ချက်ညီနေပြီး (၂၄)နာရီလုံး မရပ်မနား အလိုအလျောက် ကျင့်ကြံပေးနေသည်။

သူ့အနေဖြင့် ဤအခြေအနေကို မကျေနပ်သေးဘူးဆိုလျှင် လောကြီးလွန်းရာကျပေမည်။

ခုန်မင်က သူ၏ခန္ဓာကိုယ်မှ စွမ်းအားပြောင်းလဲမှုကို အံ့အားသင့်စွာ အာရုံခံရင်း “နတ်မျက်စိဖြင့်သုံးသပ်ခြင်း” စွမ်းရည်ကို အသက်သွင်းလိုက်သည့်အခါ ကောင်းကင်ယံထက် မြင့်မားစွာတည်ရှိနေသော “ထျန်းစူးကြယ်စင်” က လက်ခနဲတောက်ပသွားလေသည်။

ထို့နောက် ခရမ်းရောင်အလင်းတန်းတစ်ခုထုတ်လွှတ်လိုက်ပြီး ဖြည်းညင်းစွာမူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။

သို့သော် ခုန်မင်ကတော့ သတိမထားလိုက်မိပေ။

***

ထျန်းယွမ်ကုန်းမြေ။

ယွမ်ကျိုးနယ် ၊ ကြီးမားသောမြို့တော်ကြီးမှ အဖြူရောင်မျှော်စင်။

ထိုမျှော်စင်ထက်ရှိ လျှို့ဝှက်အခန်းတစ်ခန်းတွင် မျက်လုံးတစ်လုံးသာရှိသည့် လျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုတစ်ယောက်က ထျန်းယွမ်ကုန်းမြေ၏ “ကြယ်စင်ကောင်းကင်” ပုံစံကို ဖော်ပြထားသော ဓာတ်ဖန်လုံးကို ကြည့်နေလေသည်။

ရုတ်တရက်...

ဓာတ်ဖန်လုံးထဲမှ “ထျန်းစူးကြယ်စင်” က ခရမ်းရောင်အလင်းတန်းတစ်ချက် တောက်ပသွားပြီး ပေါက်ကွဲထွက်သွားလေရာ အခန်းတစ်ခုလုံး ခရမ်းရောင်ကမ္ဘာအဖြစ် ပြောင်းလဲသွားသည်။

ခရမ်း‌ရောင်အလင်းတန်းများ ပြန်လည်မှိန်ဖျော့သွားသည့်အခါ ဓာတ်ဖန်လုံးထဲမှ “ထျန်းစူးကြယ်စင်” က ယခင်ကထက် များစွာပိုမိုတောက်ပလာပြီး အခြားကြယ်စင်များနည်းတူ တူညီစွာ ထွန်းလင်းတောက်ပနေသည်ကို တွေ့ရသည်။

အဘိုးအို၏မျက်ဝန်းထဲမှာပင် ခရမ်းရောင်အလင်းတန်း သဲလွန်စအချို့ ကျန်ရစ်နေခဲ့သေးသည်။

ခါးကိုင်းနေသောအဘိုးအိုက တစ်ကိုယ်တည်းရေရွတ်လိုက်၏။

“အသစ်မွေးဖွားလာတဲ့ ကြယ်စင်ရဲ့စွမ်းအားပဲ ၊ အသက်ဝင်လာတာ အတော်မြန်တာပဲ ၊ ကြည့်ရတာ ဒီကြယ်စင်အသစ်ရဲ့တမန်တော်က မကြုံစဖူး ထူးခြားသူတစ်ယောက် ဖြစ်နိုင်တယ် ၊ ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ကြယ်စင်စွမ်းအားကို ထိန်းချုပ်နိုင်နေပြီ...”

လျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုနှင့် ကြယ်စင်များ၏နက်နဲသောစွမ်းအား...

အရာအားလုံးက မြူခိုးများထဲတွင် ဖုံးကွယ်နေဟန်ရှိလေသည်။

All Chapters