ပန်းပဲပညာကျမ်းစာအုပ်
Vol. 2 Ch. 25
ခုန်မင်က ဖူစန်း၏ ခန္ဓာကိုယ်မှ ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ထူးဆန်းသောစွမ်းရည် “နတ်မျက်စိဖြင့်သုံးသပ်ခြင်း” သည်လည်း မမျှော်လင့်ဘဲ နိုးကြားလာခဲ့သည်။
ဤရလဒ်များက ခုန်မင်ကို အတော်လေး စိတ်ကျေနပ်သွားစေသည်။
အလင်းဖောက်ထွင်းဓားမြောင်က ရေဒြပ်စင်အလယ်ဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခုဖြစ်သည်။
ထိုပစ္စည်းကို ဖူစန်းက အသုံးမပြုနိုင်သော်လည်း ချန်မျိုးနွယ် အဆက်အနွယ်များ၏ကျင့်စဉ်မှာ ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ရှိသော ရေဒြပ်စင်ကျင့်စဉ်ဖြစ်သည့် “ရေနက်မဟာကျင့်စဉ်” ဖြစ်သည်။
ဖူစန်းသာ အလင်းဖောက်ထွင်းဓားမြောင်ကို ချန်ရှီးထံ လွှဲပြောင်းပေးလိုက်ပါက ထိုမြေခွေးအိုကြီးကို ပိုမိုသန်မာစေပြီး သူ၏တန်ခိုးစွမ်းအားကို နောက်တစ်ဆင့်ရောက်အောင် သေချာပေါက် မြှင့်တင်ပေးနိုင်ပေမည်။
သို့သော် ဖူစန်းက ဓားမြှောင်ကိုသိမ်းထားခဲ့ပြီး ချန်ရှီးထံ လွှဲပြောင်းမပေးခဲ့ပေ။
“ဖူစန်းက ဒီဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ကို ရထားတာ မကြာသေးလို့ ချန်ရှီးဆီပို့ဖို့ အခွင့်မရသေးတာလား”
ခုန်မင် မျက်ခုံးတစ်ချက်ပင့်ရင်း တွေးတောလိုက်သည်။
“ဒါမှမဟုတ် ဖူစန်းက တခြားရည်ရွယ်ချက်ရှိလို့ ဒီဓားမြောင်ကို သူ့အတွက် တမင်သက်သက် သိမ်းဆည်းထားတာလား”
မည်သို့ပင်ဖြစ်စေ ယခု ဖူစန်းသေဆုံးသွားပြီဖြစ်ရာ အလင်းဖောက်ထွင်းဓားမြောင်က ခုန်မင်လက်ထဲသို့ ရောက်ရှိသွားပေပြီ။
ဖူစန်းထံမှ ရရှိသောပစ္စည်းများကိုစစ်ဆေးရန် တစ်ခုသာ ကျန်ရှိတော့သည်။
ထိုအရာက ပါးလွှာသည့်စာအုပ်ငယ်လေးတစ်ခုဖြစ်ပြီး စာအုပ်ပုံစံက အလွန်ထူးခြားသည်။
စာအုပ်မျက်နှာဖုံးနှင့် အနောက်ဖုံးက ဆက်နွယ်နေပြီး စာအုပ်ကို မည်သို့ဖွင့်လှစ်မည်လဲ နည်းလမ်းမရှိပေ။ ဤစာအုပ်က ဖူစန်းကျင့်ကြံနေသော ကျင့်စဉ်တစ်ခုဖြစ်နိုင်ကြောင်း ခုန်မင် ခန့်မှန်းလိုက်သည်။
သို့သော် စာအုပ်အဖုံးထက်မှ စာလုံးများကိုတွေ့ရသည့်အခါ ခုန်မင် မနေနိုင်ဘဲ အံ့အားသင့်သွားရပြန်သည်။
“ပန်းပဲပညာကျမ်း”
ဤစာအုပ်က ကျင့်စဉ်တစ်ခုမဟုတ်ဘဲ ပန်းပဲပညာစာအုပ်သာ ဖြစ်သည်။
သို့ပေသိ ထျန်းယွမ်ကုန်းမြေတွင် “ပန်းပဲပညာ” ဆိုသည်မှာ အလွန်ထူးခြားသည့် ဓလေ့ထုံးတမ်းမှဆင်းသက်လာခြင်း ဖြစ်သည်။
ထူးချွန်ထက်မြက်သော ပန်းပဲဆရာများသာလျှင် ပန်းပဲပညာကျမ်းကို ရေးသားနိုင်စွမ်းရှိကြသည်။ ပြီးတော့ ထျန်းယွမ်ကုန်းမြေတွင် ပန်းပဲဆရာများ အလွန်ရှားပါးပြီး ထိုအလုပ်က ထူးခြားသောအလုပ်တစ်ခု ဖြစ်သည်။
မီးဒြပ်စင်စွမ်းအားကိုပိုင်ဆိုင်သော ကျင့်ကြံသူများသာလျှင် ပန်းပဲဆရာဖြစ်လာရန် အခွင့်အလမ်းရှိကြသည်။
“ပန်းပဲဆရာ” ဆိုသည့်အမည်အတိုင်း သူတို့က လက်နက်များကိုဖန်တီးပြုလုပ်ကြသည်။
ကျင့်ကြံသူတိုင်းက လက်ဗလာဖြင့် မတိုက်ခိုက်လိုကြဘဲ မိမိနှင့်လိုက်ဖက်သည့်လက်နက်တစ်ခု ပိုင်ဆိုင်ရန် အိပ်မက်ကြသည်။
သို့သော် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များက အလွန်ရှားပါးသည်ဖြစ်ရာ ကျင့်ကြံသူတိုင်းပိုင်ဆိုင်ရန်မပြောနှင့် တွေ့မြင်ရန်ပင်ခက်ခဲလှ၏။
ထို့ကြောင့် ကျင့်ကြံသူများကြားရေပန်းအစားဆုံးလက်နက်များမှာ သာမန် ဒြပ်စင်စွမ်းအားလက်နက်များသာ ဖြစ်သည်။
သာမန်ဒြပ်စင်စွမ်းအားလက်နက်များက ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များကဲ့သို့ ကြီးမားသောစွမ်းအားကို မပိုင်ဆိုင်သလို ဒြပ်စင်စွမ်းအားကို သိုလှောင်ထားနိုင်ခြင်းလည်း မရှိပေ။
သို့သော် သာမန်ဒြပ်စင်စွမ်းအားလက်နက်များက ဒြပ်စင်စွမ်းအား၏ထိခိုက်မှုကို ခံနိုင်ရည်ရှိပြီး ကျင့်ကြံသူများ၏ဒြပ်စင်စွမ်းအားကိုလည်း လက်နက်အတွင်းထည့်သွင်း၍ရနိုင်သည်။
ထို့ကြောင့် လက်နက်မှတဆင့် ပိုမိုကြီးမားသော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်သည်။
“သာမန်ဒြပ်စင်စွမ်းအားလက်နက်” မဟုတ်ဘဲ ရိုးရိုးသာမန်လက်နက်ဆိုလျှင်တော့ ဒြပ်စင်စွမ်းအား၏ထိခိုက်မှုကို လုံးဝခံနိုင်မည် မဟုတ်ပေ။
ရိုးရိုးသာမန်လက်နက်ထဲသို့ ဒြပ်စင်စွမ်းအားအတင်းထည့်သွင်းပါက တိုက်ပွဲမစခင်မှာပင် လက်နက်ကပျက်ဆီးသွားဖွယ် ရှိသည်။
“ပန်းပဲဆရာများ” က ရိုးရိုးသာမန်လက်နက်မဟုတ်သော လက်နက်များကို ဖန်တီးကြသည်။
ထိုလက်နက်များက ဒြပ်စင်စွမ်းအားထည့်သွင်းနိုင်သော “ဒြပ်စင်စွမ်းအားလက်နက်များ” ဖြစ်၏။
ဥပမာ - ခုန်မင် ဖူစန်းကိုသတ်ရန်အသုံးပြုခဲ့သော လေးနှင့်မြားက ဒြပ်စင်စွမ်းအားလက်နက်တစ်မျိုးဖြစ်သည်။ မဟုတ်ပါက ဖူစန်း၏ဒြပ်စင်စွမ်းအားဒိုင်းကာကို ဖောက်ထွင်းနိုင်မည် မဟုတ်ပေ။
သို့ဖြစ်ရာ ကျင့်ကြံသူအားလုံးနီးပါး ဒြပ်စင်စွမ်းအားလက်နက်တစ်ခုကို လိုအပ်သည်အမှန်ပင်။
ဒြပ်စင်စွမ်းအားလက်နက်အသစ်တစ်ခု ပြုလုပ်ခြင်း ၊ သို့မဟုတ် ပြင်ဆင်ခြင်းများကို ပန်းပဲဆရာများသာ လုပ်ဆောင်နိုင်သည်။
ဤအချက်ကိုကြည့်ခြင်းအားဖြင့် ထျန်းယွမ်ကုန်းမြေတွင် ပန်းပဲပညာရှင်များ မည်မျှအရေးပါကြောင်း ၊ တန်ဖိုးထားခံရကြောင်း ပြသနေသည်။
သို့သော် ပန်းပဲဆရာတိုင်းက “ပန်းပဲပညာကျမ်း” ရေးသားပြုစုရန် အရည်အချင်းမရှိကြပေ။
ထူးချွန်ထက်မြက်ပြီး ထူးခြားသောအဆင့်တစ်ခုသို့ရောက်ရှိနေသော ထိပ်တန်းအဆင့်ပန်းပဲပညာရှင်များသာလျှင် “ပန်းပဲပညာကျမ်း” ကိုရေးသားနနိုင်ပြီး ၊ သူတို့၏ တစ်သက်တာအတွေ့အကြုံများ ၊ ထိုက်တန်သောအသိပညာများကို မှတ်တမ်းတင်ကာ နောင်မျိုးဆက်များ အမွေဆက်ခံနိုင်ရန် မျှော်လင့်ကြသည်။
ထိုသို့အဆင့်ရောက်ရှိသည့်ပန်းပဲပညာရှင်မှာ အနည်းဆုံး ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခု ဖန်တီးနိုင်သည့် စွမ်းရည်ရှိရပေမည်။ ထိုသို့သောအဆင့်ရောက်ရှိသော ပန်းပဲပညာရှင်များကိုသာ ထိပ်တန်းအဆင့်ဟု သတ်မှတ်ခံရသည်။
ထိုသို့မဟုတ်ဘဲ ပန်းပဲဆရာတိုင်း “ပန်းပဲပညာကျမ်း” ရေးသားနေပါက ပန်းပဲပညာကျမ်းဆိုသည်မှာ သာမန်ဖြစ်သွားပြီး ၎င်းပညာရပ်၏တန်ဖိုးအားလုံး ဆုံးရှုံးသွားပေမည်။
ပန်းပဲဆရာများကတော့ “ပန်းပဲပညာကျမ်း” တစ်အုပ်ရရှိရန်အတွက် မည်သည့်တန်ဖိုးမဆို ပေးဆပ်လိုကြသည်။
“ပန်းပဲပညာကျမ်း” စာအုပ်တိုင်းက ထိပ်တန်းအဆင့် ပန်းပဲပညာရှင်တစ်ယောက်၏အမွေအနှစ်ကို ကိုယ်စားပြုသည်။
အထူးသဖြင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များကို ဖန်တီးရာတွင် သူတို့၏ထိုးထွင်းသိမြင်မှုနှင့်အတွေ့အကြုံများက ပန်းပဲဆရာများအတွက် စိတ်လှုပ်ရှားစရာ ၊ မက်မောစရာများဖြစ်စေရန် လုံလောက်သည်။
ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခုကိုဖန်တီးနိုင်ပါက ထိုပန်းပဲပညာရှင်၏အမည်ကို သမိုင်းတွင် ထာဝရမှတ်တမ်းတင်ရန် လုံလောက်သည်။
ပြီးတော့ ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခု၏ တန်ဖိုးသည်လည်း တိုင်းတာမရနိုင်လောက်အောင် မြင့်မားပေသည်။
ထိုသို့သော်လက်နက်မျိုးကိုဖန်တီးနိုင်သည့် ပန်းပဲပညာရှင်ဖြစ်လာပါက နာမည်ကျော်ကြားရုံ ၊ စည်းစိမ်ချမ်းသာများရရှိရုံသာမက ထိပ်တန်းအင်အားစုများက လိုချင်တပ်မက်သည့် ပစ်မှတ်များအဖြစ်လည်း ပြောင်းလဲသွားတတ်ကြသည်။
ပန်းပဲပညာလမ်းကြောင်းက အချိန်ကုန်လူပင်ပန်းသည့်အပြင် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများစွာရှိပြီး ရှားပါးအဖိုးတန်သော ပစ္စည်းများစွာကိုလည်း အထောက်အပံ့လိုအပ်သည်။
အဘယ်ကြောင့်ဆိုသော သာမန်ဒြပ်စင်စွမ်းအားလက်နက်များဖြစ်စေ၊ ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များဖြစ်စေ၊ သာမန်သံဖြင့် ဖန်တီး၍မရဘဲ ထူးခြားသောပစ္စည်းများ လိုအပ်သည်။
ရင်းမြစ်ပစ္စည်းနည်းပါးသော ပန်းပဲဆရာများအတွက် ပစ္စည်းမရရှိနိုင်သောကြောင့် တစ်နှစ်လျှင် အကြိမ်ရေအနည်းငယ်သာ လေ့ကျင့်နိုင်ကြသည်။
သို့ဖြစ်ရာ ထိုသူများအနေဖြင့် မည်သို့အတွေ့အကြုံစုဆောင်းပြီး ပန်းပဲပညာရပ်နှင့်ပတ်သက်၍ အဆင့်မြှင့်တင်နိုင်ပါမည်နည်း။
ထိပ်တန်းအဆင့် ပန်းပဲပညာရှင်တစ်ယောက်ဖြစ်ရန်မှာ ကျင့်စဉ်လမ်းနှင့်များစွာမကွာခြားပေ။
အောင်မြင်မှုရရှိရန် ဖြည်းဖြည်းချင်း အတတ်ပညာများစုဆောင်းရသော ရေရှည်လုပ်ငန်းစဉ်တစ်ခု ဖြစ်လေသည်။
“လေ့ကျင့်ရင်း ပြည့်စုံလာသည်” ဆိုသောစကားက လုပ်ငန်းတိုင်းနှင့်သက်ဆိုင်သည်။
ထျန်းယွမ်ကုန်းမြေပေါ်တွင် ပန်းပဲပညာရှင်များက အလွန်တန်ဖိုးထားခံရပြီး သူတို့နှင့်ယှဉ်နိုင်သူများက အဂ္ဂိရတ်ပညာရှင်များဖြစ်သည်။
အဂ္ဂိရတ်ပညာရှင်ဖြစ်ရန်မှာလည်း မီးဒြပ်စင်စွမ်းအားပိုင်ဆိုင်သော ကျင့်ကြံသူတစ်ဦး ဖြစ်ရပေမည်။
အဂ္ဂိရတ်ပညာရှင်တို့၏အခန်းကဏ္ဍမှာ ကျင့်ကြံသူများလိုအပ်သော ဆေးဝါးအမျိုးမျိုးကို သန့်စင်ဖန်တီးရန်ဖြစ်သည်။
လက်နက်များအပြင် ဆေးဝါးများသည်လည်း ကျင့်ကြံသူများအတွက် မရှိမဖြစ်လိုအပ်သော သုံးစွဲပစ္စည်းများဖြစ်သည်။
နေ့စဉ်ကျင့်ကြံမှု၊ တိုက်ပွဲအတွင်း ဒြပ်စင်စွမ်းအားပြန်လည်ရယူမှု၊ ဒဏ်ရာများ ပျောက်ကင်းစေရန်၊ သို့မဟုတ် အလားအလာများကို လှုံ့ဆော်ရန် ဆေးဝါးများသည် မဖြစ်မနေလိုအပ်သည်။
ဤနေရာတွင် ရည်ညွှန်းသော ဆေးဝါးများမှာ သာမန်ဆေးများမဟုတ်ဘဲ ဒြပ်စင်စွမ်းအားပါဝင်သည့် ဒြပ်စင်စွမ်းအားဆေးဝါးများဖြစ်သည်။
အဂ္ဂိရတ်ပညာရှင်များသာလျှင် ဒြပ်စင်စွမ်းအားဆေးဝါးများကို သန့်စင်ဖန်တီးနိုင်စွမ်းရှိပြီး ဆေးဝါးသုံးစွဲမှုနှုန်းသည် ဒြပ်စင်စွမ်းအားလက်နက်များထက် များစွာကျော်လွန်သည်။
ထို့ကြောင့် အချို့သောရှုထောင့်များတွင် အဂ္ဂိရတ်ပညာရှင်များ၏အဆင့်အတန်းက ပန်းပဲပညာရှင်များထက် အနည်းငယ်ပိုမိုမြင့်မားသည်။
သို့သော် အဂ္ဂိရတ်ပညာရှင်များ၏ ကျွမ်းကျင်မှုအဆင့်များကလည်း မတူကွဲပြားသည်။
သာမန်အဂ္ဂိရတ်ပညာရှင်များအနေဖြင့် အဆင့်နိမ့်နှင့် အလယ်ဆင့် ဆေးဝါးများကိုသာသန့်စင်နိုင်ပြီး ဝိညာဉ်ဆေးဝါးများကို ဖော်ဆပ်နိုင်သူများကိုတော့ ထိပ်တန်းအဆင့် ပညာရှင်များအဖြစ် သတ်မှတ်သည်။
ဒြပ်စင်စွမ်းအားဝိညာဉ်ဆေးများက ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များကဲ့သို့ရှားပါးပြီး ရှာဖွေရခက်ခဲသော ရတနာများဖြစ်သည်။
ဝိညာဉ်ဆေးဝါးတိုင်းသည် မိုးကောင်းကင်ကိုဆန့်ကျင်နိုင်သော အာနိသင်များ ပိုင်ဆိုင်ထားသည်။ ကျင့်ကြံသူတစ်ယောက်အတွက် ဝိညာဉ်ဆေးတစ်လုံးရရှိခြင်းက အကာအကွယ်အင်းတစ်ခုရရှိထားသည်နှင့်ဆင်တူပြီး အရေးကြီးသောအချိန်များတွင် အသက်တစ်ခုထပ်ပေးနိုင်သည်အထိပင် ဖြစ်သည်။
ထိပ်တန်းအဆင့် ပန်းပဲပညာရှင်များက “ပန်းပဲပညာကျမ်း” များကို ချန်ထားခဲ့သလို ထိပ်တန်းအဆင့် အဂ္ဂိရတ်ပညာရှင်များကလည်း နောင်မျိုးဆက်များလေ့လာနိုင်ရန် “ အဂ္ဂိရတ်ပညာကျမ်း”များ ချန်ထားလေ့ရှိသည်။
သို့သော် ပန်းပဲပညာကျမ်းများနှင့် ရော အဂ္ဂိရတ်ပညာကျမ်းများက အလွန်ရှားပါးလှ၏။
ထို့ကြောင့် ပန်းပဲဆရာများနှင့် အဂ္ဂိရတ်ပညာရှင်များအတွက်တော့ ထိုသို့သောကျမ်းစာများက ထပ်တန်းကျင့်စဉ်များထက်ပင် ကျော်လွန်သည်။
ခုန်မင်က ဖူစန်း၏ခန္ဓာကိုယ်မှ ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခုသာမက ပန်းပဲပညာကျမ်းစာအုပ်ပါ ရရှိမည်ဟု ထင်မထားခဲ့ပေ။
ဖူစန်းက အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်မျှသာဖြစ်လေရာ ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်နှင့် ပန်းပဲပညာကျမ်းစာအုပ်ကို မည်သို့ပိုင်ဆိုင်နိုင်ပါမည်နည်း။
ထို့ကြောင့် ဖူစန်းအနေဖြင့် အတိတ်တစ်ချိန်က ထူးခြားသောဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရမည်ဟု ခုန်မင် ကောက်ချက်ချလိုက်လေသည်။