← Chapters

လက်တစ်ဖက်တည်းဖြင့် သတ်ခြင်း

Vol. 9 Ch. 831

လက်တစ်ဖက်တည်းဖြင့် သတ်ခြင်း

Vol. 9 Ch. 831

"နဂါးရိုင်း တပ်ဖွဲ့တွေ ...”

မရေ မတွက်နိုင်သော လူများသည် ကြောက်လန့်တကြားဖြင့် ကောင်းကင်သို့ မော့ကြည့် လိုက်ကြ၏။

"ဟူး ... ဟူး ...”

အစောပိုင်း၌ အော်ဟစ်လိုက်သော ပုဂ္ဂိုလ်မှာ နဂါးရိုင်း စစ်တပ်ကြီး၏ ရှေ့ဆုံး၌ ရပ်နေသော တစ်ယောက် ဖြစ်သည်။ ထိုပုဂ္ဂိုလ်မှာ နဂါးဦးခေါင်းနှင့် လူသား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အခြား နဂါးရိုင်းများထက် ပို၍ ထွားကျိုင်း၏။

"အဲဒါက နဂါးရိုင်း သခင်ပဲ ...”

ရှောင်မန်က ကောင်းကင်သို့ မော့ကြည့်ရင်း ရေရွတ်သည်။

သူမသည် ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ထို မူလ အထွတ်အထိပ် အဆင့်၏ အရှေ့၌ ပုရွတ်ဆိတ်ကဲ့သို့ အားနည်းမှုကို ခံစား နေရသည်။

"နဂါးရိုင်း သခင် ... မင်း ဘာလို့ ကျူးဝမ် မျိုးနွယ်ကို တိုက်ခိုက်ရတာလဲ ... ထွက်သွားစမ်း"

ရုတ်တရက် ကောင်းကင်သို့ အလင်းတန်း တစ်ခု ထိုးတက်ကာ အရှင် ချင်လော့အဖြစ် ပြောင်းလဲသွားသည်။ သူသည် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားကာ လေထုကို အက်ကွဲစေသည့် ဓားအလင်းများအား ထုတ်လွှတ်နေ၏။

"ချင်လော့ ... မင်းက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အစွမ်း မထက်သေးဘူး ... ရှဲ့ချန်းယန်ကို ထွက်လာခိုင်းလိုက် ... မဟုတ်ရင် ငါ မင်းတို့ ရှေးဟောင်း ကျူးဝမ်မြို့ကို ဖျက်ဆီးပြီး အားလုံးကို သတ်ပစ်မယ်"

နဂါးရိုင်း သခင်က မောက်မာစွာ ပြောလိုက်သည်။

"ဟမ့် ... စမ်းကြည့်လိုက်လေ"

ချင်လော့က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်၏။

ကျူးဝမ်မျိုးနွယ်များနှင့် နဂါးရိုင်း မျိုးနွယ်များသည် နှစ်ထောင်ချီအောင် တိုက်ခိုက်ခဲ့ကြရာ တစ်ဖွဲ့၏ အင်အားကို တစ်ဖွဲ့ သိရှိနေခဲ့ပြီ ဖြစ်သည်။ ချင်လော့သည် ရှေးဟောင်း ကျူးဝမ်မြို့၏ အင်အားဖြင့် ထိုနဂါးရိုင်း စစ်တပ်ကို တားရန် ယုံကြည်ချက် ရှိ၏။

"ဟဟ ... ကြည့်ရတာ မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီး နေပုံပဲ ... ကောင်းပြီလေ ... အရင်ဆုံး မင်းကို သတ်ပြီးမှ ဘိုးဘေး ဘုရားကျောင်းကို ဖျက်ဆီးပြီး ရှဲ့ချန်းယန်ကို ဖမ်းတော့မယ်"

နဂါးရိုင်း သခင်က ဆိုရင်း ၎င်း၏ လက်ကို ဆန့်ထုတ်လိုက်၏။

ချင်လော့ကလည်း နောက်ဆုတ်ခြင်း မရှိချေ။ သူက ဓားအား ဆွဲကိုင်ကာ မျက်နှာချင်းဆိုင် တိုက်ခိုက်၏။

"ဘုန်း ... ဘုန်း ... ဘုန်း ...”

ရုတ်ခြည်းပင် ရှေးဟောင်း ကျူးဝမ်မြို့၏ ကောင်းကင်၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပေါ် လာသည်။

"အရှင် ချမ်လော့ ... အဲဒီ တိရစ္ဆာန်ကောင်ကို သတ်ပစ်"

မရေမတွက်နိုင်သော ကျူးဝမ် မျိုးနွယ်များက အော်ဟစ်ကာ အားပေးကြ၏။ ရှောင်မန်မှာလည်း သူမ၏ လက်များကို တင်းကျပ်စွာ ဖျစ်ညှစ်ရင်း ကောင်းကင်သို့ မော့ကြည့်နေခဲ့သည်။

"ဘုန်း ... ဘုန်း ... ဘုန်း ...”

ချင်လော့ကား ရှေးဟောင်း ကျူးဝမ်မြို့၏ စောင့်ရှောက်သူ ပီသ၏။ တိုက်ပွဲစပြီး မကြာခင်မှာပင် သူသည် နဂါးရိုင်း သခင်၏ ခန္ဓာကိုယ်၌ ဒဏ်ရာ ဆယ်ခုခန့် ချန်ရစ်နိုင်ခဲ့သည်။

"သခင် ...”

များစွာသော မူလ အဆင့် နဂါးရိုင်းများမှာ စိုးရိမ်တကြီးဖြင့် တိုက်ပွဲအတွင်း ဝင်ရောက် လာကြသည်။ သို့တိုင်အောင် ချင်လော့၏ ဓားကား ပြိုင်ဘက်ကင်း နေဆဲဖြစ်၏။

သုံးဆယ် စက္ကန့်အကြာ ...

မူလအဆင့် နဂါးရိုင်း တစ်ကောင်မှာ ချင်လော့၏ ဓားချက်ဖြင့် ခေါင်းပြတ်ကာ သေဆုံးသွားသည်။

နှစ်မိနစ် အကြာ ...

ဒုတိယ မူလ အဆင့် နဂါးရိုင်း တစ်ကောင်၏ ခန္ဓာကိုယ်မှာ ဓားချီ တိုက်စားမှုတွင် ပေါက်ကွဲ သွားရ၏။

ငါးမိနစ် အကြာ ...

ချင်လော့သည် တစ်နာရီမျှ အတော အတွင်း၌ မူလအဆင့် နဂါးရိုင်း ဆယ့်သုံးကောင်ကို သတ်ဖြတ် နိုင်ခဲ့သည်။

"အရှင် ချင်လော့က အရမ်း အစွမ်းထက်တာပဲ ...”

"သတ်ပစ် ... အရှင် ချင်လော့ ... နဂါးရိုင်း သခင်ရဲ့ ခေါင်းကိုပါ ဖြတ် ...”

"အဲဒါ ငါတို့ရဲ့ အရှင် ချင်လော့လို့ ခေါ်တယ် ...”

မြေပြင်ထက်ရှိ မရေမတွက်နိုင်သော လူများ၏ အော်ဟစ် အားပေးသံများမှာ ပိုမို၍ ဆူညံ လာခဲ့၏။ ရှောင်မန်မှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ အလွန် စိတ်လှုပ်ရှား နေခဲ့သည်။

"ဟူး ... ဟူး ...”

ချင်လော့က ဓားအား တစ်ချက်လှည့်ကာ မြို့ရိုးထိပ်၌ ရပ်လိုက်၏။ ထို့နောက် သူက မေးလိုက်သည်။

"နဂါးရိုင်း သခင် ... မင်း ဆက်ပြီး တိုက်ချင် သေးလား"

နဂါးရိုင်း သခင်၏ မျက်နှာက ရုတ်တရက် ဖြူရော်သွားသည်။

ချင်လော့သည် သူထင်ထားသည်ထက် ပို၍ အစွမ်းထက်၏။ ထို့အပြင် ထိုကျူးဝမ် ခေါင်းဆောင်မှာ အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ပင် ရောက်နေခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူ့အနေဖြင့် ယှဉ်ပြိုင်ရန် အခွင့်အရေး မရှိတော့ချေ။

နဂါးရိုင်း တပ်ဖွဲ့ ပြန်လည် ဆုတ်ခွာတော့မည်ဟု လူတိုင်း တွေးတော နေကြချိန်မှာပင် နဂါးရိုင်း သခင်က ရုတ်တရက် အော်ဟစ်ကာ ရယ်မောလိုက်သည်။

"ချင်လော့ ... မင်းက တကယ်ပဲ နိုင်ပြီလို့ တွေးနေတာလား ...”

"မင်းက ဘာလုပ်ချင်သေးလို့လဲ"

ချင်လော့က နားမလည်စွာဖြင့် ပြန်လည် မေးခွန်းထုတ် လိုက်၏။

သို့သော်လည်း နဂါးရိုင်း သခင်က သူ၏ မေးခွန်းကို ပြန်မဖြေဘဲ တောင်အရပ် မိုးကုပ်စက်ဝိုင်းကိုသာ ကြည့်၍ ဦးညွှတ်လိုက်သည်။

"အရှင် ... ကြွပါ ...”

"နှုတ်ဆက်ပါတယ် ... ဘိုးဘေး ...”

များစွာသော နဂါးရိုင်း စစ်သည်များကလည်း ဒူးထောက်ကာ တညီတညွတ်တည်း အော်ဟစ် လိုက်ကြ၏။

"ဘုန်း ...”

ရုတ်တရက် ပေါက်ကွဲသံနှင့် အတူ တောင်အရပ် ကောင်းကင်မှ နဂါးရိုင်းကြီး တစ်ကောင် ပျံသန်းလာ၏။

ထိုနဂါးရိုင်းကြီးသည် မီတာ တစ်ရာခန့် မြင့်မားပြီး နဂါး ဦးခေါင်းကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ လက်သည်းများသည် အလွန်အမင်း ထက်ရှကာ ၎င်း၏ အနက်ရောင် အကြေးခွံများမှာလည်း သတ္တုများ အလား မာကျောနေ၏။

"န ... နဂါးရိုင်း နတ်ဘုရား ...”

ချင်လော့၏ မျက်နှာက ရုတ်ခြည်းပင် သွေးဆုတ် ဖြူရော်သွားသည်။

ထိုနဂါးရိုင်းကြီးကား နဂါးရိုင်း နတ်ဘုရားပင် ဖြစ်သည်။ ၎င်းသည် ရွှေအမြုတေအဆင့် ဖြစ်သလို နဂါးရိုင်း မျိုးနွယ်ကို ကျန်းပေ့နယ် အတွင်း အင်အားကြီး အုပ်စုတစ်စု ဖြစ်လာစေသည့် အကြောင်းရင်းလည်း ဖြစ်၏။

"နဂါးရိုင်း နတ်ဘုရား ... သင်တို့ ဘာလို့ ကျူးဝမ် မျိုးနွယ်ကို အကြောင်းမဲ့ တိုက်ခိုက်ရတာလဲ ... ယန်ပြည်နယ် သခင်နဲ့ ရေခဲဂိုဏ်းတို့က သင့်ကို အပြစ်ပေးမှာ မကြောက်ဘူးလား"

ချင်လော့က စိတ်များကို ပြန်လည် စုစည်းကာ အော်ဟစ်လိုက်သည်။

"ငါ့ရဲ့ အလုပ်ကို မေးခွန်းထုတ် ရဲရအောင် မင်းက ဘယ်သူလဲ ... ငမိုက်သား သေလိုက်စမ်း"

နဂါးရိုင်း နတ်ဘုရားလက်ကို မြှောက်ကာ ကုတ်ခြစ်လိုက်၏။

"ဘုန်း ...”

ရုတ်ခြည်းပင် ကောင်းကင်၌ အနက်ရောင် လှိုင်းများ ဖြစ်ပေါ်လာကာ ချင်လော့ထံသို့ စီးဆင်းလာသည်။

"ဓားချီမြစ် ...”

ချင်လော့က အော်ဟစ်ကာ မြစ်တစ်စင်း ဖန်တီး၍ အနက်ရောင် လှိုင်းများကို တားဆီး လိုက်သည်။ သို့သော်လည်း တစ်ခဏ အတွင်းမှာပင် ဓားချီမြစ် ပျက်စီး၍ ချင်လော့၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ကျသည်။

"ရှဲ့ချန်းယန် ... ငါရောက်လာပြီ ... မင်း ဘာလို့ အခုထိ ထွက်မလာ သေးတာလဲ"

နဂါးရိုင်း နတ်ဘုရားက ချင်လော့အား ဂရုမစိုက်ဘဲ ဘိုးဘေး ဘုရားကျောင်းကိုသာ စူးစိုက်ကြည့်ရင်း ဆိုလိုက်သည်။

"ဘုန်း ...”

ဘိုးဘေး ဘုရားကျောင်းမှ အလင်းတစ်ခု ပျံတက်လာကာ အဘိုးအိုတစ်ဦး အသွင်သို့ ပြောင်းလဲသွား၏။ ထို့နောက် အဘိုးအိုက နဂါးရိုင်း နတ်ဘုရား၏ အရှေ့သို့ ပျံသန်းရောက်ရှိ လာသည်။

"နဂါးရိုင်း နတ်ဘုရား ... သင်နဲ့ ငါတို့ ဘာတွေ သဘောတူထားတယ် ဆိုတာ သင်မေ့နေပြီလား ... သဘောတူညီမှုကို ချိုးဖောက်ချင်နေတာ သေချာရဲ့လား ... သင် ယန်ပြည်နယ် အစိုးရနဲ့ ရေခဲဂိုဏ်းတို့က အရေးယူမှာ မကြောက်ဘူးလား"

အဘိုးအိုက ခြိမ်းခြောက်ရန် ကြိုးစားလိုက်၏။

ရေခဲဂိုဏ်းသည် ယန်ပြည်နယ် အတွင်းရှိ ကျော်ကြားသော တန်ခိုးရှင် ကျင့်ကြံခြင်း ဂိုဏ်း တစ်ဂိုဏ်းဖြစ်ပြီး တစ်ယောက်ထက် ပိုသော ဝမ်ရှင်း တန်ခိုးရှင်များကို ပိုင်ဆိုင်ထားသည်။ ကျူးဝမ် မျိုးနွယ်သည် နှစ်ထောင်ပေါင်း များစွာကြာအောင် ရေခဲဂိုဏ်းကို အခွန် ဆက်သခဲ့ပြီး အပြန်အလှန် အနေဖြင့် ရေခဲဂိုဏ်းက သူတို့အား ကာကွယ်ပေးသည်။

ထို့အပြင် ယန်ပြည်နယ် အစိုးရသည်လည်း နဂါးရိုင်းများကို ထင်ရာ မစိုင်းနိုင်ရန် တင်းကျပ်သော စည်းမျဉ်းများ ထုတ်ပြန်ထား၏။

အကယ်၍ ထိုအင်အားစု နှစ်ခုကြောင့်သာ မဟုတ်လျှင် ကျူးဝမ် မျိုးနွယ်မှာ နဂါးရိုင်းများ၏ လက်အောက်၌ ပျက်စီး သွားခဲ့ရလောက်ပြီ ဖြစ်သည်။

"ရေခဲဂိုဏ်း ... ယန်ပြည်နယ် အစိုးရ ...”

နဂါးရိုင်း ဘုရင်က အော်ဟစ် ရယ်မောလိုက်သည်။

"ဘုန်း ...”

သူ၏ ရယ်မောမှုက လေမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာကာ ရှေ့ဟောင်း ကျူးဝမ်မြို့ကို ဖြတ်၍ တိုက်ခတ်၏။ ထိုမုန်တိုက်း၏ တိုက်ခတ်မှုတွင် အိမ်ပေါင်းများစွာမှာ ပေါက်ကွဲကာ သောင်းချီသော ကျူးဝမ် မျိုးနွယ်များ သေဆုံးသွားသည်။

"ငါ ဒီလိုဘာမှ မပြင်ဆင်ပဲ လာမယ်လို့ ထင်နေတာလား ... မယုံရင် ယန်ပြည်နယ် အစိုးရနဲ့ ရေခဲဂိုဏ်းတွေကို ဆက်သွယ်ကြည့်လိုက်"

နဂါးရိုင်း နတ်ဘုရားက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ရှဲ့ချန်ယန်က ချက်ချင်းပင် ဆက်သွယ်ရေး ကျောက်တုံးကို ထုတ်ယူကာ ယန်ပြည်နယ် အစိုးရနှင့် ရေခဲဂိုဏ်းတို့ကို ဆက်သွယ် ကြည့်လိုက်သည်။ သို့သော်လည်း ထူးဆန်းစွာပင် မည်သူမျှ အကြောင်း မပြန်ကြချေ။

"ရှဲ့ချန်းယန် ... မင်းတို့ မျိုးနွယ်မှာ သုံးလနဲ့ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို တက်လှမ်းနိုင်တဲ့ ပါရမီရှင် တစ်ယောက် ပေါ်လာတယ် ဆိုတာ ငါသိပြီးပြီ ... ငါတောင် သိတယ် ဆိုရင် ယန်ပြည်နယ် အစိုးရနဲ့ ရေခဲဂိုဏ်းတို့က မသိဘူးဆိုတာ မဖြစ်နိုင်ဘူး ... သူတို့ကရော အဲဒီလို နဂါးတစ်ကောင် ကြီးထွားလာတာကို ကျေကျေနပ်နပ်ကြီး သဘောကျမယ်လို့ မင်း ထင်နေတာလား"

နဂါးရိုင်း နတ်ဘုရားက ရယ်မောရင်း ဆိုလိုက်သည်။ သို့သော်လည်း ယခု တစ်ကြိမ်တွင်မူ ပြင်းထန်သော လေမုန်တိုင်း ဖြစ်မလာတော့ချေ။

"ဒါပေမဲ့ စိတ်မပူပါနဲ့ ... ငါ ပြည်နယ် သခင်နဲ့ သဘောတူညီမှုတစ်ခု လုပ်လာတယ် ... မင်းတို့ အဲဒီ ပါရမီရှင်ကို လက်လွှဲပေးမယ် ဆိုရင် ငါတို့ဘက်ကလည်း ပြန်ပြီး ဆုတ်ခွာပေးမယ် ... လူတစ်ယောက်လား ... မျိုးနွယ် တစ်ခုလုံးကား ဆုံးဖြတ်ပေါ့ကွာ"

နဂါးရိုင်း နတ်ဘုရား၏ စကားအဆုံး၌ ရှေးဟောင်း ကျူးရန်မြို့ တစ်ခုလုံး တိတ်ဆိတ် သွားသည်။ ရှဲ့ချန်းယန်နှင့် အခြား မူလအဆင့် ကျင့်ကြံသူများပင်လျှင် စကား မဆိုနိုင်ပဲ ငြိမ်သက် သွားကြ၏။

***

ယန်ပြည်နယ်၊ အနီရောင် မီးတောက်မြို့တော် ...

"ဟူး ... ဟူး ...”

အနီရောင် အင်္ကျီ ဝတ်ဆင်ထားသော အဘိုးအို တစ်ယောက်သည် ရေကြေးမုံ တစ်ခု၏ အရှေ့၌ရပ်ကာ ရှေးဟောင်း ကျူးဝမ်မြို့၌ ဖြစ်ပျက်သမျှကို ကြည့်ရှု့ နေခဲ့သည်။

သူကား ယန်ပြည်နယ် သခင် ချီဖန်ခုန်းပင် ဖြစ်၏။ သူသည် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး အဆင့်လေး ရွှေအမြုတေကို ပိုင်ဆိုင်ထားသည်။

"သခင်ကြီး ... ကျုပ်တို့ တစ်ခုခု လုပ်သင့်တယ် မထင်ဘူးလား ... ကျူးဝမ် မျိုးနွယ်တွေက နဂါးရိုင်းတွေကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး ...”

အနောက်၌ ရပ်နေသော လူငယ်က ဦးညွှတ်ရင်း ပြောသည်။

သူသည် ယန်ပြည်နယ်၏ အထူးချွန်ဆုံး ပါရမီရှင် ဖြစ်ပြီး မူလ ထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်သည်။ ကောင်းကင်နယ်မြေ ခြောက်ခု၏ ကိုယ်စားလှယ်များ ဖြစ်ကြသော လင်းဝူဟွာ၊ ပိုင်ချွင်အာတို့ပင် သူနှင့် ယှဉ်ပါက အားနည်း၏။

"ရှုဟောင် ... ခေါင်းဆောင် တစ်ယောက်အတွက် ဘယ်ဟာက ပိုပြီး အရေးကြီးတယ် ဆိုတာ မင်း သိသင့်တယ်"

ချီဖန်ခုန်းက ခေါင်းအား ခါယမ်းလိုက်သည်။

"နယ်မြေတစ်ခု တည်ငြိမ်ဖို့ အတွက် မျှခြေဆိုတဲ့ အခြေအနေ တစ်ခု လိုအပ်တယ် ... အဲဒီ မျှချေကြောင့်ပဲ ငါတို့ ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့ကို ဘယ်သူမှ မတွန်းလှန်နိုင်ခဲ့တာ ... အခု ကျူးဝမ် မျိုးနွယ်က အဲဒီ မျှခြေကို ဖျက်ဆီး ချင်နေတာ ... အဲဒီ မိန်းကလေးသာဆက်ပြီး ကျင့်ကြံမယ် ဆိုရင် နှစ်တစ်ရာအတွင်း ရွှေအမြုတေ အဆင့်ကို ရောက်လိမ့်မယ် ... အဲဒီ အခါကျရင် သူက ဒုတိယ နဂါးရိုင်း နတ်ဘုရား ဖြစ်လာလိမ့်မယ် ... သဘောပေါက်လား"

ရှုဟောင်မှာမူ မည်သို့မျှ အဖြေမပေးဘဲ ခေါင်းကိုသာ ငုံ့နေခဲ့၏။ သူ၏ ပုံစံက တစ်စုံတစ်ခုကို အလေးအနက် တွေးတော နေပုံပင်။

***

တစ်ချိန်တည်း၌ ရှေးဟောင်း ကျူးဝမ်မြို့တွင် ...

"ကျွန်မ သူတို့နဲ့ လိုက်သွားလိုက်မယ် ...”

စူးရှသော အသံငယ်လေး တစ်ခုက တိတ်ဆိတ်မှုအား ဖြိုခွင်းကာ ထွက်ပေါ် လာ၏။

လူတိုင်းက အသံလာရာသို့ ကြည့်လိုက်ရာ ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေး တစ်ယောက်ကို တွေ့ရသည်။ သူမကား ကျူးဝမ် မျိုးနွယ်၏ ပါရမီရှင် ရှောင်မန်ပင် ဖြစ်လေသည်။

"မရဘူး ...”

ချင်လော့က ဓားအား ဆွဲကိုင်၍ တိုက်ခိုက်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူသည် မတ်တတ်ပင် မရပ်နိုင်ခဲ့ချေ။

ရှဲ့ချန်းယန်မှာမူ တိတ်ဆိတ်နေ၏။ သူသည် အကြိမ်ကြိမ် စကားပြောရန် ကြိုးစားသော်လည်း စကားလုံး တစ်လုံးပင် ထွက်မလာခဲ့ချေ။ သူသည် ရှောင်မန်ကို တန်ဖိုးထားသော်လည်း သန်းချီသော ကျူးဝမ် မျိုးနွယ်များ၏ အသက်ကို မစတေး လိုချေ။

"ကျူးဝမ် မျိုးနွယ်တွေရဲ့ အသက်နဲ့ ကျွန်မ အသက်ကို အလဲအလှယ်လုပ်ဖို့ ကျွန်မ ဆန္ဒ ရှိပါတယ်"

ရှောင်မန်က ပြုံးလိုက်၏။ သူမကား ဖြစ်ပျက် သမျှကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေပုံ ရသည်။

"ဟားဟား ... ကောင်းပြီလေ"

နဂါးရိုင်း နတ်ဘုရားက ရယ်မောရင်း သူ၏ လက်သည်းအား မြှောက်လိုက်၏။

"ဘုန်း ...”

ရှောင်မန်က အပေါ်သို့ မော့ကြည့်ရာ သူမထံသို့ နဂါးရိုင်း နတ်ဘုရား၏ လက်သည်း ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။

ရုတ်တရက် ရှောင်မန်၏ စိတ်အတွင်း၌ ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာခဲ့သည်။

ထိုနေ့က သူမသည် ယခုကဲ့သို့ပင် သေဆုံးခါနီး အခိုက်အတန့် တစ်ခုကို ကြုံခဲ့သည်။ ထိုစဉ်က အစ်ကိုသည် တန်ခိုးရှင် တစ်ယောက်အလား ပျံသန်းလာကာ သူမအား မွန်းစတား၏ လက်မှ ကယ်တင်ခဲ့သည်။

"အစ်ကို ... သမီး အစ်ကို့ကို ဆန်မုန့်တွေ ထပ်လုပ်ကျွေးဖို့ အခွင့်အရေး မရှိတော့ဘူး ထင်တယ် ...”

ရှောင်မန်က မျက်လုံးများကို မှိတ်လိုက်သည်။ ထိုအချိန်မှာပင် ကြည်လင်သော အသံ တစ်ခုက သူမ၏ နားစည်သို့ ဝင်ရောက်လာ၏။

"ရှောင်မန်ကို ခေါ်သွားမယ် ဆိုရင် ငါ့ကိုအရင် မေးသင့်တယ် ...”

***

All Chapters