← Chapters

နတ်ဘုရား အလား

Vol. 9 Ch. 832

နတ်ဘုရား အလား

Vol. 9 Ch. 832

"ရှောင်မန်ကို ခေါ်သွားမယ် ဆိုရင် ငါ့ကိုအရင် မေးသင့်တယ် ...”

မိန်းကလေးက အလန့်တကြား မျက်လုံး ဖွင့်ကြည့်လိုက်ရာ သူမ၏ အရှေ့၌ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူငယ် တစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည်။

"ဘုန်း ...”

လူငယ်သည် လက်အားညွှန်ကာ နဂါးရိုင်း နတ်ဘုရား၏ လက်သည်းကြီးအား ပိတ်ဆို့လိုက်၏။ ထိုလူငယ်ကား အခြားလူ မဟုတ် ချန်းဖန်သာ ဖြစ်လေသည်။

"အစ်ကို ...”

ရှောင်မန်က တုန်ရီစွာဖြင့် ခေါ်လိုက်သည်။ သူမ၏ စိတ်အတွင်းတွင်မူ အံ့အားသင့်ခြင်း၊ ဝမ်းသာခြင်း၊ မယုံကြည်နိုင်ခြင်းတို့က ရောယှက်နေ၏။

ရှောင်မန်သာလျှင် မကချေ။ ချင်လော့နှင့် မဟာ အကြီးအကဲတို့ မှာလည်း သရဲ တစ္ဆေကို တွေ့ရသည့်အလား ဆွံ့အနေခဲ့ကြ၏။

"အဲဒါက ဟိုဉာဏ်အလင်း စုဆောင်းခြင်းအဆင့် ကောင်လေးမလား ... သူက ဘယ်လိုလုပ်ပြီး နဂါးရိုင်း နတ်ဘုရားကို တားဆီးရဲတာလဲ ... သူက တကယ်ပဲ ဟန်ဆောင်ထားတဲ့ ပညာရှင်ကြီး တစ်ယောက်များလား ...”

ချင်လော့က ရေရွတ်၏။

မဟာ အကြီးအကဲ၏ မျက်လုံးများမှာလည်း တစ်စုံတစ်ခုကို သတိပြုမိဟန် ဝင်းလက် သွားသည်။

"မင်းက ဘယ်သူလဲ ...”

နဂါးရိုင်း နတ်ဘုရားက ချန်းဖန်အား ကြည့်ရင်းမေး၏။

လက်သည်း တိုက်ခိုက်မှု၌ မည်သည့် ဓမ္မစွမ်းအားမျှ မပါသည့်တိုင် သူ၏ ခန္ဓာကိုယ် သက်သက်ကပင် တောင်တစ်လုံးကို ဖျက်ဆီး ပစ်နိုင်သည်အထိ အစွမ်းထက်နေပြီ ဖြစ်သည်။ သို့သော်လည်း ထိုကောင်လေးက သူ၏ လက်သည်းကို လက်ညှိုးတစ်ချောင်းတည်းဖြင့် ပိတ်ဆို့ခဲ့သည်။ သို့ဖြစ်ရာ သူ့ အနေဖြင့် မည်ကဲ့သို့ မအံ့ဩပဲ နေနိုင်ပါမည်နည်း။

"ငါက ချန်းဖန် ... ရှောင်မန်ရဲ့ အစ်ကို"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း အဖြေပေးလိုက်သည်။

"ချန်းဖန် ဟုတ်လား ... ဒီနာမည်ကို တစ်ခါမှတောင် မကြားဖူးဘူး ... မင်းလို နာမည် မရှိတဲ့ ကောင်က ဘယ်လို သတ္တိနဲ့ ငါ့ကို တားရဲတာလဲ ... သေစမ်း"

နဂါးရိုင်း နတ်ဘုရားက သူ၏ လက်သည်းများကို နောက်တစ်ဖန် ပြန်လည် ဆန့်ထုတ်လိုက်ပြန်၏။

"ဘုန်း …"

သူ၏ လက်သည်းများက အနက်ရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး အိမ်တစ်လုံးစာမျှ အရွယ်အစား ရှိသည်။

"ဘုန်း ...”

နဂါးရိုင်း နတ်ဘုရား စတင် တိုက်ခိုက်သည်နှင့် ကောင်းကင် တစ်ခုလုံးမှာ အနက်ရောင် လှိုင်းများဖြင့် ပြည့်နှက်သွား၏။ ထိုလှိုင်းများက လေထုကို တိုက်စားကာ ချန်းဖန်ထံသို့ ဦးတည်သည်။

"ကလန့် ...”

သို့သော်လည်း ချန်းဖန်က နောက်သို့ တစ်လှမ်းပင် ဆုတ်ခြင်း မရှိချေ။ သူက လက်ကို ဓားအဖြစ် အသုံးပြုကာ လေထုအား ခုတ်ဖြတ်လိုက်၏။

"ဘုန်း ...”

အဇူရာ ဓားအလင်းတစ်ခုက ကောင်းကင်၌ လင်းလက်လာကာ အဆုံးမဲ့ အနက်ရောင် လှိုင်းများကို အလုံးစုံ ဖျက်ဆီးပစ်သည်။ ထို့နောက် ၎င်းက ကောင်းကင်၌ အဖြူရောင် အမှတ်အသား တစ်ခု ချန်ရစ်ကာ ပျောက်ကွယ်သွား၏။

"သူ အသက်ရှင် နေသေးတာလား ...”

တိုက်ပွဲ မစခင်က လူတိုင်းမှာ နဂါးရိုင်း နတ်ဘုရား၏ လက်ချက်ဖြင့် ချန်းဖန် သေသွားလိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။ သို့သော်လည်း ယခုတွင်မူ သူက မသေခဲ့သည့် =အပြင် အသာစီးပင် ရနေသေး၏။

"ငါတို့ ကျူးဝမ် မျိုးနွယ်မှာ ဘယ်တုန်းက ခုလောက် အစွမ်းထက်တဲ့ အရှင်သခင် တစ်ယောက် ရှိနေတာလဲ ...”

မရေ မတွက်နိုင်သော လူများက အံ့ဩတကြီး ရေရွတ်ကြသည်။

"သူ့ရဲ့ အစစ်အမှန်ချီက အရမ်း ကြောက်ဖို့ကောင်းတယ် ... ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် လောက်ကို အစွမ်းထက် နေပြီ"

ချင်လော့၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်နေ၏။

"ကံမကောင်းတာက သူက အခုထိ ရွှေအမြုတေ အဆင့်ကို မရောက်သေးဘူး ... မဟုတ်ရင် သူက အခြေအနေတွေကို လုံးဝ ပြောင်းလဲပစ်နိုင်မှာ"

ရှဲ့ချန်းယန်က ခေါင်းအား ခါယမ်းရင်း ဆိုလိုက်သည်။

ရွှေအမြုတေ အဆင့်နှင့် မူလအဆင့် ကျင့်ကြံသူများ အကြားရှိ ကွာခြားချက်မှာ ကြီးမားလွန်းသည်။ မူလအဆင့် တစ်ယောက် မည်မျှပင် အစွမ်းထက် စေကာမူ အဆုံးမဲ့ စွမ်းအား ရင်းမြစ်ကို ထောက်ပံ့ပေးနိုင်သော ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို အနိုင်ယူနိုင်မည် မဟုတ်ချေ။

"ဟီးဟီး ... မင်းက အလာသားပဲကွ"

နဂါးရိုင်း နတ်ဘုရားက အမြင်ကတ်ဖွယ် ရယ်မောလိုက်၏။

"ရွှေအမြုတေ အဆင့် တစ်ယောက် ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်းကိုငါ ပြရမှာပေါ့"

"ဘုန်း ...”

စကားဆုံးသည်နှင့် သူ၏ ခြေထောက်အောက်တွင် အနက်ရောင် အလင်း တစ်ခု ပေါ်လာ၏။ ထိုအလင်းက ပေတစ်ထောင် အကွာအဝေးကို ဖြန့်ကြက်၍ ထိုဧရိယာအား နဂါးရိုင်း ဟိန်းသံဖြင့် ဖုံးလွှမ်းစေသည်။

ကိုယ်ပိုင် နယ်မြေ…

ထိုအရာကား ရွှေအမြုတေ အဆင့်များသာ ထုတ်ဖော်နိုင်သည့် ကိုယ်ပိုင် နယ်မြေပင် ဖြစ်လေ၏။

"မကောင်းတော့ဘူး ...”

နဂါးရိုင်း နယ်မြေ ပေါ်ထွက် လာသည်နှင့် ထိုဧရိယာ အတွင်းရှိ ရှဲ့ချန်းယန်မှာ အဆောင် တစ်ခုကို အသက်သွင်းလိုက်သည်။ ထိုအဆောင်က ရွှေရောင် အလင်းတန်းများကို ဖြန့်ကြက်ကာ သူ၏ ခန္ဓာကိုယ်ကို ကာကွယ်၏။

"ရွှေအမြုတေ အဆင့် အစုတ်အပြတ် အဆောင်တစ်ခုက ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား ...”

နဂါးရိုင်း နတ်ဘုရားက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။

"ဘုန်း ...”

နှစ်ဆ တိုးမြင့်လာသော နယ်မြေဖိအား၏ အောက်၌ ရှဲ့ချန်းယန်၏ ရွှေရောင်အလင်း အလုံးစုံမှာ ပေါက်ကွဲသွားသည်။ သူကား နဂါးရိုင်း ဘုရင်၏ အရှေ့၌ အနည်းငယ်ပင် ခုခံ ကာကွယ်နိုင်စွမ်း မရှိခဲ့ချေ။

"ဟားဟား ...”

သို့သော်လည်း နဂါးရိုင်း နတ်ဘုရားက ရှဲ့ချန်းယန်ကို မသတ်ဘဲ ချန်းဖန်ဘက်သို့ လှည့်လိုက်၏။ ထို့နောက် သူက နယ်မြေကို ကြီးမားသော ခြေထောက်ကြီး အသွင် ပြောင်းလဲကာ ချန်းဖန် အပေါ်သို့ ဆောင့်နင်း ချလိုက်သည်။

သို့သော်လည်း ချန်းဖန်က ထိုအရာကို သတိမိပုံပင် မရချေ။ သူက ရှောင်မန်ကိုသာ ကြည့်ရင်း မေးလိုက်၏။

"ရှောင်မန် ... ကြောက်နေလား"

"ဟင့်အင်း ... သမီး မကြောက်ဘူး အစ်ကို"

ရှောင်မန်က ညင်သာစွာ ပြုံးရင်း အဖြေပေးလိုက်သည်။

ထူးဆန်းစွာပင် ချန်းဖန်၏ ကာကွယ်မှု အောက်၌ သူမသည် လုံခြုံမှုကို ခံစားနေရ၏။ အကယ်၍ အစ်ကိုနှင့် အတူ သေရမည် ဆိုလျှင်ပင် သူမ နောင်တရမည် မဟုတ်ချေ။

"အင်း ... ဒါဆို ဒီနဂါဆိုးကြီးကို အစ်ကို ဘယ်လို အနိုင်ယူ မလဲဆိုတာ ကြည့်နေ"

ချန်းဖန်က ဆိုလိုက်သည်။

"ဘုန်း ...”

ထို့နောက် ရုတ်ခြည်းပင် ချန်းဖန်၏ ရွှေရောင် အမြုတေမှာ အတားအဆီးများကို ဖြတ်တောက်ကာ ရုန်းကြွလာ၏။ ၎င်းက ရွှေရောင် အလင်းကို ထုတ်လွှတ်ကာ ချန်းဖန်အား နေတစ်စင်း အလား ထွန်းတောက်စေသည်။

"ဘုန်း ...”

ထို့နောက် ချန်းဖန်က လက်သီးတစ်ချက်ကို ထိုးလိုက်၏။ လက်သီးသဏ္ဌာန် အလင်း တစ်ခုက မီတာ တစ်ရာခန့် အထိ ကြီးမားလာကာ ကောင်းကင်သို့ ထိုးတက် သွားခဲ့သည်။

ထို့နောက် အရာရာသည် အလင်းများအလား ပေါက်ကွဲသွား၏။ အနက်ရောင် အကြေးခွံများ၊ အနက်ရောင် သွေးစက်များမှာ ကောင်းကင်မှနေ၍ မြေပြင်သို့ မိုးအလား တဖွဲဖွဲ ရွာကျသည်။

"အား ...”

နဂါးရိုင်း နတ်ဘုရားမှာ နာကျင်စွာ အော်ဟစ်၍ နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။ သူကား ဒဏ်ရာ အကြီးအကျယ်ရရှိ သွားခဲ့ပြီ ဖြစ်လေသည်။

သို့သော်လည်း ထိုအရာကား အစမျှသာ ဖြစ်လေသည်။

မြေပြင်မှ ရွှေရောင် အလင်း တစ်ခုသည် နဂါး တစ်ကောင်အလား ကောင်းကင်သို့ ထိုးတက် သွား၏။ ထိုအလင်း၏ အလယ်တွင်မူ ပြိုင်ဘက်ကင်း နတ်ဘုရားအလား ချန်းဖန်ရှိသည်။

"ဘုန်း ... ဘုန်း ... ဘုန်း ...”

ချန်းဖန်၏ အကြိမ်ကြိမ် တိုက်ခိုက်မှုများ အောက်၌ နဂါးရိုင်း နတ်ဘုရား၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ အလင်းများ အဖြစ် ပေါက်ကွဲ ပျက်စီးကုန်၏။

"ခြေထောက်များ ...”

"လက်များ ...”

"ရင်ဘတ် လည်ပင်း ခေါင်း ...”

အဆုံး၌ မီတာ တစ်ထောင်ခန့် ကြီးမားသော နဂါးရိုင်း နတ်ဘုရား၏ ခန္ဓာကိုယ်ပင်လျှင် ပေါက်ကွဲသွားတော့သည်။

ကောင်းကင် တစ်ခုလုံးကား သွေးနံ့များဖြင့် ညှီဟောင်နေ၏။ သို့သော်လည်း ရွှေရောင် အလင်းကား ရပ်တန့်ခြင်း မရှိချေ။ ၎င်းက ရှေ့သို့ဆက်လက် ပျံသန်းကာ နဂါးရိုင်း စစ်တပ် တစ်ဝက်ခန့်ကိုသာ ဖျက်ဆီး ပစ်လိုက်၏။

"အဲဒါက ...”

ထိုအခိုက်အတန့်၌ ဘိုးဘေးဘုရားကျောင်း အကြီးအကဲများ အပါအဝင် ရှေးဟောင်း ကျူးဝမ်မြို့ရှိ သန်းပေါင်း များစွာသော လူများမှာ ဆွံ့အနေကြသည်။ ရေကြေးမုံမှ တစ်ဆင့် ကြည့်နေသော ရန်ပြည်နယ် သခင် ချီဖန်ခုန်းနှင့် ပါရမီရှင် ရှုဟောင်တို့ပင် ပါးစပ် အဟောင်းသား ဖြစ်နေကြ၏။

ဤကဲ့သို့ ကောင်းကင်နှင့် မြေပြင် နှစ်ပါး စလုံး တိတ်ဆိတ်နေကြချိန်၌…

"ဟူ ... ဟူး ...”

ရွှေရောင် အလင်းများ ခြံရံနေသော လူငယ်မှာ လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်၌ ရပ်၏။ သူ၏ အနက်ရောင် ဆံပင်နှင့် အနက်ရောင် အဝတ်အစားများမှာမူ လေနှင့်အတူ လွင့်ပါနေသည်။

ထိုအခိုက်အတန့်၌ သူကား နတ်ဘုရား တစ်ပါး အလားပင် ထင်ရ၏။

***

All Chapters