ပြိုင်ဘက်ကင်း
Vol. 9 Ch. 835
ဝမ်ရှင်း တန်ခိုးရှင် ငါးယောက်က မည်မျှ အစွမ်းထက် သနည်း။
ရန်ပြည်နယ် တစ်ခုလုံး၌ပင် ဝမ်ရှင်း တန်ခိုးရှင် အရေအတွက်မှာ ရှစ်ယောက်သာ ရှိသည်။ ယနေ့တွင် ချီဖန်ခုန်း အပါအဝင် ဝမ်ရှင်း တန်ခိုးရှင် ခြောက်ယောက် တစ်ပြိုင်နက်တည်း ပေါ်ထွက် လာခဲ့ပြီး သူတို့ အထဲမှ ငါးယောက်က ချန်းဖန်ကို ဝိုင်း၍ တိုက်ခိုက် ကြသည်။
သို့ဖြစ်ရာ ထိုတိုက်ပွဲတွင် ချန်းဖန် အနိုင်ရ လိမ့်မည်ဟု မည်သူမျှ မယုံကြရဲချေ။
"ဘုန်း…"
တိုက်ပွဲ စသည်နှင့် တောက်ပသော နတ်အလင်းများ၊ ဓားချီ အလင်းများ၊ ဓမ္မ အစီအရင် တိုက်ခိုက်မှုများမှာ ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်း သွားသည်။ သာမန် လူများ မဆိုထားနှင့် မူလ အဆင့်များပင်လျှင် မည်သူ အသာစီး ရနေသည်ကို ရှင်းလင်းစွာ မမြင်ရတော့ချေ။
"ဘုန်း… ဘုန်း…"
တိုက်ပွဲ၏ အရှိန်အဝါ ရိုက်ခတ်မှု အောက်တွင် ရှေးဟောင်း ကျူးဝမ်မြို့၏ အဆောက်အဦ များစွာမှာ ပြိုလဲကျကုန်၏။ သာမန်လူများ ဆိုလျှင် ပြင်းထန်သော ဖိအားကြောင့်၏ ဒွာရပေါက်များမှ သွေးများပင် စီးထွက် ကျလာသည်။ မူလ အဆင့် ကျူးဝမ် အကြီးအကဲများ ပင်လျှင် နောက်သို့ အဆက်မပြတ် ဆုတ်ခွာ နေရ၏။
"ဘယ်သူ နိုင်သွားတာလဲ…"
ချင်လော့နှင့် အခြားလူများက ကောင်းကင်သို့ ကြည့်လိုက်ကြသည်။
"ဘုန်း…"
ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင် လူရိပ် ငါးခုမှာ အလင်း ပေါက်ကွဲမှုများ အကြားမှ လွင့်ပျံကာ မြေပြင်သို့ အရှိန်ပြင်းစွာ ကျ၏။ သူတို့ တစ်ယောက်ချင်းစီ၏ ကျဆင်းမှုက ကြီးမားသော ဖိအားကို သယ်ဆောင် ထားရာ မိုးကြိုးကဲ့သို့ ထစ်ချုန်းသံများပင် ဖြစ်ပေါ် လာသည်။
"ဟူး…"
အထက်ကောင်းကင် မိုးသားထက်တွင်မူ ချန်းဖန် တစ်ယောက်သာ ကျန်ရစ် နေခဲ့သည်။ သူသည် လက်တစ်ဖက်ဖြင့် နဂါးရိုင်း နတ်ဘုရားကို ကိုင်ကာ အခြား တစ်ဖက်အား တိုက်ခိုက်ရန် အသင့် အနေအထားဖြင့် ဆုပ်ကိုင် ထား၏။ သူ၏ နောက်တွင်မူ အလင်းစက်ဝိုင်း တစ်ခုက နေမင်း အလား တောက်ပစွာ ရှိနေခဲ့သည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ…"
လူတိုင်းမှာ ပါးစပ် အဟောင်းသား ဖြစ်သွားကြ၏။
"သူက ဝမ်ရှင်း တန်ခိုးရှင် ငါးယောက်ကို တစ်ယောက်တည်း အနိုင်ယူ လိုက်တာလား… ကောင်းကင် နယ်မြေ ခြောက်ခု၊ မိသားစု ရှစ်ခု နဲ့ ထိပ်တန်း မျိုးနွယ် ဆယ်ခုက ခေါင်းဆောင်တွေပဲ သူ့ကို ယှဉ်နိုင်လိမ့်မယ် ထင်တယ်… သူက ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက် နေဝာာလဲ"
ချီဖန်ခုန်း ပင်လျှင် မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။ သူ၏ စိတ်တစ်ခုလုံးတွင်မူ မယုံကြည်နိုင်ခြင်း တစ်ခုကသာ စိုးမိုး ထားသည်။
ရွှေအမြုတေ အဆင့်သို့ တက်လှမ်း ပြီးနောက် နောက်တစ်ဆင့်သို့ တက်ရန်မှာ ပိုမို၍ ခက်ခဲ လာသည်။
သူသည် ရာစုနှစ် ကိုးခု တိုင်တိုင် ကျင့်ကြံခဲ့သည့်တိုင် ရွှေအမြုတေ အဆင့် အစောပိုင်းတွင်သာ ရှိနေသည်။ ယန်ပြည်နယ် အတွင်းရှိ အခြား ရွှေအမြုတေ အဆင့်များကို သူ လွှမ်းမိုးနိုင်ရသည့် အကြောင်းရင်း မှာလည်း သူ၏ အဆင့်လေး ရွှေအမြုတေကြောင့်သာ ဖြစ်သည်။
"ဘုန်း… ဘုန်း… ဘုန်း…"
ရွှေအမြုတေ အဆင့် ငါးယောက်က ကောင်းကင်သို့ နောက်တစ်ကြိမ် ပျံတက်လာသည်။
ရေခဲဂိုဏ်း ဘိုးဘေးက ချန်းဖန် လက်ထဲရှိ တစ်ဝက်တစ်ပျက် ပျက်စီးနေပြီ ဖြစ်သော နဂါးရိုင်း နတ်ဘုရားအား တစ်ချက် ကြည့်လိုက်၏။ ထို့နောက် သူက ချန်းဖန်ကို ပြောလိုက်သည်။
"မင်းက ငါတို့ စကားကို နားမထောင်မှတော့ ငါတို့ကလည်း မင်းကို ညှာတာပေးတော့မှာ မဟုတ်ဘူး…"
"ဒီနေ့ မင်းကို လမ်းမှန် ရောက်အောင် ငါတို့ ညွှန်ပြ ပေးရမှာပေါ့…"
ဓားသခင် လဲ့ထျန်းကလည်း သူ၏ ဓားကို ဆွဲထုတ် လိုက်၏။
မြောက်ပင်လယ် ဂိုဏ်းချုပ်၊ ဝမ်ရှင်း တန်ခိုးရှင် လင်ခုန်းနှင့် သွေးမိစ္ဆာ သခင် တို့ကလည်း သူတို့၏ စွမ်းအားများကို ဖော်ထုတ် လိုက်ကြသည်။
"ဘုန်း… ဘုန်း… ဘုန်း…"
ချက်ချင်းပင် ကောင်းကင် တစ်ခွင်လုံးကား ပိုင်နက် နယ်မြေများ၊ ဓမ္မ အသွင်များ၊ ဝိညာဉ် ရတနာများဖြင့် ပြည့်နှက် သွား၏။ နောက်ဆုံး၌ ရွှေအမြုတေ အဆင့်များကား သူတို့၏ စွမ်းအား အစစ်အမှန်ကို ဖော်ထုတ် နေကြပြီ ဖြစ်လေသည်။
"ဒါက ရွှေအမြုတေ အဆင့်တွေရဲ့ စွမ်းအား ဆိုတာလား… ငါသာ အဲဒီလောက် အစွမ်းထက်ရင် အစ်ကို့ကို အများကြီး ကူညီလာနိုင်မှာ"
ရှောင်မန်မှာ အထက် ကောင်းကင်သို့ မော့ကြည့်ရင်း သူမ၏ လက်သီးများကို ဆုပ်လိုက် မိသည်။
အခြားတစ်ဖက်၌ ကျူးဝမ် ဘိုးဘေး ဘုရားကျောင်း အကြီးအကဲများမှာလည်း ကောင်းကင်ရှိ တိုက်ပွဲကို စိတ်ပူစွာ ကြည့်နေကြ၏။ ထိုတိုက်ပွဲကား သူတို့ မျိုးနွယ်၏ အနာဂတ်ကို ဆုံးဖြတ်ပေးမည့် တိုက်ပွဲ ဖြစ်ရာ မည်သူမျှ မျက်တောင် တစ်ချက်ပင် မခတ်ရဲကြချေ။
"ဘုန်း…"
ထိုအချိန်မှာပင် ချန်းဖန်က သူ၏ လက်အား ဖျစ်ညှစ်လိုက်ရာ နဂါးရိုင်း နတ်ဘုရား၏ စိတ်ဝိညာဉ်မှာ လုံးဝ ပေါက်ကွဲကာ ပျက်စီး သွားတော့၏။
"မင်း…"
ရေခဲဂိုဏ်း ဘိုးဘေးက ဒေါသတကြီးဖြင့် အင်္ကျီလက်အား ခါယမ်းကာ စတင် တိုက်ခိုက် လိုက်၏။
"ဘုန်း…"
ရုတ်ခြည်းပင် လေထု၌ ရေခဲ အလင်းတစ်ခု ဖြစ်ပေါ်လာကာ ချန်းဖန်ထံသို့ တိုးဝင်သည်။ ထိုအလင်းကား "သံလိုက် အမတေ နတ်ဘုရား အလင်း" ဟု အမည်ရသည့် ထိပ်တန်း နည်းစနစ် တစ်ခုဖြစ်ကာ ဝိညာဉ် ရတနာ များကိုပင် ဖျက်ဆီးနိုင်သည်။
"ဟမ့်…"
ချန်းဖန်က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်၏။ ထို့နောက် သူက ထိုအလင်းကို လက်ဖြင့် ဖမ်းယူ၍ ပြန်လည် ပစ်လွှတ် လိုက်သည်။
"မကောင်းတော့ဘူး…"
ရေခဲဂိုဏ်း ဘိုးဘေး၏ မျက်နှာမှာ ဖြူရော် သွားသည်။
သူက ချက်ချင်းပင် ဓမ္မ ရတနာ တစ်ခုဖြင့် သူ၏ ခန္ဓာကိုယ်အား ကာကွယ်ကာ နောက်သို့ ပေတစ်ရာခန့် ဆုတ်လိုက်၏။
"ဘုန်း…"
အလင်းမှာ ရေခဲဂိုဏ်း ဘိုးဘေး ရပ်ခဲ့သော နေရာသို့ အရောက်၌ ပေါက်ကွဲ သွား၏။ ၎င်း၏ ပေါက်ကွဲမှုတွင် လေဟာနယ် အက်ကွဲကြောင်းများပင် ဖြစ်ပေါ် လာခဲ့သည်။
"အဲဒါက… စကြဝဠာ ဟင်းလင်းပြင် စွမ်းအားမလား…"
ရေခဲဂိုဏ်း ဘိုးဘေးမှာ အလွန်တရာ ထိတ်လန့် သွား၏။
ဒဏ္ဍာရီများ အရ ဆိုလျှင် ရွှေအမြုတေ ထိပ်ဆုံး အဆင့် တစ်ယောက်ပင်လျှင် ဟင်းလင်းပြင် စွမ်းအားကို မထိတွေ့ နိုင်ချေ။ သို့သော်လည်း ထိုလူငယ်ကမူ လေဟာနယ်ကို အက်ကွဲစေကာ ဟင်းလင်းပြင်ကို ထိန်းချုပ်ပြခဲ့သည်။ အကယ်၍ ထိုတိုက်ခိုက်မှုသာ သူ့အား ထိပါက အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားမည်မှာ သေချာ၏။
"ခုခံစမ်း…"
ဓားသခင် လဲ့ထျန်းက ဓားအား ဝှေ့ယမ်းလိုက်ရာ လေထု တစ်ခုလုံး ဓားချီများဖြင့် ပြည့်နှက် သွားသည်။
"ကလန့်…"
တစ်ချိန်တည်း၌ ကောင်းကင်တွင် ဓားအလင်း တစ်ခု ဖြစ်ပေါ်လာကာ ချန်းဖန်ထံ တိုးဝင် ဖြတ်တောက်၏။
နဝမ ကောင်းကင် ဓားဂိုဏ်းသည် ဓားကျင့်စဉ် များဖြင့် ထင်ရှားသည်။ သူတို့ဓားက မည်သည့် အရာကိုမဆို ဖြတ်တောက် နိုင်သည်ဟုပင် ယန်ပြည်နယ်၌ ကျော်ကြား၏။
"ဘုန်း…"
သို့သော်လည်း ချန်းဖန်က ဓားအလင်းအား လက်သီးဖြင့် ထိုး၍ ခွဲလိုက်သည်။
"ခရက်…"
ထို့နောက် ချန်းဖန်က လေထုကို ခွဲကာ မူလ နေရာမှ ပျောက်ကွယ်၍ ဝမ်ရှင်း တန်ခိုးရှင် လင်ခုန်း၏ အနားတွင် သရဲ တစ္ဆေ တစ်ကောင် အလား ပြန်လည် ပေါ်လာခဲ့သည်။
"သူ… သူက လေဟာနယ်ကို ခုန်ကျော် လိုက်တယ်…"
ဝမ်ရှင်း တန်ခိုးရှင် လင်ခုန်းမှာ ထိတ်လန့်သွားသည်။
လေဟာနယ်ကို ခုန်ကျော်၍ ခရီးသွားခြင်း…
ထိုအရာကား ရွှေအမြုတေ ထိပ်ဆုံး အဆင့် ဝမ်ရှင်း တန်ခိုးရှင်များနှင့် အခြေတည် ဝိညာဉ် အဆင့်များသာ ပိုင်ဆိုင်သည့် စွမ်းအား ဖြစ်သည်။ ကောင်းကင် နယ်မြေ ခြောက်ခု၏ ဂိုဏ်းချုပ်များပင် ထိုသို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
"ပြေး…"
ဝမ်ရှင်း တန်ခိုးရှင် လင်ခုန်းမှာ သွေးရူး သွေးတန်း လွတ်မြောက်ရန် ကြိုးစား လိုက်၏။ သို့သော်လည်း နောက်ကျ သွားခဲ့ပြီ ဖြစ်လေသည်။
"ဘုန်း…"
ချန်းဖန်၏ လက်သီးက သူ၏ ကိုယ်ပိုင် နယ်မြေအား ထိုးခွဲကာ သူ၏ ခန္ဓာကိုယ်ကိုပါ လွင့်စဉ် သွားစေ၏။
အကယ်၍ သူသာ အစစ်အမှန် နတ်ဘုရား ဓမ္မ အသွင်ကို ပြောင်းလဲ မထားခဲ့လျှင် ထိုလက်သီးချက်တွင်ပင် သေဆုံး သွားလောက်ပြီ ဖြစ်သည်။
"ခရက်…"
ထို့နောက် ချန်းဖန်၏ ခန္ဓာမှာ မူလ နေရာမှ ပျောက်ကွယ် သွားကာ အခြား နေရာ တစ်ခု၌ ပြန်ပေါ် လာသည်။
သူ၏ အရပ်ကား နေရာတိုင်း၌ ရှိနေသည် ဟုပင် ထင်ရသည်။ လွန်ခဲ့သည့် စက္ကန့်ဝက်က သူသည် နေရာ တစ်ခု၌ ရှိနေသော်လည်း စက္ကန့်ဝက် အကြာတွင်မူ ပေတစ်ထောင်ခန့် ဝေးသော နေရာသို့ ရောက်နေပြန်သည်။ ထိပ်တန်း လုပ်ကြံ သတ်ဖြတ်သူ တစ်ယောက်ပင် သူ့အား လေးစားရ ပေလိမ့်မည်။
"ဘုန်း… ဘုန်း… ဘုန်း…"
သူရောက်ရှိရာ နေရာတိုင်း၌ ပေါက်ကွဲမှု တစ်ခုစီ ဖြစ်ပွားသွား၏။ သူ၏ လက်သီးချက် တစ်ချက်ချင်းစီ၌ ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်မှာ သွေးအန်၍ ပြင်းထန်စွာ လွင့်စဉ်ရသည်။
ချန်းဖန်၏ ထူးခြား အောင်မြင်ခြင်း အဆင့် ခန္ဓာကိုယ်မှာ အလွန် သန်မာလှပြီး ရွှေအမြုတေ အလယ်ဆင့် တစ်ယောက်ကဲ့သို့ အစွမ်းထက် နေပြီ ဖြစ်သည်။ ရေခဲဂိုဏ်း ဘိုးဘေး ကဲ့သို့သော သာမန် ဝမ်ရှင်း တန်ခိုးရှင်များမှာ သူ့အား ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
"ဘုန်း… ဘုန်း… ဘုန်း…"
စက္ကန့်ပိုင်း အတွင်းမှာပင် ဝမ်ရှင်း တန်ခိုးရှင် လေးယောက်မှာ နောက်ဆုတ် သွားရပြီ ဖြစ်သည်။
အဆုံး၌ ချန်းဖန်သည် သွေးမိစ္ဆာသခင်၏ အနီး၌ ပြန်ပေါ်လာကာ ရွှေရောင် အလင်းများ ဝန်းရံနေသော လက်သီးဖြင့် ထိုးနှက် လိုက်သည်။
"အစစ်အမှန် နတ်ဘုရား လက်သီး…"
"သွေးမိစ္ဆာ နယ်မြေ…"
သွေးမိစ္ဆာ သခင်က သွေးရူးသွေးတန်း အော်ဟစ်ရင်း ၎င်း၏ ကိုယ်ပိုင် နယ်မြေကို ထုတ်ဖော် လိုက်၏။
"ဘုန်း…"
ရုတ်ခြည်းပင် ၎င်း၏ မီတာ တစ်ရာ ပတ်လည်၌ သွေးအလင်း နယ်မြေ တစ်ခု ဖြစ်ပေါ် လာသည်။ ထိုအလင်း နယ်မြေက ငရဲပြည်၏ အငွေ့အသက်များကို သယ်ဆောင်ကာ မိစ္ဆာများကို ထိန်းချုပ်ထား၏။
"ဘုန်း…"
တစ်ချိန်တည်း၌ သွေးမိစ္ဆာ သခင်က ၎င်း၏ ခန္ဓာကိုယ်ကို မီတာ တစ်ထောင် ကြီးမားသော သွေးမိစ္ဆာ နတ်ဘုရား အသွင်သို့ ပြောင်းလဲ လိုက်သည်။
အလွန် အစွမ်းထက်သည့် လက်သီးချက်နှင့် ရင်ဆိုင်ရာ၌ သူသည် အနည်းငယ်ပင် ထိန်ချန် မထားရဲချေ။
သို့သော်လည်း အစစ်အမှန် နတ်ဘုရား လက်သီးကို တားဆီးရန် မည်သည့် အရာက အသုံးဝင် မည်နည်း။
"ဘုန်း…"
အစစ်အမှန် နတ်ဘုရား လက်သီး ကျရောက်သည်တွင် သွေးမိစ္ဆာ နယ်မြေနှင့် သွေးမိစ္ဆာ နတ်ဘုရား၏ ခန္ဓာကိုယ် နှစ်ခု စလုံး အပိုင်းပိုင်း အစစအဖြစ် ပျက်စီး၏။ သို့တိုင်အောင် ရွှေရောင် လက်သီးက ရပ်တန့်ခြင်း မရှိပဲ သွေးမိစ္ဆာ သခင်၏ နတ်ဘုရား အမြုတေကိုပါ ဆက်လက် ဖျက်ဆီးသည်။
"မလုပ်ပါနဲ့…"
သွေးမိစ္ဆာ သခင်က ထိတ်လန့်စွာ အော်ဟစ် လိုက်သည်။ သို့သော်လည်း အသံ မဆုံးခင်မှာပင် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်၊ ခန္ဓာနှင့် နတ်ဘုရား အမြုတေ သုံးခု စလုံး ပျက်စီးလေ၏။
သွေးမိစ္ဆာ သခင်ကား သေဆုံးသွားခဲ့ချေပြီ ဖြစ်သည်။
ထိုအခိုက်၌ ဝမ်ရှင်း တန်ခိုးရှင် လေးယောက် အပါအတင် လူအားလုံး ဆွံ့အ သွားကြသည်။ ချီဖန်ခုန်းပင်လျှင် ဖြူရော် သွားခဲ့၏။
***