← Chapters

တိုက်ပွဲ

Vol. 9 Ch. 836

တိုက်ပွဲ

Vol. 9 Ch. 836

"သူနဲ့ယှဉ်ရင် ငါတို့ ကျူးဝမ်မျိုးနွယ် ကျင့်ကြံသူတွေ အကုန်လုံးက ပြက်လုံး တစ်ခုလို ပါပဲလား…"

ချင်လော့က အားနည်းစွာ ရပ်ရင်း ပြုံးလိုက် မိ၏။

ကောင်းကင်ရှိ ဝမ်ရှင်း တန်ခိုးရှင်တိုင်းမှာ သူ့အား လွယ်ကူစွာ သတ်ဖြတ်နိုင်သော အစွမ်းကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ချန်းဖန်ကမူ ထိုဝမ်ရှင်း တန်ခိုးရှင်များကို ပုရွက်ဆိတ်လေးများ အလား လွယ်ကူစွာ အနိုင်ယူ နိုင်ခဲ့သည်။

ထိုသို့သော စွမ်းအားကား အလွန်ပင် ရုတ်ရင်း ကြမ်းတမ်း လွန်း၏။

"ဘုရားရေ… ရှောင်ဖန်က အရမ်း အစွမ်းထက်တာပဲ… မဟုတ်သေးဘူး… သူ့ကို ရှောင်ဖန်လို့ ဆက်မခေါ်သင့်ဘူး… ဝမ်ရှင်း တန်ခိုးရှင်ချန်း လို့ပဲ ခေါ်သင့်တယ်… ငါ့ရဲ့ အိမ်နီးနားချင်းက ဒီလောက် အစွမ်းထက်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး"

အဒေါ်လု၏ မျက်နှာ တစ်ခုလုံးမှာ ပြုံးရွှင်နေသည်။

"အစ်ကို…"

ရှောင်မန်၏ မျက်လုံးများမှာလည်း လေးစားမှုဖြင့် ပြည့်နှက်ကာ တလက်လက် တောက်ပ နေခဲ့၏။

ကျူးဝမ် မျိုးနွယ် အကြီးအကဲများမှာမူ အော်ဟစ် ရယ်မောကာ အောင်ပွဲခံ နေကြသည်။ ချန်းဖန်ကဲ့သို့ အစွမ်းထက်သူ တစ်ယောက်ရှိနေပြီ ဖြစ်ရာ ကျူးဝမ် မျိုးနွယ်၏ အနာဂတ်က တိုးတက် လာတော့မည် မဟုတ်ပါလား။

အခြား တစ်ဖက်၌ နဂါးရိုင်း စစ်သည်များနှင့် တိုက်ပွဲ အငွေ့အသက်ကြောင့် ရောက်လာကြသော ယန်ပြည်နယ် ကျင့်ကြံသူများမှာမူ ဖြူရော်ကာ တုန်ရီ နေကြသည်။

"မယုံကြည်နိုင်စရာပဲ… ကျူးဝမ် မျိုးနွယ်မှာ ဘယ်လို လုပ်ပြီး ဒီလောက် အစွမ်းထက်တဲ့ လူတစ်ယောက် ရှိနေတာလဲ"

မရေမတွက်နိုင်သော လူများက တွေးမိ ကြ၏။ သို့သော်လည်း ထိုအဖြေကို ကျူးဝမ် မျိုးနွယ် ခေါင်းဆောင် ရှဲ့ချန်းယန်ပင် မသိခဲ့ချေ။

ထိုအချိန် အထက် ကောင်းကင်၊ မိုးသားများ အထက်တွင်မူ…

"မိတ်ဆွေလေး… ကျေးဇူးပြုပြီး နားထောင်ပါဦး… ဒါက အထင်လွဲတာ သက်သက်ပါ"

ရေခဲဂိုဏ်း ဘိုးဘေးမှာ နောက်တစ်ကြိမ် ယဉ်ကျေး လာပြန်၏။

"ဟုတ်ပါတယ် ဝမ်ရှင်း တန်ခိုးရှင်ချန်း… ကျုပ်တို့ အားလုံးက ယန်ပြည်နယ်ရဲ့ ဝမ်ရှင်း တန်ခိုးရှင်တွေပါ… အေးမေးဆေးဆေး ဆွေးနွေးကြတာပေါ့"

ဓားသခင် လဲ့ထျန်းကလည်း ပြောသည်။

"အမှန်အတိုင်း ပြောရရင် ကျုပ်က သွေးမိစ္ဆာ သခင်၊ နဂါးရိုင်း နတ်ဘုရားတို့နဲ့ မရင်းနှီးပါဘူး… မြောက်ပင်လယ် မွန်းစတားတွေ အနေနဲ့ ဒီကုန်းမြေပေါ်က ကိစ္စတွေမှာ ပါဝင်ဖို့ ဆန္ဒ မရှိတော့ပါဘူး"

မြောက်ပင်လယ် မွန်းစတား ဂိုဏ်းချုပ်ကလည်း ဆို၏။

"ငါ မင်းတို့ကို ပြောပြီးသားပဲ… ငါ့ကို တားတဲ့ ဘယ်သူ မဆို သေရမယ်"

ချန်းဖန်မှာ နောက်သို့ ဆုတ်ရန် ဆန္ဒ မရှိတော့ချေ။

သူက လက်သီးကို ဆုပ်ရင်း ဝမ်ရှင်း တန်ခိုးရှင် လေးယောက်ထံ တိုးဝင် တိုက်ခိုက် ဝောာ့သည်။ သူ၏ တိုက်ခိုက်မှုတိုင်းက အစစ်အမှန် ကောင်းကင် အမြုတေနှင့်  ထူးခြား အောင်မြင်ခြင်း အဆင့် ကောင်းကင် ခန္ဓာ၏ စွမ်းအားကို သယ်ဆောင်ထားရာ စစ်ပြေပြင်၌ ပြိုင်ဘက်ကင်း၏။

"ဘုန်း…"

ပထမ လက်သီးချက်က ဝမ်ရှင်း တန်ခိုးရှင် လင်ခုန်းထံသို့ ကျသည်။

"ခရက်…"

ချန်းဖန်၏ လက်သီးနှင့် ထိတွေ့သည်နှင့် လင်ခုန်း၏ ကိုယ်ပိုင် နယ်မြေမှာ တဖြည်းဖြည်း ပြိုကျ ပျက်စီးလာ၏။ နယ်မြေ နှင့် အတူ သူ၏ စွမ်းအားမှာ တဖြည်းဖြည်း လျော့ကျလာကာ သူ၏ ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများ ဖြစ်ပေါ် လာသည်။

အခြား တစ်ဖက်၌ ချန်းဖန်၏ စွမ်းအားမှာမူ ပိုမို၍ မြင့်မားလာ၏။

သူ၏ အစစ်အမှန် ကောင်းကင် အမြုတေသည် အရှိန်အဟုန် ပြင်းစွာ လည်ပတ်ရင်း အဆုံးမဲ့ စွမ်းအား ရင်းမြစ်ကို ထောက်ပံ့ပေးသည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရွှေရောင် အလင်းကလည်း အခြားလူများကို အသက်ရှူ ကျပ်စေသည်။

"ဝမ်ရှင်း တန်ခိုးရှင်ချန်း… မင်းက ငါတို့ကို တကယ်ပဲ သတ်ချင် နေဝာာလား… ငါတို့ အားလုံးက ယန်ပြည်နယ်ရဲ့ ဂိုဏ်းကြီးတွေက ဆိုတာ မင်းမမေ့နဲ့"

ရေခဲဂိုဏ်း ဘိုးဘေးက အော်ဟစ် ခြိမ်းခြောက် လိုက်သည်။

“အရှင်… ဒီအတိုင်းပဲ ကြည့်နေတော့မှာလား…”

ဓားသခင် လဲ့ထျန်းက ချီဖန်ခုန်းအား အားကိုးတကြီး ကြည့်လိုက်သည်။

ရွှေအမြုတေ အဆင့် ကျင့်ကြံသူ လေး‌ယောက် ထွက်မပြေးရသေးသည့် အကြောင်းရင်းမှာ သူတို့တွင် ချီဖန်ခုန်း ရှိနေသေးသောကြောင့် ဖြစ်သည်။

ချီဖန်ခုန်းသည် အလယ်ဆင့် ရွှေအမြုတေကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူ ဖြစ်သည်။ သူ၏ အမြုတေမှာ အဆင့်လေး အမြုတေမျှသာ ဖြစ်သော်လည်း ယန်ပြည်နယ်ရှိ အခြား ရွှေအမြုတေများထက် ပို၍ အစွမ်းထက်နေဆဲ ဖြစ်သည်။

ချီဖန်ခုန်းမှာ ဆက်လက် ကြည့်မနေနိုင်တော့ချေ။ သူက အင်္ကျီလက်ကို ခါယမ်းရင်း သိမ်မွေ့စွာ ပြောလိုက်၏။

“ဝမ်ရှင်း တန်ခိုးရှင်ချန်း... သူတို့က တကယ်ပဲ မှားခဲ့ပါတယ်... ဒါပေမဲ့ သူတို့ကို အပြစ်ပေးတာက ဒီလောက်ဆို တော်လောက်ပြီ ထင်တယ်... တော်ဝင် မိသားစု ဒေါသထွက်ရင် ကျုပ်လည်း မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး...”

လူတိုင်းမှာ ချီဖန်ခုန်း၏ ယဥ်ကျေးသော အပြုအမူကို ကြည့်ကာ ဆွံ့အ သွားကြသည်။

“အဲဒါက ခွန်အားပဲ...”

ရှဲ့ချန်းယန်က သက်ပြင်းတစ်ချက် ချလိုက်၏။

ကျူဝမ် မျိုးနွယ်များမှာ မူလ၌ အားနည်းခဲ့ကြသည်။ ထို့ကြောင့်ပင် ချီဖန်ခုန်းမှာ သူတို့အား ပုရွက်ဆိတ်များ သဖွယ် ဆက်ဆံခဲ့သည်။ သို့သော်လည်း ယခုတွင်မူ ချန်းဖန်က ရုတ်တရက် ပေါ်ထွက်လာကာ ရွှေအမြုတေ အဆင့် နှစ်ယောက်ကို သတ်ဖြတ်ပြခဲ့သည်။ ထို့ကြောင့်ပင် ချီဖန်ခုန်းမှာ ချန်းဖန်အား အဆင့်တူ ကဲ့သို့ လေးစားစွာ ဆက်ဆံလာခြင်း ဖြစ်သည်။

လူတိုင်းသည် ချန်းဖန်က ချီဖန်ခုန်း၏ စကားကို လိုက်နာလိမ့်မည် တွေးလိုက်မိ ကြသည်။ မည်သို့ပင်ဆိုစေ ချီဖန်ခုန်းမှာ ယန်ပြည်နယ်၏ သခင် ဖြစ်သည်။ ယန်ပြည်နယ်သား တစ်ယောက် အနေဖြင့် ချန်းဖန်သည် သူ့အား လေးစားမှု ပြသရန် လိုအပ်သည်။

သို့သော်လည်း မမျှော်လင့်စွာပင်...

“ဘုန်း...”

ချန်းဖန်က ဓားသခင် လဲ့ထျန်းနှင့် ၎င်း၏ ဝိညာဥ် ရတနာကို အပိုင်းပိုင်း အစစ ဖြစ်အောင် ထိုးခွဲပစ်လိုက်၏။

“ဘုန်း...”

ဓားသခင် လဲ့ထျန်းကား စကား တစ်ခွန်းပင် ဆိုချိန် မရခဲ့ချေ။ လျှပ်တစ်ပြက် အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်နှင့် နတ်ဘုရား စိတ်ဝိညာဥ် နှစ်ခု စလုံးမှာ အတူတကွ ပေါက်ကွဲ ပျက်စီး၏။

တတိယမြောက် ဝမ်ရှင်း တန်ခိုးရှင်ကား ကျဆုံးခဲ့ရပြန်ပြီ ဖြစ်သည်။

“မင်း လုပ်ရဲတယ်ပေါ့...”

ယခု တစ်ကြိမ်တွင် ချီဖန်ခုန်းပင်လျှင် ဒေါသထွက် သွားခဲ့၏။

ယန်ပြည်နယ် သခင် အနေဖြင့် သူသည် လေးစားစွာ ပြောဆိုခဲ့သော်လည်း ထိုအကောင်က သူ့အား အနည်းငယ်ပင် ဂရုမစိုက်ပဲ ဆက်လက် သတ်ဖြတ်ခဲ့သည်။ ထိုအရာက သူ၏ သူ၏ မျက်နှာကို ဖြတ်ရိုက် လိုက်ခြင်းနှင့် အတူတူပင် ဖြစ်၏။

သို့သော်လည်း သူမသိခဲ့သည့် အရာကား ထိုအရာက အစမျှသာ ဖြစ်သည် ဆိုခြင်းပင်။

နောက်တစ်စက္ကန့် အကြာ၌…

ချန်းဖန်က သူ၏ လက်အား ဓားသဖွယ် အသုံးပြုကာ မြောက်ပင်လယ် မွန်းစတား ဂိုဏ်းချုပ်အား နှစ်ပိုင်းပိုင်း ပစ်လိုက်၏။

“သွားစမ်း…”

မြောက်ပင်လယ် မွန်းစတား ဂိုဏ်းချုပ်က မီတာ တစ်ရာ မြင့်မားသော ဓမ္မ အသွင်ကို ဖော်ထုတ်ကာ ချန်းဖန်၏ တိုက်ခိုက်မှုကို ခုခံရန် ကြိုးစားသည်။

သို့သော်လည်း အစစ်အမှန် ဓမ္မဓားကို မည်သည့် အရာက ခုခံနိုင်မည်နည်း။

“ဘုန်း…”

ဓားအလင်း ဖြတ်သန်း အပြီး၌ မြောက်ပင်လယ် မွန်းစတား ဂိုဏ်းချုပ်၏ ခန္ဓာနှင့် နတ်ဘုရား စိတ်ဝိညာဥ် နှစ်ခုစလုံးမှာ အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲ ကျန်ရစ်၏။

စတုတ္ထမြောက် ဝမ်ရှင်း တန်ခိုးရှင်ကား သေဆုံးသွားခဲ့ ရပြန်ပြီ ဖြစ်သည်။

ထို့နောက် ချန်းဖန်က လေထုကို ဖောက်ထွက်ကာ ဝမ်ရှင်း တန်ခိုးရှင် လင်ခုန်းကိုပါ ထက်ဝက်ပိုင်းပစ် လိုက်သည်။ တစ်ဆက်တည်း လိုလိုပင် သူက ကြီးမားသော ခြေထောက်ကြီး တစ်ခုကို ဖန်ဆင်း၍ ရေခဲဂိုဏ်း ဘိုးဘေးကို နင်းချေကာ မြေကြီး အတွင်း နှစ်မြှုပ် ပစ်လိုက်သည်။

“ဘုန်း…”

ချန်းဖန်၏ ခြေထောက်ကြီးမှာ အလွန် ကြီးမားလှရကား ရှေးဟောင်း ကျူးဝမ်မြို့ တစ်ခုလုံးပင် တဆတ်ဆတ် တုန်ရီ သွားခဲ့၏။ သူ ခြေထောက်ကို ပြန်လည် မတင်ချိန်၌ ရေခဲဂိုဏ်း ဘိုးဘေးမှာ ၎င်း၏ နတ်ဘုရား စိတ်ဝိညာဥ်နှင့်အတူ ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ ထိုနေရာ၌ သူ၏ ရွှေအမြုတေ တစ်ခုသာလျှင် ကျန်ရစ်ခဲ့၏။

“ … “

ရုတ်ခြည်းပင် ရှေးဟောင်း ကျူးဝမ် တစ်မြို့လုံး တိတ်ဆိတ် သွားသည်။

နဂါးရိုင်း နတ်ဘုရား…

သွေးမိစ္စာ သခင်…

ဝမ်ရှင်း တန်ခိုးရှင် လင်ခုန်း…

ရေခဲဂိုဏ်း ဘိုးဘေး…

ဓားသခင် လဲ့ထျန်း…

မွန်းစတား ဂိုဏ်းချုပ်…

စသူတို့ကား ယန်ပြည်နယ်၏ ထိပ်ဆုံးနေရာတွင် ရပ်တည်နေသော ဝမ်ရှင်း တန်ခိုးရှင်များ ဖြစ်ကြသည်။ သို့သော်လည်း ကျူးဝမ် လူငယ် ကျင့်ကြံသူက ထိုလူများ အားလုံးကို ကြက်ကလေး၊ ငှက်ကလေး အလား သတ်ဖြတ်ပစ်ခဲ့သည်။ ထိုအရာက မည်သူမှ ထင်မှတ်မထားသော အရာပင် ဖြစ်၏။

“အရမ်းကောင်းတယ်… အရမ်းကောင်းတယ်…”

ချီဖန်ခုန်းက အော်ဟစ် ရယ်မောလိုက်သည်။ သူ၏ မျက်လုံးများမှာ မီးဖြင့် နီရဲနေကာ သူ၏ ဆံပင်များမှာလည်း ထောင်ထ နေ၏။ ထိုအခိုက်၌ သူကား အလွန်တရာ ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။

“ဘုန်း…”

ချီဖန်ခုန်းက ရှေု့သို့ တစ်လှမ်း တိုးလိုက်ရာ သူ့အား ဝန်းရံနေသော မီးငှက် ကိုးကောင်က တညီတညွတ်တည်း အော်ဟစ်၏။ တစ်ချိန်တည်း၌ ထိုငှက်များက လေထုကို ကျွမ်းလောင် ပစ်နိုင်သည့် မီးတောက်များကို ဖော်ထုတ်သည်။

“ဘာလဲ… မင်းကရော ငါနဲ့ တိုက်ခိုက်ချင်တာလား…”

ချန်းဖန်က လေထုတွင်ပင် တည်ငြိမ်စွာ ရပ်ကာ လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်၏။

အကယ်၍ အခြား လူတစ်ယောက်ကသာ ထိုသို့ စိန်ခေါ်ပါက ချီဖန်ခုန်းမှာ အော်ဟစ် ရယ်မောမိလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ချန်းဖန်ကား များစွာသော ဝမ်ရှင်း တန်ခိုးရှင်များကို သတ်ကာ သူနှင့် တိုက်ခိုက်ရန် ထိုက်တန်ကြောင်း သက်သေ ပြခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရာ ချီဖန်ခုန်းမှာ ချန်းဖန်ကို အနည်းငယ်ပင်လျှင် လျှော့မတွက်ရဲတော့ချေ။

“ … “

လူတိုင်းမှာ တိတ်ဆိတ်စွာဖြင့် ကောင်းကင်သို့ မော့ကြည့် နေကြ၏။

တစ်ဖက်က ယန်ပြည်နယ်၏ အစွမ်း အထက်ဆုံး ဝမ်ရှင်း တန်ခိုးရှင် ချီဖန်ခုန်း ဖြစ်သည်။ သူ၏ အရှေ့တွင် ရပ်နေသူက မကြာသေးခင်ကပင် ပြိုင်ဘက်ကင်း စွမ်းအားကို ပြသခဲ့သည့် ကျူးဝမ် တန်ခိုးရှင် ဖြစ်သည်။ အကယ်၍ ထိုတိုက်ပွဲသာ ဖြစ်လာပါက ကမ္ဘာပျက်မတတ် ပြင်းထန်မည်မှာ သေချာပေသည်။

“မင်း ဒီတစ်ခါ သက်သာသွားတယ်မှတ်… နောက်တစ်ကြိမ် ပြန်တွေ့ရင် ငါမင်းကို ညှာတာမှာ မဟုတ်ဘူး…”

ထို့နောက် လူတိုင်း၏ အကြည့်များ အောက်တွင်ပင် ချီဖန်ခုန်းမှာ အနီရောင် မီးအလင်း အသွင် ပြောင်းကာ မိုးကုပ်စက်ဝိုင်း၌ ပျောက်ကွယ် သွားတော့၏။

ယန်ပြည်နယ် သခင်က တိုက်ခိုက်ရန်ထက် နောက်ဆုတ်ခြင်းကိုသာ ရွေးချယ် သွားခဲ့သည်လား။

ပထမ၌ ကျူးဝမ် မျိုးနွယ်များမှာ ဆွံ့အ နေကြ၏။ သို့သော်လည်း မကြာခင်မှာပင် သူတို့၏ အောင်ပွဲခံသံများမှာ မိုင်တစ်ထောင် ပတ်လည် အထိ ပျံ့နှံ့ သွား တော့သည်။

“ကျုပ်တို့ နိုင်ပြီ မဟာ အကြီးအကဲ… ကျုပ်တို့ နိုင်ပြီဗျ…”

ဘိုးဘေး ဘုရားကျောင်း အကြီးအကဲများက ပျော်ရွှင်စွာ အော်ဟစ် ငိုယို ကြ၏။

“ဟုတ်တယ်… ငါတို့ နိုင်တယ်… ငါတို့ နိုင်တယ်…”

ရှဲ့ချန်းယန်မှာမူ ထိုစကား တစ်ခွန်းတည်းကိုသာ ထပ်တလဲလဲ ရေရွတ် နေမိသည်။ ထို့နောက် သူ၏ လက်များက စတင် တုန်ရီလာကာ သူ၏ မျက်ဝန်းတွင်လည်း မျက်ရည်စများ စိုဆွတ် လာ၏။ ထိုယောက်ျားကြီးကား သူ၏ ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် ငိုကြွေး နေခဲ့ပြီ ဖြစ်လေသည်။

“အကို…”

ခရမ်းရောင် ဝတ်စုံဝတ် မိန်းကလေးကမူ ချန်းဖန်အား ပြေးဖက်ကာ ရင်ခွင် အတွင်းသို့ တိုးဝင်၏။ အခြားသော ကျူးဝမ် မျိုးနွယ်များကလည်း သူတို့၏ သူရဲကောင်းကို ပွေ့ဖက်ကာ ဂုဏ်ပြုကြသည်။

သူတို့သည် ထိုနေ့ကို နှစ်ထောင်ချီအောင် စောင့်ဆိုင်းခဲ့ရသည်။ နောက်ဆုံး၌သူတို့ မျှော်လင့်ခဲ့ရသော ထိုနေ့ကား ရောက်ရှိ လာခဲ့ပြီ ဖြစ်လေသည်။ ထိုအရာက သူတို့အား ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်အောင် ဖြစ်စေသည်။

ထျန်းဟောင် ပြက္ခဒိန် ၁၂၉၅၀၀ ခုနှစ်၊ ၁၀ လပိုင်း ၁၆ ရက်…

ချန်းဖန်သည် ရှေးဟောင်း ကျူးဝမ်မြို့၌ ဝမ်ရှင်း တန်ခိုးရှင် ခြောက်ယောက်ကို သတ်ဖြတ်ခဲ့၏။

ထိုသတင်း ပျံ့နှံ့သွားသည်နှင့် ပေ့ဟန်နယ်၊ ပြည်နယ် သုံးဆယ့် ခြောက်ခု စလုံး အံ့အားသင့် သွားကြတော့သည်။

***

All Chapters