← Chapters

ဆုတောင်းခြင်း အခမ်းအနား

Vol. 9 Ch. 845

ဆုတောင်းခြင်း အခမ်းအနား

Vol. 9 Ch. 845

ပေ့ဟန်နယ်၊ တော်ဝင် မြို့တော်…

တော်ဝင်မြို့တော်သည် ပေ့ဟန်နယ်၏ ပြည်နယ် သုံးဆယ့် ခြောက်ခု အနက် အကြီးမားဆုံး၊ လူဦးရေ အထူထပ်ဆုံး ဖြစ်သော အလယ်ပိုင်း ပြည်နယ်တွင် တည်ရှိသည်။

၎င်းသည် ဧရိယာ မိုင်တစ်သန်းခန့် ကျယ်ဝန်းကာ ပေ့ဟန်နယ် တစ်ခုလုံး၏ အချက်အချာ အကျဆုံး ဗဟို နေရာလည်း ဖြစ်၏။

ထိုနေ့၌ တော်ဝင်မြို့တော်တွင် ဆုတောင်းခြင်း အခမ်းအနား တစ်ခု ကျင်းပနေသည်။

"ပထမ အရှင် ပေ့ဟန်ဟာ ပြည်နယ် သုံးဆယ့် ခြောက်ခုကို တည်ထောင်ပြီး သန်းပေါင်း များစွာသော သက်ရှိတွေရဲ့ ရှင်သန်မှုကို ပေးခဲ့တယ်… ဒါကြောင့် မလို့ ကျုပ်တို့ဟာ နှစ်စဉ်နှစ်တိုင်း သူ့အတွက် ဆုတောင်းခြင်း အခမ်းအနား ကျင်းပပေးခဲ့ခြင်း ဖြစ်တယ်"

ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်က ကျယ်လောင်စွာ ကြေညာသည်။

တော်ဝင်မိသားစုမှ လူများ၊ ကောင်းကင် နယ်မြေ ခြောက်ခု ဂိုဏ်းချုပ်များ၊ မိသားစု ရှစ်ခုနဲ့ ထိပ်တန်း မျိုးနွယ် ဆယ်ခုမှ ခေါင်းဆောင်များ စသည်ဖြင့် ပေ့ဟန်နယ်၏ အရေး အပါဆုံး လူများမှာ ထိုအခမ်းအနားသို့ တက်ရောက် ကြ၏။ ထိုအထဲ၌ မရေမတွက်နိုင်သော ရွှေအမြုတေ အဆင့်များ ပါဝင် နေသည်။

"အကိုချီ… ဒီနှစ် ဘာတွေ ထူးဆန်း နေဝာာလဲဗျ… ပုံမှန်နှစ်တွေ ဆိုရင် မိသားစု ခေါင်းဆောင်တွေ ဂိုဏ်းချုပ်တွေက ဆုတောင်းခြင်း အခမ်းအနားကို မလာတတ်ပါဘူး"

လူငယ် တစ်ယောက်က သူ၏ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ရင်း နားမလည်စွာ မေးသည်။

သူသည် ကျန်းမင် ဖြစ်ပြီး "သန့်စင် အမတေ ဂိုဏ်း" မှ မူလ အဆင့် တစ်ယောက်လည်း ဖြစ်၏။ သူသည် အရေးပါသောသူ တစ်ယောက် မဟုတ်ရာ တော်ဝင် နန်းတော်နှင့် ပတ်သက်၍ မည်သည့် အရာကိုမျှ တိတိကျကျ သိထားခြင်း မရှိချေ။

"မင်း မကြားဘူးလား… ဒီ အခမ်းအနားမှာ အရှင် ပေ့ဟန်က သူ့နေရာကို ဆက်ခံမယ့် သူကို ဆုံးဖြတ်မှာတဲ့… ဒါကြောင့် မလို့ပဲ အရေးကြီး ပုဂ္ဂိုလ်တွေ အားလုံး စုစည်းပြီး ရောက်လာ ကြတာ"

ထျန်းကျိ ကောင်းကင်၏ ကိုယ်စားလှယ် ချီဖုန်းက ပြန်ဖြေ လိုက်၏။

"ဟုတ်လား…"

ကျန်းမူမှာ စိတ်ဝင်စားမှုကြောင့် မျက်လုံးများ ပြူးကျယ် သွားသည်။

လက်ရှိ အရှင်ပေ့ဟန်သည် ရွှေအမြုတေ အဆင့်၏ သက်တမ်းဖြစ်သည့် အနှစ် နှစ်ထောင်ခန့် ရှင်သန် နေထိုင်ခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရာ သူ၏ သားမြေးများမှာ အလွန်ပင် များပြားပြီး သူတို့မှာ အရိုက်အရာ အတွက် အမြဲတမ်း အချင်းချင်း တိုက်ခိုက် နေတတ်သည်။

သို့သော်လည်း ယနေ့တွင်မူ အရှင် ပေ့ဟန်မှာ သူ၏ ဆက်ခံသူကို ရွေးချယ်တော့မည်ဟု ဆိုသည်။ မည်သူက အရှင် ပေ့ဟန် အသစ် ဖြစ်လာမည်နည်း။

"အရှင် ပေ့ဟန်ရဲ့ မျိုးဆက်တွေထဲမှာ မင်းသား ကျိုးတုလော့ မင်းသား ကျိုးတုမင် မင်းသား ကျိုးတုရွှမ်တို့က အင်အား အကြီးဆုံးပဲ… နောက်ပြီး သူတို့ အားလုံး ကလည်း ရွှေအမြုတေ အဆင့်တွေ ဖြစ်နေကြပြီ…"

ချီဖုန်းက ခေါင်းအား ခါယမ်းရင်း ဆက်ပြော လိုက်သည်။

"ဒါပေမဲ့ သူတို့ သုံးယောက် စလုံးက နန်းမွေကို ထိန်းသိမ်း နိုင်ပါ့မလား ဆိုတာတော့ ငါလည်း မသေချာဘူး"

"ဘာဖြစ်လို့လဲဗျ…"

ကျန်းမူက မေးသည်။

"ရွှေအမြုတေ အဆင့်က ကိုးခု ရှိတာ မင်းလည်း သိမှာပေါ့… ဒါပေမဲ့ မင်းသား သုံးယောက်မှာ ပါရမီ အရှိဆုံး မင်းသားကတောင် အဆင့်လေး အမြုတေကိုပဲ ပိုင်ထားတယ်… ငါကြားသလောက်ဆို ပေ့ဟန်နယ် အပြင်ဘက်မှာ အရမ်း အင်အားကြီးတဲ့ ဂိုဏ်းကြီးတွေ ရှိတယ်တဲ့… သူတို့ရဲ့ ဆက်ခံသူတွေဆို အဆင့်မြင့် ရွှေအမြုတေတွေ ပိုင်ရှင်တွေချည်းပဲ… အချို့ဆို အဆင့်ကိုး ရွှေအမြုတေကိုတောင် ပိုင်ဆိုင်ကြတာတဲ့"

ချီဖုန်းက ခဏမျှ ရပ်ကာ ဆက်လက် ပြောလိုက်သည်။

"ရွှေအမြုတေ အဆင့်တွေက ကျင့်ကြံသူ တစ်ယောက်ရဲ့ အနာဂတ်ကို ရည်ညွှန်းတယ်… ကောင်းကင် အရှင် တစ်ယောက် ဖြစ်လာဖို့ဆိုရင် အဆင့်မြင့် ရွှေအမြုတေကို ပိုင်ဆိုင် ထားဖို့ လိုတယ်… မင်းသား သုံးယောက် စလုံးက ကောင်းကင် အရှင် ဖြစ်ဖို့ ပြောနဲ့ ဓားဧကရာဇ်ကိုတောင် မယှဉ်နိုင်ကြဘူး… ဘယ်လို လုပ်ပြီး သူတို့က ပေ့ဟန်နယ်ကို အုပ်ချုပ်နိုင်မှာလဲ"

ချီဖုန်း၏ စကားက ကျန်းမူအား အနည်းငယ် ငြိမ်သက် သွားစေ၏။

"ငါရော မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ပြီးရင် ဘယ်အဆင့် ရွှေအမြုတေကို ရနိုင်မလဲ မသိဘူး"

ထို့နောက် သူက ထိုအတွေးအား ခေါင်းခါကာ ပယ်ထုတ်ရင်း ချီဖုန်းအား ထပ်မေး လိုက်သည်။

"အကိုချီ… ဝမ်ရှင်း တန်ခိုးရှင်ချန်းကရော ဘယ်အဆင့် ရွှေအမြုတေကို ပိုင်ဆိုင် ထားတာလဲ… အကိုတို့ ထျန်းကျိ ဂိုဏ်း အကြီးအကဲ တစ်ယောက်က ရှေးဟောင်း ကျူးဝမ်မြို့ တိုက်ပွဲကို ကိုယ်တိုင် မြင်လိုက်ရတာဆို"

"ဝမ်ရှင်း တန်ခိုးရှင် ချန်းဖန်လား…"

ချီဖုန်းက မျက်မှောင်ကြုတ်ကာ အနည်းငယ် စဉ်းစား လိုက်သည်။

"ဝမ်ရှင်း တန်ခိုးရှင်ထျန်းလော့က ရှေးဟောင်း ကျူးဝမ်မြို့ကို ဖြတ်သွားတုန်းက သူတို့ရဲ့ တိုက်ပွဲကို အမှတ်မထင် တွေ့လိုက်ရတာ… သူ့ရဲ့ ခန်းမှန်းချက် အရဆို နှစ်ခု ဖြစ်နိုင်တယ်တဲ့… ပထမ ခန့်မှန်းချက်က ဝမ်ရှင်း တန်ခိုးရှင်ချန်းက အဆင့်မြင့် အမြုတေကို ပိုင်ဆိုင်ထားတာ… ဒုတိယ ခန့်မှန်းချက်ကတော့ သူက အခုထိ ရွှေအမြုတေ အဆင့်ကို မရောက်သေးဘူး… မူလ အဆင့်မှာပဲ ရှိသေးတယ် တဲ့"

"ဘယ်လို…"

ချီဖုန်း၏ စကားက ကျန်းမူကို အံ့ဩ မှင်တက် သွားစေသည်။

"အစ်ကိုချီ… သေချာလို့လားဗျ… ဝမ်ရှင်း တန်ခိုးရှင်ချန်းက ရွှေအမြုတေ အဆင့် ငါးယောက်ကိုတောင် သတ်ခဲ့တာလေ… အဲဒီလို ပါရမီရှင်မျိုး ပေ့ဟန်နယ်မှာ ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး"

"ပေ့ဟန်နယ် မပြောနဲ့… ထျန်းဟောင်ဂြိုဟ်ရဲ့ အင်အား အကြီးဆုံး ဂိုဏ်းတွေမှာတောင် အဲဒီလို ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးက မရှိနိုင်ဘူး"

ချီဖုန်းက ဖြူရော်စွာ ပြုံးလိုက်၏။

ဆုတောင်းခြင်း အခမ်းအနားသည် ဆက်လက် ကျင်းပ နေ၏။ ထိုအရာက ယခု အချိန် အထိ မည်သည့် အခက်အခဲမျှ မရှိပဲ ချောမွေ့ နေသည်။

လူငယ် ကျင့်ကြံသူများကဲ့သို့ပင် ဝမ်ရှင်း တန်ခိုးရှင်များသည်လည်း ဆွေးနွေး ပြောဆို နေကြသည်။

"ဓားဧကရာဇ်က ပေ့ဟန်နယ် အပြင်ဘက်မှာ ရှိတဲ့ ဂိုဏ်းကြီး တစ်ခုကတဲ့… ဒါပေမဲ့ ဆက်ခံသူ လုပွဲမှာ အခြား တစ်ယောက်ကို ရှုံးနိမ့် ခဲ့တယ်… ဒါကြောင့်ပဲ သူက ပေ့ဟန် နယ်ကို ထွက်လာခဲ့တာ"

ရွှမ်မိန် ကောင်းကင် နယ်မြေ၏ ဝမ်ရှင်း တန်ခိုးရှင် ဟန်မိန်က ပြောသည်။

"ဟုတ်လို့လား… ဓားဧကရာဇ်က ကျုပ်တို့ ပေ့ဟန်နယ်ရဲ့ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်လေ… သူက ဘယ်လို လုပ်ပြီး အရှုံးသမား ဖြစ်မှာလဲ…"

အခြားလူများက မေးကြသည်။

"အဲဒီ အကြောင်းကို ငါ ထျန်းကျိ ကောင်းကင် နယ်မြေရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ဆီက ကြားခဲ့ရတာ… ဓားဧကရာဇ်ရဲ့ ဂိုဏ်းက အရမ်း အင်အားကြီးပြီး ထျန်းဟောင်ဂြိုဟ်ရဲ့ ထိပ်တန်း အင်အားစုတွေထဲမှာ ပါတယ်… သူတို့မှာ တစ်ယောက်ထက် ပိုတဲ့ အခြေတည် ဝိညာဉ် အဆင့် ကောင်းကင် အရှင်တွေ ရှိတယ်… ဓားဧကရာဇ် ရှုံးသွားတဲ့ တစ်ယောက်က အဆင့်မြင့် ရွှေအမြုတေကို ပိုင်ဆိုင်ထား ပြီးတော့ ဟန်ရှုံး သတ်မှတ်ချက်တောင် ဝင်တယ်တဲ့"

ဝမ်ရှင်း တန်ခိုးရှင် ဟန်မိန်က ပြန်ဖြေ လိုက်သည်။

"ဟန်ရှုံး သတ်မှတ်ချက်…"

ယခု တစ်ကြိမ်တွင်မူ မည်သူမျှ စကား တစ်ခွန်းပင် ထွက်မလာ ကြတော့ချေ။

ထိုအချိန် တော်ဝင် နန်းတော် ပေ့ချီ ခန်းမ အရှေ့၌… ဓားဧကရာဇ်သည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ကာ မတ်တတ် ရပ်နေခဲ့သည်။ သူ၏ အနောက်တွင်မူ ထီးနန်း ဆက်ခံရန် လျာထား ခံရသည့် မင်းသား သုံးယောက် ရှိ၏။

"ကျိုးတုလော့… ရှေးဟောင်း ကျူးဝမ်မြို့က ဘာသတင်းရလဲ…"

ဓားဧကရာဇ်က မေးသည်။

"ဦးရီးတော်… ကျူးကျူရှန်းတို့ စတင်ပြီး တိုက်ခိုက် နေပါပြီ… မကြာခင် သတင်းကောင်း ရောက်လာမှာပါ… ကျွန်တော့် အထင် ပြောရရင် ကျူးကျူရှန်းက ချန်းပေ့ရွှမ်းကို အခမ်းအနား မပြီးခင် ဖမ်းခေါ် လာနိုင်ပါလိမ့်မယ်"

"ကောင်းတယ်…"

ဓားဧကရာဇ်က အသိအမှတ်ပြုဟန် ခေါင်းညိတ် လိုက်၏။

မကြာခင်မှာပင် ပေ့ချီ ခန်းမရှေ့မှ စကားဝိုင်းမှာ ဆုတောင်းခြင်း အခမ်းအနားသို့ တက်ရောက်လာသော လူများထံသို့ စီးဆင်း သွားသည်။

"ဘယ်လို… ဝမ်ရှင်း တန်ခိုးရှင်ချန်းက ချန်းပေ့ရွှမ်း ဟုတ်လား… ကျိုးတုလော့က သူ့ နောက်ကို လိုက်ဖို့ အစောင့်တွေ လွှတ်လိုက် ပြီပေါ့"

"ဟုတ်တယ်… ဝမ်ရှင်း တန်ခိုးရှင် ဆယ့်တစ်ယောက် အပြင် မင်ဖြူ မင်နက် အကြီးအကဲ နှစ်ဦးပါ လိုက်သွားခဲ့တယ်တဲ့… ချန်းပေ့ရွှမ်း ဘယ်လောက်ပဲ အစွမ်းထက်ထက် ဝမ်ရှင်း တန်ခိုးရှင် ဆယ့်တစ်ယောက်ကိုတော့ ယှဉ်နိုင်မယ် မထင်ဘူး"

"စိတ်မကောင်းစရာပဲ… ငါတို့ ပေ့ဟန်နယ်တော့ ပါရမီရှင် တစ်ယောက်ကို ဆုံးရှုံးရဦးမယ်"

မရေမတွက်နိုင်သော ဂိုဏ်း အကြီးအကဲများ၊ မိသားစု ခေါင်းဆောင်များမှာ ထိုသတင်းကြောင့် အံ့အားသင့် သွားကြသည်။

ထိုအရာက ဓားဧကရာဇ်သည် ကောင်းကင် နယ်မြေများနှင့် မိသားစု ရှစ်ခုကို ခြိမ်းခြောက်ရန် ကြိုးစားလိုက်ခြင်းလည်း ဖြစ်သည်။ အကယ်၍ တော်ဝင် မိသားစုက အလယ်ဆင့် ရွှေအမြုတေ ပိုင်ရှင် တစ်ယောက်ကို ဖမ်းပြလိုက်လျှင် အနာဂတ်၌ မည်သူက ကျိုးမိသားစုကို ဆန့်ကျင်ရဲ တော့မည်နည်း။

ကောင်းကင်နယ်မြေ ဂိုဏ်းချုပ်များပင်လျှင် ကြောက်လန့် သွားကြသည်။

အားလုံးထဲ၌ ယင်ယန် ကောင်းကင် နယ်မြေ၏ ဝမ်ရှင်း တန်ခိုးရှင် ရွှေရောင် ကျီးကန်း တစ်ယောက်သာ ကြိတ်ကာ ပျော်ရွှင် နေခဲ့၏။ သူသည် ရွှေရောင်ကျီးကန်း စီးပွားရေးအဖွဲ့၏ ခေါင်းဆောင် ဖြစ်ပြီး ချန်းဖန်က သူ၏ ကိုယ်စားလှယ် နှစ်ယောက်ကို သတ်ဖြတ် ပစ်ခဲ့သည်။ သို့ဖြစ်ရာ သူက ထိုကိစ္စ အတွက် အဘယ်ကြောင့် မပျော်မရွှင် ဖြစ်ရမည်နည်း။

"ကလန့်…"

ထိုအချိန်မှာပင် ကောင်းကင်၌ အလင်း တစ်ခု လင်းလက်လာကာ သတင်းပို့ ဓားပျံ တစ်စင်း ရောက်ရှိ လာ၏။

"သတင်းရောက်လာပြီ…"

ကျိုးတုလော့က ပြုံးရင်း ဓားပျံအား ဖမ်းယူ လိုက်သည်။ မကြာခင်မှာပင် သူ၏ မျက်နှာရှိ အပြုံးများက သရဲတစ်ကောင်ကို တွေ့ရသည့် အလား အေးခဲ သွားတော့၏။

"ဘာဖြစ်လို့လဲ…"

ဓားဧကရာဇ်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"ဦး… ဦးရီးတော်… အဲဒါက ရှေးဟောင်း ကျူးဝမ်မြို့က သတင်းပါ"

ကျိုးတုလော့မှာ အသံများပင် တုန်ရီ နေခဲ့သည်။

"ကျွန်တော်တို့ ရှုံးသွားပြီ… တပ်ဖွဲ့ သုံးဖွဲ့ လုံးရော ဝမ်ရှင်း တန်ခိုးရှင် ဆယ့်တစ်ယောက်ရော မင်ဖြူ မင်နက် အကြီးအကဲရော အကုန် ရှင်းလင်းခံလိုက် ရတယ်… သတ်တဲ့လူက ချန်းပေ့ရွှမ်းတဲ့"

"ဘယ်လို…"

ရုတ်တရက် ခန်းမ တစ်ခုလုံး တိတ်ဆိတ် သွားသည်။

ထိုသတင်းကြောင့် တော်ဝင် မိသားစုမှ လူများ၊ ဂိုဏ်းချုပ်များ အပါအဝင် လူတိုင်း ဆွံ့အ သွားကြ၏။

မင်းသား ကျိုးတုရွှမ်က မေးလိုက်သည်။

"အကို… သေချာရဲ့လား… အဲဒီကို သွားတာက တပ်ဖွဲ့ သုံးခုနဲ့ ဝမ်ရှင်း တန်ခိုးရှင် ဆယ့်သုံးယောက်လေ… အဲဒီ အင်အားကို ဟူးကောင်းဂိုဏ်း မဟာ အကြီးအကဲတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး… ချန်းပေ့ရွှမ်းက ဘယ်လို လုပ်ပြီး သတ်နိုင်ရတာလဲ"

"ငါလည်း မသိဘူး…"

ကျိုးတုလော့က ဖြူရော်စွာဖြင့် ပြန်ဖြေ လိုက်သည်။

"ကလန့်…"

ထိုအခိုက်မှာပင် အဝေး၌ ရွှေရောင် အလင်းတစ်ခု ပေါ်လာခဲ့၏။

"ဘုန်း… ဘုန်း… ဘုန်း…"

ထိုအလင်းက ခဏ အတွင်းမှာပင် မြို့အကာအကွယ် အစီအရင် မှန်သမျှကို ချိုးဖျက်ကာ ကောင်းကင်မြို နန်းတော်၏ အပေါ်သို့ ရောက်ရှိ လာသည်။ ရွှေရောင် အလင်း ရောက်ရှိသည်နှင့် ကြည်လင်သော အသံတစ်ခု ထွက်ပေါ် လာ၏။

"ချန်းပေ့ရွှမ်းနဲ့ ရှောင်မန်က ကျိုးမိသားစုကို လာတွေ့တယ်…"

***

All Chapters