မင်းကလည်း ပုရွက်ဆိတ်ပဲ
Vol. 9 Ch. 846
"ဟူး… ဟူး…"
လူတိုင်းသည် ကောင်းကင်သို့ မော့ကြည့် လိုက်ကြရာ လူနှစ်ယောက်ကို တွေ့လိုက်ရသည်။
တစ်ယောက်မှာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ် တစ်ယောက် ဖြစ်သည်။ သူ၏ အင်္ကျီလက်များသည် လေနှင့်အတူ လွင့်ပါနေကာ သူ၏ ရုပ်ရည်မှာလည်း နတ်ဘုရား တစ်ပါး အလား ခန့်ညားလှ၏။
အခြား တစ်ယောက်မှာမူ ခရမ်းရောင် ဝတ်စုံဝတ် မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမသည် အလွန်ဆုံးမှ ဆယ့်သုံး လေးနှစ်မျှသာ ရှိမည်ဟု ခန့်မှန်း ရပြီး ကလေးဆန်သော အသွင်အပြင် ရှိ၏။
"တော်ဝင်မြို့ကို ကျူးကျော် ရဲတယ်ပေါ့…"
တော်ဝင် တပ်ဖွဲ့ ခြောက်ခု၏ ခေါင်းဆောင်များသည် အလင်းအသွင်သို့ ပြောင်းလဲကာ ကောင်းကင်ဆီ ပျံတက် သွား၏။
"ဒါက ဧည့်သည်တွေကို ကျိုးမိသားစုက ကြိုဆိုတဲ့ ပုံလား…"
ချန်းဖန်က နှာခေါင်းရှုံ့ရင်း အင်္ကျီလက်အား ခါယမ်း လိုက်သည်။
"ကလန့်…"
ကောင်းကင်၌ ဓားသံစဉ် တစ်ခု ဖြစ်ပေါ် လာသည်။
ထျန်းမိန်ဓားသည် အနက်ရောက်လှိုင်းအဖြစ် ပြောင်းလဲကာ ဆယ်မိုင် ဧရိယာကို ဖြန့်ကြက်၍ တပ်ဖွဲ့ ခေါင်းဆောင် ခြောက်ယောက်ထံ တိုးဝင်၏။
"ဘုန်း…"
တပ်ဖွဲ့ ခေါင်းဆောင် သုံးယောက်၏ ခန္ဓာကိုယ် များမှာ နောက်သို့ လွင့်ပျံ သွားကြသည်။
"ရပ်စမ်း…"
ကျိုးတုလော့က အော်ဟစ် လိုက်၏။ ထို့နောက် သူက ကောင်းကင်သို့ မော့ကြည့်ရင်း ပြောလိုက်သည်။
"ချန်းပေ့ရွှမ်း… တော်ဝင် မိသားစုက အမြဲတမ်း ဧည့်သည်တွေကို နွေးနွေးထွေးထွေး ကြိုဆိုတယ်… ဒါပေမဲ့ မင်းကတော့ တော်ဝင်မြို့ရဲ့ အစီအရင်တွေကို ဖျက်ဆီးခဲ့တဲ့ အပြင် အစောင့်တွေကိုပါ တိုက်ခိုက် ခဲ့တယ်… ဒါတောင် မင်းကိုယ်မင်း ဧည့်သည်လို့ ပြောချင်သေးလား"
"မင်းက ကျိုးတုလော့ ဆိုတဲ့ အကောင် ဖြစ်ရမယ်…"
ချန်းဖန်က ကျိုးတုလော့အား စူးစိုက် ကြည့်လိုက်၏။
"မင်ဖြူ မင်နက် အကြီးအကဲတွေက ဒီကိစ္စ အားလုံးရဲ့ နောက်ကွယ်မှာ မင်းရှိတယ်လို့ ပြောတယ်… ငါက ကျူးကျူရှန်း လုပ်သလို ပြန်ပြီး လုပ်ရုံပဲ… သူက ရှေးဟောင်း ကျူးဝမ်မြို့ကို လာပြီး ငါ့ရဲ့ မဟာ အကြီးအကဲကို တိုက်ခိုက် ခဲ့တယ်… ဒါက မင်းတို့အတွက် အပြစ်ဒဏ် အသေးလေးပဲ ရှိသေးတယ်"
"မင်း…"
ကျိုးတုလော့မှာ အလွန်တရာ ဒေါသထွက်သွား၏။
"တပ်ဖွဲ့ ခေါင်းဆောင်တွေက ဝမ်ရှင်း တန်ခိုးရှင်တွေ… မင်းရဲ့ အစုတ်ပလုတ် မဟာ အကြီးအကဲနဲ့ ဘယ်လို လုပ်ပြီး နှိုင်းရတာလဲ… နောက်ပြီး ရှဲ့ချန်းယန်က မူလ အဆင့်ပဲ ရှိသေးတယ်… သူက ငါ့အတွက် ပုရွက်ဆိတ် တစ်ကောင်လိုပဲ"
"မင်းက စော်ကားရဲသေးတယ်ပေါ့…"
ချန်းဖန်က လျှပ်တစ်ပြက် လှုပ်ရှားကာ ကျိုးတုလော့၏ ပါးအား ရိုက်ချလိုက်၏။
"ဖောင်း…"
ကျိုးတုလော့မှာ နောက်သို့ အရုပ် ကြိုးပြတ် လွင့်စဉ် သွားသည်။
"အဲဒါက…"
များစွာသော ဂိုဏ်းချုပ်များ၊ မိသားစု ခေါင်းဆောင်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြသည်။
တော်ဝင်မိသားစုသည် ပေ့ဟန်နယ်ကို နှစ်ထောင်ချီ၍ အုပ်ချုပ်ခဲ့ပြီး မည်သူမျှ သူတို့အား မစော်ကားခဲ့ဝံ့ချေ။ သို့သော်လည်း ယနေ့တွင်မူ ကျူးဝမ် မျိုးနွယ် တစ်ယောက်သည် မြို့အစီအရင်များကို ဖျက်ဆီး၍ ကျူးကျော်ခဲ့သည့် အပြင် မင်းသား ကျိုးတုလော့ကိုပါ ပါးရိုက်၍ စော်ကား ခဲ့သည်။
ထိုအရာက မောက်မာခြင်း ဟူသော အဓိပ္ပာယ်ကို ဖော်ကျူးနေ၏။
တစ်ချိန်တည်း၌ လူငယ်များမှာ ချန်းဖန်ကို ကြည့်ကာ အားကျ နေကြသည်။
"အကိုချီ… ချန်းပေ့ရွှမ်းက အရမ်း အစွမ်းထက်တာပဲ… သူက ကျူးကျူရှန်းကို သတ်ခဲ့တဲ့ အပြင် တော်ဝင်မြို့ အထိပါ လိုက်လာခဲ့တယ်… ကျုပ်တို့ ပေ့ဟန်နယ်မှာ နောက်ထပ် ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန် တစ်ယောက် ပေါ်လာပြီ ထင်တယ်"
ကျန်းမူက ပြောသည်။
သို့သော်လည်း ချီဖုန်းမှာ သူ၏ စကားကို ကြားပုံ မရချေ။ သူက ချန်းဖန်ကိုသာ လေးစားသော မျက်လုံးများဖြင့် စူးစိုက် ကြည့်နေခဲ့၏။
"သူက တကယ်ပဲ ဝမ်ရှင်း တန်ခိုးရှင် မဟုတ်ဘူးလား… ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းလိုက်သလဲ"
ထိုအချိန်မှာပင် ကျိုးတုလော့မှာ လဲကျနေရာမှ ပြန်လည် ထလာ၏။ သူ၏ ပါးပြင်တွင်မူ လက်ဝါးရာကြီး တစ်ခုက ဖြစ်ပေါ် နေရာယူ နေသည်။
"မင်းငါ့ကို ရိုက်ကဲတယ်ပေါ့…"
ကျိုးတုလော့မှာ ပါးကို ကိုင်ရင်း အနည်းငယ် ကြောင်အ နေ၏။ သူသည် ချန်းဖန်ကို ပြေး၍ တိုက်ခိုက်ချင်သော်လည်း အနည်းငယ် ကြောက်လန့် နေခဲ့သည်။
"ငါ မင်းကို သတ်မယ်…"
ကျိုးတုရွှမ်က ဒေါသတကြီး အော်ဟစ်ရင်း ချန်းဖန်ဆီသို့ ပြေးဝင်သွားသည်။
"သွားစမ်း…"
ချန်းဖန်က ထျန်းမိန်ဓားကို မသုံးပဲ လက်ကိုသာ ဖြည်းညင်းစွာ ဝှေ့ယမ်း လိုက်၏။
"ဘုန်း…"
ရုတ်တရက် ကောင်းကင်၌ ကြီးမားသော လှိုင်းတစ်ခု ဖြစ်ပေါ်လာကာ ကျိုးတုရွှမ်အား ရိုက်နှက်၏။
"ဘုန်း…"
ကျိုးတုရွှမ်မှာ တူကြီး တစ်ခုဖြင့် ရိုက်နှက်ခြင်း ခံရသည့် အလား မိုင်တစ်ရာခန့် အထိ လွင့်စဉ် သွားသည်။
"ဒီလူက ဝမ်ရှင်း တန်ခိုးရှင် တိုင်ရှုနဲ့ လင်းမိသားစု ဘိုးဘေးတို့လောက် အစွမ်းထက် နေတာပဲ"
ကျိုးတုလော့မှာ စိတ်ပူ သွား၏။
သူ၏ ညီဖြစ်သူ ကျိုးတုရွှမ်သည် ရွှေအမြုတေ အဆင့် အစောပိုင်း တစ်ယောက် ဖြစ်သည့် အပြင် ကောင်းကင်မြိုမြွေ၏ သွေးကိုပါ ပိုင်ဆိုင် ထားသည်။ သို့တိုင်အောင် သူသည် ချန်းဖန်၏ တိုက်ခိုက်မှု တစ်ခုကို ခုခံနိုင်စွမ်း မရှိခဲ့ချေ။ ထိုကျူးဝမ် မျိုးနွယ်၏ လက်၌ ကျူးကျူရှန်း ရှုံးနိမ့်ရခြင်းမှာ မထူးဆန်း တော့ချေ။
"ရှူး…"
ထိုအချိန်မှာပင် အဝေးမှ မြွေတွန်သံ တစ်ခု ထွက်ပေါ် လာသည်။
"ဘုန်း…"
ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ အဖြူရောင်မြွေကြီး တစ်ကောင် ကောင်းကင်သို့ ထိုးတက်လာ၏။
ကောင်းကင်မြိုမြွေ ဓမ္မ အသွင်…
ကျိုးတုရွှမ်ကား ကျိုးမျိုးနွယ်၏ အစွမ်း အထက်ဆုံး ဓမ္မအသွင်ကို ထုတ်ဖော် နေပြီ ဖြစ်လေသည်။
"ဘုန်း…"
ကောင်းကင်မြိုမြွေ ထွက်ပေါ် လာသည်နှင့် တော်ဝင်မြို့တော်ရှိ သန်းချီသော လူများမှာ မြေပြင်၌ ဒူးထောက်ကာ တုန်ရီ လာကြသည်။ သူတို့ကား ထိုဖိအားကို ခုခံနိုင်စွမ်း အနည်းငယ်ပင် မရှိခဲ့ချေ။
"ကောင်းကင်မြိုမြွေရဲ့ သွေးကို ကောင်းကင် အဆင့် သွေးဖွဲ့စည်းခြင်း အဆင့် ဓမ္မ အသွင် ဖွဲ့စည်းခြင်း အဆင့်နဲ့ အသွင်ပြောင်းခြင်း အဆင့် ဆိုပြီး အဆင့် လေးဆင့် ခွဲခြားထားတယ်… ကျူးကျူရှန်းက ဓမ္မ အသွင် ဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေပြီး အစစ်အမှန် ကောင်းကင်မြိုမြွေ ဖြစ်ပြီး နီးကပ်နေပြီ… သူက ကျူးကျူရှန်းထက်တောင် ပိုပြီး အစွမ်းထက်တယ်"
ကောင်းကင် နယ်မြေ အကြီးအကဲ တစ်ယောက်က ကောင်းကင်ရှိ မြွေကြီးကို ကြည့်ရင်း ရေရွတ် လိုက်သည်။
"ရှူး…"
ထိုအချိန်မှာပင် မြွေကြီးသည် မြည်သံပေးရင်း ချန်းဖန်ထံ တိုးဝင်သွား၏။
"သွား…"
ချန်းဖန်က ရေရွတ်ရင်း ဖနှောင့် တစ်ချက် ပေါက်လိုက်သည်။
"ဘုန်း…"
ရုတ်တရက် ကြီးမားသည့် လက်ကြီး တစ်ခု ကောင်းကင်တွင် ပေါ်လာသည်။ ၎င်းသည် ပေတစ်ထောင်ခန့် ရှည်လျားကာ အနက်ရောင် အကြေးခွံများဖြင့် ပြည့်နှက်နေ၏။
"ဘုန်း…"
ထိုလက်ကြီးက ထောင့်ဖြတ် ရွေ့လျားရင်း ကောင်းကင်မြိုမြွေအား ရိုက်ချလိုက်၏။
"အား…"
ကောင်းကင်မြိုမြွေမှာ နာကျင်စွာ အော်ဟစ်ရင်း မြေပြင်သို့ ပြုတ်ကျသွားသည်။ ယခု တစ်ကြိမ်တွင်မူ သူကား ပြန်လည် ထလာနိုင်စွမ်းပင် မရှိတော့ချေ။
"အကြီးအကဲ ရှဲ့က မင်းတို့ မျက်လုံးထဲမှာ ပုရွက်ဆိတ် ဆိုရင် ငါ့ရဲ့ မျက်လုံးထဲမှာလည်း မင်းတို့က ပုရွက်ဆိတ်တွေပဲ"
ချန်းဖန်က ပြောရင်း မြေပြင်ရှိ ကျိုးတုရွှမ် အနားသို့ ပျံသန်း သွား၏။ သူ၏ ပုံစံက ကျိုးတုရွှမ်ကို အဆုံးသတ်တော့မည့် ပုံပင်။
"ရပ်စမ်း…"
ကျိုးတုလော့က အော်ဟစ် လိုက်၏။
"ချန်းပေ့ရွှမ်း… ဒါက ပေ့ဟန်နယ်ရဲ့ တော်ဝင်မြို့ပဲ… မင်းရဲ့ ရှေးဟောင်း ကျူးဝမ်မြို့ မဟုတ်ဘူး… မင်းက ကောင်းကင် နယ်မြေ ခြောက်ခုနဲ့ မိသားစုကြီးတွေရဲ့ ရှေ့မှာ ကျိုးမိသားစုကို တကယ် ဆန့်ကျင်ရဲတယ်ပေါ့…"
"ဟုတ်တယ်… အဲဒီတော့ ဘာဖြစ်လဲ…"
ချန်းဖန်က ပြောရင်း မြွေဖြူ၏ ဦးခေါင်း ထက်၌ ဆင်းသက် လိုက်သည်။
"မင်း…"
ကျိုးတုလော့က အင်္ကျီလက်ကို ခါယမ်းရင်း ပြောလိုက်၏။
"ငါ့ညီကို လွှတ်ပေးပြီး တော်ဝင်မြို့တော် ကနေ ထွက်သွားတော့… ငါမင်း အသက်ကို ချမ်းသာ ပေးလိုက်မယ်"
"ဟူး… ဟူး…"
သူ၏ စကားဆုံးသည်နှင့် များစွာသော အလင်းများမှာ ချန်းဖန်၏ ပတ်လည်၌ ပေါ်လာခဲ့သည်။
အလင်း တစ်ခုချင်းစီသည် ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်ကို ကိုယ်စားပြု၏။ အရေ အတွက် အားဖြင့် တစ်ရာမျှရှိသော ထိုဝမ်ရှင်း တန်ခိုးရှင်များကား ကျိုးမိသားစု၏ အမိန့်အောက်တွင် ရှိသည့် ပြည်နယ် သုံးဆယ့် ခြောက်ခုမှ တန်ခိုးရှင်များ ဖြစ်သည်။ ထိုမျှသော အင်အားက ရွှေအမြုတေ ထိပ်ဆုံး တစ်ယောက်ကိုပင် ခြိမ်းခြောက်ရန် လုံလောက်၏။
"ဟဟ…"
သို့သော်လည်း ချန်းဖန်က ဂရုစိုက်ခြင်း မရှိပဲ အနည်းငယ် ရယ်မော လိုက်သည်။ ထို့နောက် သူက ခြေဖနှောင့်ကို ဆောင့်လိုက်၏။
"ခရက်…"
ကျိုးတုရွှမ်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ကွဲကြေ သွားသည်။ ကောင်းကင်မြိုမြွေ၏ အစစ်အမှန် အသွင်သည် အစွမ်းထက်သည် ဆိုသော်လည်း ချန်းဖန်၏ ခြေထောက် အောက်၌ မြက်တစ်ပင် အလား ပျော့ညံ့လွန်းလှ၏။
"သူက ဘာကိုမှ ဂရုမစိုက်ပဲ ကျိုးတုရွှမ်ကို သတ်လိုက်တာလား…"
များစွာသော လူများမှာ ဆွံ့အ သွားကြသည်။ မည်သူမျှ ချန်းဖန် ထိုသို့ ပြုလုပ်မည်ဟု မထင်ထားကြချေ။
"မင်း…"
ကျိုးတုလော့ကား ဒေါသကို ဆက်လက် ထိန်းသိမ်းနိုင်စွမ်း မရှိတော့ချေ။ သူက ချန်းဖန်အား စူးရဲစွာ ကြည့်ရင်း အော်ဟစ် အမိန့်ပေး လိုက်သည်။
"သတ်ကြ…"
တစ်ရာမျှသော ရွှေအမြုတေ အဆင့်များက ချန်းဖန်ထံသို့ တိုးဝင် တိုက်ခိုက်ရန် ပြင်လိုက် ကြသည်။
ထိုအချိန်မှာပင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ် လာ၏။
"ရပ်စမ်း… မင်းတို့က သူ့ပြိုင်ဘက် မဟုတ်ဘူး…"
***