← Chapters

ဓားဧကရာဇ်ကို အနိုင်ယူခြင်း

Vol. 9 Ch. 848

ဓားဧကရာဇ်ကို အနိုင်ယူခြင်း

Vol. 9 Ch. 848

ဓားဧကရာဇ် မည်မျှ အစွမ်းထက်သနည်း။

ထိုမေးခွန်းကို အရှင် ပေ့ဟန်မှ လွဲ၍ မည်သူမျှ မသိခဲ့ကြချေ။ များစွာသော လူများ အတွက် ထိုမေးခွန်း၏ အဖြေမှာ လျှို့ဝှက်ချက် တစ်ခုအလား ဖြစ်နေခဲ့သည်။

သို့သော်လည်း စကြဝဠာကို ကွဲအက်စေသော ဓားချက်အပြီး၌ လူတိုင်းမှာ ဓားဧကရာဇ် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း နားလည် သွားကြသည်။

"ဟိုထျန်း ဓားဂိုဏ်းက ထျန်းဟောင်ဂြိုဟ်ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ဒဏ္ဍာရီလာ ဂိုဏ်းကြီး တစ်ခုပဲ… သူတို့က တစ်ခုထက် ပိုတဲ့ နယ်ကြီးတွေကို နှစ်သောင်းချီတဲ့ အထိ လွှမ်းမိုး နိုင်ခဲ့တယ်… ဒီလို ဓားကျင့်စဉ်မျိုးကို ဟိုထျန်း ဓားဂိုဏ်းလို ဂိုဏ်းကြီးတွေကပဲ ပိုင်ဆိုင်နိုင်တယ်"

ထျန်းကျိ ကောင်းကင်နယ်မြေ ဂိုဏ်းချုပ်က ဆိုသည်။

ဒဏ္ဍာရီလာ ဟိုထျန်း ဓားဂိုဏ်းနှင့် နှိုင်းယှဉ်ပါက ကျယ်ဝန်းသော ပေ့ဟန်နယ်ပင် မှေးမှိန် လှသည်။ ဓားဧကရာဇ်၏ ဓားချက်မှာ ပေ့ဟန်နယ် တစ်ခုလုံးကို လွှမ်းမိုးရန် လုံလောက်၏။

"အကို… ဂရုစိုက်နော်…"

ရှောင်မန်က စိုးရိမ်စွာဖြင့် သတိပေးလိုက်သည်။

"အင်း…"

ချန်းဖန်က ခေါင်းညိတ်ရင်း သူ၏ အမြုတေ သုံးခုကို အသက်သွင်း လိုက်၏။

"ခွန်ပန် အမြုတေ…"

"လိန်ဟူ အမြုတေ…"

"အစစ်အမှန် ကောင်းကင် အမြုတေ…"

အမြုတေ သုံးခုက တစ်ပြိုင်နက်တည်း ပေါ်ထွက်လာကာ အရှိန်ပြင်းစွာ လည်ပတ်ရင်း ချန်းဖန်အား အဆုံးမဲ့ စွမ်းအားဖြင့် ထောက်ပံ့ ပေး၏။

"ပွင့်စမ်း…"

ချန်းဖန်က အော်ဟစ် လိုက်သည်။

"ဘုန်း…"

ရုတ်ခြည်းပင် သူ၏ နံဘေး၌ အနက်၊ အဝါ နှင့် ရွှေရောင် အလင်း သုံးခု လင်းလက် တောက်ပ လာ၏။ ထိုအလင်း သုံးခုသည် ချန်းဖန်ကို ဗဟိုထားကာ နယ်မြေအသွင် ပြောင်းလဲသည်။

"ဘုန်း…"

ထိုအချိန်မှာပင် ဓားဧကရာဇ်၏ ဓားချီ တိုက်ခိုက်မှုက ချန်းဖန်၏ နယ်မြေပေါ်သို့ ကျ၏။

"ဘုန်း… ဘုန်း… ဘုန်း…"

နယ်မြေ အတွင်း၌ လူခန္ဓာနှင့် နဂါးခေါင်း အသွင် ရှိသော သတ္တဝါများစွာ ဖြစ်ပေါ် လာသည်။ ထိုသတ္တဝါများသည် ဓားချီသို့ ချဉ်းကပ်ကာ အငမ်းမရ ဝါးမျို၏။ နောက်ဆုံး၌ ဓားဧကရာဇ်၏ ဓားချီမှာ တဖြည်းဖြည်း အားလျော့ကာ ပျက်စီး သွားတော့သည်။

"အဲဒါက ဘယ်လို နယ်မြေ မျိုးလဲ…"

များစွာသော လူများ၏ မျက်လုံးများမှာ ပြူးကျယ် သွားကြ၏။

"ဝါးမျိုခြင်း စွမ်းအား… နတ်ဘုရား မိုးကြိုး စွမ်းအားနဲ့ ရွှေရောင် စွမ်းအား… မတူညီတဲ့ စွမ်းအား သုံးခုက အချင်းချင်း တွန်းဖယ်မှုမရှိပဲ ပေါင်းစည်းနိုင်တယ်… ချန်းပေ့ရွှမ်းက ကျင့်စဉ် သုံးခုကို တစ်ပြိုင်နက်တည်း လေ့ကျင့်တာလား"

သို့သော်လည်း ဓားဧကရာဇ်ကမူ မည်သို့မျှ ကြောက်လန့်ပုံ မရချေ။

"စိတ်ဝင်စားစရာပဲ…"

သူက အေးဆေးစွာပင် ဆိုရင်း သူ၏ ဓားအား လက်ဖြင့် သပ်ရပ် လိုက်၏။

"ကလန့်…"

စက္ကန့်တစ်ခုတိုင်း၌ ဓားမှ သေးငယ်သော ဓားတစ်ချောင်း ခွဲထွက်လာသည်။ ကိုးစက္ကန့် အကြာတွက် ဓားပျံ ကိုးခု ဖြစ်ပေါ် လာ၏။

"ကလန့်…"

ဓားဧကရာဇ်၏ ထိန်းချုပ်မှု အောက်တွင် ဓားပျံ ကိုးခုသည် ကောင်းကင်၌ ရှည်လျားသော ဓားအလင်းကို ချန်ရစ်ကာ ချန်းဖန်ထံသို့ တိုးဝင်သွားသည်။

"ဝှစ်…"

ဓားပျံ ကိုးခုသည် ပေတစ်သောင်း အကွာအဝေးကို မျက်စိတစ်မှိတ် အတွင်း ကျော်ဖြတ်ကာ ချန်းဖန် အရှေ့သို့ ရောက်လေ၏။

ချန်းဖန်သည် မားမားမတ်မတ် ရပ်နေဆဲ ဖြစ်သည်။

"ဘုန်း…"

ဓားပျံကိုးခုသည် သုံးရောင်ခြယ် နယ်မြေနှင့် ထိတွေ့ရာ ပြင်းထန်သော တုန်ခါမှုများ ဖြစ်ပေါ် လာ၏။

ဓားပျံတစ်ခုချင်းစီသည် ကြယ်ပျံ အလား လျင်မြန်လှပြီး တောင်တစ်ခု၏ အားအင်ကို သယ်ဆောင်ထားသည်။ အဆုံး၌ ၎င်းတို့၏ တိုက်စားမှုတွင် ချန်းဖန်၏ နယ်မြေပင် စတင် ကွဲအက် လာခဲ့၏။

"ပျက်စီးစမ်း…"

ချန်းဖန်မှာ ဆက်လက် စောင့်မနေ နိုင်တော့ချေ။

သူက တင်းဟိုင် ပုလဲကို ထုတ်ယူကာ ရှောင်မန်အား အဝေးသို့ တွန်းပို့ လိုက်၏။ ထို့နောက် သူက လက်သီးအား ဆုပ်ကာ ထိုးလိုက်သည်။

"ဘုန်း…"

ခွန်ပန်၊ လိန်ဟူနှင့် အလင်းစက်ဝိုင်း သုံးခုသည် ချန်းဖန်၏ အနောက်၌ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာကာ အဆုံးမဲ့ စွမ်းအားကို ထုတ်လွှတ်၏။

"ဘုန်း…"

ဓားပျံ တစ်ချောင်းမှာ နောက်သို့ ပြန်လည် လွင့်စဉ် သွားသည်။

"ဘုန်း… ဘုန်း… ဘုန်း…"

ချန်းဖန်၏ လက်သီးချက်များက ဆက်တိုက် ဆိုသလို ထွက်ပေါ်လာ၏။ လက်သီးချက် တစ်ခုချင်းစီက ပေတစ်ထောင် ဧရိယာကို လွှမ်းမိုးကာ ကမ္ဘာအား လက်သီးချီဖြင့် ပြည့်နှက် စေသည်။

"ဘုန်း… ဘုန်း… ဘုန်း…"

အဆုံး၌ ဓားဧကရာဇ်၏ ဓားပျံ ကိုးခု စလုံးမှာ နောက်သို့ လွင့်စဉ် သွားရတော့၏။ သို့သော်လည်း ချန်းဖန်က ရပ်တန့်ခြင်း မရှိပဲ ဓားဧကရာဇ်ထံ ဆက်လက် တိုးဝင် သွားသည်။

"ဟဟ… မဆိုးဘူးပဲ…"

ယခု တစ်ကြိမ်တွင်မူ ဓားဧကရာဇ်ပင် ချန်းဖန်အား အနည်းငယ် အထင်ကြီး လေးစား သွားခဲ့သည်။

သူက ဓားပျံများအား ပြန်လည် သိမ်းဆည်းကာ ချန်လုဓားအဖြစ် ပြန်လည် ပြောင်းလဲ လိုက်သည်။ ချန်လုဓားသည် ကြောက်မက်ဖွယ် ဓားချီကို ထုတ်လွှတ်ကာ နောက်တစ်ကြိမ် ပြန်လည် လင်းလက် လာခဲ့သည်။

"ခုခံလိုက်စမ်း…"

ဓားဧကရာဇ်က ချန်လုဓားကို ကိုင်ဆောင်ကာ လွှဲခုတ် လိုက်၏။

"ခရက်…"

ကောင်းကင်သည် ထက်ပိုင်းဖြတ် ခံရကာ လေဟာနယ်မှာလည်း ပြိုပျက် ကျလာ၏။ မရေ မတွက်နိုင်သော လေဟာနယ် မုန်တိုင်းများ ဖြစ်ပေါ်လာကာ ကမ္ဘာကြီးမှာ အပျက်အစီး နယ်မြေ အသွင် ပြောင်းလဲ သွားသည်။

"ဘုန်း…"

ချန်းဖန်က ချန်လုဓားအား လက်သီးဖြင့် တိုက်ရိုက် ထိုးနှက်လိုက်ရာ ဓားမှာ တဆတ်ဆတ် တုန်ရီသွား၏။ တစ်ချိန်တည်း၌ သူ၏ နယ်မြေမှာလည်း ကွဲအက် ပျက်စီး သွားခဲ့သည်။

အဆုံး၌ ချန်းဖန်မှာ နောက်သို့ ခြေသုံးလှမ်း ဆုတ်လိုက်ရ၏။

"ဓားဧကရာဇ်က တကယ် အစွမ်းထက်တာပဲ…"

များစွာသော တော်ဝင် မိသားစုဝင်များက စိတ်ဓာတ် တက်ကြွစွာဖြင့် ဟစ်ကြွေး လိုက်ကြသည်။

"ဓားဧကရာဇ်က အဆင့်ခြောက် အမြုတေကို ပိုင်ဆိုင်ထားတဲ့အပြင် နှစ်ပေါင်း တစ်ထောင်ကျော် ကျင့်ကြံပြီးပြီ… သူက သာမန် ရွှေအမြုတေ ထိပ်ဆုံး အဆင့်တွေထက် ပိုပြီး အစွမ်း ထက်တယ်… သူနဲ့ ယှဉ်ပြီး တိုက်ခိုက်တာက ဉာဏ်ရှိတဲ့ လုပ်ရပ် မဟုတ်ဘူး"

ရွှမ်မိန် ကောင်းကင်နယ်မြေ ဂိုဏ်းချုပ်က ခေါင်းအား ခါယမ်း လိုက်သည်။

ချန်းဖန်အား အားပေးသည့် ကျန်းမူပင်လျှင် ဓားဧကရာဇ်မှာ ပို၍ အစွမ်း ထက်ကြောင်း စိတ်ထဲမှ ကြိတ်ကာ ဝန်ခံ လိုက်မိ၏။

"ဘာပဲဖြစ်ဖြစ်… ချန်းပေ့ရွှမ်းက အရမ်း ငယ်သေးတာပဲလေ"

ချီဖုန်းက လေးပင်စွာ သက်ပြင်း တစ်ချက် ချလိုက်သည်။

များစွာသော လူများမှာ ဓားဧကရာဇ်သာ အနိုင်ရလိမ့်မည်ဟု ခန့်မှန်း လိုက်မိကြ၏။ ချန်းပေ့ရွှမ်းကား နှစ်တစ်ရာပင် မပြည့်သေးသော ကျင့်ကြံသူ ဖြစ်သည်။ နို့နံ့ပင် မစင်သေးသော ကလေး တစ်ယောက်က နှစ်တစ်ထောင်ကျော် ကျင့်ကြံ ခဲ့သော ဓားဧကရာဇ်အား မည်ကဲ့သို့ ယှဉ်နိုင်မည်နည်း။

"ပျက်စီးစမ်း… ပျက်စီးစမ်း…"

ဓားဧကရာဇ်က ဓားချက်ပေါင်း သုံးဆယ့် ခုနစ်ချက်ကို အဆက်မပြတ် ထုတ်လွှတ်၍ ချန်းဖန်အား ထပ်မံ တိုက်ခိုက် လိုက်သည်။

"ဘုန်း…"

ချန်းဖန်မှာ ထိုဓားချက် အားလုံးကို တားဆီး နိုင်ခဲ့သော်လည်း နောက်သို့ မိုင်တစ်ရာခန့် လွင့်စဉ် သွားခဲ့၏။

"ဘုန်း…"

သို့သော်လည်း သူက ထွက်ပြေးခြင်း မရှိပဲ ချက်ချင်း ပြန်လည် ထလာကာ သုံးဆယ့် ရှစ်ချက်မြောက် ဓားအား လက်သီးဖြင့် တိုက်ရိုက် ရင်ဆိုင်သည်။

"အစစ်အမှန် နတ်ဘုရား လက်သီး…"

ချန်းဖန်၏ ခန္ဓာကိုယ်မှ အက်ကွဲသံများပင် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် ဝါးမျိုခြင်း စွမ်းအားနှင့် မိုးကြိုး စွမ်းအားသည် လက်သီးနှင့် ပေါင်းစပ်၏။

"ဘုန်း…"

လက်သီးနှင့် ဓားတို့ တိုက်ရိုက် ထိတွေ့ရာ အဆုံးမဲ့ ပေါက်ကွဲမှုများ ထွက်ပေါ် လာသည်။ ယခု တစ်ကြိမ်တွင်မူ ချန်းဖန်နှင့် ဓားဧကရာဇ် နှစ်ယောက်စလုံး နောက်သို့ ခြေတစ်လှမ်းဆီ ဆုတ်လိုက်ရ၏။

"မင်းက ပိုပြီး အစွမ်းထက် လာတာပဲ… အခု ဆိုရင် မင်းက ရွှေအမြုတေ ထိပ်ဆုံး အဆင့်နဲ့ ယှဉ်နိုင်နေပြီ… နောက်ပြီး မင်းရဲ့ အစစ်အမှန် အမတေက ငါ့ရဲ့ ဓားအမတေ ထက်တောင် ပိုပြီး သန့်စင် နေသေးတယ်… အရမ်း ကောင်းတယ်"

ဓားဧကရာဇ်၏ မျက်လုံးများမှာ ရတနာကို မြင်ရသည့် အလား တလက်လက် တောက်ပ လာ၏။ ထို့နောက် သူက ဓားဖြင့် တိုက်ရိုက် ရင်မဆိုင်တော့ပဲ ဓားကျင့်စဉ် များဖြင့်သာ တိုက်ခိုက်ရန် ဆုံးဖြတ် လိုက်သည်။

"ကြယ်ဓား ကျင့်စဉ်…"

"ကမ်းပါးငှက်ဓား ကျင့်စဉ်…"

"အသက် သုံးသွယ်ဓား ကျင့်စဉ်…"

" … "

မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားဧကရာဇ်သည် ဓားကျင့်စဉ် ရှစ်ခုကို ဖော်ထုတ် လိုက်၏။

များစွာသော လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွား ကြသည်။

"ဓားဧကရာဇ်က ဓားကျင့်စဉ် ဘယ်နှစ်ခုတောင် သိတာလဲ…"

ကောင်းကင်နယ်မြေ အကြီးအကဲ တစ်ဦးက မယုံကြည်နိုင်စွာ ရေရွတ် လိုက်သည်။

"ခရက်… ခရက်…"

ဓားချီများသည် လေထုကို ခွဲကာ သမုဒ္ဒအရား ဖွဲ့တည် ကြသည်။

ဓားဧကရာဇ်သည် အလွန် အစွမ်းထက်၏။ သူ၏ ဓားကျင့်စဉ် တစ်ခုစီတိုင်းမှာ ပင်လယ် လှိုင်းလုံးများ အလား ပြင်းထန်သည်။ ဓားချီ ရှစ်ခု၏ ပေါင်းစပ် စွမ်းအား အောက်တွင် မိုင်တစ်ရာ အတွင်းရှိ တိမ်တိုက် အားလုံးပင် ကွဲကြေသွား၏။

"ဘုန်း… ဘုန်း… ဘုန်း…"

မတူကွဲပြားသော ဓားချီများသည် ချန်းဖန်ကို ရိုက်ခတ်၏။ ထိုအရာများ၏ ရိုက်ခတ်မှု အောက်၌ သူ၏ ခန္ဓာကိုယ်မှာ တုန်ရီ နေခဲ့သည်။

အကယ်၍ ချန်းဖန်သာ အဇူရာ သက်ရှည် ခန္ဓာကိုယ်ကိုသာ ပိုင်ဆိုင် မထားပါက သေဆုံး၍ပင် နေလောက်ပြီ ဖြစ်သည်။

"သွားစမ်း…"

ချန်းဖန်ကား အလွန် ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။ သူက လက်သီးအား ဆုပ်ကိုင်ကာ အားယူ လိုက်၏။

"ဘုန်း…"

သူ၏ နောက်၌ အလင်းစက်ဝိုင်း တစ်ခု ဖြစ်ပေါ် လာသည်။ ထိုအလင်းစက်ဝိုင်း၏ တစ်ဖက် တစ်ချက်၌ ခွန်ပန်နှင့် လိန်ဟူတို့က နေရာယူကာ အားဖြည့်နေ၏။

"ဘုန်း…"

ချန်းဖန်က ဟင်းလင်းပြင်နှင့် မိုးကြိုး စွမ်းအားကို ထိန်းချုပ်ကာ လက်သီးအား ထိုးနှက် လိုက်သည်။ ထိုလက်သီးက ကမ္ဘာပျက်မတတ် စွမ်းအားကို သယ်ဆောင်ကာ ဓားချီများထံ တိုးဝင်သည်။

"ဘုန်း…"

လက်သီးချက် ပေါ်ထွက် လာသည်နှင့် ဓားချီများမှာ ပျက်စီး ကုန်၏။

သို့သော်လည်း လက်သီးက ရပ်တန့်ခြင်း မရှိပဲ ဓားဧကရာဇ်ထံ ဆက်လက် တိုးဝင်သည်။ ဓားဧကရာဇ်သည် ချန်းလုဓားဖြင့် ထိုလက်သီးအား ခုခံလိုက်၏။

"ဘုန်း…"

လက်သီးနှင့် ထိတွေ့သည်နှင့် ချန်းလုဓားမှာ ဓားပျံ ကိုးစင်းအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာ အသီးသီးသို့ လွင့်စဉ် သွားသည်။ ထို့နောက် လက်သီးချက်က ဓားဧကရာဇ်၏ ခန္ဓာကိုယ် ပေါ်သို့ ဆက်လက် ကျရောက်၏။

"ဘုန်း…"

ဓားဧကရာဇ်၏ ခန္ဓာကိုယ်မှာ လွင့်စဉ်၍ မြေပြင်သို့ ကြယ်ပျံ တစ်စင်း အလား ပြုတ်ကျ သွားတော့သည်။

လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ အေးခဲ သွားကြ၏။

"ဓားဧကရာဇ် ရှုံးသွားတာလား…"

***

All Chapters