← Chapters

အစစ်အမှန် ပြိုင်ဘက်ကင်း

Vol. 9 Ch. 849

အစစ်အမှန် ပြိုင်ဘက်ကင်း

Vol. 9 Ch. 849

"ဓားဧကရာဇ်က ရှုံးသွားတာလား… မဖြစ်နိုင်ဘူး…"

ရွှမ်မိန် ကောင်းကင် နယ်မြေ ဂိုဏ်းချုပ်က ခေါင်းခါ လိုက်၏။ အခြားသော ဂိုဏ်းချုပ်များမှာလည်း မယုံကြည် နိုင်အောင် ဖြစ်နေခဲ့သည်။

ဓားဧကရာဇ်သည် ပေ့ဟန်နယ်၏ ပြိုင်ဘက်ကင်း ဖြစ်သည်။ သူသည် ဓားတစ်လက်ဖြင့် ကောင်းကင် နယ်မြေ ခြောက်ခုကို တစ်ကိုယ်တည်း လွှမ်မိုးခဲ့သည်။ ထိုသို့သော လူက ထိုမျှ မြန်မြန် ရှုံးနိမ့် သွားသည်လား။

မဖြစ်နိုင်ချေ။ ဓားဧကရာဇ်သည် ထိုမျှ အားမနည်းနိုင်ချေ။

"ဘုန်း…"

အားလုံး မျှော်လင့်ထားသည့် အတိုင်းပင် မြေပြင်မှ ဓားအလင်း တစ်ခု ထိုးတက်လာကာ ဓားဧကရာဇ်၏ ပုံရိပ် ပေါ်လာ၏။ သူသည် တိမ်စိုင် တစ်ခု၏ ထိပ်တွင် ရပ်၍ သူ၏ ရှည်လျားသော ဆံပင်များမှာ တဖျတ်ဖျတ် လွင့်နေ၏။ သူ၏ ပုံစံက မည်သို့မျှ ရှုံးနိမ့်သေးပုံ မရချေ။

အခြားတစ်ဖက်၌… ချန်းဖန်မှာ ဒဏ်ရာများပင် ရနေပြီ ဖြစ်သည်။ သူ၏ အရှိန်အဝါမှာ မူလကထက် အနည်းငယ် ပို၍ အားနည်းသွားပုံ ရသည်။

"မင်းက တကယ်ပဲ အစွမ်းထက်တာပဲ… ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာ မထူးဆန်းတော့ဘူး… ဒါပေမဲ့ အဲ့လောက် စွမ်းအားက ထျန်းဟောင်ဂြိုဟ်ရဲ့ ထိပ်သီး ပါရမီရှင်တွေ မပြောနဲ့ ငါ့ကိုတောင် အနိုင်ယူဖို့ မဖြစ်နိုင်ဘူး"

ဓားဧကရာဇ်က ယုံကြည်မှု ရှိစွာ ပြောလိုက်သည်။

"တကယ်ကြီးလား…"

ချန်းဖန်က ပြုံးလိုက်၏။

"ဟူး… ဟူး…"

ရုတ်တရက် ရွှေရောင် သွေးချီသည် သူ၏ ခန္ဓာကိုယ်၌ ဖြစ်ပေါ်လာကာ ဒဏ်ရာများကို ကုသသည်။ စက္ကန့် အနည်းငယ် အတွင်းမှာပင် ချန်းဖန်၏ ဒဏ်ရာများမှာ ပျောက်ကွယ်လာကာ သူ၏ ခန္ဓာကိုယ်မှာလည်း အစွမ်း အထက်ဆုံး အနေအထားအထိ ပြန်လည် ရောက်ရှိ လာခဲ့၏။

"ခေါင်းမာတာပဲ…"

ဓားဧကရာဇ်က ခေါင်းအား ခါယမ်း လိုက်သည်။

"ရွှေအမြုတေမှာ အဆင့် ကိုးဆင့် ရှိတယ်… ငါက အစောပိုင်း  ရွှေအမြုတေရဲ့ စွမ်းအားကိုပဲ ထုတ်သုံးရသေးတယ်… အဆင့်ခြောက် ရွှေအမြုတေရဲ့ စွမ်းအားက ဘယ်လိုလဲ ဆိုတာ မင်းကိုငါ ပြရတော့ မှာပေါ့…"

"ဘုန်း…"

စကားဆုံးသည်နှင့် ဓားဧကရာဇ်၏ ခန္ဓာကိုယ်မှ စွမ်းအားမှာ အကြိမ် အနည်းငယ် အထိ မြင့်တက်လာ၏။ ထို့နောက် သူက လက်အား ဆန့်ထုတ်လိုက်ရာ အရပ်မျက်နှာ အသီးသီးမှ ဓားပျံ ကိုးစင်းမှာ သူ၏ လက်၌ စုစည်းလာသည်။

"ချန်လုဓားက ငါတို့ဂိုဏ်းရဲ့ အဆင့်မြင့် ဝိညာဉ် ရတနာ ပဲ… ငါ့ဘိုးဘေးက ဒီဓားကို ချိပ်စည်း သုံးခုခံပြီး ပြုလုပ်ခဲ့တယ်… ဒီနေ့မှာ ငါ မင်း အတွက် ချိပ်စည်း တစ်ခုကို ဖြည်ပေးမယ်…"

ဓားဧကရာဇ်က ပြောရင်း သူ၏ လက်ချောင်းများကို ဖြည်းညင်းစွာ လှုပ်ခါ လိုက်သည်။

"ကလန့်…"

ဓားကိုးချောင်းသည် တစ်ချိန်တည်း၌ တုန်ခါ လာ၏။ ၎င်းတို့၏ ခုနစ်လက်မမျှ ရှိသော ကိုယ်ထည်များမှာ တဖြည်းဖြည်းနှင့် သုံးပေခန့် အထိ ရှည်လျား လာသည်။ ဓားပျံ တစ်ခုခြင်း စီသည် သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး၊ လေ၊ မိုးကြိုး၊ ယင်နှင့် ယန် ဟူသော မတူညီသည့် ဒြပ်စပ် ကိုးခု၏ စွမ်းအားကို သယ်ဆောင် ထားသည်။

"ငါဟာ ဘဝ တစ်လျှောက်လုံးမှာ ကိုးရာထက် ပိုတဲ့ ဓားကျင့်စဉ်တွေကို သင်ယူခဲ့ပေမဲ့ ရွှမ်ထျန်း ဓားကျင့်စဉ်ကိုပဲ နှစ်တစ်ထောင် တိုင်တိုင် လေ့ကျင့်ခဲ့တယ်… အဲဒါက ငါတို့ ဟိုထျန်းဂိုဏ်းရဲ့ လျှို့ဝှက် ဓားကျင့်စဉ် သုံးခုထဲက တစ်ခု ဖြစ်ပြီး အောင်မြင်တာနဲ့ အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်ကို သတ်ပစ်နိုင်လိမ့်မယ်"

ဓားဧကရာဇ် စကားပြော နေစဉ်မှာပင် ဓားပျံ ကိုးချောင်းက အတူတကွ ပေါင်းစပ်ကာ ပေတစ်ထောင် ရှည်လျားသော ဓားအလင်း အသွင် ပြောင်းလဲ၏။

"ကလန့် …"

ဓားဧကရာဇ်သည် ဓားအလင်းအား ဆုပ်ကိုင်ရာ ကြောက်မက်ဖွယ် စွမ်းအား တစ်ခုက ကောင်းကင်သို့ ပျံတက် လာသည်။

"ရွှမ်ထျန်း ဓားကျင့်စဉ်…"

ဓားဧကရာဇ်၏ အသံက မိုင်တစ်ထောင် ပတ်ဝန်းကျင်အား အထပ်ထပ် ရိုက်ခတ် သွား၏။

"ကလန့်…"

တစ်ချိန်တည်းမှာပင် ဓားအလင်းသည် လေထုကို ခွဲဖျက်၍ ပေါ်လာ၏။ ထိုအလင်းက ရှည်လျားသော လေဟာနယ် အက်ကွဲကြောင်း တစ်ခုကို ဖန်တီးကာ ချန်းဖန်ထံသို့ ဦးတည် ကျယ်ပြန့် လာသည်။

အဆင့်ခြောက် ရွှေအမြုတေ…

အဆင့်မြင့် ဝိညာဉ် ရတနာ…

ထိပ်တန်း ဓားကျင့်စဉ်…

ထိုသုံးခု ပေါင်းစပ်ထားသော တိုက်ခိုက်မှုကို ကြည့်၍ လူများမှာ ကြက်သီးများပင် ထလာခဲ့သည်။ ထိုအရာက ဓားဧကရာဇ် ပေ့ဟန်နယ်ကို စိုးမိုးနိုင်ခဲ့သည့် အဓိက အကြောင်းရင်း ဖြစ်ပေမည်။

"ကလန့်…"

ထိုဓားချက်က အချိန်၏ ကန့်သတ်မှုကိုပင် ကျော်လွန်နေ၏။ ချန်းဖန်နှင့် သူ၏ ပတ်လည် ပေတစ်ရာခန့်မှာ လုံးဝ အေးခဲ သွားသည်။ သူသည် အမတေချီကို ဖော်ထုတ်ရန် မဆိုထားနှင့် လက်တစ်ချောင်းကိုပင် မလှုပ်နိုင်တော့ချေ။

"ဓားဖြင့် ဟင်းလင်းပြင်ကို ထိန်းချုပ်ခြင်း…"

ရွှမ်မိန် ကောင်းကင်နယ်မြေ ဂိုဏ်းချုပ်က သက်ပြင်းတစ်ချက် ချလိုက်၏။

"အတိတ်တုန်းက အဲဒီ ဓားချက်နဲ့ပဲ ငါတို့ ရှုံးနိမ့် သွားခဲ့တာ…"

အခြား ဂိုဏ်းချုပ်များမှာလည်း မျက်နှာပျက် သွားကြသည်။ ထိုဓားချက်က သူတို့၏ နာကျင်စရာ မှတ်ဉာဏ်များကို ပြန်လည် အမှတ်ရစေဟန် တူ၏။

ထိုနေ့က ကောင်းကင် နယ်မြေ ခြောက်ခုလုံး ပေါင်းစည်းခဲ့သည့်တိုင် ဓားဧကရာဇ်ကို မတားနိုင်ခဲ့ချေ။ ဓားဧကရာဇ်သည် ယခု ကဲ့သို့င် ဟင်းလင်းပြင်ကား နှစ်ပိုင်းခွဲကာ အရာရာအား ဖျက်ဆီးခဲ့သည်။ ထို့နောက် သူသည် မည်သို့မျှ မဆိုပဲ ပြန်လည် ထွက်ခွာ သွားခဲ့၏။

"အစ်ကို…"

ရှောင်မန်၏ မျက်နှာတစ်ခုလုံးမှာ ဖြူရော် နေ၏။ ထိုအခိုက်၌ သူမကား အသက်ပင် မရှူ နိုင်တော့ချေ။

"အစွမ်းထက်တယ်… အရမ်း အစွမ်းထက်တယ်… အဲဒါက လူသားတွေရဲ့ နည်းစနစ် တစ်ခု မဟုတ်လောက်ဘူး… နတ်ဘုရားတစ်ပါး ပိုင်တာပဲ ဖြစ်ရမယ်… အဲဒီ စွမ်းအားက အခြေတည် ဝိညာဉ် အဆင့် တွေနဲ့တောင် နှိုင်းယှဉ် နေနိုင်ပြီ… ဓားဧကရာဇ်က ဟန်ရှုံး သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ်တွေထက်တောင် ပိုပြီး အစွမ်းထက် နေပြီ"

ချီဖုန်းက ကြောက်လန့်တကြား ရေရွတ် လိုက်၏။

"အကိုချီ… ဘယ်သူနိုင်မယ်လို့ ထင်လဲ… ဝမ်ရှင်း တန်ခိုးရှင်ချန်းမှာ နိုင်ဖို့ အခွင့်အရေး မရှိတော့ဘူးလား…"

ကျန်းမူက စိုးရိမ်စွာဖြင့် မေးသည်။ သူသည် ချန်းဖန်အား လေးစား အားကျရာ ချန်းဖန်ကိုသာ နိုင်စေချင်၏။

"ချန်းပေ့ရွှမ်း မပြောနဲ့… ရွှေအမြုတေ ထိပ်ဆုံး အဆင့် တစ်ယောက်တောင် အဲဒီ ဓားချက်ကို ခံနိုင်မှာ မဟုတ်ဘူး… သူက သေမှာ ကျိန်းသေ နေပြီ"

ချီဖုန်းက ခေါင်းခါ လိုက်သည်။

အားလုံးသည် ချန်းဖန် ရှုံးနိမ့်တော့မည်ဟု တွေးနေ မိကြ၏။ ဝမ်ရှင်း တန်ခိုးရှင် ရွှေရောင် ကျီးကန်းနှင့် တောင်ဝင် မိသားစုမှ လူများမှာ လက်သီးများကို ဆုပ်ရင်း အောင်ပွဲခံရန်ပင် အသင့် ဖြစ်နေကြသည်။

"ခရက်… ခရက်…"

ချန်းဖန်၏ သုံးရောင်ခြယ် နယ်မြေက တဖြည်းဖြည်း ပဲ့ကြွေ လာ၏။ ဓားမရောက်ခင်မှာပင် ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားသည် ချန်းဖန်ထံသို့ ရောက်ရှိနေပြီး ဖြစ်သည်။

"ဟား… ဟား…"

ရုတ်တရက် ချန်းဖန်က အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။

လူများစွာမှာ ချန်းဖန်အား ကြည့်ရင်း ကြောင်အ သွားကြ၏။ သူက သေရမည်ကို ကြောက်လန့်၍ ရူးသွပ် သွားသည်လား။

သို့သော်လည်း ချန်းဖန်က အခြားလူများ၏ အတွေးကို ဂရုမစိုက်ပဲ ဓားဧကရာဇ်ကိုသာ ကြည့်ရင်း ပြောလိုက်၏။

"မင်းက စွမ်းအားကို ဖုံးကွယ်ထားတာပဲ… ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ… ငါလည်း မင်းလိုပဲ"

စကားဆုံးသည်နှင့် သူ၏ နောက်ဆုံး အမြုတေ နှစ်ခုမှာ အတားအဆီးများကို ကျော်ဖြတ်ကာ နိုးထ လာ၏။

"ဘုန်း…"

တစ်ချိန်တည်း၌ ချန်းဖန်၏ နောက်တွင် ရွှမ်ဝူ ပုံရိပ်နှင့် ကမ္ဘာ သစ်ပင်တို့ ဖြစ်ပေါ်လာကာ အခြား အရိပ်သုံးခုနှင့် ဆက်နွှယ်သည်။ ပုံရိပ် ငါးခုသည် ပြည့်စုံစွာ ပေါင်းစပ်ရာ ထူးဆန်းသော ပုံရိပ်ယောင် တစ်ခု ဖြစ်ပေါ် လာ၏။

"ဘုန်း…"

အမြုတေ ငါးခုသည် အရှိန်ပြင်းစွာ လည်ပတ်ကာ ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်သည်။ ထိုအခါ ချန်းဖန်ဆီသို့ တိုးဝင်လာသော ဟင်းလင်းပြင် စွမ်းအား အလုံးစုံမှာ ကွဲပျက် ကုန်၏။

"သွားစမ်း…"

ချန်းဖန်က လေဟာနယ်ကို ဖောက်ထွက်ကာ ပေတစ်ထောင် ရှည်လျားသော ဓားအလင်းအား လက်သီးဖြင့် ထိုးလိုက်သည်။

"ဘုန်း…"

ဓားအလင်းမှာ ကွဲအက်ကာ ဓားဧကရာဇ်မှာ နောက်သို့ ဆုတ်လိုက်ရ၏။

"ဘယ်လိုဖြစ်နိုင်မှာလဲ…"

ကြည့်ရှု့သူများသာ မက ဓားဧကရာဇ် ပင်လျှင် ဆွံ့အ သွားခဲ့သည်။

သူ၏ တိုက်ခိုက်မှုသည် အခြေတည် ဝိညာဉ် အဆင့်နားသို့ပင် နီးကပ် နေခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် ထိုဓားက ချန်းဖန် အမည်ရသော လူငယ်ကို အနည်းငယ်ပင် မထိခိုက် စေနိုင်သည်လား။

"ဒီကမ္ဘာက မင်းအတွက် ကြီးချင် ကြီးလိမ့်မယ်… ဒါပေမဲ့ ငါ့အတွက်တော့ သေးသေးလေးပဲ… ဒီကမ္ဘာက ပါရမီရှင် ဆိုတဲ့ လူတွေက ငါ့အတွက် ပြက်လုံး တစ်ခုလိုပဲ… ငါသာ ဆန္ဒရှိရင် ဘာကို မဆို ဖျက်ဆီး ပစ်နိုင်တယ်"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်သည်။ ထို့နောက် သူက အလင်း ငါးခုကို ခြံရံကာ ဓားဧကရာဇ်ထံသို့ လျှောက်လာခဲ့၏။

ဓားဧကရာဇ် မည်မျှပင် ကြိုးစား တိုက်ခိုက်စေကာမူ သူ၏ တိုက်ခိုက်မှုများက ချန်းဖန်၏ ပတ်လည်ရှိ အလင်းငါးခုကို မကျော်လွန် နိုင်ခဲ့ချေ။

အဆုံး၌ ချန်းဖန်က ဖနှောင့်တစ်ချက် ပေါက်လိုက်၏။

"ဘုန်း…"

ချက်ချင်းပင် ပေတစ်သောင်း ဧရိယာ အတွင်းရှိ အရာရာမှာ အေးခဲသွားသည်။ ဓားဧကရာဇ်နှင့် ကြည့်ရှုသူများ အပါအဝင် ထိုဧရိယာ အတွင်းရှိ အရာမှာ ဟင်းလင်းပြင်တွင် ပိတ်မိသွား၏။ သူတို့ကား လက်ချောင်း တစ်ချောင်းပင် မလှုပ်နိုင်တော့ချေ။

ထို့နောက် ချန်းဖန်က လက်ညှိုးကို ဆန့်ထုတ်ကာ ဟင်းလင်းပြင်ကို ကျော်လွန်၍ ပေပေါင်းများစွာ အကွာအဝေးမှ ဓားဧကရာဇ်၏ နဖူးကို တို့ထိ လိုက်သည်။

"ဟူး… ဟူး…"

ထို့နောက် လေဟာနယ် အေးခဲမှုသည် တစ်ခဏ အတွင်းမှာပင် လွင့်ပြယ်ကာ ပျောက်ကွယ် သွား၏။ လူတိုင်းမှာ နဖူးမှ ချွေးစေးများကို သုတ်ရင်း ချန်းဖန်နှင့် ဓားဧကရာဇ်တို့ကို ကြည့်လိုက်သည်။

"ဘုန်း…"

ရုတ်တရက် ဓားဧကရာဇ်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွား၏။ ထို့နောက် သူ၏ အသွေး၊ အသား၊ အရိုးမှ စ၍ အရာအားလုံးမှာ သွေးမြူ အဖြစ် ပြောင်းလဲကာ ကမ္ဘာမှ တဖြည်းဖြည်း ပျောက်ကွယ် သွားတော့သည်။

" … "

ရုတ်ခြည်းပင် ကမ္ဘာ တစ်ခုလုံးသည် တိတ်ဆိတ် သွား၏။ လူတိုင်းသည် ဆွံ့အ နေကြသည်။

***

All Chapters