← Chapters

လူတိုင်းအား သတ်ဖြတ်ခြင်း

Vol. 9 Ch. 851

လူတိုင်းအား သတ်ဖြတ်ခြင်း

Vol. 9 Ch. 851

အမြုတေ ငါးခုသည် မိုးကြိုးကပ်ဘေးကြောင့် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကံကောင်းစွာပင် ထိုအရာက ချန်းဖန်၏ တစ်ခုတည်းသော ဝှက်ဖဲ မဟုတ်ချေ။

ကမ္ဘာမြေ၌ ရှိစဉ်ကပင် ချန်းဖန်၏ အဇူရာ သက်ရှည် ခန္ဓာသည် ထူးခြား အောင်မြင်ခြင်း အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ရွှေအမြုတေ အဆင့်များနှင့်ပင် ယှဉ်ပြိုင် တိုက်ခိုက် နိုင်ခဲ့သည်။  ထို့အပြင် လွန်ခဲ့သည့် တစ်နှစ်ခန့်အတွင်း အထူးသဖြင့် တတိယ ပန်းချီ ရွှမ်ဝူ နတ်ဘုရား အသွင် အောင်မြင်ပြီး နောက်၌ သူ၏ ခန္ဓာ ကျင့်ကြံခြင်းမှာ များစွာ ပို၍ တိုးတက်လာခဲ့သည်။

“ဝှစ်…”

ချန်းဖန် မူလ နေရာမှ ပျောက်ကွယ်သွားပြီး မကြာခင်မှာပင် ကျောက်စိမ်းကဲ့သို့ ကြည်လင်သော လက်တစ်ဖက်သည် ယွင်ပြည်နယ် သခင်၏ နောက်၌ ရုတ်တရက် ပေါ်လာခဲ့၏။

“ဘာလဲ…”

ယွင်ပြည်နယ် သခင်မှာ နတ်ဘုရား စိတ်အာရုံမှ တစ်ဆင့် တစ်စုံတစ်ခုကို ခံစားမိသည်နှင့် နောက်သို့ လှည့်ကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့သော်လည်း လက်ကား သူ၏ အကာအကွယ် အလင်းကို ဖျက်ဆီးကာ သူ၏ ရင်ဘတ်အား အသာအယာ တို့ထိပြီး ဖြစ်သည်။

“ဘုန်း…”

ယွင်ပြည်နယ် သခင်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲ သွား၏။

“အား…”

နတ်ဘုရား စိတ်အာရုံသည် သူ၏ ရွှေအမြုတေနှင့် အတူ လွတ်မြောက်ရန် ကြိုးစား လိုက်သည်။ သို့သော်လည်း လျင်မြန်စွာပင် ချန်းဖန်က ၎င်းအား ဖမ်းယူကာ ဓားအားဖြည့် ကျောက်မျက်အတွင်း ထည့်သွင်း လိုက်သည်။

ထို့နောက် သူသည် ကောင်းကင်ကို ဖောက်ထွက်ကာ ပျောက်ကွယ် သွားပြန်လေ၏။

“ဝှစ်…”

တစ်စက္ကန့် အကြာ၌ သူသည် တပ်ဖွဲ့ ဗိုလ်ချုပ် တစ်ယောက်၏ ဦးခေါင်းထက်၌ ပြန်ပေါ် လာခဲ့သည်။ သူသည် ချက်ချင်းပင် လက်အား ကုတ်ခြစ်ကာ ဗိုလ်ချုပ်၏ ဦးခေါင်းကို ဖောက်ခွဲ ပစ်လိုက်၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် ရွှေအမြုတေအဆင့် နှစ်ယောက်ကား သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

“အားလုံးပဲ ... နယ်မြေတွေကို ဖြန့်ကြက်ပြီး ကိုယ့်ရဲ့ ဓမ္မအသွင်ကို ဖော်ထုတ် ထားကြ ... သတိ မလွတ်စေနဲ့”

ဟောင်မိသားစု ဘိုးဘေးက အော်ဟစ် လိုက်သည်။

ဟောင်မိသားစုသည် ပေ့ဟန်နယ် မိသားစုကြီး ရှစ်ခု အနက်မှတစ်ခု ဖြစ်သည်။ ပြောစကားများ အရဆိုလျှင် ဟောင်မိသားစုဝင်များသည် အာကာသ သားရဲ၏ သွေးကို ပိုင်ဆိုင်ကြသည် ဟူ၏။ အာကာသ သားရဲသည် အခြေတည် ဝိညာဉ် အဆင့် သားရဲ မဟုတ်သော်လည်း အာကာသ အတွင်း၌ နေထိုင်သော သားရဲ ဖြစ်ရာ  ဟင်းလင်းပြင် စွမ်းအားကို အတန်အသင့် နားလည် ကြသည်။

သို့ဖြစ်ရာ  ဟောင်မိသားစုဝင်များ မှာလည်း ဟင်းလင်းပြင်နှင့် ပတ်သက်သော ဉာဏ်အလင်း အချို့ကို သိရှိ ကြသည်။ မိသားစု ဘိုးဘေး ဆိုလျှင် သေးငယ်သော ဧရိယာကိုပင် ရွှေ့ပြောင်း သွားလာနိုင်စွမ်း ရှိသည်။ သို့သော်လည်း သူ၏ စွမ်းအားက ချန်းဖန်နှင့်မူများစွာ နိမ့်ကျ နေသေးသည်။

မည်သို့ပင် ဆိုစေ သူ၏ အကြံပေးမှုက ချန်းဖန်ကို အခက်အခဲ ဖြစ်စေသည်။ အကယ်၍ တစ်စုံတစ်ယောက်၏ အနီးသို့ နေရာ ရွှေ့ပြောင်း လိုက်သည်နှင့် ချန်းဖန်သည် ထိုသူ၏ ဖြန့်ကြက်ထားသော နယ်မြေ အတွင်းသို့ ရောက်ရှိ သွားပေလိမ့်မည်။

“မင်းက အတော်လေး သိထားတာပဲ…”

ချန်းဖန်က ခပ်လှမ်းလှမ်း တစ်နေရာတွင် ပြန်ပေါ်လာကာ ဟောင်မိသားစု ဘိုးဘေးအား  ကြည့်လိုက်သည်။

“ဝှစ်…”

နောက်တစ်စက္ကန့် အကြာ၌ ချန်းဖန်သည် ချူမိသားစု အကြီးအကဲ တစ်ဦး၏ အနောက်၌ ပြန်ပေါ် လာ၏။

“သွားစမ်း…”

ချူမိသားစု အကြီးအကဲက သူ၏ နယ်မြေကို ဖွင့်လှစ်ကာ ပေတစ်ထောင် ရှည်လျားသော နဂါးများကို ဖန်ဆင်း လိုက်သည်။

“ရား…”

သူက နဂါးများကို ချန်းဖန်ထံသို့ ပစ်လွှတ် တိုက်ခိုက်လိုက်၏။ တစ်ချိန်တည်း၌ သူက ဓမ္မရတနာကို ထုတ်ယူကာ နောက်သို့ ဆုတ်လိုက်သည်။

“အသုံးမဝင်ဘူး…”

မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်းဖန်က နဂါးများကို လွယ်ကူစွာ ဖျက်ဆီး၍ နယ်မြေကို ထက်ပိုင်း ပိုင်းလိုက်၏။ ထို့နောက် သူက ချူမိသားစု အကြီးအကဲထံ လျှပ်တစ်ပြက် ရွေ့လျားကာ အပေါ်ပိုင်းကို တိုက်ခိုက် လိုက်သည်။

“ဘုန်း…”

ချူမိသားစု အကြီးအကဲ၏ အသွေး အသားများမှာ ကောင်းကင်၌ ကြဲပြန့်သွားသည်။

ထို့နောက် ချန်းဖန်က လုပ်ကြံ သတ်ဖြတ်သူ တစ်ယောက်အလား မူလနေရာမှ ပျောက်ကွယ်သွား၏။

“ဝှစ်…”

နောက်တစ်စက္ကန့် အကြာ၌ သူသည် မိုင်သုံးဆယ်ခန့် အကွာရှိ ကျင့်ကြံသူ တစ်ဦး၏ အရှေ့သို့ ရောက်ရှိသွားသည်။ ချန်းဖန်သည် ယခု အထိ အစောပိုင်း ရွှေအမြုတေ အဆင့်များကိုသာ ရွေးချယ် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ထူးခြား အောင်မြင်ခြင်း အဆင့်ကောင်းကင် ခန္ဓာ၏ အကူအညီဖြင့် အစောပိုင်း ရွှေအမြုတေ အဆင့်များကို သတ်ဖြတ်ခြင်းမှာ ငှက်ပျောသီး အခွံနွှာရသလို လွယ်ကူ လှသည်။ သို့သော်လည်း ရွှေအမြုတေ အလယ်ဆင့်များကိုမူ ထိုကဲ့သို့ ရင်ဆိုင် ရန်မှာ ခက်ခဲလိမ့်မည် ဖြစ်သည်။

“အဲ ... အဲဒါက…”

ပီးရှ တပ်ဖွဲ့ ခေါင်းဆောင်မှာ ကြောက်လန့် နေခဲ့ပြီ ဖြစ်သည်။

ဆယ်စက္ကန့် အတွင်းမှာပင် ချန်းဖန်သည် ဆယ်ယောက် မျှသော ရွှေအမြုတေ အဆင့်များကို သတ်ဖြတ်ခဲ့သည်။ သို့ဖြစ်ရာ မည်သူက အနည်းငယ်ပင် မကြောက်လန့်ဘဲ နေပါမည်နည်း။

“အစောပိုင်း ရွှေအမြုတေ အဆင့်တွေကို နောက်ဆုတ်ကြ ... အလယ်ဆင့် ရွှေအမြုတေ ပိုင်ရှင်တွေနဲ့ အလယ်ဆင့် ရွှေအမြုတေ အဆင့်တွေပဲ ဒီမှာ နေခဲ့မယ်”

ကျိုးတုလော့က အေးစက်စွာ အမိန့်ပေး လိုက်သည်။

“ဝှစ် ... ဝှစ် ... ဝှစ်…”

များစွာသော အစောပိုင်း ရွှေအမြုတေအဆင့် ဝမ်ရှင်း တန်ခိုးရှင်များမှာ ချက်ချင်းပင် ရွှေရောင် အလင်းများ အသွင်သို့ ပြောင်းကာ ထွက်ပြေးကြတော့၏။

အဆုံး၌ စစ်မြေပြင်တွင် တပ်ဖွဲ့ ခေါင်းဆောင် ခြောက်ယောက်၊ မိသားစု ခေါင်းဆောင် သုံးယောက်နှင့် မျိုးနွယ်စု လေးခု ခေါင်းဆောင်များသာ ကျန်ရစ် ခဲ့တော့သည်။

“မင်းတို့က ထွက်ပြေးလို့ လွတ်မယ် ထင်နေတာလား…”

ချန်းဖန်က ဥယျာဉ်ထဲတွင် လမ်းလျှောက်သည့် အလား ရှေ့သို့ ခြေတစ်လှမ်း လှမ်းသည်။

“ဝှစ်…”

ထိုခြေတစ်လှမ်းဖြင့်ပင် သူသည် မိုင်တစ်ရာ အကွာအဝေးသို့ ရောက်ရှိ သွား၏။ ဝမ်ရှင်း တန်ခိုးရှင်များ မည်မျှပင် မြန်ဆန် စေကာမူ ချန်းဖန်၏ လက်မှ မလွတ်နိုင်ချေ။

“ဘုန်း ... ဘုန်း ... ဘုန်း…”

တစ်ခဏ အတွင်းမှာပင် ရွှေအမြုတေ အဆင့် ခုနစ်ယောက် ကျဆုံး သွားသည်။ အဆုံး၌ မိုင်တစ်ရာ အပြင်ဘက်ထက် ဝေးအောင် ထွက်ပြေးနိုင်သော လူများသာလျှင် လွတ်မြောက် သွားခဲ့၏။

“ချန်းပေ့ရွှမ်း ... မင်းက ရွှေအမြုတေ အစောပိုင်း အဆင့်တွေကိုပဲ သတ်နိုင်တာမလား ... ငါတို့ကိုတော့ မင်း မရင်ဆိုင်ရဲဘူး မလား…”

ပီးရှ တော်ဝင် တပ်ဖွဲ့ ခေါင်းဆောင်က ပြောလိုက်သည်။

ရွှေအမြုတေ အစောပိုင်းနှင့် ရွှေအမြုတေ အလယ်ပိုင်းအဆင့် နှစ်ခုသည် လုံးဝ ခြားနား၏။ ချန်းဖန်သည် ထူးခြား အောင်မြင်ခြင်း အဆင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားသော်လည်း အလယ်ဆင့် ရွှေအမြုတေ အဆင့်များကို ရင်ဆိုင်ရုံလောက်သာ တတ်နိုင်ပေသည်။

“ဘုန်း…”

ဟောင်မိသားစု ဘိုးဘေးက လျှို့ဝှက်ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုအရာသည် အဇူရာ အလင်းများ ဝန်းရံ နေသော ပုလဲ တစ်လုံး ဖြစ်သည်။ ပုလဲသည် တောက်ပသော အလင်းများကို ထုတ်လွှတ်ရာ ကောင်းပင်သည် အေးခဲသွားပုံ ရ၏။

“ဒါက ကောင်းကင်မျက်လုံး ပုလဲပဲ ... ဒါကို ငါ့ ဘိုးဘေး တစ်ယောက်က အာကာသ သားရဲရဲ့ မျက်လုံးနဲ့ လုပ်ထားခဲ့တာ ... ဒါက ဟင်းလင်းပြင်ထဲမှာ ရှိတဲ့ ဘယ်အရာကိုမဆို ဖော်ထုတ်ပေးတယ် ... ဘယ်လိုဟာမျိုးကမှ မလွတ်မြောက် နိုင်ဘူး”

ဟောင်မိသားစု ဘိုးဘေးက ဂုဏ်ယူသော မျက်နှာဖြင့် ဆိုလိုက်သည်။

“ချန်းပေ့ရွှမ်း ... မင်း ဘယ်နေရာမှာ ပုန်းမလဲ ကြည့်ရသေးတာပေါ့”

ခရမ်း မျောက်ဝံ ခေါင်းဆောင်ကလည်း ကြုံးဝါးလိုက်၏။

“ခရက်…”

ချန်းဖန် တိုက်ခိုက်ရန် အနီးသို့ ကပ်သည်နှင့် ကောင်းကင် မျက်လုံးက သူ၏ ပုံရိပ်အား ဖော်ထုတ်၏။ ထိုအခါ များစွာသော မူလ အလယ်ဆင့်များက ဝိုင်းဝန်း တိုက်ခိုက်ကြရာ ချန်းဖန်မှာ အဝေးသို့ ပြေးကာ ပုန်းလိုက်ရ ပြန်သည်။

ထိုသို့အကြိမ် အနည်းငယ် ကြုံတွေ့ ရပြီးနောက် ကျိုးတုလော့မှာ အနည်းငယ် စိတ်ပူ လာ၏။

“ဝမ်ရှင်း တန်ခိုးရှင်ဟောင် ... ဟင်းလင်းပြင်ကို ပိတ်ဆို့လို့ ရတဲ့ နည်းလမ်းရော မရှိဘူးလား ... ဒါမှ သူ မလွတ်မြောက်နိုင်မှာ”

သူက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

“မင်းသား ... ဟင်းလင်းပြင်ကို ပိတ်ဆို့တယ် ဆိုတာ အခြေတည် ဝိညာဉ်အဆင့်တွေမှာပဲ ရှိတဲ့ စွမ်းအားဗျ ... ကျုပ် မပြောနဲ့ ကျုပ် ဘိုးဘေးတောင် မလုပ်နိုင်ဘူး”

ဟောင်မိသားစု ဘိုးဘေးက မျက်နှာရှိ ချွေးများကို သုတ်ရင်း ပြန်လည် အဖြေပေးလိုက်၏။

“ဝှစ်…”

ထိုအချိန်မှာပင် ချန်းဖန်သည် နောက်တစ်ကြိမ် တိုက်ခိုက် လာပြန်သည်။

ယခုတစ်ကြိမ်တွင်မူ သူသည် မည်သည့် ဓမ္မစွမ်းအားကိုမျှ သယ်ဆောင်ထားခြင်း မရှိသော ဓားကျိုး တစ်ချောင်းကို ကိုင်ဆောင် ထား၏။ ထိုဓားကျိုးမှာ အရောင်အဆင်း ကင်းမဲ့ လွန်းရကား ဝိညာဉ် ရတနာ မဆိုထားနှင့် သာမန် ဓမ္မ လက်နက် တစ်ခုကိုပင် ယှဉ်နိုင်စွမ်း ရှိပုံ မရချေ။

“သူက အဲဒီ ဓားစုတ်နဲ့ ငါတို့ကို တိုက်ခိုက် မလို့လား ... ဟဟ ... ငါ ဒီအတိုင်း ရပ်နေရင်တောင် အဲဒါက ငါ့ကို လှီးနိုင်မှာ မဟုတ်ဘူး”

ခရမ်း မျောက်ဝံ ခေါင်းဆောင်က တစ်ချက် ပြုံးလိုက်၏။

ခရမ်း မျောက်ဝံ မျိုးနွယ်သည် ထိပ်တန်း မျိုးနွယ် ဆယ်ခုအနက် တစ်ခု အပါအဝင် ဖြစ်ကာ သူတို့၏ ခွန်အားနှင့် ခံနိုင်ရည်ကြောင့် ကျော်ကြားသည်။

ခရမ်း မျောက်ဝံ ခေါင်းဆောင် ခရမ်း မျောက်ဝံ ဧကရာဇ်သည် ဆယ်ပေခန့် အရပ်အမောင်း မြင့်မားပြီး သန်မာ ထွာကျိုင်း၏။ ၎င်း၏ အနက်ရောင် အမွေးအမှင်များသည် စတီး ထက်ပင် ပိုမို မာကျော၍ ဝိညာဉ် ရတနာများပင် တိုးမပေါက်အောင် ကာကွယ် နိုင်သည်။

“ဝှစ်…”

ချန်းဖန်သည် ခရမ်းမျောက်ဝံ ဧကရာဇ်၏ အရှေ့၌ ရုတ်တရက် ပြန်ပေါ်လာကာ ဓားဖြင့် ခုတ်ပိုင်း လိုက်၏။

“လာစမ်း…”

ခရမ်းမျောက်ဝံ ဧကရာဇ်သည် နယ်မြေကို ဖြန့်ကြက်ခြင်း မရှိဘဲ ညာဘက် လက်ဖြင့်သာ ချန်းဖန်၏ ဓားကို ဖမ်းဆီးရန် ကြိုးစားလိုက်သည်။

“ဘုန်း…”

ဓားကျိုးနှင့် ထိတွေ့သည်နှင့် ခရမ်း မျောက်ဝံ ဧကရာဇ်၏ လက်မှာ တို့ဖူး တစ်ခုအလား ပိုင်းပြတ် သွား၏။

“အား…”

ခရမ်း မျောက်ဝံမှာ နာကျင်စွာ အော်ဟစ်ရင်း နောက်သို့ ဆုတ်ရန် ကြိုးစား လိုက်သည်။ သူ၏ မျက်ဝန်းတွင်မူ ကြောက်လန့်ခြင်းများ ဖုံးလွှမ်းနေ၏။ ထိုအစုတ်အပြတ် ဓားကျိုးက သူ၏ လက်ကို ဖြတ်ပစ် နိုင်သည်လား။

“သေစမ်း…”

တစ်ဆက်တည်း ဆိုသလိုပင် ချန်းဖန်က ရှေ့သို့ လျင်မြန်စွာ တိုး၍ ခရမ်း မျောက်ဝံအား သုံးချက် ထပ်မံ ခုတ်ပိုင်းလိုက်သည်။ အဆုံး၌ သူက ၎င်း၏ ခေါင်းကို ခွဲကာ ရွှေအမြုတေကိုပါ ဖျက်ဆီး ပစ်လိုက်၏။

“ခရမ်း မျောက်ဝံ ဧကရာဇ်သေပြီ…”  လူတိုင်းသည် အလွန်တရာ ကြောက်လန့် သွားကြသည်။

“နောက်ဆုတ်ကြဟေ့…”

ပီးရှ တော်ဝင် တပ်ဖွဲ့ ခေါင်းဆောင်က အော်ဟစ် သတိပေးလိုက်၏။  သို့သော်လည်း သူ၏ သတိပေးမှုကား နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။

ဓားကျိုးနှင့် ပေါင်းစပ်မှုတွင် ချန်းဖန်သည် သတ်ဖြတ် လုပ်ကြံသူ တစ်ယောက်အလား ပိုမို လျင်မြန်ကာ အစွမ်းထက်လာ၏။ သူသည် ဟင်းလင်းပြင်ကို ကျော်ဖြတ် လှုပ်ရှားရင်း သူ ပေါ်လာချိန်တိုင်း၌ ရွှေအမြုတေ အလယ်ဆင့် တစ်ယောက်ကျကို သတ်ဖြတ်သည်။

“ဘုန်း ... ဘုန်း ... ဘုန်း…”

လူတိုင်းသည် သွေးရူးသွေးတန်း တိုက်ခိုက်ကြ သော်လည်း ချန်းဖန်သည် ထိုတိုက်ခိုက်မှုများကို ရှောင်တိမ်း နေနိုင်ဆဲ ဖြစ်သည်။

“ခရက်…”

ပီးရှ တော်ဝင် တပ်ဖွဲ့ ခေါင်းဆောင်နှင့် ၎င်း၏ ရွှေရောင်လှံကို ထက်ပိုင်း ပိုင်းပြတ် သွားပြီးနောက် အသက်ရှင်ကျန်ရှိနေသော ဝမ်ရှင်း တန်ခိုးရှင်များမှာ ဆက်လက် တိုက်ခိုက်ရန် မဝံ့ရဲတော့ချေ။ သူတို့က တဖြည်းဖြည်း နောက်သို့ ဆုတ်လာကြ၏။

“မင်းတို့ ငါ့လက်ကနေ လွတ်မယ် ထင်နေလား…”

ချန်းဖန်သည် ရုတ်တရက် ပျောက်ကွယ်ကာ ဟောင်မိသားစု ဘိုးဘေး၏ အနောက်တွင် ပြန်ပေါ်လာသည်။

“ပြေး…”

ဟောင်မိသားစု ဘိုးဘေးက ချက်ချင်းပင် ပေတစ်ရာ အကွာအဝေးကို နေရာ ရွှေ့ပြောင်း လိုက်သည်။

“မင်းကြိုက်သလောက် ပြေးစမ်း…”

လှောင်ပြောင်သော အသံနှင့်အတူ ချန်းဖန်မှာ သူ၏ အနောက်တွင် ပေါ်လာပြန်၏။

“ဝှစ်…”

ဟောင်မိသားစု ဘိုးဘေးက နေရာ ရွှေ့ပြောင်း လိုက်ပြန်သည်။ သို့သော်လည်း ချန်းဖန်မှာ သူ၏ နောက်မှ ထက်ကြပ်မကွာ လိုက်ပါနေဆဲ ဖြစ်၏။

“ဝှစ် ... ဝှစ် ... ဝှစ်…”

အကြိမ် အနည်းငယ် နေရာ ရွှေ့ပြောင်း ပြီးနောက် ဟောင်မိသားစု ဘိုးဘေးမှာ အလွန် မောပန်း လာရာ ဆက်လက် လုပ်ဆောင်နိုင်စွမ်း မရှိတော့ချေ။

“ခရက်…”

ချန်းဖန်က အေးဆေးစွာပင် သူ၏ ခေါင်းအား ဖြတ်ကာ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်အား ဖျက်ဆီး လိုက်၏။

“ပြေး ... ပြေး ... ပြေး…”

ဟောင်မိသားစု ဘိုးဘေး သေဆုံးသည်ကို မြင်ပြီးနောက် ကျန်ရှိနေသော ဝမ်ရှင်း တန်ခိုးရှင်များမှာ သွေးရူးသွေးတန်းဖြင့် အလင်းများ အသွင်ပြောင်းလဲကာ ထွက်ပြေး ကြတော့သည်။ ကျိုးတုလော့ပင်လျှင် အတောင်ပံ တစ်စုံကို ဖန်ဆင်းကာ ပျံပြေးလေ၏။

“ဘုန်း ... ဘုန်း ... ဘုန်း…”

မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်းဖန်သည် ဝမ်ရှင်း တန်ခိုးရှင် သုံးယောက်ကို သတ်ဖြတ်ကာ ကျိုးတုလော့ နောက်သို့ လိုက်သည်။

“ရပ်စမ်း…”

ရုတ်တရက် နောက်ဆုံး ကျန်ရစ်သော တော်ဝင်တပ်ဖွဲ့ ခေါင်းဆောင်က ချန်းဖန်အား ကြားဖြတ် တာဆီးသည်။

“သေစမ်း…”

ချန်းဖန်က ထိုတပ်ဖွဲ့ ခေါင်းဆောင်ကို ဓားဖြင့် တစ်ချက်တည်း ခုတ်ကာ သတ်ဖြတ် ပစ်လိုက်သည်။

“ဝှစ်…”

ထိုအချိန်မှာပင် ကျိုးတုလော့မှာ တော်ဝင် မြို့ထဲသို့ ဝင်ရောက် ပြေးသွားခဲ့ပြီ ဖြစ်လေသည်။

“ကျိုးတုလော့ ... ထွက်လာပြီး အသေခံစမ်း”

ချန်းဖန်သည် ဓားကျိုးကို ကိုင်ရင်း တော်ဝင်မြို့၏ ကောင်းကင်တွင် မျောလွင့်နေ၏။ သူ၏ ပုံစံက အပြစ်သားကို စီရင်တော့မည့် မိုးနတ်မင်းအလား ခန့်ညား ထည်ဝါ လှသည်။

“  ... ”

လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ တိတ်ဆိတ် နေခဲ့၏။

***

All Chapters