← Chapters

စကြဝဠာကို ဖျက်ဆီး

Vol. 9 Ch. 852

စကြဝဠာကို ဖျက်ဆီး

Vol. 9 Ch. 852

“ချန်းပေ့ရွှမ်း နိုင်သွားတာလား…”

များစွာသော ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူများမှာ တိုက်ပွဲကို မြို့အတွင်းမှသာ ကြည့်နိုင်ကြသည်။

သူတို့သည် တိုက်ပွဲကို ရှင်းလင်းစွာ မမြင်ရကြရသော်လည်း ဝမ်ရှင်း တန်ခိုးရှင်အချို့ ထွက်ပြေးသွားသည်ကို မြင်ရသည်။ မင်းသား ကျိုးတုလော့ ပင်လျှင် မြို့အတွင်း အလျင်အမြန် ဝင်ရောက် ပုန်းကွယ်သွားသည်ကို တွေ့ခဲ့ရသည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ ... ဓားဧကရာဇ် အပါအဝင် ဝမ်ရှင်း တန်ခိုးရှင် ဆယ်ချီကတောင် သူ့ကို မနိုင်ခဲ့တာလား…”

မရေမတွက်နိုင်သော လူများက ရေရွတ် ကြ၏။

သူတို့ သိသလောက် ချန်းဖန်မှာ ရွှေအမြုတေအဆင့် အသစ်ကလေးသာ ဖြစ်သည်။ သို့သော်လည်း မထင်မှတ်စွာပင် သူသည် ကျိုးမိသားစုကို လွှမ်းမိုးခဲ့သည်။

ကောင်းကင်နယ်မြေ ခြောက်ခု ဂိုဏ်းချုပ် များမှာလည်း ကြောက်လန့် နေကြ၏။ ချန်းဖန်၏ စွမ်းအားမှာ သူတို့၏ တွေးတော ဆင်ခြင်နိုင်စွမ်းထက်ပင် ကျော်လွန်နေသည်။ သူသည် ဒဏ္ဍာရီလာ အရှင် ပေ့ဟန်ထက်ပင် ပို၍ သန်မာနိုင်ပေသည်။

“ငါတို့ အစကတည်းက ဝင်မပါမိတာ ကံကောင်းတာပဲ ... ချန်းပေ့ရွှမ်း ဒီလောက် အစွမ်းထက်မယ်လို့ ဘယ်သူက ခန့်မှန်း မိမှာလဲ…”

ဟူးကောင်း ကောင်းကင်နယ်မြေ ဂိုဏ်းချုပ်က ပြောသည်။

“ဟုတ်တယ် ... ခုဆိုရင် တော်ဝင် မိသားစုတောင် အင်အား တစ်ဝက်လောက်ကို ဆုံးရှုံး သွားပြီ ... ငါ့အထင် သူတို့ ချန်းပေ့ရွှမ်းကို ခုခံနိုင်မှာ မဟုတ်တော့ဘူး ... ချန်းပေ့ရွှမ်းက မိုးအောက်မြေပြင်မှာ တကယ့် ပြိုက်ဘက်ကင်းပဲ”

ထျန်းကျိဂိုဏ်း ကောင်းကင်နယ်မြေ ဂိုဏ်းချုပ် ကလည်း ခေါင်းခါရင်း ဆိုလိုက်၏။

“ထင်လား ... ဓားဧကရာဇ်တောင် တော်ဝင်မြို့ အစီအရင်ကို မဖျက်ဆီးနိုင်ခဲ့ဘူးနော် ... ချန်းပေ့ရွှမ်း အနေနဲ့ ကောင်းကင် အရှင် မဟုတ်သေးသရွေ့ မြို့အစီအရင်ရဲ့ ကာကွယ်မှု ရထားတဲ့ ကျိုးမိသားစုကို အနိုင်ယူဖို့ ခက်လိမ့်မယ်”

အခြား ဂိုဏ်းချုပ်များက သံသယဖြစ်စွာ ပြောကြသည်။

“ဟဟ…”

ထျန်းကျိ ဂိုဏ်းချုပ်က အနည်းငယ် ရယ်မော လိုက်၏။

သေချာ ပြန်စဉ်းစားလျှင် သူ၏ စကားက ချန်းပေ့ရွှမ်းကို အလွန်အမင်း မြှောက်ပင့်သလို ဖြစ်သွားကြောင်း သိသာနေသည်။ ထိုအရာက သူ့အား အနည်းငယ် နေရထိုင်ရာ ခက်စေသည်။

***

“မြန်မြန် ... မြန်မြန် ... အစီအရင်တွေ အားလုံးကို အသက်သွင်းပြီး အကြီးအကဲတွေ အသင့်ပြင်ထားကြ ... ဒါက ကျိုးမိသားစုရဲ့ သေရေး ရှင်ရေးပဲ”

ကျိုးတုလော့က အလောတကြီး အော်ဟစ် လိုက်သည်။

“ကလန့်…” “ကလန့်…”

တော်ဝင်မြို့တော် အနှံ့အပြား၌ မရေ မတွက်နိုင်သော အလင်းစက်များ လင်းလက် လာသည်။ ၎င်းတို့သည် တူရာတူရာ ပေါင်းစပ်ကာ အစီအရင် ဆယ့်ရှစ်ခု အဖြစ် ဖွဲ့စည်းကြ၏။

“ကြယ်တာရာ အစီအရင်…”

“မြွေဝိညာဉ် အစီအရင်…”

“မွေးဖွာခြင်း ငါးပါး အစီအရင်…”

“  ... ”

စသည်ဖြင့် အစီအရင် တစ်ခုချင်းစီသည် ရွှေအမြုတေ ထိပ်ဆုံး အဆင့်၏ တိုက်ခိုက်မှုကို ခုခံနိုင်သည်အထိ သန်မာ၏။ အစီအရင် ဆယ့်ရှစ်ခု ပူးပေါင်းမှု နောက်၌ အခြေတည် ဝိညာဉ်အဆင့် တစ်ယောက်ပင် တော်ဝင်မြို့တော်အား ကျူးကျော်နိုင်မည် မဟုတ်တော့ချေ။

“ဟူး…”

အစီအရင်များကို အသက်သွင်း ပြီးသည်နှင့် ကျိုးတုလော့က လေပူတစ်ချက် မှုတ်ထုတ် လိုက်သည်။ ထို့နောက် သူက ကောင်းကင်ရှိ ချန်းဖန်ကို မော့ကြည့်ကာ ပြောလိုက်သည်။

“ဝမ်ရှင်း တန်ခိုးရှင်ချန်း ... ငါ မင်းကို လေးစားပါတယ် ... ဖြစ်ပျက်သမျှ အရာ အားလုံးက နားလည်မှု လွဲသွားတာပါ ... ကျူးဝမ် မျိုးနွယ်ကို ပေ့ဟန်နယ်ရဲ့ထိပ်တန်း မျိုးနွယ်အဖြစ် ငါ ပြောင်းလဲ ပေးနိုင်တယ် ... နောက်ပြီး ငါ့ရဲ့ မဆင်ခြင်မှု အတွက် မင်းကို ဝိညာဉ် ကျောက်တုံး တန်ချီ ပမာဏနဲ့ တောင်းပန်ဖို့ ဆန္ဒ ရှိပါတယ်”

ကျိုးတုလော့၏ အမူအရာသည် ယဉ်ကျေး နေ၏။

အစီအရင် ဆယ့်ရှစ်ခုသည် အလွန် အစွမ်းထက်သည် ဆိုသော်လည်း ဝိညာဉ်ချီ ပမာဏ အများအပြား လိုအပ်သည်။ တော်ဝင်မြို့သည် များပြားသော အရင်းအမြစ်များကို ပိုင်ဆိုင်သည့်တိုင် အစီအရင် ဆယ့်ရှစ်ခုကို အချိန်ပြည့် အသက်သွင်းနိုင်လိမ့်မည် မဟုတ်ချေ။

“ဘုန်း…”

ချန်းဖန်က ဘာမှမပြောပဲ လက်သီးကို ဆုပ်ကာ ထိုးနှက်လိုက်၏။

သူ၏ လက်သီး အလင်းသည် ရွှေရောင် နဂါးသဏ္ဌာန်ဖြင့် တော်ဝင်မြို့သို့ တိုးဝင်သည်။ ထိုလက်သီးသည် ထူးခြားအောင်မြင်ခြင်း အဆင့်၏ အမြင့်ဆုံးသော စွမ်းအားကို သယ်ဆောင်ထားရာ အလယ်ဆင့် ရွှေအမြုတေ တစ်ယောက်ကိုပင် သတ်ဖြတ် ပစ်နိုင်၏။

“ဘုန်း…”

ရွှေရောင် နဂါးကျဆင်းရာ အစီအရင် ဆယ့်ရှစ်ခုမှာ အနည်းငယ် တုန်ရီ သွားခဲ့သည်။ သို့သော်လည်း ၎င်းတို့မှာ ထူးထူးခြားခြား ထိခိုက်ခြင်းမျိုး မရှိဘဲ မူလ အတိုင်းပင် သန်မာနေဆဲ ဖြစ်၏။

“ဝမ်ရှင်း တန်ခိုးရှင်ချန်း ... ဒီအစီအရင်တွေက မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ လက်နက် ရတနာတွေ ထောင်ချီတဲ့ ဝိညာဉ်ကျောက်တုံးတွေ သုံးပြီး တည်ဆောက်ထားတာ ... တကယ်လို့ မင်းသာ အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်မယ် ဆိုရင်တော့ ငါတို့ ချက်ချင်းပဲ လက်နက်ချပြီး အညံ့ခံလိုက်မယ် ... ဒါပေမဲ့ မင်းက အခုမှ ရွှေအမြုတေ အဆင့်မှာပဲ ရှိသေးတယ် ငါတို့ ဘာလို့ မညှိနှိုင်း ရမှာလဲ”

ကျိုးတုလော့မှာ ချန်းဖန်ကို ဖျောင်းဖျရန် ဆက်လက် ကြိုးပမ်းနေ၏။

“ဟမ့်…”

ချန်းဖန်က နှာခေါင်းရှုံ့ကာ နောက်ထပ် လက်သီး ဆယ့်ခြောက်ချက် ထိုးလိုက်သည်။

“ဘုန်း ... ဘုန်း ... ဘုန်း…”

နောက်ဆုံး လက်သီးချက်၌ အလင်းလွှာ သုံးခုမှာ ပျက်စီးသွား၏။ သို့သော်လည်း ထိုအရာက ချက်ချင်းပင် ပြန်လည် ဖြစ်ပေါ် လာသည်။

“ဝမ်ရှင်း တန်ခိုးရှင်ချန်း…”

ကျိုးတုလော့ကား လက်မလျှော့ဘဲ ကြိုးပမ်းနေဆဲ ဖြစ်သည်။

“ဝှစ်…”

ချန်းဖန်က တိုက်ခိုက်ရာမှ ရပ်တန့်ကာ မြို့ပြင်ရှိ တောင်ကုန်း တစ်ခုပေါ်သို့ ဆင်းသက် လိုက်၏။ ထို့နောက် သူက “လှည့်ဖျားခြင်း” အစီအရင်ကို အသက်သွင်းကာ အမြုတေ ငါးခုကို စတင် ဖိနှိပ် လိုက်သည်။

“ဟူး ... ဟူး…”

သိပ်မကြာခင်မှာပင် ကောင်းကင်ရှိ မိုးကြိုး တိမ်တိုက်များမှာ တဖြည်းဖြည်း စတင် ပြိုကွဲ လာတော့သည်။

“တစ်နာရီ…”

“နှစ်နာရီ…”

“သုံးနာရီ…”

“  ...  ”

တစ်ရက် ကြာပြီးနောက်၌ ကောင်းကင်၌ မိုးကြိုးတိမ်တိုက်များသည် အပြီးတိုင် ပျောက်ကွယ်သွား၏။ နေရောင်ခြည်သည် မြေပြင်သို့ တစ်ဖန် ပြန်လည် ကျရောက်လာပြီး ချန်းဖန်၏ မျက်လုံးများမှာလည်း ပွင့်ဟလာခဲ့သည်။

“ဟူး ... ဟူ…”

လေ၏ ပွတ်သပ် ကျီစယ်မှုတွင် ချန်းဖန်၏ အနက်ရောင် ဆံပင်များမှာ တဖျတ်ဖျတ် လွင့်ပါနေ၏။ ထိုအခိုက်၌ သူသည် မည်သည့် အရှိန်အဝါကိုမျှ မပိုင်ဆိုင်တော့သော သာမန် လူတစ်ယောက် ပြန်လည် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

“ကျိုးတုလော့ ... မင်း ထွက်လာပြီး အသေခံမယ် ဆိုရင် ငါ ကျိုးမိသားစုကို ချမ်းသာ ပေးမယ်”

ချန်းဖန်က ထိုင်ရာမှ ဖြည်းညင်းစွာ ထရင်း ပြောလိုက်သည်။

“ငါ့အထင် အဲဒါက ပျော်စရာ ကောင်းမှာ မဟုတ်ဘူး ... ဘာလို့ အရမ်း အလောတကြီး ဖြစ်နေရတာလဲ ... လာပါ အထဲဝင်ပြီး အေးအေးဆေးဆေး ဆွေးနွေးကြရင် မကောင်းဘူးလား”

ကျိုးတုလော့မှာ ပြုံးနေဆဲ ဖြစ်၏။

“ငါက ဒီအစီအရင်တွေကို မဖျက်ဆီးနိုင်ဘူးလို့ မင်းက ထင်နေတာလား…”

ချန်းဖန်က ဓားအားဖြည့် ကျောက်မျက် အတွင်းမှ သူ၏ ဓားကျိုးကို ဖြည်းညင်းစွာ ထုတ်ယူ လိုက်သည်။

“ကောင်းပြီလေ ... ငါ့ဓား ဘယ်လောက် ထက်သလဲ ဆိုတာ မင်းကို ပြရတာပေါ့”

“ကလန့်…”

ဓားသည် အော်မြည်သံကို ပေးကာ ချန်းဖန်၏ လက်တွင် တုန်ခါ လာသည်။

များစွာသော တော်ဝင်မြို့ရှိ လူများမှာ ဓားအား ကြည့်ကာ အံ့ဩ သွားကြ၏။ ထိုအရာက ကျိုးပဲ့နေသော ရိုးရိုးသာမန် ဓားတစ်ချောင်း မဟုတ်ဘူးလော။

“အဲဒီဓားက စပြီး မတိုက်ခိုက်ရသေးခင်မှာဘဲ ကျိုးပဲ့ သွားလိမ့်မယ်လို့ ငါ လောင်းရဲတယ်…”

“သူက အဲဒီဓားကျိုးနဲ့ အစီအရင်တွေကို ဖျက်ဆီးဖို့ ကြံနေတာလား…”

“ချန်းပေ့ရွှမ်းက ရူးသွားတာလား…”

မရေမတွက်နိုင်သော လူများက ခေါင်းခါ ကြသည်။

ကျိုးတုလော့ တစ်ယောက် သာလျှင် မျက်မှောင်ကြုတ်နေ၏။ သူသည် ထိုဓားကျိုးကို မြင်ဖူးရာ ထိုအရာ မည်မျှ ထက်ရှကြောင်း သိသည်။

“ဒါပေမဲ့ အစီအရင်တွေက ဝိညာဉ်ချီနဲ့ လုပ်ထားတာ ... ချန်းပေ့ရွှမ်း အနေနဲ့ အစီအရင် ဆယ့်ရှစ်ခု စလုံးကိုတော့ ဒီအတိုင်း ဖျက်ဆီးနိုင်မှာဘူး ... ဘာပဲဖြစ်ဖြစ် သူက အခြေတည် ဝိညာဉ် အဆင့်မှ မဟုတ်တာလေ ... သူ့မှာ လုံလောက်တဲ့ စွမ်းအား မရှိဘူး”

ထိုသို့ တွေးပြီးနောက် ကျိုးတုလော့မှာ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

“ကလန့်…”

ချန်းဖန်က ချီစွမ်းအားကို ဖြည့်တင်းသည်နှင့် ဓားကျိုးမှာ တဖြည်းဖြည်း စတင် လင်းလက် လာ၏။

၎င်း၏ ဘာမှ မရှိသော ညစ်ထေးထေး ကိုယ်ထည်မှာလည်း ရှုပ်ထွေးသော ရှေးဟောင်း သင်္ကေတများဖြင့် ပြည့်နှက် လာသည်။ အဆုံး၌ ဓား၏ အလင်းများသည် မုန်တိုင်း အလား ကောင်းကင်  အဆုံးအထိ တိုးဝင် ပျံ့နှံ့လေသည်။

“အဲဒါက…”

ထျန်းကျိ ကောင်းကင် နယ်မြေ ဂိုဏ်းချုပ်၏ မျက်လုံးများမှာ ပြူးကျယ် သွား၏။

“ကောင်း ... ကောင်းကင် ရတနာ”

ထိုအခိုက်၌ လူတိုင်းသည် ဆွံ့အ တိတ်ဆိတ် သွားကြသည်။

ကောင်းကင် ရတနာများသည် ဝိညာဉ် ရတနာများအနက် အစွမ်း အထက်ဆုံးများ ဖြစ်ပြီး မဟာ ဝိညာဉ်ရတနာဟုလည်း ခေါ်ဆို ကြသည်။ ပြိုင်ဘက်ကင်း ကောင်းကင် အရှင်များသာ ၎င်းတို့ကို ပြုလုပ်နိုင်စွမ်း ရှိကြသည်။

ကောင်းကင် ရတနာတိုင်းသည် နယ်တစ်ခု သို့မဟုတ် ဂိုဏ်းတစ်ခုကိုပင် စိုးမိုးနိုင်၏။  ဒဏ္ဍာရီထဲမှ ဂိုဏ်းကြီးများသာလျှင် ကောင်းကင် ရတနာကို ပိုင်ဆိုင် နိုင်ကြသည်။

ပေ့ဟန်နယ်ကဲ့သို့ နယ်အသေးလေးများ မှာမူ ကောင်းကင် ရတနာကို စာအုပ်များထဲတွင်သာ မြင်ဖူးကြသည်။

“ဒါက ကျူးဝမ် မျိုးနွယ်တို့ရဲ့ ဘိုးဘေးအရှင် ကောင်းကင် ညီမျှခြင်း ပိုင်ဆိုင်ခဲ့တဲ့ ကောင်းကင်ဖြတ်ဓားပဲ ...  ဒီနေ့ ငါ ချန်းပေ့ရွှမ်းက ဒီဓားကို သုံးပြီး ကျိုးမိသားစုကို သုတ်သင်မယ်”

ချန်းဖန်က တည်ငြိမ်စွာ ဆိုရင်း ကောင်းကင်သို့ ပျံတက်လိုက်သည်။ ထို့နောက် သူက ဓားကျိုးအား ညင်သာစွာပင် လွှဲယမ်း လိုက်၏။

“စကြဝဠာကို ဖျက်ဆီး…”

“ကလန့်…”

ဓားချက် ဖြတ်သန်းပြီးသည်နှင့် ကမ္ဘာသည် ထက်ပိုင်းပြတ် သွား၏။

တစ်ဖက်၌ ကြယ်တာရာများ ပြည့်နှက်နေသော ဟင်းလင်းပြင် ဖြစ်ပေါ်လာကာ အခြား တစ်ဖက်၌ နေသာနေသော ကောင်းကင် တည်ရှိသည်။

“ခရက်…”

တော်ဝင်မြို့ကို ကာကွယ်ထားသော အစီအရင် ဆယ့်ရှစ်ခုနှင့် မြို့တော် နံရံများသည် ထက်ပိုင်းပြတ် နေခဲ့ပြီ ဖြစ်သည်။

“ဟူး ... ဟူး…”

ချန်းဖန်သည် ကျိုးတုလော့ ရှိရာထံသို့ ဖြည်းညင်းစွာပင် ပျံသန်းလာသည်။

တစ်သန်းသော ကျင့်ကြံသူ၊ တစ်သောင်းသော မူလအဆင့်များနှင့် တစ်ရာသော ရွှေအမြုတေ အဆင့်များမှာ မည်သူမျှ သူ့အား မတားရဲ ကြချေ။

ထိုအခိုက်၌ ကျိုးတုလော့သည် ကြောက်ရွံ့မှုနှင့် အထီးကျန်မှုကို ရောယှက် ခံစားနေရ၏။ သူသည် မကြာခင် သေရပေတော့မည်။

***

All Chapters