← Chapters

တော်ဝင်မြို့ကို သွေး လွှမ်းစေခြင်း

Vol. 9 Ch. 853

တော်ဝင်မြို့ကို သွေး လွှမ်းစေခြင်း

Vol. 9 Ch. 853

“ဟူး ... ဟူး…”

ဓားချီဖြင့် လွှမ်းခြုံနေသော လေကြမ်းသည် တော်ဝင်မြို့တော်တွင် တိုးဝှေ့ တိုက်ခတ်နေ၏။

ကျိုးတုလော့သည် သူ့ထံ ဖြည်းညင်းစွာ ပျံသန်း လာနေသော ချန်းဖန်ကို ဖြူရော်စွာ ငေးကြည့် နေမိသည်။ ထိုအခိုက်အတန့်၌ သူ မေးဖွားခါစ ကပင် အတူ ပါလာသည့် သူ၏ တော်ဝင် ဆန်ခြင်း၊ မောက်မာခြင်း အငွေ့အသက်များကား အပြီးတိုင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။

“တစ်ခါတုန်းက အရှင်ပေ့ဟန်ဟာ လောကရဲ့ အရှင်သခင်ဖြစ်ပြီး ဓားဧကရာဇ်က ပေ့ဟန်နယ်ရဲ့ ပြိုင်ဘက်ကင်းလို့ ငါ တွေးဖူးတယ် ... ဒီနေ့မှာ ကျိုးမိသားစု ဒီလို အခြေအနေ ရောက်လာမယ်လို့ ငါ စဉ်းတောင် မစဉ်းစားဖူးဘူး”

ချီဖုန်းက ခေါင်းခါရင်း သက်ပြင်း တစ်ချက် ချလိုက်သည်။ ထို့နောက် သူက ချန်းဖန်အား ကြည့်လိုက်၏။

ထိုချန်းပေ့ရွှမ်း ဆိုသော လူငယ်လေးသည် သူနှင့် အသက်တူခန့် ရှိမည်ဟု ခန့်မှန်းရသည်။ သို့သော်လည်း သူသည် ထျန်းကျိ ကောင်းကင် နယ်မြေ၏ မျိုးဆက်သစ် တပည့်လေးသာ ဖြစ်ကာ ချန်းပေ့ရွှမ်းကမူ ပေ့ဟန်နယ်၏ ထိပ်ဆုံးသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။

“ငါ့ အနေနဲ့ သူ့လို ပါရမီရှင်မျိုးနဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ…”

ချီဖုန်းက ဖြူရော်စွာ ပြုံးရင်း ထိုအကြောင်းကို ဆက်လက် မတွေးတော့ရန် ဆုံးဖြတ် လိုက်သည်။

“ဟူး ... ဟူး…”

တစ်ချိန်တည်း၌ ချန်းဖန်သည် ကျိုးတုလော့နှင့် ပေဆုံးဆယ် အကွာအဝေးသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။

နောက်ဆုံး၌ အကြီးအကဲ တစ်ဦးသည် ဖြည်းညင်းစွာ ထရပ် လိုက်၏။

“ဝမ်ရှင်း တန်ခိုးရှင်ချန်း ... ကျေးဇူးပြုပြီး နားထောင်ပါဦး ... ဒါက နားလည်မှု သေးသေးလေး လွဲတာပါ…”

ထိုအကြီးအကဲသည် လက်ရှိ အရှင် ပေ့ဟန်၏ ညီ၊ ကျိုးတုလော့၏ ဦးလေး ဖြစ်သည်။ သူသည် ရွှေအမြုတေ အလယ်ဆင့်တွင်သာ ရှိနေသော်လည်း ကောင်းကင်မြိုမြွေ သွေးမျိုးဆက်၏ အကူအညီဖြင့် ရွှေအမြုတေ ထိပ်ဆုံး အဆင့် များကိုပင် ယှဉ်ပြိုင် နိုင်သည်။ ဓားဧကရာဇ် ပင်လျှင် သူ့အား မရိုမသေ မဆက်ဆံရဲချေ။

“ဝှစ်…”

ချန်းဖန်က ထိုအကြီးအကဲအား ဓားဖြင့်သာ တုံ့ပြန်လိုက်၏။

“ကလန့်…”

ဓားက ထက်ရှသော အလင်းကို သယ်ဆောင်ကာ အကြီးအကဲ၏ အသက်အား နှုတ်ယူ သွားသည်။

ထိုအရာကား ကောင်းကင် ရတနာ၏ စွမ်းအား ဖြစ်သည်။ သာမန် ဝိညာဉ်ပင်လယ် အဆင့် တစ်ယောက်ပင် ထိုရတနာကို ပိုင်ဆိုင်ပါက ရွှေအမြုတေအဆင့်ကို သတ်ဖြတ် နိုင်၏။ သို့ဖြစ်ရာ မြောက်ပိုင်းအရှင်သခင်၏  လက်၌ ထိုရတနာက ပြိုင်ဘက်ကင်း ပေသည်။

“ဝမ်ရှင်း တန်ခိုးရှင်ချန်း…”

သို့တိုင်အောင် တော်ဝင် မိသားစုမှ လူများသည် ချန်းဖန်ကို တားဆီးရန် ကြိုးစားနေဆဲ ဖြစ်သည်။

“ကလန့်…”

ချန်းဖန်သည် မည်သည့် ကမ်းလှမ်းမှုကိုမျှ နားမထောင်ဘဲ တန်း၍ သတ်ဖြတ် ပစ်ခဲ့သည်။ ဝမ်ရှင်း တန်ခိုးရှင် ခုနစ်ယောက် သေဆုံးပြီး နောက်၌ မည်သူမျှ ချန်းဖန်ကို မတားရဲ ကြတော့ချေ။

ထိုအချိန်၌ ကျိုးတုလော့သည် မြေပြင်၌ ဒူးထောက်ကာ တုန်ရီနေခဲ့ပြီ ဖြစ်လေသည်။ သူသည် ချန်းဖန်၏ ဖိအားများ အောက်တွင် မတ်တတ်ရပ်ရန်ပင် အားမရှိတော့ချေ။

“ဟင်း…”

ရုတ်တရက် သက်ပြင်းချသံတစ်ခု ထွက်ပေါ် လာသည်။

ထို့နောက် ချန်းဖန်နှင့် မနီးမဝေး တစ်နေရာ၌ အဖြူရောင်အလင်းများ လင်းလက် လာကာ ခါးကိုင်း၊ ဆံပင်ဖြူ အဘိုးအို တစ်ယောက် ပေါ်လာခဲ့၏။

“အဟွတ် အဟွတ် ... ဒီစစ်ပွဲက ငါတို့ မိသားစုရဲ့ ဝမ်ရှင်း တန်ခိုးရှင် ဆယ်ချီကို ဆုံးရှုံး စေခဲ့တာပဲ ... မင်းရဲ့ ဒေါသက တော်တော် ကြီးတာပါလား…”

အဘိုးအိုက ချောင်းဆိုးရင်း တုန်တုန်ချိချိ ပြောလိုက်သည်။ သူသည် ထိုမျှ ပြောရန်ပင် မနည်း အားယူနေရပုံ ပေါ်၏။

“ဘိုးဘိုးကြီး ... သူ အသက်ရှင် နေသေးတာလား…”

ကျိုးမိသားစု၏ လူငယ် တစ်ယောက်က ထအော် လိုက်သည်။

“  ... ”

ရုတ်တရက် တော်ဝင်မြို့ တစ်ခုလုံးကား အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ် သွားသည်။ ထိုအဘိုးအိုက အမှန်တကယ် ကျိုးမိသားစု၏ ဘိုးဘိုးကြီးလား။

“အစ်ကိုချီ ... အဲဒီ ဘိုးဘိုးကြီး ဆိုတာက ဘယ်သူလဲ…”

ကျန်းမူက မေးသည်။

“သူကလား ... ငါ့အထင်ပြောရရင် သူက ပထမ အရှင် ပေ့ဟန်ရဲ့ ညီ အခုလက်ရှိ အရှင် ပေ့ဟန်ရဲ့ ဦးရီးတော် ဖြစ်နိုင်တယ်…”

ချီဖုန်းက အလေးအနက် စဉ်းစားရင်း ပြန်ဖြေလိုက်သည်။

“ငါကြားဖူးတာတော့ သူက လွန်ခဲ့တဲ့ နှစ်ထောင်ချီ ကတည်းက ရွှေအမြုတေ ထိပ်ဆုံး အဆင့်ကို ရောက်ရှိ နေတာတဲ့ ... ဒါပေမဲ့ သူက ပထမ အရှင် ပေ့ဟန်ရဲ့ နေရာကို မဆက်ခံခဲ့ဘဲ ဝိညာဉ် ကြောတစ်ခုမှာ တံခါးပိတ် ကျင့်ကြံခဲ့တယ်တဲ့ ... ဒါကြောင့်ပဲ သူ့ရဲ့ အသက်က သာမန် ရွှေအမြုတေတွေထက် ပိုပြီး ရှည်နေတာ”

ရွှေအမြုတေ အဆင့် တစ်ယောက်သည် နှစ်နှစ်ထောင်ခန့် အသက်ရှင်သန် နေထိုင် နိုင်သည်။ ကောင်းကင်မြိုမြွေ၏ သွေး အကူအညီဖြင့်ပင် အသက် သုံးထောင်ထက် ပို၍ နေနိုင်မည် မဟုတ်ချေ။ သို့သော်လည်း ထိုဘိုးဘိုးကြီး ဆိုသော ပုဂ္ဂိုလ်မှာ ပထမအရှင် ပေ့ဟန်ခေတ် ကတည်းက ရှင်သန် နေထိုင်ခဲ့ရာ အသက် ငါးထောင်ခန့် ရှိနေလောက်ပြီ ဖြစ်သည်။

“မင်းကရော ငါ့ကို တားမလို့လား…”

ချန်းဖန်က အဘိုးအိုကို ကြည့်ရင်း အေးစက်စွာ မေးလိုက်သည်။

“အဟွတ်…”

အဘိုးအိုက ချောင်းကို ခပ်အုပ်အုပ် ဆိုးလိုက်၏။ ထို့နောက် သူက အားနည်းစွာ ပြောလိုက်သည်။

“ကျုပ်က နှစ်တွေ အများကြီး ရှင်သန် နေထိုင်ပြီးပြီ ... နောက်ထပ် ဘယ်လောက်မှ မနေရတော့ဘူး ... တကယ်လို့ ကျုပ်သာ မင်းရဲ့ တိုက်ခိုက်မယ် ဆိုရင် ဒီညကို ကျော်နိုင်တော့မယ် မထင်ဘူး”

“ကျုပ် ဒီကို လာတာက မင်းကို အကြံပေးဖို့ သက်သက်ပါပဲ ... ဒီကလေးဟာ သွေးသားအရ ကျုပ်မြေးလေး ဆိုပေမဲ့ ကျုပ် ကိုယ်တိုင်လည်း သူ့ အကျင့်ကို မနှစ်သက်ဘူး…”

“ဒါပေမဲ့ သူ့အဖေက အရမ်း အစွမ်းထက်ပြီး ကောင်းကင်မြိုမြွေ အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် ... မင်း အနေနဲ့ မိုးကြိုး ကပ်ဘေးကို ရှောင်လွှဲချင်တယ် ဆိုရင် သူ့ကို ဒေါသ မထွက်စေတာ ကောင်းလိမ့်မယ်လို့ ကျုပ် ထင်ပါတယ်”

အဘိုးအိုသည် ချန်းဖန်၏ အားနည်းချက်ကို ချက်ချင်းပင် ထောက်ပြကာ ဖိအားပေး လိုက်၏။

“ဟဟ ... အဆင်သင့်လိုက်ရာ ... ငါလည်း အရှင်ပေ့ဟန်ကို တွေ့ချင်နေတာ ... ငါ့မှာ သူ့ကို မေးစရာတွေ ရှိတယ် ... ဘာပဲဖြစ်ဖြစ် အကြံပေးမှု အတွက် ကျေးဇူး အများကြီး တင်ပါတယ်”

ချန်းဖန်က အနည်းငယ် ပြုံးရင်း ပြောလိုက်သည်။ ထို့နောက် သူက လက်အား ဖြည်းညင်းစွာ မြှောက်လိုက်၏။

“ဘိုးဘိုးကြီး ... ကယ်ပါဦး ကျွန်တော် သေသွားရင် ကျိုးမိသားစု မျိုးဆက်ပြတ် သွားလိမ့်မယ် ... ကျွန်တော် သေလို့ မဖြစ်သေးဘူး”

ကျိုးတုလော့၏ မျက်နှာကား သွေးပင် မရှိတော့ချေ။ အလွန်တရာ ဖြူရော်နေပြီ ဖြစ်လေသည်။

“ဝမ်ရှင်း တန်ခိုးရှင်…”

အဘိုးအိုက ဆက်လက် စကားပြောရန် ဟန်ပြင် လိုက်စဉ်မှာပင် ချန်းဖန်က သူ၏ လက်ကို ဝှေ့ယမ်း လိုက်၏။

“ဘုန်း…”

ထို့နောက် ကျိုးတုလော့မှာ ပေါက်ကွဲကာ သွေးမြူအဖြစ် ပြောင်းလဲ သွားတော့သည်။ ပေ့ဟန်နယ်၏ မင်းသား ကျိုးတုလော့ကား သေဆုံးခဲ့ရချေပြီ ဖြစ်သည်။

“ဟင်း…”

အဘိုးအိုက သက်ပြင်း တစ်ချက်ချရင်း မျက်လုံးအား ဖြည်းညင်းစွာ ပိတ်လိုက်၏။  ထို့နောက် သူက အေးစက်စွာ ဆိုလိုက်သည်။

“မင်းက ငါတို့ မိသားစုရဲ့ အသက်တွေကိုလည်း ယူပြီးပြီ ... ငါတို့ မြို့ကိုလည်း ဖျက်ဆီးပြီးပြီ ... ကျေးဇူးပြုပြီး ဒီနေရာကနေ ထွက်သွားပါတော့”

“မသွားနိုင်သေးဘူး ... ငါ့ကို တိုက်ခိုက်ခဲ့ သူတွေကို သတ်ရဦးမယ်”

ချန်းဖန်က ပြောသည်။

“မင်း…”

အဘိုးအိုမှာ ဒေါသထွက် သွားသည်။ ထိုအခါ သူ၏ ကိုယ်မှ ရက်စက် ကြမ်းကြုတ်သော အငွေ့အသက်များက အသက်ရှူ ခက်ရလောက်အောင် ရုန်းကြွ လာ၏။ ထိုအငွေ့အသက်များကား ရွှေအမြုတေ ထိပ်ဆုံး အဆင့်များ၏ ကိုယ်ရှိန် ကိုယ်ဝါ ထက်ပင် ပို၍ ပြင်းထန်နေသည်။

“ဟင်း…”

အဆုံး၌ သူက သက်ပြင်း တစ်ချက်ချကာ သာမန် အဘိုးအို တစ်ယောက်အသွင် ပြန်လည် ပြောင်းလဲ လိုက်သည်။

“ကောင်းပြီ ... မင်း စိတ်ကြိုက်လုပ်ပါ ... ကျုပ်မင်းကို မတားနိုင်ဘူး ... ဒါပေမဲ့ ကျုပ် မိသားစုအတွက် မျိုးဆက်တချို့ ချန်ထားပေးပါ ... မဟုတ်ရင် ကျုပ် ကျူးဝမ် တစ်မျိုးနွယ်လုံးကို သတ်ဖြတ်ပစ်မယ်”

ထို့နောက် သူက အလင်းများအဖြစ် ပြန်လည် ပြိုကွဲကာ ပျောက်ကွယ် သွားတော့၏။

“ဘိုးဘိုးကြီး…”

အလင်းများ ကြဲပြန့်သွားသော ကောင်းကင်ကို ကြည့်ရင်း တော်ဝင် မိသားစုဝင်များနှင့် ချန်းဖန်အား တိုက်ခိုက်ခဲ့သူများမှာ တုန်ရီ လာခဲ့ ကြသည်။

“တော်ဝင် မိသားစုနဲ့ စာရင်း ရှင်းဖို့ အချိန် ရောက်ပြီ”

ချန်းဖန်က အေးစက်စွာ ပြုံးလိုက်သည်။

***

ထျန်းဟောင်ဂြိုဟ်နှစ် ၁၂၉၅၀၀၊ ခုနစ်လပိုင်း ၃ ရက် ...

ချန်းဖန်သည် ဓားဧကရာဇ်ကို သတ်ဖြတ်ကာ  တော်ဝင်မြို့နှင့် တော်ဝင် ကျိုးမိသားစုကို ရှင်းလင်းပစ်ခဲ့၏။

ထိုသတင်း ပျံ့နှံ့သွားသည်နှင့် လူတိုင်း အံ့အားသင့် သွားကြတော့သည်။

***

All Chapters