ကမ္ဘာ နှစ်ခု ဆုံမှတ်
Vol. 9 Ch. 855
ပေ့ဟန်နယ် တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေချိန်၌ ...
ချန်းဖန်သည် ကောင်းကင်မြို နန်းတော် ပေ့ချီခန်းမ အလယ်ရှိ အင်ပါယာ ထိုင်ခုံတွင် ပျင်းရိစွာ ထိုင်နေခဲ့သည်။ ထိုအရာက အလွန်ပင် သက်တောင့်သက်သာဖြစ်တာ ဇိမ်ရှိလှ၏။
သူ၏ ရှေ့တွင်မူ များစွာသော ကောင်းကင်နယ်မြေ ခေါင်းဆောင်များနှင့် မိသားစု ခေါင်းဆောင်များမှာ ရိုသေလေးစားသော အမူအရာဖြင့် မတ်တတ်ရပ် နေကြသည်။
ချူမိသားစု ခေါင်းဆောင် ချူယွမ်တင်းက ဒူးထောက်ရင်း ပြောသည်။
“ဝမ်ရှင်း တန်ခိုးရှင်ချန်း ... ကျိုးမိသားစု တစ်ခုလုံးကို မြေလှန် စစ်ဆေးပြီးပါပြီ ... မကျင့်ကြံ နိုင်တဲ့ သာမန် လူတွေနဲ့ ထောင်သား အချို့ပဲ ကျန်ရှိပါတော့တယ် ... ဒါပေမဲ့ ဟိုအဘိုးကြီးက သူ မထွက်ခွာရင် မင်းသား ကျိုးတုမင်ကို ခေါ်ဆောင် သွားပါတယ် ... ကျုပ်တို့ သူ့ကို မတားနိုင်ခဲ့ပါဘူး”
ချူယွမ်တင်းသည် စစ်ရှုံးကြောင်း သေချာသည်နှင့် ချန်းဖန်ထံတွက် ချက်ချင်း အညံ့ခံခဲ့ခြင်း ဖြစ်သည်။ ချန်းဖန်သည်လည်း သူ့အား အကူအညီပေးနိုင်သော လူအချို့ လိုအပ်နေရာ ချူယွမ်တင်းအား အသက် ချမ်းသာပေးခဲ့၏။
“ကိစ္စမရှိဘူး…”
ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် လက်ကို ခါယမ်း ပြောလိုက်သည်။
အရှင်ပေ့ဟန်၏ သားများအနက် မင်းသား ကျိုးတုလော့၊ မင်းသား ကျိုးတုမင်နှင့် မင်းသား ကျိုးတုရွှမ်တို့မှာ ပါရမီ အရှိဆုံး လူများ ဖြစ်သည်။
သို့သော်လည်း ထိုအထဲမှ နှစ်ယောက်မှာ ချန်းဖန်၏ လက်တွင် သေဆုံးသွားခဲ့ပြီး ကျိုးတုမင် တစ်ယောက်သာ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုကျိုးတုမင်မှာလည်း အဆင့်နိမ့် ရွှေအမြုတေ ပိုင်ရှင် တစ်ယောက်သာ ဖြစ်ရာ ချန်းဖန် အနေဖြင့် ဂရုစိုက် နေလိမ့်မည် မဟုတ်ချေ။
“အဟမ်း…”
ချူယွမ်တင်းက လည်ချောင်းရှင်းပြီး ဆက်ပြောလိုက်သည်။
“နောက်ပြီးတော့ ကျုပ်တို့ အရှင် ပေ့ဟန် အမြဲတမ်း ကျင့်ကြံတဲ့ နန်းတော် အစီအရင်ကို ဖျက်ဆီးပြီး အထဲကို ဝင်ကြည့် ပြီးပါပြီ ... ဒါပေမဲ့ သူ အဲဒီမှာ မရှိပါဘူး သူ့ရဲ့ အစေခံ အဘိုးကြီးကိုပဲ တွေ့ရပါတယ်”
“အရှင် ပေ့ဟန်က ဒီမှာ မရှိတာလား…”
ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။ အစကပင် သူသည် တစ်ခုခု လွဲချော် နေကြောင်း သိရှိပြီး ဖြစ်သည်။
တော်ဝင်မြို့ တိုက်ပွဲသည် ကမ္ဘာပျက် မတတ် ကြီးကျယ်ခဲ့သည်။ ဓားဧကရာဇ် သေကာ တော်ဝင်မြို့ ဖျက်ဆီး ခံရသည်။ အဘယ်ကြောင့် အရှင် ပေ့ဟန်က ထွက်မလာရ သနည်း။
နောက်ဆုံး၌ ချန်းဖန်က အရှင် ပေ့ဟန်၏ အစေခံ အဘိုးအိုကို မေးရန် ဆုံးဖြတ်လိုက်သည်။
“ကျုပ် သခင်ကြီးက လွန်ခဲ့တဲ့ ရာစုနှစ် သုံးခု တည်းက ပျောက်ဆုံး နေခဲ့တာပါ ... သူက ကမ္ဘာနှစ်ခု ဆုံမှတ်မှာ ပိတ်မိနေတာလို့ သိရ ပါတယ် ... မကြာခင်ကပဲ သူ့ဆီက သတင်းတစ်ခု လာပါတယ် ... သူရဲ့ ပြောပုံအရဆို ကမ္ဘာနှစ်ခု ဆုံမှတ်က မကြာခင် ပြန်ပွင့်တော့မှာမလို့ သူလည်း ပြန်ထွက် လာနိုင်တော့မယ်တဲ့”
အစေခံ အဘိုးအိုက ချန်ဖန်၏ ရှေ့တွင် ဒူးထောက်ရင်း ပြောသည်။
“က ... ကမ္ဘာ နှစ်ခု ဆုံမှတ်…”
များစွာသော ဂိုဏ်းခေါင်းဆောင်များမှာ ကမ္ဘာနှစ်ခု ဆုံမှတ်ဆိုသော စကားလုံးကို ကြားသည်နှင့် အလွန်တရာ ကြောက်လန့် သွားကြသည်။ ချန်းဖန်က ထိုအကြောင်း မေးသော အခါတွင်ပင် သူတို့သည် ပြန်ဖြေရန် မဝံ့ရဲကြချေ။
ချန်းဖန်မှာ တစ်ခုခု လွဲချော်နေကြောင်း သတိထားမိရာ သူတို့အား ဆက်လက် ဖိအား မပေးတော့ချေ။
မျှော်လင့်ထားသည့် အတိုင်းပင် ညသို့ အရောက်၌ တော်ဝင်နန်းတော်သို့ ဧည့်သည် တစ်ယောက် ရောက်ရှိ လာ၏။
“ထျန်းကျိ ဂိုဏ်းချုပ်…”
ချန်းဖန်နှင့် ရှောင်မန်တို့က ပြုံးရင်း ကြိုဆိုလိုက်သည်။
“ကျုပ်ကို ရွှမ်မင်ကျိလို့ပဲ ခေါ်ပါ…”
ထျန်းကျိ ဂိုဏ်းချုပ်က ထုံးစံ အတိုင်း လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပြုရင်း ပြောလိုက်သည်။
“ဝမ်ရှင်း တန်ခိုးရှင်ချန်းလို ပုဂ္ဂိုလ်ရဲ့ ရှေ့မှာ ကျုပ် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂိုဏ်းချုပ်လို့ ဂုဏ်မယူ ဝံ့ပါဘူး…”
“ကောင်းပြီလေ…”
ချန်းဖန်က ခေါင်းညိတ် လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
“ခင်ဗျား ဒီကို လာတာ ကမ္ဘာ နှစ်ခု ဆုံမှတ်ကြောင့်ပဲမလား ... ကျုပ် တည့်တိုးပဲ ပြောမယ် ... ခင်ဗျားသာ ကျုပ်ကို လုံလောက်တဲ့ အချက်အလက်တွေ ပေးပြီး အရှင်ပေ့ဟန်ကို ဖမ်းဖို့ ကူညီပေးမယ် ဆိုရင် ... ကျုပ် ရွှမ်ပြည်နယ် တစ်ခုလုံးကို ခင်ဗျားရဲ့ ထျန်းကျိ ကောင်းကင် နယ်မြေကို ပေးမယ်”
“ကျုပ်…”
ရွှမ်မင်ကျိက ချီတုံချတုံ ဖြစ်ကာ အသက်ကို ပြင်းပြင်း ရှူလိုက်၏။
ထျန်းကျိ ကောင်းကင် နယ်မြေသည် ရွှမ်ပြည်နယ်တွင် တည်ရှိကာ ဧရိယာ တစ်ဝက်ခန့်ကို ဩဇာလွှမ်းမိုး နိုင်သည်။ ရွှမ်ပြည်နယ် တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန်မှာ ထျန်းကျိ ဘိုးဘေးများ၏ ရည်မှန်းချက်လည်း ဖြစ်သည်။
“အဲဒါက ... လျှို့ဝှက်ချက် တစ်ခုတော့ မဟုတ်ပါဘူး…”
ရွှမ်မင်ကျိက အဆုံး၌ ဆုံးဖြတ်ပြီးဟန်ဖြင့် ပြောလိုက်သည်။
“ကမ္ဘာ နှစ်ခု ဆုံမှတ် ဆိုတာ ထူးဆန်းတဲ့ ကမ္ဘာတစ်ခုပါ ... အဲဒါက ကျန်းရှင်း ကုန်းပြင်မြင့်မှာ တည်ရှိပြီးတော့ မိုင်တစ်သောင်းလောက် ကျယ်ပါတယ် ... နောက်ပြီး အဲဒီနေရာက အရမ်း အန္တရာယ် များပါတယ် ... သာမန် ရွှေအမြုတေ အဆင့်တွေကို ဝင်တာနဲ့ သေတာပါပဲ”
“တကယ်ကြီးလား…”
ချန်းဖန်၏ မျက်လုံးများမှာ စိတ်ဝင်စားမှုဖြင့် လင်းလက် သွားသည်။
“ဟုတ်ပါတယ်…”
ရွှမ်မင်ကျိက ဆက်လက်၍ အသေးစိတ်ကို ရှင်းပြ လိုက်သည်။
“ကမ္ဘာ နှစ်ခု ဆုံမှတ်က ဘယ်ကရောက်လာလဲ ဆိုတာ ဘယ်သူမှ မသိကြပါဘူး ... ကျုပ် သိသလောက်ဆို အဲဒါက လွန်ခဲ့တဲ့ နှစ်ထောင်ချီလောက်မှာ ပေါ်လာတာပါ ... ကြည့်ရတာတော့ အဲဒါက ထျန်းဟောင်ဂြိုဟ်နဲ့ အခြား ကမ္ဘာတစ်ခုကို ချိတ်ဆက်ထားပုံ ရပါတယ်…”
“နောက်ပြီး ကမ္ဘာနှစ်ခု ဆုံမှတ်က ရာစုနှစ် သုံးရာမှာတစ်ကြိမ် ပွင့်ပါတယ် ... အဲဒီ အကြိမ်တိုင်း မရေမတွက်နိုင်တဲ့ သားရဲတွေ ထွက်လာပြီး ကျန်းရှင်း ကုန်းပြင်မြင့်ကို သွေးနဲ့ ဖုံးလွှမ်းစေပါတယ် ... တစ်ချိန်တည်းမှာပဲ ထျန်းဟောင်ဂြိုဟ်ရဲ့ ကျင့်ကြံသူတွေက အခွင့်အလမ်းတွေ ရှာဖွေဖို့ ကမ္ဘာနှစ်ခု ဆုံမှတ်ထဲကို ဝင်ကြပါတယ်”
“ကျုပ် သိသလောက် ဆိုရင် ကမ္ဘာတစ်ခု ဆုံမှတ် အတွင်းဘက်မှာ မရေမတွက်နိုင်တဲ့ နတ်ဘုရား ဆေးဝါးတွေ ဝိညာဉ်ရတနာတွေ ရှိတယ်တဲ့ ... ဒါကြောင့်ပဲ နှစ်သုံးရာတိုင်းမှာ ထျန်းဟောင်ဂြိုဟ်ရဲ့ အင်အား အကြီးဆုံး ဂိုဏ်းတွေက တပည့်တွေ အပါအဝင် အစွမ်းထက် ပုဂ္ဂိုလ်တွေဟာ ကမ္ဘာနှစ်ခု ဆုံမှတ်ထဲကို ဝင်ရောက် ကြပါတယ်”
“နတ်ဘုရား ဆေးဝါး…”
ချန်းဖန်၏ မျက်လုံးများက တောက်ပ သွားသည်။
သူ၏ အမြုတေ ငါးခုအနက် သုံးခုသည် ယခု အထိ ချောင်အမြုတေ အဆင့်ကို ရောက်ရှိခြင်း မရှိသေးချေ။ အကယ်၍ သူသာ နတ်ဘုရား ဆေးဝါး သို့မဟုတ် တစ်ဝက်တစ်ပျက် နတ်ဘုရား ဆေးဝါးများကို ရရှိပါက သူ၏ အထွတ်အထိပ် အမြုတေ ဖွဲ့စည်းရေး ရည်မှန်းချက်မှာ ပိုမို နီးစပ် သွားပေလိမ့်မည်။
“ကမ္ဘာ နှစ်ခု ဆုံမှတ်က အတိအကျ ဘယ်မှာ ရှိတာလဲ မင်းသိလား ... နောက်ပြီး အဲဒါက ဘယ်တော့ ပွင့်မှာလဲ”
ချန်းဖန်က မေးလိုက်သည်။
ရွှမ်မင်ကျိမှာ အံ့အားသင့် ထိန်လန့်သွား၏။
“ဝမ်ရှင်း တန်ခိုးရှင်ချန်းက တကယ်ပဲ အဲဒီကို သွားမှာလား ... ကမ္ဘာနှစ်ခု ဆုံမှတ်က အရမ်း အန္တရာယ်များတယ် ... ရွှေအမြုတေ ထိပ်ဆုံး အဆင့်တွေတောင် အဲဒီ နေရာမှာ ဂရုစိုက် ရတယ် ... နောက်ပြီး ကမ္ဘာနှစ်ခု ဆုံမှတ်မှာ လေဟာနယ် အက်ကွဲကြောင်းတွေ အများကြီး ရှိတယ်တဲ့ ... နောက်ပြီး ကောင်းကင် သားရဲတွေရော မွန်းစတားတွေရော အရမ်း ပေါတယ် ... အရှင်ပေ့ဟန်တောင် ရာစုနှစ် သုံးခုလောက် ပိတ်မိနေတာပဲ ကြည့်”
“အဲဒါက သူလေ ... ငါမှ မဟုတ်တာ”
ချန်းဖန်က ဂရုမစိုက်ဟန် ဆိုလိုက်သည်။
“ငါ ဒီမှာ နေရင် အရှင် ပေ့ဟန်က ငါနဲ့ လာပြီး ရင်ဆိုင်ဖို့ သတ္တိရှိမှာ မဟုတ်ဘူး ... အဲဒီတော့ ကမ္ဘာနှစ်ခုဆုံမှတ်ကို သွားပြီး သူနဲ့ စာရင်းရှင်း လိုက်တာက ပိုကောင်းတယ်မလား…”
ရွမ်မင်ကျိမှာ အနည်းငယ် ဆွံ့အသွားသည်။ သူသည် ချန်းဖန် ထိုမျှ ယုံကြည်မှု ရှိလိမ့်မည်ဟု လုံးဝ ထင်မှတ် မထားခဲ့ချေ။ သူ ဤနေရာသို့ လာရသည့် အကြောင်းရင်းမှာလည်း အရှင်ပေ့ဟန် ပြန်မလာခင် ချန်းဖန်အား ရှောင်တိမ်းရန် သတိပေးလိုသောကြောင့် ဖြစ်သည်။
“ဒါနဲ့ ရောင်းရင်းရွှမ် ... ကျူးဝမ် မျိုးနွယ်တွေ အပေါ် ကျိန်စာ တိုက်တာကရော ဘယ်သူလဲ ... တကယ်ပဲ ပထမ အရှင်ပေ့ဟန် လုပ်ခဲ့တာလား…”
ချန်းဖန်က ရုတ်တရက် မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
ထိုမေးခွန်းကို ကြားသည်နှင့် ရှောင်မန်၏ မျက်လုံးများမှာ ဝင်းလက် သွားသည်။ သူမက လက်သီးကို တင်းတင်းဆုပ်ရင်း ရွှမ်မင်ကျိကို ကြည့်လိုက်သည်။ ကျူးဝမ် မျိုးနွယ်ဝင် တစ်ယောက် အနေဖြင့် သူမနှင့် ထိုအကြောင်းအရာမှာ တိုက်ရိုက် သက်ဆိုင်ပေသည်။
“အဲဒါက…”
ရွှမ်မင်ကျိမှာ အနည်းငယ် တုံ့ဆိုင်းသွား၏။ ထို့နောက် သူက ချန်းဖန်ကို ကြည့်ရင်း ပြောလိုက်သည်။
“အဲဒီ အကြောင်းအရာကို ကျုပ်သေချာမသိပေမဲ့ ကျုပ် ဘိုးဘေးတွေ မှတ်တမ်းတင်ထားတဲ့ ကျူးဝမ် မျိုးနွယ်အကြောင်း တစ်စွန်းတစ်စတော့ မြင်ဖူးတယ် ... တကယ်လို့ အရှင် ကောင်းကင် ညီမျှခြင်း ဆက်ပြီး အုပ်ချုပ်နေမယ်ဆိုရင် ပေ့ဟန်နယ်က မြေရိုင်းနယ်အဖြစ် ပြောင်းလဲသွားမှာ မဟုတ်ဘူးတဲ့ ... ကောင်းကင်နယ်အဖြစ်ပဲ ဆက်ရှိ နေမှာတဲ့”
“မြေရိုင်းနယ်နဲ့ ကောင်းကင်နယ် အကြားမှာ ဘာကွာလဲ…”
ချန်းဖန်က မေးလိုက်သည်။
“ငါက ပေ့ဟန်နယ်ကို ရောက်ကတည်းက အပြင်ကို တစ်ခါမှ မထွက်ဖူးဘူး ... ပေ့ဟန်နယ် အပြင်ဘက်မှာ အခြားနယ်တွေ ဂိုဏ်းတွေ ရှိတယ်လို့တော့ ကြားဖူးတယ်”
ချန်းဖန်က ပြောသည်။
“အမှန်ပဲ ... အဲဒီ ဂိုဏ်းကြီးတွေက ပေ့ဟန်နယ် တစ်ခုလုံးထက်တောင် ပိုပြီး အင်အား ကြီးတယ်…”
ရွှမ်မင်ကျိက ခေါင်းညိတ်ရင်း ဆက်ပြော လိုက်သည်။
“ထျန်းဟောင်ဂြိုဟ်မှာ နယ်တစ်ရာ ရှိတယ် ... ပေ့ဟန်နယ်က အဲဒီ နယ်တစ်ရာထဲက တစ်ခုပေါ့…”
***