← Chapters

ဖုန်းစန်း : ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ

Vol. 20 Ch. 266

ဖုန်းစန်း : ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ

Vol. 20 Ch. 266

“ငါးဖမ်းကုန်သည်အဖွဲ့ ကျိုးချူက သင်ကြားပြသမှုကို လာရောက်ခံယူပါတယ်”

ကျိုးချူသည် ပြိုင်ပွဲစင်ပေါ်သို့ ခုန်တက်ပြီးသည်နှင့်တစ်ပြိုင်နက် သံမဏိသူဖုန်းစားကျိုးဖန်းကို လက်သီးယှက်နှုတ်ဆက်လိုက်သည်။

ကျိုးဖန်းသည် ကျိုးချူကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်၏။

ကျိုးဖန်းသည် ပြိုင်ပွဲစည်းမျဉ်းကို နားလည်သွား‌ရာ သူ၏စိုးရိမ်ပူပန်မှုကို စိတ်အတွင်းမှ ရေရွတ်မိလေသည်။

ထျန်းကျီးမြင်းပြိုင်ပွဲနည်းဗျူဟာ: အဆင့်နိမ့်မြင်းကို အဆင့်မြင့်မြင်းနဲ့ ယှဉ်ပြိုင်ခိုင်းပြီး အဆင့်နိမ့်မြင်းကို စတေးခြင်း၊ အလယ်တန်းအဆင့်မြင်းကို အသုံးချပြီး အဆင့်နိမ့်မြင်းကို ယှဉ်ပြိုင်ခြင်း၊ အဆင့်မြင့်မြင်းနဲ့ အလယ်တန်းအဆင့်မြင်းတို့ ယှဉ်ပြိုင်ခြင်း!

၎င်းမှာ ပြိုင်ဘက်မှ အသုံးပြုနေသည့် နည်းဗျူဟာဖြစ်ကြောင်း ထင်ရှားလှသည်။ ထိုသို့စဉ်းစားမိသည်တွင် ကျိုးဖန်းမှ မျက်မှောင်ကြုတ်လျက် ပြောသည်။

“ဖန့်ဖူ ခင်ဗျား လာမပြိုင်ရဲဘူးလား”

…

ဖန့်ဖူသည် ဘာမျှ တုံ့ပြန်မပြောပေ။ သို့သော် ကျိုးချူမှ ပြောလာ၏။

“ဟေး ခင်ဗျား အဲဒါက ဘာအဓိပ္ပာယ်လဲ။ ကျွန်တော်က ခင်ဗျားရဲ့ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်လို့လား”

ကျိုးဖန်းသည် ကျိုးချူကို အဖက်မလုပ်ပေ။ ထိုစဉ် စွင်းပုအာသည် ပွဲကြည့်စင်ပေါ်သို့ ကြည့်နေခဲ့သည်။ အထူးသဖြင့် စီရင်စုအုပ်ချုပ်ရေးမှူးကို ကိုယ်စားပြုသည့် တပ်မှူးချီမုကောကို အာရုံစိုက်ကြည့်နေခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ သူ၏သဘောထားသည် အရေးအကြီးဆုံးဖြစ်သောကြောင့်ပင်။

ထို့နောက်တွင် ချီမုကာမှ ခေါင်းအသာယမ်းပြသည်ကို စွင်းပုအာ မြင်လိုက်၏။

စွင်းပုအာလည်း ရုတ်ချည်းနားလည်လိုက်ပြီး ကျိုးဖန်းကို ပြောလိုက်သည်။

“လူငယ်သူရဲကောင်းကျိုးကို အားနာမိပါတယ်၊ ဒါပေမဲ့ ဒါက စည်းမျဉ်းပါ– သူရဲကောင်းကျိုးက ခံစစ်ဘက်က ဖြစ်ပြီးတော့ ကျားဖြူခန်းမဘက်က စိန်ခေါ်ရမှာပါ။ ကျားဖြူခန်းမအနေနဲ့ စိန်ခေါ်မှုပြုလုပ်မယ့် ပြိုင်ပွဲဝင်အဖြစ် ဘယ်သူမဆို စေလွှတ်ခွင့်ရှိပါတယ်။ ဒါက စည်းမျဉ်းနဲ့ ကိုက်ညီပါတယ်!”

ထိုစကားတွင် ကျိုးဖန်း၊ ဖုန်းစန်းနှင့် လျိုဖုန်းတို့အားလုံးသည် ဒီနေ့ပြိုင်ပွဲစည်းမျဉ်းမှာ သူဖုန်းစားဂိုဏ်းကို ပစ်မှတ်ထား‌နေခြင်းဖြစ်ကြောင်း နားလည်သွားခဲ့သည်။

ထို့ပြင် ပွဲကြည့်စင်ပေါ်ရှိ သိုင်းပညာရှင်ကြီးများသည်လည်း ထပ်တူညီစွာ နားလည်သွားခဲ့၏။

လှည့်ကွက်ကို နားလည်သွားသည်နှင့် အားလုံး၏အကြည့်များသည် တိုက်စစ်အဖွဲ့ ကျားဖြူခန်းမသို့ ကျရောက်လာကြသည်။

သူတို့နားလည်သွားချိန်တွင် အချိန်နှောင်းသွားခဲ့လေပြီ။ ချန်ကျိုစစ်သည်တော့ စည်းမျဉ်းအတွင်းမှ ဟာကွက်ကို သူ၏ထက်မြက်သည့် တုံ့ပြန်မှုဖြင့် လျင်မြန်စွာ အမြတ်ထုတ်ခဲ့ပေသည်– တကယ့်ကို အထင်ကြီးလောက်ပါပေတယ်!

၎င်းနားလည်သဘောပေါက်မှုတွင် အားလုံး၏အကြည့်များသည် ချန်ကျဲ့ဆီသို့ ပြောင်းလဲကျရောက်သွားကြ၏။

သူတို့၏အကြည့်များထဲတွင် ချန်ကျဲ့၏ဉာဏ်ထက်မြက်မှုအပေါ် အသိအမှတ်ပြုခြင်းများ ပါဝင်၏။ ချန်ကျဲ့တွင် အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ထူးခြားသည့်နည်းလမ်းများ အမြဲလိုလို ရှိနေတတ်ပေသည်။

ပွဲကြည့်ပရိသတ်များသည်လည်း ဆွေးနွေးပြောဆိုခြင်းသို့ အာရုံရောက်သွားကြကာ အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးကြလေသည်။

“ဒီချန်ကျိုစစ်က အထင်ကြီးစရာပါပဲလား။ ပေးထားတဲ့အခြေအနေရဲ့ အနှစ်သာရကို ချက်ချင်း ဆုပ်ကိုင်နိုင်တယ်။ သူ့ရဲ့ဉာဏ်အလျင်နှုန်းကတော့ ပြိုင်ဘက်ကင်းပဲ”

“အမှန်ပဲ မဟုတ်လား။ မင်းတို့သတိထားမိကြလား၊ ချန်ကျိုစစ်က စည်းမျဉ်းရဲ့ဟာကွက်ကို အသုံးချအမြတ်ထုတ်ပြီးမှ စင်ပေါ်က လူကြီးမင်းတွေလည်း နားလည်သွားကြတာပဲ။ ဒါကိုကြည့်တာနဲ့ ချန်ကျိုစစ်ရဲ့ ဉာဏ်ရည်ထက်မြက်မှုက သာမန်ထက် သာလွန်တာကို အတပ်ပြောနိုင်တယ်”

“အမှန်ပဲ။ ကြည့်လေ၊ ကုန်သည်အဖွဲ့ကြီးရဲ့ ပိုင်မော့ရှန်းလည်း ရှိနေတာပဲကို ချန်ကျိုစစ်ကသာ အရင်ဆုံး သတိထားမိခဲ့တာ။ ချဲ့ကားပြောတာမဟုတ်ဘူး၊ ချန်ကျိုစစ်က သိုင်းပညာမလေ့ကျင့်ဘဲ စာပေပညာမှာ အာရုံစိုက်ခဲ့ရင်တောင် ကုန်သည်အဖွဲ့တစ်ခုခုအတွက် ဗျူဟာမှူးအနေနဲ့ တာဝန်ထမ်းဆောင်ရင် ပြိုင်ဘက်ကင်းဗျူဟာမှူးတစ်ယောက် ဖြစ်လာဦးမှာပဲ”

“ဟုတ်တယ်၊ ငါလည်း အဲဒီစကားကို သဘောတူတယ်။ ချန်ကျိုစစ်ရဲ့ ဉာဏ်ရည်ထက်မြက်မှုနဲ့ဆို သေချာပေါက် ဗျူဟာမှူးတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နိုင်တယ်”

“ဟေး မင်းတို့သတိထားမိကြလား။ ဒီစည်းမျဉ်းတွေအရဆို ကျားဖြူခန်းမက အနိုင်ရနိုင်တဲ့ အခွင့်အရေးရှိသေးတယ်”

…

“ခေါင်းဆောင် ကျားဖြူခန်းမအတွက် အနိုင်ရဖို့က လွယ်ကူမှာ မဟုတ်ပါဘူး”

ပြိုင်ပွဲစင်မြင့်၌ ‌အစောင့်အရှောက်ကြီး၁၃ဦးထဲမှ စာပေပညာရှင်၊ ချောင်ကုန်သည်အဖွဲ့ဗျူဟာမှူး ပိုင်မော့ရှန်း၏ ရှင်းပြချက်ကြောင့် ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင် လျိုလောင်ကွေ့သည်လည်း စိုးရိမ်နေခဲ့သည်။

“ထျန်းကျီးမြင်းပြိုင်ပွဲနည်းဗျူဟာ အောင်နိုင်ရတဲ့ အကြောင်းအရင်းက ထျန်းကျီးမြင်းတွေက အားမနည်းလို့ပါပဲ။ သူတို့သာ အရမ်းအားနည်းနေရင် အဲဒီနည်းဗျူဟာကလည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အခု ကျားဖြူခန်းမကို ကြည့်လိုက်ပါ– ဒီပွဲစဉ်မှာ ကျိုးချူက သေချာပေါက် ရှုံးပါလိမ့်မယ်။ အဲဒါကြောင့် နောက်လာမယ့်ပွဲစဉ်က အရမ်းအရေးကြီးလိမ့်မယ်။ ဟန်ချက်တည်ငြိမ်မှုကို သေချာစေဖို့အတွက် လျိုဖုန်းနဲ့ ယှဉ်ပြိုင်ဖို့ကို ကျားဖြူခန်းမဘက်က ဖန့်ဖူကို စေလွှတ်ရလိမ့်မယ်”

“ဖန့်ဖူရဲ့ သံမဏိအရိုးအဆင့်အင်အားက အသက်အရွယ်ကြောင့် အနည်းအကျဉ်း လျော့နည်းနေခဲ့ပြီ။ ဒါပေမဲ့ ဒဏ်ရာရပြီး အင်အားဆုတ်ယုတ်နေတဲ့ လျိုဖုန်းကို အနိုင်တိုက်ဖို့အတွက်တော့ လုံလောက်ပါလိမ့်ဦးမယ်”

“ဒါပေမဲ့ သူတို့ ဒုတိယပွဲစဉ်ကို အနိုင်ရခဲ့ရင်တောင်မှ နောက်ဆုံးပွဲစဉ်ကို ဘယ်လိုယှဉ်ပြိုင်ကြမှာလဲ။ ချန်ကျိုစစ်နဲ့ ဖုန်းစန်း တိုက်မှာလား– ကျွန်တော်တော့ ချန်ကျိုစစ်အပေါ် အများကြီး မျှော်လင့်မထားဘူး။ ဖုန်းစန်းက သံမဏိအရိုးအဆင့်ကျင့်ကြံသူဖြစ်လာခဲ့တာ နှစ်အတော်ကြာနေပြီ၊ သူ့ရဲ့အင်အားက ကျိုးဖန်းထက် မနိမ့်ပါးဘူး။ ချန်ကျိုစစ်ကတော့ ကျွန်တော် သူ့ကို နောက်ဆုံးတွေ့ခဲ့တဲ့အချိန်တုန်းက နွဲ့ပျောင်းအရွတ်အဆင့်ပဲ ရှိသေးတယ်။ ချန်ကျိုစစ်က ဒီပြိုင်ပွဲကို မဖြစ်မနေ ပါဝင်ရမှာကြောင့် အရိုးသန်မာဆေးလုံးနဲ့ သံမဏိအရိုးအဆင့်ကို အတင်းအကျပ် ‌တက်လှမ်းစေနိုင်ခဲ့ရင်တောင်မှ…”

“ဒါပေမဲ့ သံမဏိအရိုးအဆင့်အတွင်းမှာလည်း ကွာခြားချက်တွေ ရှိသေးတယ်လေ။ ကျွန်တော့်အထင်တော့ အနိုင်ရဖို့ရာခိုင်နှုန်း သိပ်မများလှဘူး”

“တစ်နည်းပြောရရင် သူတို့အခု အသုံးပြုနေတဲ့ ထျန်းကျီးမြင်းပြိုင်ပွဲနည်းဗျူဟာက သူတို့ဘက်မှာ အဆင့်မြင့်မြင်းနှစ်ကောင်နဲ့ အလယ်တန်းအဆင့်မြင်းတစ်ကောင် ရှိနေဖို့လိုအပ်တယ်။ ချန်ကျိုစစ်မှာက ပထမအဆင့် အဆင့်မြင့်မြင်းတစ်ကောင်၊ အလယ်တန်းအဆင့်မြင်းတစ်ကောင်နဲ့ အဆင့်နိမ့်မြင်းတစ်ကောင်ပဲ ရှိနေတာ– သူတို့ ဘယ်လိုလုပ်ပြီး အနိုင်ရနိုင်ပါ့မလဲ”

“သူတို့ရဲ့ အလယ်တန်းအဆင့်မြင်းက အဆင့်နိမ့်မြင်းကို အနိုင်ရတာ ဒါမှမဟုတ် သူတို့ရဲ့ အဆင့်မြင့်မြင်းက တစ်ဖက်ပြိုင်ဘက်ရဲ့ အဆင့်မြင့်မြင်းကို အနိုင်တိုက်နိုင်ပါမယ်လို့ အာမခံချက်ရှိနေတာ မဟုတ်သ၍ သူတို့အနိုင်မရနိုင်ဘူး”

လျိုလောင်ကွေ့သည် ပိုင်မော့ရှန်း၏စကားများကို နားထောင်ရင်း ပြောသည်။

“ဘာကို အဆင့်မြင့်မြင်းတွေ အဆင့်နိမ့်မြင်းတွေ ပြောနေတာလဲ။ မင်းက ငါ့ကို စိတ်ရှုပ်အောင်လုပ်နေတာပဲ”

“မင်းသာ ချန်ကျိုစစ်နေရာမှာဆိုရင် ဒီပြိုင်ပွဲကို အနိုင်ရဖို့ ဘယ်လိုစီစဉ်မလဲဆိုတာကိုပဲ ပြောလိုက်စမ်းပါ”

ထိုအခါ ပိုင်မော့ရှန်းမှ ပြောသည်။

“ကျွန်တော်သာ သူ့နေရာမှာဆိုရင်လား?”

ပိုင်မော့ရှန်း ခဏ တန့်သွား၏။

“ပထမပွဲစဉ်မှာ ကျိုးချူနဲ့ ကျိုးဖန်းနဲ့ကို ပြိုင်ခိုင်းဦးမှာပဲ။ သေချာပေါက် ရှုံးမယ့်ပွဲပေါ့”

“ဒုတိယပွဲစဉ်ကိုတော့ ချန်ကျိုစစ်နဲ့ လျိုဖုန်းကို ပြိုင်ခိုင်းမယ်။ အဲဒါဆို အနိုင်ရမယ့် အခွင့်အရေးရှိတယ်”

“တတိယပွဲစဉ်မှာတော့ ဖန့်ဖူနဲ့ ဖုန်းစန်းကို ပြိုင်ခိုင်းမယ်။ အဲဒါဆိုလည်း အနိုင်ရဖို့အခွင့်အရေး နည်းနည်းလေးရှိလိမ့်ဦးမယ်”

“ဆိုလိုတာက အနိုင်ရဖို့က နောက်ပိုင်းပွဲစဉ်နှစ်ခုမှာ မူတည်နေတာပါ။ မဟုတ်ရင် ရှုံးဖို့က မလွဲမသွေပဲ”

ထိုအခါ လျိုလောင်ပွေ့မှ ခေါင်းညိတ်၍ မှတ်ချက်ပြုသည်။

“အို ဒါဆို ချန်ကျိုစစ်က ပထမအကွက်ကို မှန်မှန်ကန်ကန် ရွှေ့လိုက်တာပေါ့”

ပိုင်မော့ရှန်းမှ ဆက်ပြောသည်။

“အဓိကကတော့ ဒုတိယခြေလှမ်းပါပဲ။ သူတို့ စွန့်စားဖို့ရဲလား မရဲဘူးလား စောင့်ကြည့်ရမှာပါ”

လျိုလောင်ကွေ့သည် ခေါင်းညိတ်လိုက်ပြီး အတွေးထဲနစ်မြောသွားတော့သည်။

“ငါသိပြီ”

ထိုစဉ် ပွဲကြည့်စင်မြင့်ထက်ရှိ ဖန်းရှစ်ကျုံး၏မျက်နှာမှာ တင်းမာနေခဲ့သည်။ အနည်းငယ်မျှသော ဝမ်းမြောက်မှုလေး ထင်ဟပ်နေသည့်တိုင် အနိုင်ရနိုင်သည့် အခွင့်အရေးမှာ မများလှသောကြောင့် စိုးရိမ်ပူပန်နေမြဲပင်။

ကျိုးဖန်းနဲ့ယှဉ်ပြိုင်မှုကို အမြတ်ထုတ်နိုင်ခဲ့ရင်တောင်မှ ဒုတိယပွဲစဉ်ကို ဘယ်လိုစီစဉ်မှာလဲ။

နန်ပါးထျန်းသည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ရင်း သူ၏မျက်လုံးများသည်တော့ အောက်ဘက်ရှိ ပြိုင်ပွဲစင်မြင့်ထက်မှ အကြည့်မလွှဲပေ။ ချန်ကျိုစစ်သည် သူ့ကို အနည်းငယ် အံ့အားသင့်စေခဲ့၏။ စိတ်ပျက်မွန်းကြပ်ဖွယ် အခြေအနေကြားတွင် အခွင့်အရေးကို လျင်မြန်စွာ ‌ဆုပ်ကိုင်နိုင်လေသည်– တကယ့်ကို ဉာဏ်ထက်မြက်တဲ့ကောင်လေးပဲ။

ဖန်းရှစ်ကျုံးရဲ့လူဖြစ်နေတာတော့ နှမြောစရာပဲ…

ပွဲကြည့်စင်မြင့်ထက်ရှိ အခြားသိုင်းပညာရှင်ကြီးများသည်လည်း စိတ်ပါဝင်စားစွာ ကြည့်နေကြသည်။

အထူးသဖြင့် အလယ်နေရာတွင် ထိုင်နေသည့် တပ်မှူးချီမုကောဖြစ်သည်။ ထို့နောက် ချီမုကောသည် ဘေးရှိ ဖန်းရှစ်ကျုံးသို့လှည့်၍ မေး၏။

“ခန်းမအရှင်သခင်ဖန်း ခုနက အမိန့်ပေးညွှန်ကြားနေတဲ့သူက ဘယ်သူလဲဗျ”

ဖန်းရှစ်ကျုံးမှ ချက်ချင်း ပြန်ပြောသည်။

“ကျုပ်ရဲ့ ‌၅ယောက်မြောက်မွေးစားသား ချန်ကျိုစစ်ပါ”

“ချန်ကျိုစစ်တဲ့လား? ဟားဟား မဆိုးဘူးပဲ။ ခန်းမအရှင်သခင်ဖန်းက တကယ့် ရှားပါးရတနာလေးကို ရှာတွေ့ထားတာပါပဲလား”

All Chapters