← Chapters

ချောင်ဟုန်ယန် : ဒီကိုလာ၊ ငါမင်းကို စားပစ်ရအောင်

Vol. 20 Ch. 272

ချောင်ဟုန်ယန် : ဒီကိုလာ၊ ငါမင်းကို စားပစ်ရအောင်

Vol. 20 Ch. 272

တောက် တောက်…

သွေးများသည် လှံရှည်မှတစ်ဆင့် ပြိုင်ပွဲစင်ကြမ်းပြင်သို့ တတောက်တောက် စီးကျနေသည်။

ထိုအခိုက်အတန့်၌ ရွှေဓားဖုန်းစန်းသည် လှံရှည်ဖြင့် ထိုးစိုက်ခံထားရကာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးအိမ်တို့ ပြူးကျယ်နေပေသည်။ သူဒီနေ့ ဒီနေရာတွင် သေဆုံးရမည်ကို နားမလည်နိုင်ဘဲ ရှိနေပေသည်။

သူ ချန်ကျိုစစ်ကို ရှုံးနိမ့်ခဲ့ခြင်းအား မယုံကြည်နိုင်ချေ။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!

ရွှေဓားဖုန်းစန်းသည် မျန့်ရွှေစီရင်စုတွင် အမည်ကျော်ကြားသူဖြစ်ပြီး အစောင့်အရှောက်ကြီး၁၃ဦးမှအပ မည်သူ့ကိုမျှ မကြောက်ပေ။ သို့သော် ဒီနေ့တွင်တော့ သူသည် ပြိုင်ပွဲစင်ပေါ်၌သာ သေဆုံးခဲ့ရလေပြီ။

…

ဒီလိုအဆင့်အတန်းနိမ့်ပါးတဲ့ ချန်ကျိုစစ်လက်ထဲမှာ သေရတယ်လို့!

ဖုန်းစန်း၏အမြင်တွင်မူ ချန်ကျဲ့သည် အမည်မရှိသော ဘာမှမဟုတ်သည့်လူတစ်ယောက် ဖြစ်သည်။

သူသည် မထင်မရှား သာမညောင်ညလူတစ်ယောက်၏ လက်ထဲတွင် လှံဖြင့်ထိုးစိုက်ခံရ၍ အသက်နုတ်ခံရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

ဖုန်းစန်းသည် မျက်လုံးအိမ်များ ပြူးကျယ်စွာ ပွင့်ဟလျက် သေဆုံးသွားခဲ့သည်။

ထိုအချိန်တွင် ပွဲကြည့်သူများသည်လည်း အံ့ဩမှုကြောင့် မျက်လုံးအပြူးသားဖြစ်နေကြပေသည်။

ပွဲကြည့်စင်ပေါ်ရှိ အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့သားများသည်လည်း စိတ်ထဲမှ ထိတ်လန့်သွားကြ၏။ လျိုလောင်ကွေ့မှ မျက်လုံးပြူးကျယ်လျက် အံ့အားသင့်စွာ ပြောလာသည်။

“ဒါက ဘယ်လိုလှံသိုင်းမျိုးလဲ။ ငါဘာလို့ အရင်က မမြင်ဖူးရတာလဲ!”

ထိုအခါ ပိုင်မော့ရှန်းမှ ပြောသည်။

“ကျွန်တော့်အထင်တော့ ဒဏ္ဍာရီလာ အတိဒုက္ခဆယ့်သုံးပါးလှံသိုင်း ဖြစ်မယ်ထင်ပါတယ်”

“အတိဒုက္ခဆယ့်သုံးပါးလှံသိုင်းလား”

လျိုလောင်ကွေ့ အံ့ဩသွား၏။ ထို့နောက် ဆက်ပြောသည်။

“ငါ အဲဒီသိုင်းအကြောင်း ကြားဖူးတယ်။ အဲဒါက စွမ်းအင်ပြောင်းလဲခြင်းအဆင့်အထက်ရှိတဲ့ လှံသိုင်းဖြစ်မယ်ထင်တယ်။ တကယ့်ကိုမှ အရမ်းအင်အားကြီးမားတာပါပဲလား”

ဘေးတွင်ထိုင်နေသည့် ဖန်းရှစ်ကျုံးမှ ဖြည့်ပြောသည်။

“ဟုတ်ပါတယ်။ သူသုံးတာက အတိဒုက္ခဆယ့်သုံးပါးလှံသိုင်းပါပဲ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ အဲဒီသိုင်းကျမ်းက အပြည့်အစုံမရှိတာကြောင့် လက်ရှိမှာ သိုင်းကွက်သုံးကွက်ပဲ ပါဝင်ပါတယ်။ လက်ရှိအဆင့်ကို ဆွေးနွေးပြောဆိုကြည့်မယ်ဆိုရင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်နီးပါးပဲ ဖြစ်နိုင်ပါလိမ့်မယ်”

နန်ပါထျန်းမှ မှတ်ချက်ပြုသည်။

“နှမြောစရာပဲ။ သိုင်းကွက်၁၃ကွက်စလုံး အပြည့်အဝရှိခဲ့ရင် လုံးဝ အင်အားကြီးမားတဲ့သိုင်းကျင့်စဉ်တစ်ခု ဖြစ်လိမ့်မှာပဲ”

“အို ဆရာတူညီလေး စိတ်ဝင်စားတယ်ဆိုရင် ဒီအစ်ကိုက လှံသိုင်းကျမ်းတစ်ခု ပေးနိုင်ပါတယ်။ အပြန်အလှန်အနေနဲ့ ဆရာတူညီလေးရဲ့ ရေခဲစိတ်စွမ်းအင်သိုင်းကို မြင်ခွင့်ပြုပေးပေါ့။ ဘယ်လိုလဲ”

ထိုအခါ နန်ပါးထျန်းမှ ပြန်ပြောသည်။

“ထားလိုက်ပါတော့။ ကျုပ်က လှံသုံးရတာကို မကြိုက်ဘူး”

ထိုအခါ ချီမုကောမှ သက်ပြင်းချ၏။

“ဒီလိုလှံသိုင်းမျိုးက အပြည့်အစုံသာရှိခဲ့ရင် ကျုပ်ရဲ့သခင်ကြီး ကျိန်းသေပေါက် နှစ်ခြိုက်မှာပဲ။ ဒါပေမဲ့ သိုင်းကွက်သုံးကွက်ပဲ ရှိနေတာ နှမြောဖို့ကောင်းလိုက်တာ… နှမြောစရာပဲ၊ တကယ့်ကို နှမြောစရာပဲ”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“တပ်မှူး အကယ်၍ သဘောကျတယ်ဆိုရင် လှံသိုင်းကျမ်းကို ကျုပ်လက်ဆောင်ပေးနိုင်ပါတယ်”

ချီမုကောမှ ပြန်ပြောသည်။

“မလိုပါဘူး။ ကျုပ်တို့သခင်ကြီးက နာမည်ကျော် အထင်ကရ သိုင်းကျင့်စဉ်တွေကိုပဲ စုဆောင်းတယ်။ ဒီလှံသိုင်းက အထင်ကရသိုင်းကျင့်စဉ်တစ်ခုလည်း မဟုတ်သလို အပြည့်အဝလည်း မရှိဘူး။ ဒီသိုင်းက သခင်ကြီးရဲ့အကြိုက်ပုံစံ မဟုတ်ပါဘူး”

ထိုအခါ နန်ပါးထျန်းမှ ပြုံးရယ်လျက် စနောက်သည်။

“အို ဒါဆို သခင်ကြီးရဲ့အကြိုက်ပုံစံအရ မျန့်ရွှေစီရင်စုမှာ သခင်ကြီးနှစ်ခြိုက်တဲ့ အထင်ကရ သိုင်းကျင့်စဉ်များရှိမလားနော်”

“အို ဘယ်လို အထင်ကရ သိုင်းကျင့်စဉ်များလဲ”

နန်ပါးထျန်းမှ ပြုံးလိုက်သည်။

“နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်”

ချီမုကောသည် သူဖုန်းစားအိုကြီးကို တစ်ချက်ကြည့်လိုက်ပြီး ရေရွတ်၏။

“အမ်း အဟုတ်ပါပဲ။ သူဖုန်းစားအိုကြီးအနေနဲ့ ပြသပေးဖို့ ဆန္ဒရှိလား သိချင်မိပါရဲ့”

သူဖုန်းစားအိုကြီး၏စိတ်အတွင်းမှာ ကသောင်းကနင်းဖြစ်နေ၏။ ဖုန်းစန်း အသတ်ခံရပြီး သူ၏အာဏာကြီးထွားရန် အစီအစဉ်သည်လည်း ကျရှုံးသွားခဲ့ပြီ။ ယခုတွင် ဤလူယုတ်မာများသည် သူဖုန်းစားဂိုဏ်း၏ အထူးသိုင်းပညာကိုပင် တပ်မက်နေကြသေးသည်။

မဖြစ်နိုင်ဘူး!

ထိုသို့အတွေးဖြင့် သူဖုန်းစားအိုကြီးသည် လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။

“နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ဆိုတာ ဘာပါလဲ။ ကျုပ်လည်း မသိရပါလား။ တပ်မှူးချီမုကော ဒါက နန်ပါးထျန်းရဲ့‌ ပြောစကားလေးတစ်ခွန်းပါပဲ။ ယုံကြည်လို့မရနိုင်ပါဘူး”

“အို ဟုတ်လား”

ချီမုကောသည် ပြုံးလိုက်ပြီး ဘာမျှဆက်မပြောချေ။

ထိုစဉ် ပွဲကြည့်စင်ထောင့်စွန်းရှိ ချောင်ဟုန်ယန်သည် လက်ဖက်ရည်တစ်ငုံကို ခပ်အေးအေးသောက်နေသည်။ သူမ၏နှုတ်ခမ်းလေးများသည် ပြုံးရယ်ဟန် အနည်းငယ် ကွေးညွတ်နေခဲ့သည်။

မျက်လုံးအစုံ၌လည်း အသိအမှတ်ပြုခြင်း အရိပ်အ‌ယောင်တစ်စ ထင်ဟပ်နေပေသည်။

“သူတကယ်ကြီး ဖုန်းစန်းကို သတ်လိုက်တာပဲ!”

‌

ဘေးရှိ အစေခံမလေး၏ပါးပြင်သည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသည်။

“သခင်မလေး! သခင်မလေး! ကျွန်မတို့ နိုင်ပြီ! ချန်ကျိုစစ်က ဖုန်းစန်းကို တကယ်သတ်နိုင်ခဲ့တယ်! တော်လိုက်တာ!”

ချောင်ဟုန်ယန်မှ ပြုံးလိုက်သည်။

“တကယ့်ကိုပဲ အရမ်းတော်တယ်”

ထိုအချိန်၌ စင်အောက်ရှိ ပွဲကြည့်ပရိသတ်များသည် ဟာခနဲ ဟင်ခနဲ ဖြစ်နေကြသည်။

တော်တယ်၊ အရမ်းတော်တယ်။ ခုနက သိုင်းကွက်သုံးကွက်က အရမ်းကိုမှ ပြင်းထန်အားကောင်းပြီး အသက်နုတ်နိုင်တဲ့အကွက်ချည်းပဲ။ အဲဒီလှံရှည်က တကယ့်ကို ကောင်းကင်ဘုံက ကြယ်ပျံတစ်စင်းအလားပဲ။ တစ်ဖက်လူ သတိလက်လွတ်ဖြစ်တာကို အမိအရဖမ်းဆုပ်ပြီး အားပြင်းပြင်းတိုက်ခိုက်တယ်– တကယ့်ကို ကြောက်ခမန်းလိလိပါပဲ!

ပွဲကြည့်ပရိသတ်များသည် အချင်းချင်း ဆွေးနွးပြောဆိုနေကြသည်။

လူအုပ်ထဲ၌ စူးယွင်ကျင်းသည် ချန်ကျဲ့မှ ပြိုင်ဘက်အား သတ်နိုင်လိုက်သည့်မြင်ကွင်းကို ကြည့်နေခဲ့သည်။ သူမသည် နောက်ဆက်တွဲဖြစ်သော ထိတ်လန့်ကြောက်ရွံ့ဖွယ်မြင်ကွင်းကို မကြည့်ရဲသည့်တိုင် ကိုယ့်ကိုယ်ကိုယ် ပြိုင်ပွဲစင်မှ အကြည့်မလွှဲဘဲ အတင်းအကျပ် ကြည့်နေစေသည်။ အထူးသဖြင့် ‌ခင်ပွန်းဖြစ်သူ၏ ပခုံးကိုဖြစ်သည်။

အားလုံးသည် ချန်ကျဲ့အား အနိုင်ရရှိခြင်းအတွက် အားပေးနေကြသော်ငြား စူးယွင်ကျင်းသည် ချန်ကျဲ့၏ပခုံးကို ပြတ်ရှသွားသည့် ဖုန်းစန်း၏ဓားချက်ကိုသာ သတိရနေခဲ့သည်။

အားလုံးသည် ချန်ကျဲ့ မည်မျှအမြင့်အထိ ပျံသန်းသွားလိမ့်မည်ကို ဂရုစိုက်‌နေကြချိန်တွင် စူးယွင်ကျင်းတစ်ယောက်တည်းသာ ချန်ကျဲ့ မည်မျှပင်ပန်းနေလိမ့်မည်ကို စိုးရိမ်နေခဲ့သည်။

အဲဒီပခုံးပေါ်က ပြတ်ရှဒဏ်ရာက အရမ်းနာမှာပဲ။

ထိုအချိန်၌ ရွေ့ရွေ့သည် စိတ်လှုပ်ရှားတက်ကြွစွာ အော်ပြောနေသည်။

“အစ်ကိုကြီး အစ်ကိုကြီး…”

သူမသည် ထူးခြားသည့် ကလေးတစ်ယောက်ဖြစ်၏။ သွေးမကြောက်တတ်သူအဖြစ် မွေးဖွားလာသည့်အပြင် အနည်းငယ်ပင် သဘာကျနေသေးသည်။

ဤမြင်ကွင်းသည် စူးယွင်ကျင်းကိုပင် ကြောက်ရွံ့‌ထိတ်လန့်စေခဲ့ရာ ရွေ့ရွေ့သည် မိသားစုအပေါ် ချစ်ခြင်းမေတ္တာတည်ရှိနေဆဲဖြစ်ပြီး မည်သည့်နတ်ဆိုးဝိဉာဉ်မျှ ပူးကပ်နေခြင်းမဟု‌တ်ကြောင်း သေချာမှသာ စူးယွင်ကျင်းမှာ စိတ်ချနိုင်တော့သည်။

တတိယသခင်မလေးဟွားမှ ရယ်၏။

“မဆိုးဘူး၊ ငါ့မောင်လေးဖြစ်ဖို့ ထိုက်တန်တယ်။ အဲဒီသိုင်းကွက်သုံးကွက်က အရည်အချင်းပြည့်ဝပြီး နက်နဲဆန်းကြယ်တယ်!”

စူးယွင်ကျင်းသည် တတိယသခင်မလေးဟွားကို ကြည့်၍ မေးမြန်းသည်။

“အစ်မဟွား အစ်မက သိုင်းပညာမြင့်မားတဲ့သူပဲ၊ ခုနက ကျိုစစ် ရသွားခဲ့တဲ့ဒဏ်ရာက မပြင်းထန်ဘူးမလား”

တတိယသခင်မလေးဟွားမှ ရယ်မောသည်။

“မစိုးရိမ်ပါနဲ့ ယွင်ကျင်းရဲ့။ ခုနက ဓားချက်က အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အစိတ်အပိုင်းကို ထိမသွားဘူး။ သွေးစီးကျနေတာကြောင့်သာ ပြင်းထန်တယ်လို့ထင်ရတာ၊ တကယ်တော့ ဒဏ်ရာကြီးကြီးမားမား မဟုတ်ဘူး။ အချိန်မီ‌ သွေးတိတ်အောင်လုပ်ဖို့ပဲ လိုတာ”

ထိုအခါမှ စူးယွင်ကျင်းသည် နားလည်သွားပြီး အသိပြန်ကပ်သွား၏။

ထိုအချိန်၌ ကျားဖြူခန်းမအဖွဲ့သားများသည် စု‌ေဝးဝန်းရံလျက် စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်။ သူတို့သည် မိမိတို့ဘက်မှ ရှုံးနိမ့်မည်ဟု တွေးထင်၍ ပြိုင်ပွဲသို့ လာရောက်ခဲ့ကြသည်။ သို့သော် မမျှော်လင့်ထားဘဲ သူတို့အနိုင်ရခဲ့၏။ ဤသို့ ရုတ်တရက်အောင်နိုင်မှုသည် သူတို့ကို ထိန်းမနိုင်သိမ်းမရဖြစ်သွားစေခဲ့ကာ အဖွဲ့သားများအားလုံးသည် အတူတကွ အော်ဟစ်နေကြတော့သည်။

“သခင်၅ သခင်၅ သခင်၅!”

လေထုအခြေအနေသည် တက်ကြွမှုဖြင့်လွှမ်းခြုံနေခဲ့ကာ လူတိုင်းနီးပါးသည် သခင်၅ဟု အော်ဟစ်အားပေးနေကြပေသည်။

ထိုအချိန်၌ ကျားဖြူခန်းမ၏ မွေးစားသားကြီး၃ဦးသည် ရှေ့တန်းတွင်ထိုင်နေကြသည်။

လုရုံမှ ရွှင်ပျစွာ ပြုံးရယ်လျက် ပြောသည်။

“ဟားဟားဟား… ညီငယ်၅ မင်းလုပ်နိုင်ခဲ့ပြီ၊ မင်း တကယ်ကြီး အနိုင်ယူနိုင်ခဲ့တာပဲ။ ဟားဟားဟား… ကောင်းတယ် အရမ်းကောင်းတယ်…”

လုရုံ၏ဘေးရှိ နှစ်ဦးသည်လည်း ပြုံးရယ်နေကြသည်။ သို့သော် သူတို့နှစ်ဦး၏အပြုံးတို့မှာ အတင်းအကျပ် လုပ်ယူထားသည့်အလားပင်။

ဖုန်းရွှမ်သည် ချန်ကျဲ့ကို အော်ဟစ်အားပေးနေသည့် အဖွဲ့သားများသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် ကျန်းချွမ်ဘက်သို့ လှည့်၍ ပြောသည်။

“ညီငယ်၂၊ အခု ညီငယ်၅ရဲ့ အဆင့်အတန်းက ငါတို့ထက် မြင့်မားသွားပြီ!”

All Chapters