← Chapters

ချောင်ဟုန်ယန် : ဒီကိုလာ၊ ငါမင်းကို စားပစ်ရအောင်_၃

Vol. 20 Ch. 274

ချောင်ဟုန်ယန် : ဒီကိုလာ၊ ငါမင်းကို စားပစ်ရအောင်_၃

Vol. 20 Ch. 274

သူတို့စကားပြောနေစဉ် သူတို့ဘက်ခြမ်းမှ လျှောက်လာနေသည့် ချောင်ဟုန်ယန်ကို မြင်တွေ့လိုက်ရသည်။

ခဏကြာပြီးနောက် ချောင်ဟုန်ယန်သည် သူတို့၏ရှေ့သို့ ရောက်လာခဲ့ပြီး ပျိုနီပန်းရနံ့သင်းသင်းသည်လည်း သူတို့၏နှာခေါင်းထိပ်ဖျားသို့ တိုးဝင်လာခဲ့သည်။

သို့သော် အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်နှင့် မျက်နှာချင်းဆိုင်နေရလေရာ သူတို့သည် လေးစားမှုမရှိ မပြုမူရဲကြပေ။ အားလုံးသည် လက်သီးယှက်အရိုအသေပြုလျက် ချောင်ဟုန်ယန်ကို နှုတ်ဆက်ကြ၏။

“စီနီယာကို အရိုအသေပြုပါတယ်”

ချောင်ဟုန်ယန်သည် အခြားသူများကို လျစ်လျူရှု၍ ချန်ကျဲ့ကိုသာ ကြည့်၏။

“ငါတို့ကြားမှာ စာရင်းရှင်းသွားပြီ”

“စီနီယာကို ကျေးဇူးတင်ပါတယ်”

…

ချန်ကျဲ့သည် ကျေးဇူးတင်မှုကို ဖော်ပြခြင်းအားဖြင့် ချက်ချင်း အရိုအသေပြုလိုက်သည်။

ချောင်ဟုန်ယန်သည် လက်ဆန့်တန်းလိုက်ပြီး ချန်ကျဲ့၏ပခုံးကို ခပ်ဖွဖွပုတ်သည်။

“ငါမင်းကို နည်းနည်းသဘောကျမိသွားပြီ။ နောက်ကို အချိန်ရရင် ယီးဟုန်ဂေဟာဆီ လာခဲ့ပါဦး”.

ချန်ကျဲ့ တောင့်ခဲသွားပြီး ရုတ်ချည်း ပြောလိုက်သည်။

“စီနီယာကို ပို့ဆောင်ပါတယ်!”

ချောင်ဟုန်ယန် ပြုံးလိုက်သည်။

သို့သော် ထို့နောက်တွင် အဝေးမှ အမျိုးသမီးသုံးဦး ချဉ်းကပ်လာခဲ့သည်။ အရွယ်ရောက်ပြီး အမျိုးသမီးနှစ်ဦးနှင့် ကလေးတစ်ဦးတို့ ဖြစ်ပေသည်။

ထိုအချိန်၌ နှစ်လိုဖွယ်သော ရုပ်ရည်ရှိသော်ငြား ကြမ်းကြုတ်သည့်အပြုအမူရှိသော အမျိုးသမီးမှ ပြောသည်။

“ဟေး အပြုံးကုန်သည် ငါ့မောင်လေးအနားကနေ ဝေးဝေးနေစမ်း၊ သူ့မှာ ဇနီးသည်ရှိပြီးသား”

ဟင်?

ချောင်ဟုန်ယန်သည် အသံပိုင်ရှင်အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။ ထိုအမျိုးသမီးသည်လည်း အကြည့်မလွှဲပေ။

သူမ မျက်နှာချင်းဆိုင်နေသူမှာ အထင်ကရပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ကြောင်း မသိသည့်အလားပင်။

ကြမ်းကြုတ်သည့်အမျိုးသမီးကို သူ၏နောက်ရှိ အမျိုးသမီးမှ ဆွဲနေခဲ့သည်။

ကြမ်းကြုတ်သည့်အမျိုးသမီးမှ ပြော၏။

“ညီမလေး မင်းငါ့ကို ဘာလို့ဆွဲနေတာလဲ။ မင်းယောက်ျားကို လူတစ်ယောက်က အလစ်သုတ်ဖို့ကြိုးစားနေတာ မင်းမမြင်ဘူးလား”

“အစ်မ!”

“မင်းကိုယ်မင်းကြည့်ဦး၊ မင်းပိုင်ဆိုင်တဲ့အရာကို သေချာဂရုစိုက်ရမယ်လေ။ အပြင်ဘက်က မြေခွေးမတွေ လှည့်ဖျားတာ မခံရစေနဲ့!”

“အစ်မ အဲဒီလိုမပြောပါနဲ့။ သူက အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်ပါ”

ကျက်သရေတင့်တယ်သည့် အမျိုးသမီး‌မှ ကြမ်းကြုတ်သည့်အ‌မျိုးသမီးကို ဆက်လက်ဖျောင်းဖျသည်။

ထိုအခါ ကြမ်းကြုတ်သည့်အမျိုးသမီးမှ ပြော၏။

“သူက အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်ဆိုတော့ရော ဘာဖြစ်လဲ။ အဲဒါနဲ့ပဲ တစ်ပါးသူရဲ့ယောက်ျားကို ယီးဟုန်ဂေဟာဆီ မြှူဆွယ်လို့ ရသွားရောလား။ ဖွီ အရှက်မရှိလိုက်တာ!”

“နင် နင်ဘယ်လိုအရူးမလဲ၊ ကျွန်မတို့ သခင်မလေးကို ဒီလိုစော်ကားရဲတယ်ပေါ့လေ။ နင့်ပါးစပ်ကို ဆုတ်ဖြဲပစ်မယ်!”

တတိယသခင်မလေးဟွား၏ စော်ကားပြောဆိုမှုကို ချောင်ဟုန်ယန်သည် မတုံ့ပြန်ပေ။ သို့သော် သူမ၏ဘေးရှိ အစေခံမလေးသည် မခံနိုင်သဖြင့် ရှေ့ထွက်လာ၍ တတိယသခင်မလေးဟွား၏ မျက်နှာကို လှမ်းဆွဲ၏။

သူမသည် သိုင်းပညာသင်ယူဖူးကြောင်း ထင်ရှားလှသည်။

သို့သော် တတိယသခင်မလေးဟွားသည် သူမ ကိုင်တွယ်နိုင်မည့်သူ မဟုတ်ပါချေ။ တတိယသခင်မလေးဟွားသည် အစေခံထက် ပို၍လျင်မြန်သည့် လှုပ်ရှားမှုဖြင့် အစေခံကိုဆံပင်မှ ဆွဲလိုက်သည်။

“အား!”

အစေခံသည် နာကျင်မှုကြောင့် အော်ဟစ်၏။

ထိုမြင်ကွင်းကြောင့် ချောင်ဟုန်ယန် မျက်မှောင်ကြုတ်လိုက်ပြီး နောက်တဒင်္ဂတွင် သူမကိုယ်တိုင် အမြန် လှုပ်ရှားလာခဲ့သည်။

သူမ၏လက်သည် လှပတင့်တယ်ကာ သက်တမ်းရင့်ကျောက်စိမ်းဖြူလေးအလား ပန်းပွင့်ဖတ်များကို ဖြတ်သန်း၍ တတိယသခင်မလေးဟွားကို ‌ဘေးဘက်ထောင့်ချိုးမှ ဦးတည်တိုက်ခိုက်သည်။

တတိယသခင်မလေးဟွားသည် မေ့တောင်ဖြိုခွင်း ပန်းလက်ဝါးသိုင်းအား မြင်တွေ့လိုက်ရသည်တွင် မျက်လုံးအိမ်တို့ အနည်းငယ်မှေးကျဉ်းသွား၏။

တတိယသခင်မလေးဟွားသည် စိုးစဉ်းသော်မျှ တွေဝေတွန့်‌ဆုတ်ခြင်းမရှိဘဲ လက်ဝါးသိုင်းတစ်ကွက်ဖြင့် ပြန်လည်တိုက်ခိုက်သည်။ သူမ၏ လက်ဝါးသိုင်းသည် လျင်မြန်ခြင်းနှင့် အလျင်လိုခြင်းများ မရှိပေ။

သို့သော် ထူးဆန်းသည့်ခံစားချက်တစ်မျိုးကို ခံစားရစေသည်။

ဤသည်မှာ တတိယသခင်မလေးဟွား၏ ကျွမ်းကျင်ရာဖြစ်သော အဆိပ်တစ်ရာလက်ဝါးသိုင်းဟုလည်း အမည်တွင်သည့် ပိုးတိမ်မျှင်ယှက်နွယ်သိုင်းဖြစ်သည်။

ဤသိုင်းပညာသည် လောကတစ်ခွင်ရှိ အသင်္ချေသော အဆိပ်မြောက်များစွာထဲမှ တစ်မျိုးဖြစ်ပြီး ပြိုင်ဘက်အား တိုက်ခိုက်ခြင်းနှင့် တစ်ချိန်တည်းတွင် အဆိပ်ခတ်ခြင်းနည်းလမ်းဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။

တတိယသခင်မလေးဟွားတို့၏ မျိုးနွယ်သည် မီးအဆိပ်ကို လေ့ကျင့်ကြသည်။

ထို့ကြောင့် သူမ၏ ပိုးတိမ်မျှင်ယှက်နွယ်သိုင်းသည် မီးအဆိပ်လက်ဝါးသိုင်းဟုလည်း အမည်ကျော်ကြား၏။

တတိယသခင်မလေးဟွားမှ သိုင်းကွက်ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ချောင်ဟုန်ယန်သည် အခြေအနေမကောင်းကြောင်း သတိထားမိလိုက်ပြီး သူမ၏ ပန်းလက်ဝါးသိုင်းကို ချက်ချင်း ထိန်းညှိလိုက်သည်။ ထို့နောက် လက်သည်းမှ လက်ဝါးရိုက်ချက်အဖြစ်သို့ ပြောင်းလဲ၍ တတိယသခင်မလေးဟွားကို ဦးတည်တိုက်ခိုက်သည်။

တတိယသခင်မလေးဟွားလည်း သူမ၏လက်ကို ဖမ်းဆွဲသည့်အနေအထားမှ လက်ဝါးရိုက်ချက်အဖြစ်သို့ ပြောင်းလဲသည်။

ထို့နောက်တွင် နှစ်ဦး၏ လက်ဝါးရိုက်ချက်များ ထိခတ်သွားပြီး နှစ်ဦးစလုံး နောက်ဆုတ်သွားတော့သည်။

သူတို့နှစ်ဦးသည် နေရာတွင် မလှုပ်မယှက်ရပ်၍ တစ်ဦးကိုတစ်ဦး စူးစိုက်ကြည့်နေကြသည်။ သို့သော် ချောင်ဟုန်ယန်၏မျက်လုံးများသည် သူ့အား သစ္စာဖောက်လျက် အံ့ဩထိတ်လန့်မှု အနည်းငယ် ထင်ဟပ်သွားခဲ့၏။

ဒီအမျိုးသမီးက ဘယ်သူလဲ။ သူ့ရဲ့အင်အားက ငါ့ထက် နည်းပုံမရဘူး။ သူကလည်း အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်ပဲလား ဒါမှမဟုတ် တခြားတစ်နေရာရာကနေ ရောက်လာတာလား။

ပြီးတော့ ချန်ကျိုစစ်ကရော ဘာလဲ။ ဘာလို့ သူ့အနားမှာ အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်တွေ အရမ်းများနေရတာလဲ။

တတိယသခင်မလေးဟွားလည်း မျက်လုံးအိမ်တို့ မှေးကျဉ်းထား၏။ ထိုမြေခွေးမသည် အမှန်တကယ် အရည်အချင်းရှိသည်ဟု အသိအမှတ်ပြုမိရင်း မေ့တောင်ဖြိုခွင်း ပန်းလက်ဝါးသိုင်းမှာလည်း အဆင့်မြင့်သိုင်းပညာဖြစ်ကြောင်းကို အသိအမှတ်ပြုနေမိပေသည်။

သို့သော် သူမ၏မျက်နှာထက်တွင် စိတ်အလိုမကျမှုကို ပြသထား၏။

“အစောင့်အရှောက်ကြီး၁၃ဦးက ဘာမှလည်း မဟုတ်ပါဘူး”

“မင်းဘယ်သူလဲ”

ချောင်ဟုန်ယန်လည်း တတိယသခင်မလေးဟွားကို တည်ကြည်လေးနက်စွာ ကြည့်နေခဲ့သည်။ တတိယသခင်မလေးဟွားသည် သူမ၏နှုတ်ခမ်းကို လက်ဖြင့်အုပ်လျက် ပြောသည်။

“ကျွန်မက ဒီနံစော်နေတဲ့ကလေးရဲ့ အစ်မပဲ။ ကျွန်မပြောချင်တာက ကျွန်မမောင်မှာ အိမ်ထောင်ရှိတယ်။ ကျွန်မရဲ့ညီမလေးက နူးညံ့သိမ်မွေ့လို့ ရှင်တို့လိုမြေခွေးမတွေနဲ့ ပြိုင်ချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ညီမလေးက ရှင်နဲ့မယှဉ်ပြိုင်လို့ဆိုပြီး လွန်မလာလိုက်နဲ့။ ကျွန်မ ခွင့်ပြုထားမှာ မဟုတ်ဘူး!”

ထိုစကားတွင် ချောင်ဟုန်ယန်သည် တတိယသခင်မလေးဟွားကို ကြည့်လိုက်သည်။ ထို့နောက် ချန်ကျဲ့ကိုကြည့်၍ ပြောသည်။

“ဟက် ရှင်က အစ်မလေ၊ သူ့ရဲ့ မယားကြီးလည်း မဟုတ်ဘဲနဲ့ ဘာလို့ သူ့ကိစ္စတွေထဲ ဝင်ပါနေရတာလဲ”

“ပြီးတော့ ကျိုစစ်နဲ့ငါနဲ့က အပြန်အလှန် သဘောတူညီချက် လုပ်ထားတာ၊ ရှင်က ဘာမို့လို့လဲ”

ချန်ကျိုစစ်မှာ ထိုစကားကိုကြားသည်တွင် ကြောင်အသွားတော့သည်။

ကျွန်တော်က ဘယ်တုန်းက ခင်ဗျားနဲ့ အပြန်အလှန် သဘောတူညီချက်ထားလိုက်တာလဲ။ ကျေးဇူးအများကြီးတင်ပါရဲ့၊ ကျွန်တော့်မှာ မိသားစုရှိတယ်ဗျ။

“အဟမ်း… စီနီယာ‌ဟုန်ယန်၊ ကျွန်တော်က အိမ်ထောင်သည်တစ်ယောက်ပါဗျာ။ ကျေးဇူးပြုပြီး မနောက်ပါနဲ့တော့”

“ရို့အခုတော့ စီနီယာဟုန်ယန်လို့ ခေါ်ပြီပဲ။ ဒါပေမဲ့ ခုနလေးကတင် သူက အချစ်ကလေးဟုန်ယန်လို့ ခေါ်နေတာလေ”

“ကျွန်တော် မဟုတ်၊ ကျွန်တော်…”

“တော်လောက်ပြီ။ မင်းက အိမ်ထောင်သည်ဆိုတာကို ငါသိတယ်။ ဒါပေမဲ့ အဲဒီတော့ရော ဘယ်ဥယျာဉ်ကများ တောရိုင်းပန်းရဲ့ရနံ့ကို မနှစ်သက်လို့လဲ”

“မြေခွေးမ ငါနင့်ကို သေအောင်ရိုက်သတ်ပစ်မယ်!”

တတိယသခင်မလေးဟွားသည် ဒေါသတကြီးဖြင့် တိုက်ခိုက်ရန်ပြင်၏။ သို့သော် စူးယွင်ကျင်းမှ ကြားဝင်၍ ဟန့်တားလိုက်သည်။

“အစ်မဟွား စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့”

“ညီမလေး၊ သူက ငါတို့လည်ပင်းအထိ တက်ပြီး အညစ်အကြေးစွန့်နေပြီ။ ညီမလေး မင်းသူ့ကို မကြောက်နဲ့။ အစောင့်အရှောက်ကြီး၁၃ဦးဆိုတော့ရော ဘာဖြစ်သေးလဲ။ ငါသူ့ကို ရိုက်မယ်လို့ပြောရင် ရိုက်မှာပဲ!”

“အစ်မ”

စူးယွင်ကျင်းသည် တတိယသခင်မလေးဟွားကို ကြိုးစားဟန့်တားနေခဲ့သည်။

တစ်ဖက်ရှိ ချောင်ဟုန်ယန်သည် စူးယွင်ကျင်းကို သေချာအကဲခတ်ကြည့်လိုက်သည်။

“အဲဒီတော့ မင်းက ကျိုစစ်‌ရဲ့ဇနီးပေါ့”

ထိုအခါ တတိယသခင်မလေးဟွားကို ထိန်းနေသည့် စူးယွင်ကျင်းသည် ချောင်ဟုန်ယန်ကို ခေါင်းလှည့်ကြည့်၍ အရိုအသေပြုနှုတ်ဆက်လိုက်သည်။

“မိန်းကလေးဟုန်ယန်ကို နှုတ်ဆက်ပါတယ်”

“ဟက် မင်းက အတော်လေး

သဘောထားကြီးတာပဲနော်။ ငါက မင်းရဲ့အမျိုးသားနဲ့ ကလူ၏မြူ၏လုပ်နေတာကိုတောင် မင်းက ငါ့ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံနေသေးတယ်ပေါ့လေ?”

ချောင်ဟုန်ယန်သည် စူးယွင်ကျင်းကို စိတ်ဝင်စားစွာ ကြည့်နေခဲ့သည်။

စူးယွင်ကျင်းမှ ပြော၏။

“မိန်းကလေးဟုန်ယန်က နောက်ပြောင်နေပါပြီ။ မိန်းကလေးဟုန်ယန်နဲ့ ကျိုစစ်ကြားမှာ ဘာမှမရှိပါဘူး။ ကျွန်မရဲ့အစ်မကို စိတ်မဆိုးပါနဲ့။ ပြီးတော့ ဒီလိုသေးနုပ်တဲ့ အချင်းပွားမှုလေးကြောင့်နဲ့ မိန်းကလေးရဲ့ဂုဏ်သတင်းကို မညှိုးနွမ်းပါစေနဲ့

“

All Chapters