လည်ချောင်းက တစ္ဆေ
Vol. 17 Ch. 225
"သူ့ကလေးက ငါ့ဗိုက်ပေါ်မှာ ထိုင်လိုက်တဲ့ အခိုက်မှာ ငါ လုံးဝ အသက်ရှူလို့ မရတော့ဘူး"
"ငါ ပါးစပ်ဖွင့်ပြီး အကူအညီ တောင်းခဲ့တယ်၊ ဒါပေမယ့် တကယ်တော့ ဘယ်သူမှ ငါ့အသံကို ကိုမကြားဘူးဆိုတာ သိခဲ့တယ်။ မရေမတွက်နိုင်အောင် ကြိုးစားခဲ့ပေမယ့် အကျိုးမရှိခဲ့ဘူး။ အိမ်က အစေခံတွေလည်း မကြားနိုင်ဘူး။ အခန်းထဲက အသံတွေလည်း လုံးဝကို ပျောက်ကွယ်သွားတယ်။ သီးသန့်ကြီးကို ဖြစ်နေခဲ့တယ်!"
"ငါ အရမ်းမအီမသာဖြစ်ပြီး ကြိုးစား ရုန်းကန်ခဲ့တယ်၊ ဒါပေမယ့် အခုတော့ ရုန်းကန်ဖို့တောင် မတတ်နိုင်တော့ဘူး။ အဆုံးမှာတော့ အိပ်ရာပေါ်မှာ အဲ့အတိုင်းပဲ လှဲနေလိုက်တယ်၊ ဘာလို့လဲဆိုတော့ သူ့ကို ငါအထင်မှားအောင်လုပ်လို့မရတော့ဘူး၊ ဒါမှမဟုတ် ငါ့ရဲ့အလိမ်အညာတွေက တကယ်တော့ ဘယ်တုန်းကမှ အောင်မြင်ခဲ့ဖူးတာမဟုတ်ဘူးဆိုတာ သိလိုက်ရလို့ပဲ"
"ဒါပေမယ့် သူက ဘာလို့ ငါ့ကိုခြောက်ဖို့ပဲ လာနေတာလဲ? ဒါပေမယ့် သူက ဘာတစ်ခုမှ မလုပ်ဘူး?"
"သူက ဘယ်သူလဲ၊ သူဘာလုပ်မှာလဲ?"
"၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်၊ ရာသီဥတု - နေသာ"
"ဒီနေ့က ငါ့ ရှောင်ယီလေးရဲ့ ပထမဆုံး မွေးနေ့ဖြစ်တယ်။ ငါ့ခင်ပွန်းကလည်း အိမ်ကို စောစောပြန်လာခဲ့တယ်။ သူက လက်ဆောင်တွေအများကြီးပြင်ဆင်ထားတယ်။ ငါ့ရဲ့သမီး အကြောင်းက သူ့အတွက် အရမ်းကိုအရေးကြီးတယ်။ ဒါပေမယ့် ငါ သူ့ကိုဒီအရာတွေကို မပြောပြရဲဘူး ဖြစ်နေတယ်"
"ငါက ရှောင်ယီမွေးပြီးတဲ့အခါ သူတို့တွေ နောက်တစ်ခါ မလာတော့ဘူးလို့ အမြဲထင်ခဲ့တယ်၊ ဒါပေမယ့် ငါ လျှော့တွက်မိခဲ့တယ်။ သူက တစ်ခါမှ မထွက်သွားခဲ့ဘူး၊ အမြဲတမ်း အိမ်ထဲမှာပဲ ရှိနေတယ်။ ငါတို့မိသားစုက ရှောင်ယီရဲ့ မွေးနေ့ကိုကျင်းပနေတဲ့အချိန်မှာ၊ သူက နောက်ဆုံးတစ်ခါထပ်လာခဲ့တယ်"
"သူပေါ်လာတိုင်း ငါက အထီးကျန်နေပြီး အကူအညီမဲ့နေတဲ့အချိန်ပဲ။ ငါ့ရဲ့ခင်ပွန်းနဲ့ သူ့သူငယ်ချင်းတွေက အပြင်ထွက် သောက်နေကြတယ်၊ ငါက ရှောင်ယီကိုအိမ်မှာခေါ်ပြီး ရေချိုးဖို့ သွားတယ်။ ဘာလို့ ငါတို့ ထွက်လာတဲ့အခါ ရှောင်ယီက ပုခက်ထဲမှာ အဲဒီကလေးအဖြစ် ပြောင်းသွားရတာလဲ!"
"သူက ငါ့ကို ငါ့ဗိုက်ပေါ်ထိုင်နေတုန်းကလို ကြည့်နေခဲ့တယ်။ သူ့မျက်လုံးတွေက ဗလာဖြစ်နေပြီး ဘယ်သူ့ အရိပ်အယောင်မှ မပါဘူး။ သူ့မျက်နှာပေါ်မှာ ဘာဒေါသမှ မတွေ့ရဘူး၊ ဒါပေမယ့် သူက ငါ့ကို ပြုံးပြတယ်။ သူ့ပြုံးနေဟန်က အရမ်းအေးစက်ပြီး ဆောင်းရာသီ အလယ်မှာ ရုတ်တရက် ရေခဲရေတွေ ကျလာသလိုပဲ။ တစ်စက်... နှစ်စက်... သုံးစက်။ အရမ်းစိုစွတ်ပြီး အေးစက်နေတယ်..."
"ငါ အရမ်းကြောက်နေခဲ့တယ်။ တစ်နှစ်လုံး သူတို့ကိုမမြင်ရခဲ့ဘူး။ သူတို့ ဘာလို့ထပ်ပြီးပေါ်လာရတာလဲ? ငါ ဒီလောက်များတာတွေကို မထိန်းချုပ်နိုင်ဘူး။ ငါ ရှောင်ယီကို ရှာချင်တယ်။ ဒါက ငါ့ရဲ့အသက်နဲ့ ငါ့ခင်ပွန်းရဲ့ အသက်ပဲ! ငါ ပုခက်ထဲက ကလေးကို အပြင်းအထန်လှုပ်ခါခဲ့တယ်၊ ဒါပေမယ့် လှုပ်ရင်းနဲ့ ရှောင်ယီငိုသံကို ကြားလိုက်ရတယ်။ သူမက အိပ်ရာပေါ်မှာ၊ ငါ့ကို ကြည့်နေတယ်"
"ငါ ရှောင်ယီကိုကောက်ယူလိုက်တဲ့အခါ သူတို့တွေ ထပ်ပျောက်သွားတယ်။ ငါ ဘာလုပ်ရမလဲ? ငါ့ရဲ့ ခင်ပွန်းကို ဒီအရာအားလုံးကို ပြောပြရမလား? သူတစ်ခုခုကိုများ ပြစ်မှားခဲ့မိလို့လား?"
"၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်၊ ရာသီဥတု - မိုးရွာ"
"ငါ နောက်ဆုံးတော့ မခံနိုင်စားတော့ဘဲ ခင်ပွန်းကို ဒီအရာအားလုံးကို ပြောပြလိုက်တယ်။ သူအရမ်း ဒေါသထွက်သွားတယ်၊ ငါ့ကိုတောင် အမျက်ထွက်ပြီး အော်ခဲ့တယ်။ ငါသိပါတယ်၊ သူငါ့ကို အပြစ်တင်နေတာ မဟုတ်ဘူး၊ ဒါက ငါက သူ့ကို စစ်မှန်တဲ့ ထောက်ပံ့သူတစ်ယောက်လို မမြင်ခဲ့လို့ပဲ။ ကံကောင်းတာက ရှောင်ယီက အဆင်ပြေနေတာပဲ"
"သူက ရှာဖွေဖို့ပြောပြီး အိမ်ကိုလာတဲ့ လူနှစ်ယောက်၊ တစ်ယောက်ကြီး တစ်ယောက်ငယ်ရဲ့ပုံစံကိုမေးတယ်။ ငါက သူ့ကို ဖော်ပြလိုက်ပြီး သူတို့ကို သိလားလို့ မေးတယ်? သူက မမှတ်မိဘူးလို့ ပြောတယ်။ ဒါပေမယ့် ငါ့ကို စိတ်မပူဖို့ ပြောပြီး သူဒါတွေအားလုံးကို ကိုင်တွယ်မယ်လို့ပြောတယ်"
"ဒါပေမယ့် ငါ့ရဲ့စိတ်ထဲမှာ သူ့ကို ဘယ်တော့မှမပြောဖူးတဲ့အရာတစ်ခုရှိတယ်။ ငါကိုယ်ဝန်ရှိနေတုန်းက သူပြောဖူးတယ်၊ ဘာပဲဖြစ်ဖြစ် ကလေးရဲ့ဘေးကင်းမှုနဲ့ ပတ်သတ်ပြီး ဘာပြဿနာမှ မဖြစ်စေရဘူး၊ သူ့ကလေးကို ပြဿနာဖြစ်စေသူတိုင်းကို သူဒုက္ခပေးမယ်လို့ ပြောတယ်"
"ဒါကသူ နောက်နေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ ဒါပေမယ့် ငါ ကြောက်သွားခဲ့တယ်။ အဲဒီအချိန်တုန်းက ငါ ဗိုက်ထဲက ကလေးကိုတောင် မနာလိုဖြစ်မိတယ်။ ဒါပေမယ့် သူက အဲဒီလို လူမျိုးပဲ။ သူ့နှလုံးသားထဲကိုဝင်ဖို့ မရေမတွက်နိုင်အောင်ကြိုးစားရင်တောင် သူငါ့ကို ဘယ်တော့မှ...."
ခြောက်နှစ်အရွယ် ရှောင်ယီသည် ဒီဒိုင်ယာရီ မှတ်တမ်းကို ပြီးမြောက်အောင် မဖတ်နိုင်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူမ၏ဖခင်သည် သူမအား နောက်ဆက်တွဲစာသားများကို ဖတ်ရန် သင်ကြားပေးခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။
ရုတ်တရက် ဖတ်ရှုနေမှုက ရပ်တန့်သွားခြင်းက ကျန်းရီကို အံ့အားသင့်စေခဲ့ပြီး " မစ္စတာချူး မင်းဇနီးသည်က မင်းကို ကြောက်နေပုံ ရတယ်နော်?" ဟုမေးလိုက်သည်။
"သူမရဲ့ မိသားစုစည်းကမ်းက အလွန်ကောင်းတယ်၊ ဒီလိုခေတ်မှာတောင် ခေတ်နောက်ကျပြီး ဓလေ့ထုံးတမ်း စဉ်လာတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုနိုင်တယ်။ သူမရဲ့အတွေးအခေါ်က ခင်ပွန်းသည်က ကောင်းကင်ထက် ကြီးမြတ်တယ်ဆိုတာပဲ၊ ဒါကြောင့် သူမက အမြဲတမ်း ငါ့ကို ဘယ်အရာမဆို ရွေးချယ်ပြောတတ်တယ်"
ချူးမိသားစုဝင်က မက်ဆေ့ချ်ပို့ခဲ့သည်။
ကျန်းရီက မက်ဆေ့ချ်ကိုကြည့်ပြီး "မစ္စတာချူး၊ တကယ်တော့ မင်း လုပ်နေတာက နားကိုပိတ်ပြီး ခေါင်းလောင်းကို ခိုးနေတာပဲ။ ရှောင်ယီကို ငါတို့သိပြီးသားပါ။ သူတို့တကယ် မင်းကိုရှာချင်ရင်... ဘယ်သူမှ ရှာမတွေ့နိုင်ဘူးလို့ထင်လား?" ဟု အဓိပ္ပာယ်ရှိရှိ ပြောခဲ့လိုက်သည်။
"မစ္စတာကျန်း၊ ငါ့အသံကို တကယ် နားထောင်ချင်လား?"
"ဒီကိစ္စကို ရှောင်ယီကတဆင့် ပြောမယ်ဆိုရင် ငါအရေးကြီးတယ်ထင်တဲ့ အချက်အလက်တွေပျောက်သွားမယ်။ မင်းလည်း ဒီအရာကို ကြုံတွေ့ဖူးသူ တစ်ယောက်ဖြစ်တယ်၊ ဒီနှစ်တွေအတွင်း မင်းဘာတွေသိလာလဲဆိုတာ မင်းသိမှာပါ"
"ကောင်းပြီ၊ ငါပြောပြမယ်။"
ဖုန်းရဲ့အခြားဘက်က ရှောင်ယီရဲ့အသံကို ချူးမိသားစုဝင်ရဲ့ အသံက အစားထိုး လိုက်တဲ့အခါ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
ဒီအသံမျိုးကို ဘယ်လို သရုပ်ဖော်ပြရမလဲ မသိဘူး၊ ချူးမိသားစုဝင်က အသံပြောင်း ဆော့ဖ်ဝဲကို သုံးဖို့လောက်ထိ မလိုဘူး ဆိုတာလည်း သေချာတယ်၊ ကျန်းရီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာဆိုရင် အသံပြောင်းဆော့ဖ်ဝဲက သူခွင့်ပြုမှ အလုပ်ဖြစ်မှာပါ။
ချူးမိသားစုဝင်ရဲ့အသံက အလွန် စူးရှ မြင့်မားနေတယ်၊ ဒါပေမယ့် ရုပ်ရှင်တွေထဲက မိန်းမစိုးတွေလို မြင့်မားပြီး စူးရှတဲ့ အသံနဲ့မတူဘူး။
သူ့အသံထဲမှာ အားနည်းနေတဲ့ အသံမျိုးရှိပြီး အသံအားနည်းနေမှုထဲမှာ အသက်ရှူကျပ်စေတဲ့အရာတစ်ခုရှိတယ်၊ တစ်ယောက်ယောက်က သူ့လည်ပင်းကို ညှစ်ထားသလိုပဲ။
ဒီလိုအသံမျိုးက နားထဲမှာ တစ္ဆေညည်းနေတဲ့ အသံလိုကြားရတယ်။
"မစ္စတာချူးရဲ့အသံက အစကတည်းက ဒီလိုလား?"
"တကယ်တော့မဟုတ်ဘူး။ ကျွန်တော့်ဇနီးက ဒီကိစ္စကို ပြောပြီးတဲ့ နောက်မှာ ကျွန်တော့်အသံက တဖြည်းဖြည်းပြောင်းလာတယ်။ အခုအချိန်မှာ လူတွေနဲ့ စကားပြောရတာ မကြိုက်တော့ဘူး။ စကားပြောလိုက်ရင် လူတွေကို ကြောက်ရွှံစေမှာစိုးတယ်"
"ရှောင်ယီ ပြောတဲ့အဆိုအရ သူမက သူမထက် အနည်းငယ်ကြီးတဲ့ ကလေးတစ်ယောက်နဲ့ တွေ့ဖူးတယ်။ သင့်ဇနီးရဲ့ဒိုင်ယာရီမှတ်တမ်းမှာလည်း တစ္ဆေနှစ်ကောင်၊ တစ်ကောင်ကြီး တစ်ကောင်ငယ်က သူမကို နှောင့်ယှက်နေတယ်လို့ဖော်ပြထားတယ်။
နှောက်ယှက်မှုက မင်းဆီကနေ စတယ်။ မင်းရဲ့ဇနီး ရှောင်ယီရဲ့ ကိုယ်ဝန် ရှိနေတဲ့အချိန်၊ ကျွန်တော်ပြောတဲ့ စကား မှန်တယ်မဟုတ်လား?"
ကျန်းရီကမေးလိုက်တဲ့အခါ ချူးမိသားစုဝင်က "မှန်ပါတယ်" လို့ဖြေခဲ့တယ်။
"ပြီးတော့ မင်းအသံက ဒီအရာကို သိပြီးတဲ့နောက်မှပြောင်းတာလား၊ ဒါမှမဟုတ် ဒီကိစ္စကို ဖြေရှင်းဖို့စတင်တဲ့ အချိန်မှပြောင်းတာလား?"
"တိတိကျကျဆိုရရင် ကျွန်တော်ဒီကိစ္စကို ဖြေရှင်းဖို့စတင်နေပြီ။ အရမ်းတော်ပြီး နာမည်မကြီးတဲ့ တာအိုရသေ့ တစ်ပါးကို ဖိတ်ပြီးဖြေရှင်းခဲ့တယ်။ ဒါပေမယ့် တာအိုရသေ့က ဖြေရှင်းနေတုန်းမှာ ဒီလိုလုပ်ရင် ကျွန်တော် တန်ဖိုးတစ်ခု ပေးဆပ်ရမယ်လို့ပြောတယ်"
"အဲ့ဒီတန်ဖိုးက လည်ချောင်းမှာ တစ္ဆေရှိနေဖို့လား?"
"ဟ.. အဲဒီလို ရိုးရိုးရှင်းရှင်းဆိုရင် ကောင်းတာပေါ့။ မစ္စတာကျန်း ညနက်ချိန်မှာ အဆုံးမရှိတဲ့ ဆိုးယုတ်တဲ့ တစ္ဆေတွေကိုကြည့်ရတဲ့ခံစားချက်က ဘယ်လိုမျိုးလဲသိလား?"