← Chapters

ငရဲဘုရင်ရဲ့ အမိန့် ၂၀၀၀၀

Vol. 17 Ch. 226

ငရဲဘုရင်ရဲ့ အမိန့် ၂၀၀၀၀

Vol. 17 Ch. 226

ညနက်သန်းခေါင်အချိန်ရောက်တာနဲ့ အဆုံးမရှိတဲ့ မကောင်းဆိုးဝါး သရဲတွေကို မြင်နေရတယ်လား။

ဒီပုံရိပ်က စိတ်ထဲပေါ်လာတဲ့အခါ ခြောက်ခြားစရာ မကောင်းဘူးလား။

ဘေးက ကြည့်ရှုသူအဖြစ်ဆိုရင် ကျန်းရီရော၊ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူတွေပါ ဒီစကားကို လန့်မသွားကြဘူးလို့ ပြောလို့ရပါတယ်။

ဒါပေမယ့် ကိုယ်တိုင် ကြုံတွေ့နေရတဲ့ သူဆိုရင်ကော။

အဆုံးမရှိတဲ့ မကောင်းဆိုးဝါး သရဲတွေကို ကြုံတွေ့နေရသူတစ်ယောက်ရဲ့ စိတ်ထဲမှာ ဘာတွေးမိမလဲ။

ဒါပေမယ့် အသံက ​ပြောင်းသွားတယ်၊ ဒါကြောင့်မို့ ချူးမိသားစုဝင်က ဒီအကြောင်းကို ဖွင့်မပြောချင်တာဖြစ်သည်။

"မစ္စတာချူး၊ ခင်ဗျားဖိတ်ထားတဲ့ ကျွမ်းကျင်သူက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာပြောထားလဲ"

ကျန်းရီကမေးတော့ ဖုန်းတဘက်က ချူး မိသားစုဝင်က သက်ပြင်းရှည်ကြီးချပြီး ပြန်ဖြေလိုက်တယ်-

"ဆရာကြီးက အများကြီးမပြောဘူး၊ ဘာလုပ်ရမယ်ဆိုတာပဲ ညွှန်းပေးတယ်၊ ပြီးတော့ အကွက်ဆင်ထားတယ်။

အကြောင်းက အဲဒီ မကောင်းဆိုးဝါး သရဲနှစ်ကောင် (တစ်ကောင်ကြီး၊ တစ်ကောင်သေး) က ရှောင်ယီ ကို နှောက်ယှက်နေတာကြောင့်၊ သူက အိမ်တွင်းမှာ အမျိုးမျိုးစီစဉ်ပြီး တစ်ပြိုင်တည်းဖမ်းဖို့ ပြင်ဆင်ထားတယ်"

"အဲ့ဒီတုန်းက အိမ်ထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ"

"ကျွန်တော်တော့ အသေးစိတ် နားမလည်ဘူး၊ အိမ်ရဲ့ နေရာတိုင်းလိုလို မန္တန်စာရွက်တွေနဲ့ ဖုံးနေတယ်ဆိုတာပဲ သိတယ်။

သူကိုယ်တိုင်ကလည်း တစ်နေရာရာမှာ ပုန်းနေတယ်၊ ကျွန်တော့်ဇနီးနဲ့ ကလေးကလည်း ပုံမှန်လိုပဲ အခန်းထဲမှာ လုပ်နေသလို ဟန်ပြခဲ့တယ်။

ကျွန်တော်ကတော့ အိမ်မပြန်ဘူး၊ ပြန်ရင် သူတို့ပေါ်လာမှာ မဟုတ်ဘူးလို့ ပြောလို့"

"ပြီးတော့ ရလဒ်ကကော"

"အောင်မြင်တယ်။

လူတွေက သရဲကို ၃၀% ကြောက်ရင်၊ သရဲတွေက လူကို ၇၀% ပြန်ကြောက်တယ် ဆိုတဲ့ စကားရှိတယ်မလား။ အဲဒီစကားက အဓိပ္ပါယ်မရှိဘူး၊ သက်သေလည်း မပြနိုင်ဘူး။

ဒါပေမယ့် ရှေးတုန်းကတည်းက ပြောလာတဲ့ စကားဖြစ်နေတော့ အခြေအနေ တစ်ခုခုမှာ ဖြစ်နိုင်ခြေရှိတယ်။

ဒါကြောင့် အစီအစဉ်အမျိုးမျိုးနဲ့ သူတို့နှစ်ယောက် ပေါ်လာခဲ့တယ်၊ ဒါပေမယ့် သူတို့ကို ဘာမှမလုပ်နိုင်ခဲ့ဘူး။

ကျွန်တော့်ဇနီး ပြောတာက သူတို့ ပေါ်လာတဲ့ ညမှာ ဖိတ်ထားတဲ့ဆရာကြီးရဲ့ မျက်နှာက ရုတ်တရက်ပြောင်းသွားတယ်၊ ခဏေလာက် တိုက်ပြီးတဲ့နောက် အဆုံးသတ်သွားခဲ့တယ်။

ပြီးတော့ အကြီးနဲ့အသေး မကောင်းဆိုးဝါး သရဲနှစ်ကောင် ဖွင့်ထားတဲ့ တံခါးကြားကနေ ထွက်လာကြတယ်"

"အဲ့ဒီအချိန်ကစပြီး ကျွန်တော့်ကမ္ဘာကြီး လုံးဝပြောင်းသွားတယ်လို့ ခံစားရတယ်။

လည်ပင်းက အမြဲတမ်း ညှစ်ထားနေသလို ခံစားရတယ်။

သေခြင်းကို အဆက်မပြတ်ကြုံတွေနေရတဲ့ ခံစားချက်ကို သိလား။

အိပ်ရာထဲမှာ ပုံမှန်အတိုင်းနေနေရင်း ရုတ်တရက် အသက်ရှူမဝသလို ခံစားရပြီး သေမင်းနဲ့ တွေ့တော့မယ်လို့ ခံစားရတဲ့ အရသာကိုရော သိလား?"

"ဒါတင်မကသေးဘူး၊ အသက် သေလုမတတ်ဖြစ်တိုင်း ကျွန်တော့်ခြံထဲမှာ မကောင်းဆိုးဝါး စစ်သည်တွေ၊ သရဲတွေ စုဝေးနေတာကို အမြဲမြင်​နေရတယ်။ သူတို့က ကျွန်တော့်ဝိညာဉ်ကို အချိန်မရွေး ယူဖို့စောင့်နေသလိုပဲ။

ဒါပေမယ့် အကြိမ်တိုင်းမှာ သူတို့လာပြီး ပြန်ထွက်သွားကြတယ်"

"ရှောင်ယီ တစ်နှစ်သားကနေ ငါးနှစ်တိုင်တိုင် ကုန်သွားပြီ။

ဒီငါးနှစ်အတွင်း ကျွန်တော်က တစ်ချိန်လုံးနီးပါး ဒီလိုဘဝနဲ့ပဲ နေထိုင်ခဲ့ရတယ်။

မျက်လုံးဖွင့်လိုက်ရင် တံခါးနားမှာ မကောင်းဆိုးဝါးစစ်သည်တွေ၊ သရဲတွေ၊ မျက်လုံးမှိတ်လိုက်ရင် မကောင်းဆိုးဝါးရဲ့ လက်တွေက လည်ပင်းကိုညှစ်နေတယ်။

အစောပိုင်းတုန်းက ထိတ်လန့်မှုကနေ တဖြည်းဖြည်း ထုံထိုင်းသွားပြီး ဒီလိုဘဝမျိုးကို နေတတ်သွားတယ်"

"ဒါပေမယ့် ကျွန်တော့်ဇနီး သေဆုံးသွားတဲ့ အချိန်ကစပြီး သမီးလေးကလည်း ကျွန်တော့်လိုပဲ ဒီအတိုင်း ကြုံတွေ့နေရတယ်။

မဖြစ်ရဘူး၊ ကျွန်တော် ဒီလိုအရာမျိုးကို ခွင့်မပြုနိုင်ဘူး။

ငရဲကနေလာတဲ့ နှိပ်စက်မှုကို ကျွန်တော် တစ်သက်လုံးခံနိုင်တယ်၊ ဒါပေမယ့် သူတို့ကိုယ်တိုင် သမီးလေးကို ထိခိုက်ခွင့် မပြုနိုင်ဘူး"

"ဘယ်သူပဲဖြစ်ဖြစ် နတ်ဘုရား၊ သရဲ၊ မကောင်းဆိုးဝါး ဘာပဲဖြစ်ဖြစ်၊ သမီးလေးက အခုမှ နှစ်အနည်းငယ်သာ ရှိသေးတယ်။ ဘာလို့ လူတွေကို ဒီလိုနှိပ်စက်နေကြတာလဲ?"

ချူး မိသားစုဝင်ရဲ့ အသံဟာ သူ့စိတ်ခံစားချက်နဲ့ အတူ ပြောင်းလဲသွားခဲ့တယ်။

သူ့အသံထဲမှာ သာမန်လူတွေ မသိနိုင်တဲ့ သရဲ၊ နတ်ဘုရားတွေကို ကြောက်ရွံ့တဲ့ အသံမျိုးမဟုတ်ဘဲ၊ အဆုံးစွန်သော အမုန်းတရား​တွေနဲ့ ပြည့်နေတဲ့ အသံဖြစ်နေတယ်။

ဒါပေမယ့် ကျန်းရီက သူ့စကားလုံးတွေထဲမှာ တစ်ခုခုက မှားယွင်းနေတယ်လို့ ခံစားမိပြီး မေးလိုက်တယ်-

"ခင်ဗျားကိုဒုက္ခပေးနေတာက ငရဲက မကောင်းဆိုးဝါး စစ်သည်တွေလို့ ဆိုလိုတာလား"

"ဟုတ်တယ်၊ အဲဒီကျွမ်းကျင်ပညာရှင်က သေဆုံးခါနီးမှာ ကျွန်တော့် နှောက်ယှက်မိလိုက်တဲ့ သူက အစောင့်နတ်ဘုရားလို့ ပြောခဲ့တယ်။

သူ့ကို အစောင့်နတ်ဘုရားက ဘယ်မှာလဲလို့ မေးတော့ သူမသိဘူးလို့ပြောတယ်။

ကျွန်တော့်အတွက် ဘာမှ ပြောင်းလဲပေးနိုင်စွမ်းမရှိဘူး၊ သူလည်း ဒီလိုနဲ့ သေသွားမယ်၊ ဒါမှမဟုတ် ဒီအဆုံးမရှိတဲ့ နှိပ်စက်မှုကို ခံရမယ်"

"အစောင့်နတ်ဘုရား? မကောင်းဆိုးဝါး စစ်သည်တွေ၊ သရဲတွေ? ဘယ်နှစ်ယောက်လဲ? ဒီလူတွေကို ခင်ဗျားသိလား" ကျန်းရီက ထပ်မေးတယ်။

ချူးမိသားစုဝင်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး -

"မသိဘူး၊ အရေအတွက်ကလည်း မရေတွက်နိုင်အောင် များတယ်။

ဒီလူတွေကိုလည်း ဘယ်တုန်းကမှ မမြင်ဖူးဘူး။

ဒါမှမဟုတ် မြင်ဖူးပေမယ့် မေ့သွားပြီ။

အမှန်တော့ မစ္စတာကျန်း ၊ ကျွန်တော် ဒီအသက်အရွယ်ရောက်တဲ့အထိ ဘဝအတွေ့အကြုံအရ သေချင်တဲ့စိတ် မရှိသေးဘူး၊ ဒါပေမယ့် သေခြင်းဆိုတာ သာမန်ပါပဲ"

"ဒါပေမယ့် သမီးလေးကိုတော့ မဖြစ်စေချင်ဘူး။ ရိုးရာယူဆချက်အရ ကျွန်တော့်မှာ အသက်ကြီးမှ ဒီကလေးတစ်ယောက်တည်း ရခဲ့တာ။ သူ့ကို ဘာမှမဖြစ်စေချင်ဘူး"

ကျန်းရီက "ဟမ်" ဆိုပြီး သဘောတူလိုက်တယ်-

"မစ္စတာချူးရဲ့ စိတ်ခံစားချက်ကို ကျွန်တော် နားလည်ပါတယ်၊ မိဘတွေရဲ့ သားသမီးတွေအပေါ် ချစ်ခြင်း မေတ္တာကိုလည်း အမြဲ နားလည်ထားပါတယ်။

ဒါပေမယ့် ဒီကိစ္စမှာ တစ်ခုခုက ပျောက်ဆုံး နေတယ်လို့ ကျွန်တော်ခံစားမိတယ်၊ ပျောက်ဆုံးနေတဲ့အပိုင်းက ဒီကိစ္စရဲ့ အဓိကအကြောင်းရင်းဖြစ်နိုင်တယ်"

"မဟုတ်ဘူး မစ္စတာကျန်း၊ ခင်ဗျားက အစွမ်းထက်တဲ့သူပါ။

ဒီလူတွေက မကောင်းဆိုးဝါး စစ်သည်လေးတွေပါ၊ ခင်ဗျား တစ်ခွန်းတည်းနဲ့ သူတို့အားလုံးကို ငရဲကို ပြန်သွားစေနိုင်တယ်။

ခင်ဗျားမှာ ဒီလိုစွမ်းအားရှိတယ်လို့ ကျွန်တော်ယုံကြည်တယ်၊ ပြီးတော့ စိတ်မပူပါနဲ့၊ ကျွန်တော်ကို ကူညီနိုင်တယ်၊ မကူညီနိုင်ဘူးဆိုတာထက် ကျွန်တော် တကယ်ကျေးဇူးတင်တဲ့အနေနဲ့ သန်း ၅၀.. မဟုတ်ပါဘူး၊ သန်း ၁၀၀ ဒါမှမဟုတ် သန်း ၂၀၀ ထိ ပေးနိုင်ပါတယ်!"

"ကျွန်တော့်ကို စောင့်ပါ၊ ကျေးဇူးတင်တဲ့ အနေနဲ့ ငွေကို တိုက်ရိုက် သန်း ၂၀၀ ပေးနိုင်ပါတယ်!"

ချူး မိသားစုဝင်ရဲ့ စကားတွေက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေတဲ့ သူတွေကို အသက်ရှူမဝသလိုတောင် ခံစားရစေသည်။

အားလုံးက ဒီလူက ဘယ်သူလဲ၊ သန်း၂၀၀ကို တစ်ခါတည်း ပေးနိုင်တယ်လို့ ပြောရဲတာက ဒါက သာမန်လူတော့ မဟုတ်ဘူးလို့ တွေးနေခဲ့ကြသည်။

ပြင်ပက လုပ်ငန်းရှင်ကြီးတွေက ချမ်းသာပေမယ့် အိမ်ခြံမြေ အလုပ်ကလွဲရင် သန်း၂၀၀ လောက် အလွယ်တကူ စီမံနိုင်တဲ့ငွေကြေးကို ရှိဖို့တာ မလွယ်ဘူး။

နောက်ပြီး နိုင်ငံတွင်းမှာလဲ ချူး ဆိုတဲ့ အမည်ရှိတဲ့ ထင်ရှာ​ပြီး ချမ်းသာတဲ့ သူမရှိတော့ ဒီချူးမိသားစုဝင်က ဘယ်သူလဲဆိုတာ ပိုပြီး အံ့အားသင့်စရာ ဖြစ်လာခဲ့သည်။

ကျန်းရီက ဒီအကြောင်းတွေကို စဉ်းစားနေတာကြောင့် အခုအချိန်မှာ တိတ်ဆိတ်နေတယ်။

သူ့မျက်စိနဲ့ ချူးမိသားစုဝင်က သူ့ကို မယုံနိုင်လောက်တဲ့ ကျေးဇူးတင် လက်ဆောင်ပေးနေတာကို မြင်နေရတယ်။

"ချူး မိသားစုဝင်က စတွင်မာကို ငရဲဘုရင်ရဲ အမိန့် ၂၀၀၀၀ ကို ပေးခဲ့သည်!"

ငရဲဘုရင်ရဲ့ အမိန့် ၂၀၀၀၀!

တန်ဖိုး သန်း ၂၀၀ !

ကျန်းရီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ထိုညတွင် လူတိုင်းကို အံ့အားသင့်စေခဲ့တဲ့ ကျေးဇူးတင်လက်ဆောင်ပမာဏကို ဖန်တီးခဲ့သည်။

ကျန်းရီလည်း ဒါကိုမြင်တော့ မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့တယ်။

သူ့နှလုံးသားကတော့ အတော်လေး အေးဆေး တည်ငြိမ်နေပြီး ဒီလက်ဆောင် ရတဲ့အပေါ် အံ့အားသင့်မှု မရှိနေဘူး။

သူ့ခန္ဓာကိုယ်ထဲမှာ သိမ်မွေ့ပြီး အံ့ဖွယ် ကောင်းလောက်တဲ့ အပြောင်းအလဲတွေ ဖြစ်နေတယ်ဆိုတာကိုတောင် ခံစားရတယ်။

သူက တိတ်တိတ်လေးထိုင်နေလိုက်တယ်၊ တစ်ချိန်တည်းမှာပဲ ငရဲတံခါးရှေ့က မျှော်စင်ပေါ်မှာရပ်နေတဲ့ မိန်းကလေးတစ်ယောက်က တစ်ခုခုကို သတိထားမိပြီး မျက်နှာမှာ ကြောက်ရွံ့မှုတွေနဲ့ ပြောလိုက်တယ်-

"သွားပြီ၊ ပြီးသွားပြီ၊ အဖေတော့ လုံးဝ အဆုံးသတ်ပြီ!"

All Chapters