← Chapters

အခန်း (၂၂၈)

Vol. 17 Ch. 228

အခန်း (၂၂၈)

Vol. 17 Ch. 228

မက်ဆေ့ချ်‌‌တွေကို ဖွင့်ဖတ်ပြီးနောက် ကျန်းရီ၏ မျက်လုံးများသည် တဖြည်းဖြည်း နစ်ဝင်သွားခဲ့သည်။

သို့သော် သူ၏အတွေးများသည် ခဏတာမျှပင် ဖြတ်သန်းသွားပြီး မကြာမီ ဘာမှမသိသကဲ့သို့ ဆက်လက် လုပ်ဆောင်ခဲ့သည်-

"အကယ်၍ မစ္စတာချူးက ခင်ဗျား လက်မှာ ဘယ်သူမှ မသေဘူးလို့ပြောခဲ့ရင်၊ ဆိုလိုတာက ခင်ဗျားကြောင့် မတရား သေဆုံးရတဲ့သူ မရှိဘူးဆိုတာပဲ။ ဒါဆို မစ္စတာချူး၊ ကျွန်တော့်ကို ခင်ဗျားအိမ်ကို ကြည့်ခွင့်ပေးမလား?"

"ပြဿနာမရှိပါဘူး"

ချူးမိသားစုဝင်သည် ဒီအချိန်တွင် အလွန်တရာ ရိုးသားပုံရသော်လည်း ကျန်းရီက ထပ်မံဖြည့်စွက်ခဲ့သည်- "ဒါက ဖုန်းရွှေနဲ့ ဆိုင်တယ်၊ ဒါကြောင့် အိမ်ကိုကြည့်တဲ့အခါ အခန်းတိုင်း၊ နေရာတိုင်းကို အသေးစိတ် ကြည့်ဖို့လိုတယ်"

"ကျွန်တော့်အိမ်က အနည်းငယ် ကြီးတာကြောင့် မစ္စတာကျန်းက ကြည့်ရင် အချိန်အတော်ကြာနိုင်တယ်။

"စိတ်မပူပါနဲ့၊ ပြဿနာမရှိပါဘူး"

ချူးမိသားစုဝင်သည် သူ၏ဖုန်းနှင့်အတူ ပထမဆုံးထွက်သွားလိုက်ပြီး ကင်မရာကို အိမ်တစ်အိမ်လုံးသို့ ညွှန်ပြခဲ့သည်။ ထို့နောက် ကျန်းရီ၏တောင်းဆိုမှုအရ ပတ်ဝန်းကျင်တစ်ခုလုံးကို ပြခဲ့သည်။

အိမ်တစ်အိမ်လုံးကို ရိုက်ကူးပြသခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရှုသူများလည်း အံ့အားသင့်ခဲ့ကြသည်။

"မစ္စတာကျန်းက အိမ်တစ်အိမ်လုံးကို ကြည့်ချင်ရင် ခဏစောင့်မှရမယ်၊ ကားတစ်စီး ခေါ်လိုက်ပြီး နည်းနည်းလေး နှေးအောင်‌‌ေမာင်းခိုင်းလိုက်မယ်"

ချူးမိသားစုဝင်က ထပ်မံပြောဆိုလိုက်ပြီး ကျန်းရီက ပြုံးကာ သဘောတူခဲ့သော်လည်း သူတို့၏ စကားများသည် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ လူထုအား အံ့အားသင့်‌ေစခဲ့သည်။

ချူးမိသားစုဝင်သည် ရှုခင်းကြည့် ကားနှင့်တူသော ကားတစ်စီးကို ခေါ်ယူခဲ့ပြီး နောက်ခန်းတွင် သူနှင့် ရှောင်ယီ တို့က ဓာတ်ပုံရိုက်ရန် ထိုင်ခဲ့ကြသည်။

ကျန်းရီသည်လည်း ကင်မရာနှင့်အတူ လိုက်လံ ကြည့်နေခဲ့သည်။ အိမ်တစ်ခုလုံးရဲ့ ဖုန်းရွှေပုံစံအနေအထားကို မြင်သောအခါ ကျန်းရီ၏ မျက်လုံးများ မှေးကျဉ်းသွားကာ "မေးရအုံးမယ်၊ မစ္စတာချူး ခင်ဗျားအိမ်ရဲ့ ဖုန်းရွှေပုံစံကို ဘယ်သူကြည့်‌ပေးခဲ့တာလဲ?"

"ဒီအိမ်က တောင်တွေကြားမှာ တည်ရှိပြီး ယခင်ပိုင်ရှင်က ကျွန်တော်မဟုတ်ဘူး။ ဒါပေမယ့် သူတို့မိသားစုက အတော်လေး ဆင်းရဲပြီး ကျွန်တော်က လုံးဝအပြည့် ဝယ်ယူခဲ့တာပါ။ ဖုန်းရွှေပုံစံကတော့ အရင်က ကျွန်တော်ပြောခဲ့တဲ့ ကျွမ်းကျင်သူပါပဲ"

"ဒါက နှမြောစရာပဲ၊ တကယ်ကို နှမြောစရာပဲ။ ကျွန်တော့်ရဲ့ အရင် တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ ယင်ယန် ပညာရပ်နဲ့ ဖုန်း‌ရွှေ ပုံစံတွေကို နားလည်သူတချို့ကို တွေ့ခဲ့ဖူးတယ်။ တချို့က တကယ့်စွမ်းရည်ရှိတယ်။ ဒါပေမယ့် မစ္စတာချူးရဲ့ ပညာရှင်နဲ့ ကျွန်တော် တွေ့ခဲ့ဖူးတဲ့သူနဲ့ နှိုင်းယှဉ်လို့မရဘူး”

ကျန်းရီက ဤသို့ပြောဆိုလိုက်သောအခါ ကြည့်ရှုသူများက "စတွင်မာ မစ္စတာချူးရဲ့ ပညာရှင်က အသက်ကို တားဆီးခဲ့တဲ့ မစ္စတာနျူ ထက် ပိုပြီး အစွမ်းထက်တာလား?" ဟု မေးမြန်းခဲ့ကြသည်။

"ဟုတ်တယ်၊ ဒီဆရာက ယင်ယန်ပညာရပ်နဲ့ ဖုန်းရွှေပုံစံကို ဒီအိမ်မှာ သူ့ တစ်သက်တာ ကြိုးပမ်းမှု‌‌‌တွေကို ပြခဲ့တယ်။

စိတ်မကောင်းစရာက သူကွယ်လွန်သွားပြီ။

မဟုတ်ရင် သူက တကယ်ကို ထူးခြားတဲ့ သူတစ်ယောက်ပါ။

ပထမဆုံးကြည့်လိုက် မစ္စတာချူးရဲ့ အိမ်ပုံစံက သားရဲတစ်ကောင်က ဒူးထောက်နေတဲ့ ပုံနဲ့တူတယ်၊ ဘယ်ဘက်က တောင်ကိုကြည့်လိုက် ခုနက ဘာတွေမြင်ခဲ့ကြလဲ?"

"ကျားတစ်ကောင်နဲ့တူတယ်"

"မှန်တယ်၊ ကျားတစ်ကောင်ရှိတယ်! ကျားက သားရဲတွေရဲ့ဘုရင်ပဲ။ ဒီအိမ်က သားရဲပုံသဏ္ဍာန်ရှိပေမယ့် ကျားကို ဘုရင်အဖြစ် ရိုသေလေးမြတ်ရမယ်။ ကျားက တောင်ကနေဆင်းလာရင် ဝါးမြိုခံရမယ်!"

"ဝါးမြိုခံရတဲ့အခြေအနေဆိုရင် ဒီအိမ်က သရဲအိမ်ဖြစ်သင့်တယ်!"

ကျန်းရီက ပြုံးကာ "ဟုတ်တယ်၊ ဒါက သရဲအိမ်ဖြစ်သင့်တယ်၊ ဒါပေမယ့် အိမ်ထဲမှာ လူလုပ်ထားတဲ့ ရေကန်တစ်ခု ရှိတယ်။ အဲ့ဒီရကန်က ဘာနဲ့တူလဲ?"

"နဂါးတစ်ကောင်နဲ့တူတယ်!"

"နဂါးရှိနေရင် ကျားက ဘာဖြစ်သွားမလဲ?"

"ကြောက်နေမယ်၊ တောင်ပေါ်က ဆင်းမလာရဲဘူး"

"ဒါပဲလား?" ကျန်းရီက ပြုံးကာ ချူးမိသားစုဝင်က ဗီဒီယိုဆီကို ဦးညွှတ်ကာ-

"မစ္စတာ ကျန်းက တကယ့် အစွမ်းထက်တဲ့ပါရမီရှင်ပါ။

ရိုးရိုးရှင်းရှင်းပြောရရင် ကျွန်တော့်အိမ်ရဲ့ ဖုန်းရွှေပုံစံက ရေကန်က မကောင်းတာကို ကောင်းအောင်ပြောင်းလဲပေးတဲ့ အဓိကအချက်ပါ။

နဂါးရှိနေရင် ကျားက ကြောက်ရုံတင်မကဘူး၊ လက်နက်ချရမယ်! သားရဲတွေရဲ့ဘုရင်ဖြစ်တဲ့ ကျားတောင် ငါ့ကိုလက်နက်ချမယ်ဆိုရင်၊ ကျန်တဲ့သူတွေကကော?"

"စိတ်မကောင်းစရာက ဒါက လူလုပ်ထားတဲ့ ရေကန်ပဲ။ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ နဂါးပုံသဏ္ဍာန်‌ကန်ဆိုရင် ဒီအိမ်က မစ္စတာချူး မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုကို မျိုးဆက် အတော်များများထိ ကာကွယ်ပေးနိုင်လိမ့်မယ်!"

ကျန်းရီပြောသလိုပဲ ချူးမိသားစုဝင်က နောင်တရသလို ခေါင်းညိတ်ခဲ့သည်- "ဒီကမ္ဘာပေါ်မှာ ဘာမှပြည့်စုံတာမရှိဘူး။ ကောင်းတာရှိရင် ဆိုးတာလည်းရှိတယ်။ တစ်ခုခုက အရမ်းကောင်းနေရင် အဲ့အတွက် ဈေးနှုန်း ရှိလာလိမ့်မယ်။

"မစ္စတာချူး ပြောတာမှန်တယ်။ အရမ်းပြည့်စုံတဲ့ဟာက ဈေးနှုန်းနဲ့လာတယ်။ အထူးသဖြင့် လူလုပ်ထားတာဆိုရင် ဒါက ဘာကို ဆိုလိုတာလဲ? ဒါက မစ္စတာချူးနဲ့ ဒီကျွမ်းကျင်သူတို့ဟာ သဘာဝကို ဆန့်ကျင်နေတယ်လို့ ပြောနေတာပဲ!"

ချူးမိသားစုဝင်၏ မျက်လုံးများက ဤအချိန်တွင် ပိုမိုနက်ရှိုင်းလာပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်တဲ့အခါ ပိုမိုနက်ရှိုင်းလာခဲ့သည်။ ဘေးနားမှ ရှောင်ယီ က "အဖေ၊ ဦးကျန်းရီက သမီးတို့ အိမ်ကို မကောင်းဘူးလို့ပြောနေတာလား?" ဟု မေးမြန်းခဲ့သည်။

ချူးမိသားစုဝင်က ပြုံးကာ ခေါင်းညိတ်ခဲ့သည်- "ဦးကျန်းရီက အချက်အလက်ကို ပြောနေတာပါ"

"ကျွန်တော်က တကယ် အချက်အလက်ကို ပြောနေတာ၊ ဒါပေမယ့် မစ္စတာချူး လူလုပ်ထားတဲ့ ရေကန်ကိုသွားဖူးလား?"

"မသွားဖူးဘူး၊ လူလုပ်‌ရေကန် မှာ ဘာဖြစ်ခဲ့လို့လဲ?"

"သင့်နဲ့နီးစပ်တဲ့သူ တစ်ယောက်ယောက် သွားဖူးလား?"

"မသွားဖူးဘူး...

"အိမ်မှာရှိတဲ့ အစေခံတွေရော?"

"..." ချူးမိသားစုဝင်က အတည်မပြုနိုင်သော‌ကြောင့် မရေရာ မသေချာခဲ့ပေ။

ကျန်းရီက- "မစ္စတာချူး၊ အိမ်က အစေခံအားလုံးကိုခေါ်လိုက်ပါ၊ ကျွန်တော် မေးခွန်းအနည်းငယ်မေးမလို့”

"ကောင်းပါပြီ"

ချူးမိသားစုဝင်က တစ်ခုခုပြောပြီး မကြာမီ အစေခံအားလုံးကို လူလုပ်‌ ရေကန်သို့ ခေါ်လာခဲ့သည်။

ကျန်းရီက ထိုလူတွေကိုကြည့်ပြီး အားလုံးကိုစစ်ဆေးကာ မကြာမီ ပိန်ပိန် အလတ်အရွယ်အမျိုးသမီးတစ်ဦးအပေါ် အာရုံစိုက်ခဲ့သည်။

"အစ်မ၊ ဒုတိယတန်းက ဘယ်ဘက်ကနေ ပဉ္စမမြောက်က အစ်မ ထွက်လာခဲ့ပါ"

ကျန်းရီက ပြုံးကာ အော်လိုက်တော့ အမျိုးသမီးက ထွက်လာခဲ့သည်၊ သူမ၏မျက်လုံးများက နည်းနည်း တုန်လှုပ်နေခဲ့သည်။

"အစ်မ၊ စိတ်မပူပါနဲ့။ အလွန်ရိုးရှင်းတဲ့ မေးခွန်းတွေပဲမေးမှာပါ။ အစ်မက ကျွန်တော့်ကို အမှန်အတိုင်းဖြေရုံပါပဲ"

"ဟုတ်ကဲ့၊ ကျွန်မ...ကျွန်မသိပါတယ်"

"ကောင်းပါပြီ၊ ပထမဦးဆုံးမေးခွန်း၊ အစ်မတို့ အစေခံတွေက ဒီလူလုပ်‌ရေကန်ကို မကြာခဏ လာလေ့ရှိလား?"

"မလာပါဘူး၊ ဒီ‌‌ေနရာက မစ္စတာ နဲ့ မစ္စစ်၊ ရှောင်ယီ တို့ ကစားဖို့ လာလေ့ရှိတဲ့နေရာပါ"

ကျန်းရီက ခေါင်းညိတ်လိုက်သည်- "ဒုတိယမေးခွန်း၊ အစ်မ ဒီလူလုပ်‌ ရေကန်ထဲမှာ ဘာတွေမြင်ဖူးလဲ?"

"အဲ့...ကျွန်မ...ကျွန်မဘာမှမမြင်ဖူးပါဘူး?"

"အစ်မ၊ အခုနကပြောသလိုပဲ အမှန်အတိုင်းဖြေရမှာနော်" ကျန်းရီက ဆက်ပြုံးကာ ပြောဆိုခဲ့သည်။

အစ်မက ချူးမိသားစုဝင်ကိုကြည့်ပြီး သူခေါင်းညိတ်သည်ကိုမြင်သောအခါ အမျိုးသမီး၏မျက်လုံးများက တဖြည်းဖြည်းကြောက်ရွံ့လာပြီး-

"ကျွန်မ...ကျွန်မအမျိုးသမီးသေဆုံးတဲ့ညမှာ အိမ်က...အိမ်က အရမ်းရှုပ်နေတယ်။ May 9 မှာ တစ်ယောက်ယောက်က ကျွန်မကိုတစ်ခုခုယူဖို့ခေါ်တယ်။ ကျွန်မက အလျင်လိုနေပြီး လမ်းတိုကိုသွားတယ်။ လူလုပ်အိုင်ရှိတယ်။ ကျွန်မအမျိုးသမီးအသက်အန္တရာယ်ရှိနေတဲ့ညနက်ချိန်မှာ အိုင်နားမှာ အမျိုးသမီးတစ်ယောက်ထိုင်နေတာကိုမြင်တယ်။"

"ကျွန်မအမြန်ပြေးသွားပြီး သူမကိုထွက်သွားဖို့ပြောတယ်၊ ဘာလို့လဲဆိုတော့ အိုင်နားမှာကစားလို့မရဘူး။ ဒါက မိသားစုရဲ့စည်းကမ်းပါ။ ဒါပေမယ့် ကျွန်မနားကပ်သွားတော့...

"ဘာမြင်လဲ?"

ကျွန်မ...ကျွန်မအမျိုးသမီးတစ်ဦးကို မြင်လိုက်တယ်! သူမက ဒီအိမ်က အမျိုးသမီးပါ! ကျွန်မက အိမ်မှာနှစ်အတော်ကြာနေပြီ၊ ဒါကြောင့် အမျိုးသမီးက ကျွန်မကိုသိတယ်။ အဲဒီတုန်းက သူမက ကျွန်မကို ပြန်ကြည့်နေတယ်၊ ဒါပေမယ့် သူမက ငိုနေသလိုပဲ၊ မျက်နှာတစ်ခုလုံး မျက်ရည်တွေနဲ့"

"ကျွန်မကိုယ်တိုင် ဒီအမျိုးသမီးကို ဆေးရုံကို ခေါ်သွားတာကိုမြင်တယ်။ ရေကန်နားမှာ...ဒီ… ဒီအမျိုးသမီးက ဘယ်လိုရှိနိုင်မှာလဲ? ကျွန်မက အဲဒီမှာရပ်ပြီး မလှုပ်ရဲဘူး၊ ပြီးတော့ ရုတ်တရက် ရေထဲက တစ်စုံတစ်ခု ထွက်လာပြီး လက်တွေ ဆန့်ထုတ်လိုက်တယ်!"

All Chapters