← Chapters

မဖြစ်နိုင်ဘူး

Vol. 17 Ch. 229

မဖြစ်နိုင်ဘူး

Vol. 17 Ch. 229

“အဲ့ဒီလက်က လက်ချောင်းတွေက အရမ်းရှည်တယ်။ သူ အဲ့ဒီလက်ကို ဆန့်ထုတ်လိုက်တဲ့အခါ အဲ့ဒီ အမျိုးသမီးရဲ့ အော်ဟစ်သံကို ကြားလိုက်ရတယ်၊ ပြီးတော့...ပြီးတော့ သူမကို ဆွဲချသွားတယ်!”

“ပြီး‌‌ေတာ့ ဘာဖြစ်သွားလဲ!”

ကျန်းရီက ဒီအစ်မကို နောက်ပိုင်းမှာ အသစ်အဆန်း တွေ့ရှိရမယ်လို့ မျှော်လင့်ထားပုံရတယ်။ ဒီမေးခွန်းကို မေးတဲ့အခါ အစ်မက မျက်နှာဖြူဖပ်ဖပ်နဲ့ ပြောလိုက်တယ်။

“အဲ့အချိန်တုန်းက ဘာတွေးမိမှန်းတောင် မသိလိုက်ဘူး၊ ပြေးသွားလိုက်တယ်။ သူမ ရေထဲကို ဆွဲချခံရတာကိုမြင်တော့ ရေနစ်နေသူတစ်ယောက်လိုပဲ လက်တွေနဲ့ ရေမျက်နှာပြင်ကို ဆွဲကန်နေတယ်။ ရေပေါ်ကိုတက်လာပြီးနောက် အကူအညီတောင်းတဲ့အသံကိုတောင် ကြားလိုက်ရတယ်”

“အဲ့ဒီ အမျိုးသမီး အကူအညီတောင်းတဲ့ ပုံစံက တကယ့် သက်ရှိ လူလိုပါပဲ။

လက်နှစ်ဖက်က ရေထဲမှာ တဖျပ်ဖျပ် လှုပ်နေတယ်၊ ပြီးတော့ သူမက ကူပါ...ကူပါလို့ အော်နေတယ်၊ အော်နေရင်း ရေနစ်လုနီးပါးဖြစ်နေတယ်၊ ဝူး...ဝူး ဆိုတဲ့အသံတွေလည်း ထွက်နေတယ်။

ဟုတ်တယ်၊ ကျွန်မ ခုန်ဆင်းသွားလိုက်တယ်။

ငယ်ငယ်ကဆည်းက ရေနဲ့ ထိတွေ့ ဖူးတဲ့အတွက် ရေကူးတတ်တယ်။

နှစ်ပေါင်းများစွာ မကူးဖြစ်ပေမယ့် တကယ်ပဲ ဘာမှ မတွေးဘဲနဲ့ ခုန်ချလိုက်တယ်”

“ဒါပေမယ့်၊ ကျွန်မခုန်ချပြီးတာနဲ့...”

“ခုန်ချပြီးတဲ့နောက် ဘာဖြစ်သွားလဲ?” “လူတွေအရမ်း များတယ်၊ ရေထဲမှာ လူတွေ အများကြီးပဲ!”

“လူတွေအရမ်းများတယ်?”

“ဟုတ်တယ်၊ ကျပ်သိပ်နေအောင် များနေတာ! အားလုံးက ရေကန်အလယ်မှာ မျောနေကြတယ်၊ အားလုံးရဲ့ မျက်လုံးတွေက ပွင့်‌‌ေနပြီး အဲ့မျက်လုံးတွေက သွေးကြောတွေ ဖောင်းနေတယ်။ အဲ့ဒီ အမျိုးသမီးလည်း အလယ်မှာ မျောနေတယ်၊ ဘာလှုပ်ရှားမှုမှ မရှိဘူး။ သူမရဲ့မျက်လုံးတွေကလည်း ပွင့်‌‌ေနတယ်၊ အဲ့ပုံစံက...အဲ့ပုံစံက သူမ မတရားသေခဲ့ကြောင်း ကျွန်မကို ပြောနေသလိုပဲ!”

အဲ့ဒီအစ်မက ပြောရင်းနဲ့ ငို‌လာခဲ့တယ်။ ချူးမိသားစုရဲ့ မျက်လုံးတွေက အရမ်းကြမ်းတမ်းလာပြီး သူမကို မေးလိုက်တယ်၊ “အရင်က ဘာလို့မပြောတာလဲ?”

“ကျွန်မ...ကျွန်မပြောဖို့မဝံ့ရဲခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူမက ဆေးရုံမှာ သေသွားတာ‌‌ေလ။ ပြီးတော့ ဆရာ၊ ကျွန်မ ဒီအိမ်မှာ တစ္ဆေရှိတယ်လို့ ဘယ်လို ပြောရဲမလဲ။ ကျွန်မမှာ ကျောင်းနေတဲ့ ကလေး သုံးယောက်‌ေတာင်ရှိတယ်၊ ဘယ်လို‌ပြောရဲမလဲ... အလုပ်ပြုတ်သွားရင် ဘယ်လိုလုပ်မလဲ!”

အဲ့ဒီအစ်မပြောလိုက်တော့ ချူးမိသားစု၀င်ရဲ့ မျက်နှာက မဲမှောင် နေပေမယ့် သူမကို ဘာမှ ထပ်မပြောတော့‌ေပ။

ဒါပေမယ့် ကျန်းရီကိုကြည့်ပြီး “ မစ္စတာကျန်း၊ ကျွန်တော် ခင်ဗျားရဲ့ လုပ်ငန်းကို နားမလည်ပေမယ့် ဒီရေကန်ကိုတော့ နားလည်တယ်

ဒါက တအိမ်လုံး ဖုန်းရွှေပုံစံရဲ့ အချက်အချာပဲ။

ဒီလိုနေရာမှာ တစ္ဆေဘယ်လိုလုပ် ရှိနိုင်မှာလဲ?”

“အမှန်ပဲ၊ အဲ့ဒီ အမျိုးသမီးက ဆေးရုံမှာ ပြီးတော့ အဲဒီအချိန်တုန်းက သူမက မသေသေးဘူး။ ဒါကြောင့် သူမက ရေကန်နားမှာ မရှိနေသင့်ဘူး။ ရေကန်နားမှာ ပေါ်လာရတဲ့ အကြောင်းရင်းက တစ်ခုပဲရှိတယ်၊ အဲဒါက တစ္ဆေတစ်ကောင်က လုပ်နေတာပဲ!”

“စိတ်ထင်ယောင်ထင်မှားတာလား?”

“မှန်တယ်”

ကျန်းရီရဲ့ ရှင်းပြချက်က ချူးမိသားစု၀င်ကို ခေါင်းညိတ်စေခဲ့တယ်၊ မကြာခင်မှာပဲ ကျန်းရီက ထပ်ပြောလိုက်တယ် “မစ္စတာချူး၊ ခင်ဗျား အိမ်ရဲ့ အနေအထားကို ဆက်ကြည့်ရအောင်။

အဓိကအိမ်ကြီးကနေ အခြားအိမ်တွေနဲ့ အခန်းတိုင်းကို ကိုယ်တိုင် မျက်မြင် စစ်ဆေးချင်တယ်။ အဓိကအိမ်ကြီးရဲ့ ထပ်ခိုးကို အရင်သွားကြည့်ရအောင်၊ ရှောင်ယို ပြောတာက အဲ့ဒီကလေးကို ထပ်ခိုးနားရဲ့ လှေကားထစ်တွေမှာ တွေ့တယ်လို့ပြောတယ်”

“ကောင်းပါပြီ”

ချူးမိသားစု၀င်က ဒီအချိန်မှာ ကျန်းရီနဲ့ အထူး ပူးပေါင်းဆောင်ရွက်နေခဲ့တယ်။ အိမ်ထဲဝင်လိုက်တာနဲ့ အဓိကအိမ်ကြီးရဲ့ ထပ်ခိုးဆီကို တိုက်ရိုက်သွားလိုက်တယ်။

ထပ်ခိုးက သေးငယ်တဲ့သိုလှောင်ခန်းလိုပဲ၊ ချူးမိသားစု၀င်က အသုံးမပြုခဲ့ဘူး။

ထပ်ခိုးရဲ့တံခါးက သိပ်မကျယ်ဘူး။ ချူးမိသားစုက တံခါးဖွင့်ပြီးတာနဲ့ ကျန်းရီက ထပ်ခိုးထဲကိုကြည့်ပြီး ခေါင်းညှိတ်လိုက်တယ်၊

ဒါပေမယ့် သူတို့ ဆင်းနေတုန်းမှာ မေးလိုက်တယ် “မစ္စတာကျန်း ထပ်ခိုးမှာ ပြဿနာမရှိဘူးမလား?”

“ထပ်ခိုးက ဘေးကင်းတယ်၊ ဘာပြဿနာမှ မရှိဘူး။”

ချူးမိသားစုက ခေါင်းညိတ်ပြီး အောက်ကို ဆင်းသွားခဲ့တယ်၊ ကျန်းရီကြည့်ဖို့ အခန်းတစ်ခန်းပြီးတစ်ခန်း ဖွင့်ပြခဲ့တယ်။

အခန်းတစ်ခန်းစီကို ကြည့်ပြီးတဲ့နောက် ကျန်းရီက မေးတယ် “မစ္စတာချူး ကျုပ်တို့ အဓိကအိမ်ကြီးကို အကုန် ကြည့်ပြီးပြီလား?”

“အဓိကအိမ်ထဲက အခန်းအားလုံး ကြည့်ပြီးပါပြီ။”

“အဖေ၊ မြေအောက်ခန်းကို မကြည့်ရသေးဘူး‌ေလ”

“‌ မြေအောက်ခန်းလား?”

ကျန်းရီက အဲ့ဒီအချိန်မှာ မေးလိုက်တယ်၊ ချူးမိသားစု၀င်ရဲ့ မျက်လုံးတွေက ခဏလေးအတွင်း ပြောင်းလဲသွားတယ်။

“ မြေအောက်ခန်းက ရှိတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အမြဲ မဝင်ဖြစ်ဘူး”

ကျန်းရီက- “မစ္စတာချူး၊ ဒါဆို မြေ‌‌အောက်ခန်းကိုဖွင့်ပြီး ကြည့်လိုက်ပါ။ ဒီအိမ်ရဲ့ ဖုန်း​ရွှေပုံစံ​က မြေအောက်ခန်းကိုတောင် ထည့်သွင်း စဉ်းစားထားတယ်။ အိုး…ဒါနဲ့ ရှောင်ယီ သမီးတို့အိမ်မှာ မြေအောက်ခန်း ရှိတယ်ဆိုတာ ဘယ်လိုသိလဲ?”

ကျန်းရီက ဂရုမစိုက်သလို မေးလိုက်တယ်၊ ကလေးမလေးက မြန်မြန်ပဲ ပြန်ဖြေခဲ့တယ်၊ “အဖေတစ်ယောက်တည်း မြေအောကိခန်းထဲ ဝင်သွားတာကို မြင်ဖူးတယ်။ သမီးလည်း လိုက်ဝင်ကြည့်ချင်တယ်၊ ဒါပေမယ့် အဖေက မခွင့်ပြုဘူး”

“ဒါဆိုရင်တော့၊ မစ္စတာချူး ခင်ဗျားရဲ့ မြေအောက်ခန်းမှာ ပြလို့မရတဲ့ အရာတွေရှိလား?”

“အိမ်မှာ ဘာမပြစရာက ရှိရမှာလဲ၊ မစ္စတာကျန်းကို အခုလိုက်ပြပေးမယ်”

ချူးမိသားစုဝင်က ပြုံးပြီး အခြားလမ်းကြောင်း တစ်ခုကို လျှောက်သွားလိုက်တယ်၊ မကြာခင်မှာပဲ အောက်ထပ်မှာ နောက်တံခါးတစ်ချပ် ပေါ်လာခဲ့တယ်။ ချူးမိသားစုဝင်က သော့ဖွင့်လိုက်ပြီး အတွင်းက မီးကို ဖွင့်လိုက်တယ်။

မြေအောက်ခန်းက အရမ်းကျယ်ပြီး အတွင်းမှာ တံခါးပိတ်ထားတဲ့ ဗီရိုတချို့ရှိတယ်။ အဲ့ဗီရိုတွေကိုလည်း သော့ခတ်ထားတယ်။ ကျန်းရီက ဗီရိုတွေကိုမြင်တဲ့အခါ သူ့မျက်လုံးတွေ ရုတ်တရက်ပြောင်းသွားပြီး ပြောလိုက်တယ်၊

“မစ္စတာချူး၊ ခင်ဗျားကို ဒီဗီရိုတွေကို ဒီလိုစီစဉ်ထားဖို့ ဘယ်သူပြောတာလဲ?”

ချူးမိသားစုဝင်က ဒီစကားကိုကြားတော့ အရမ်းအံ့သြသွားပြီး “ဒီဗီရိုတွေမှာ အထူးတလည် တစ်ခုခုများ ရှိလို့လား?” လို့မေးလိုက်တယ်။

“ဒါပေါ့၊ အိမ်ရဲ့ အောက်မှာ မြေအောက်ခန်း ရှိမှတော့၊ မြေအောက်ခန်းက ဗီရိုတွေက အိမ်ရဲ့ ထောက်တိုင်တွေလို့ ပြောလို့ရတယ်။ အိမ်တစ်အိမ်မှာ ထောက်တိုင်တွေကို ကြိုက်သလို ထောင်လို့ရမလား မစ္စတာချူး၊ ခင်ဗျားဘယ်လိုထင်လဲ?”

ဒီလိုပြောလိုက်တဲ့အခါ ချူးမိသားစုဝင်ရဲ့ မျက်နှာက ပြောင်းသွားခဲ့တယ်၊ “ဒီဗီရိုတွေက ဘာတွေ ထူးခြားလို့လဲ?”

“ဗီရိုတွေကို ထားတဲ့နည်းက တအိမ်လုံးရဲ့ ပုံစံကို အပြည့်အဝဖျက်ဆီးပစ်လိုက်တာပဲ။

ဒါပေမယ့် အဲ့ကျွမ်းကျင်သူကလည်း တကယ့်ကျွမ်းကျင်သူပဲ။

သူဖန်တီးထားတဲ့ ဖုန်းရွှေပုံစံက ခင်ဗျားရဲ့ လုပ်ငန်းကို နှစ်ပေါင်းများစွာ အဆင်ပြေစေလိမ့်မယ်။

ဒါပေမယ့် အောင်မြင်ပြီးတဲ့နောက် တဖြည်းဖြည်း ဆုတ်ယုတ်လာမယ်”

အောက်ဆင်းလမ်း၊ ဒီပုံစံက တစ္ဆေဆွဲအားကို သက်ရောက်မှုရှိတယ်”

“တစ္ဆေဆွဲအားဆိုတာ ဘာလဲ?”

“တစ္ဆေဆွဲအားဆိုတာက ခင်ဗျားနဲ့ ဆက်စပ်သူတစ်ယောက်က လူသတ်မှု ကျူးလွန်ခဲ့ရင်၊ အဲ့အသက်ရဲ့ တစ္ဆေကို ခင်ဗျားဆီကို လွှဲပြောင်းပေးမယ်။ ခင်ဗျားတို့ မိသားစုအတွက် အရာအားလုံးရဲ့ အရင်းခံက မြေအောက်ခန်းထဲက ဗီရို​တွေပဲ။ ခင်ဗျားရဲ့ မြေအောက်ခန်းထဲမှာ ဗီရို ဘယ်နှစ်လုံးရှိလဲ?”

“ ၄၉လုံး ”

“ဘယ်နှစ်လုံးလဲ?”

“ ၄၉လုံး”

“အိုး၊ ဒါက တကယ့်ကို ရှုပ်ထွေးသွားပြီ! လူတွေကြားမှာ တားမြစ်ထားတဲ့ နံပါတ်တချို့ရှိတယ်။

၄ပဲ ဖြစ်ဖြစ် ၇ပဲ ဖြစ်ဖြစ် သိပ်ကောင်းတဲ့ နံပါတ်တွေမဟုတ်ဘူး။

အခုခင်ဗျားက ၇ နဲ့ ၇ ကို ထပ်နေတာ၊ လူသေက ၇ နဲ့ ၇ ကိုဖြတ်ရတဲ့ အချိန်လိုပဲ၊ ဒါက အရမ်းအန္တရာယ်များတဲ့ အခြေအနေပဲ၊ ပြီးတော့ အပြင်က လူလုပ်ရေကန်ကတောင် ဒါကို မနှိမ်နင်းနိုင်ဘူး!”

ချူးမိသားစုဝင်ရဲ့ မျက်နှာက လုံးဝကို ပြောင်းသွားခဲ့တယ်။ ကျန်းရီရဲ့ ဖုန်းရွှေ စစ်ဆေးမှုက သူ့စွမ်းရည်ကို သက်သေ ပြနေခဲ့သည်၊ ဒါကြောင့် ချူးမိသားစုဝင်က အခုအချိန်မှာ ဒါကို ယုံကြည်နေခဲ့သည်။

“ဒါဆို မစ္စတာကျန်း၊ ခင်ဗျားကို မေးချင်တာက၊ ဒီအခြေအနေကို ဘယ်လိုဖြေရှင်းမလဲ? ဖြေရှင်းပြီးရင် ကျွန်တော်တို့မိသားစု တကယ် အေးချမ်းသွားမှာလား?”

“ဟုတ်တယ်၊ ဒါက အမြစ်တွယ်နေတဲ့ နေရာပဲ၊ ဒါကြောင့် ဒီဗီရိုတွေကို ရွှေ့ဖို့လိုတယ်”

“ဘယ်လိုရွှေ့မလဲ?”

“ချက်ချင်း ဖြတ်စီးပစ်ပါ၊ ပြီးရင် မီးရှို့ပစ်လိုက်!”

ကျန်းရီစကားပြောပြီးတာနဲ့ ချူးမိသားစုဝင်က တွေးတောမှုမရှိဘဲ အော်လိုက်တယ်၊ “မဖြစ်နိုင်ဘူး!”

All Chapters