မင်းကတော်တော်ကို ကြောက်စရာကောင်းတယ်
Vol. 17 Ch. 230
"လုံးဝမဖြစ်နိုင်ဘူး!"
ချူးမိသားစုဝင်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။ ကျန်းရီ စကားပြောလိုက်တာနဲ့ သူက ချက်ချင်း ကန့်ကွက်လိုက်တယ်!
ကျန်းရီရဲ့ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး- "မစ္စတာချူးက ကျွန်တော့်ကို ဘာတောင်းဆိုတာလဲ?"
"ဟုတ်ပါတယ်၊ ကျွန်တော်က မစ္စတာကျန်းကို ကျွန်တော့်ပြဿနာကို ဖြေရှင်းပေးဖို့ မျှော်လင့်တာပေါ့"
"အစဉ်အလာအရပြောရရင်၊ တစ်စုံတစ်ဦးရဲ့ ပိုက်ဆံကို ယူပြီးရင် သူတို့ရဲ့ ဒုက္ခတွေကို ဖြေရှင်းပေးသင့်တယ်။ ကျွန်တော်က ခင်ဗျားရဲ့ ပိုက်ဆံကို ယူထားပြီးပြီဆိုတော့ ခင်ဗျားရဲ့ ဒုက္ခကို ဖြေရှင်းပေးရမှာပေါ့။ အခုဖြေရှင်းနည်းက ခင်ဗျားရှေ့မှာရှိနေပြီ၊ မစ္စတာချူးက ဘာလို့ကန့်ကွက်နေတာလဲ?"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မစ္စတာကျန်းက ကျွန်တော့်ကို အထင်မှားနေတာြဖစ်မယ်။ ကျွန်တော်ဆိုလိုတာက ဒီဗီရိုတွေမရွှေ့ဘဲ တခြားနည်းလမ်းရှိလားဆိုတာပါ"
ချူးမိသားစုဝင်က ပြောလိုက်တော့ ကျန်းရီက ခေါင်းငြိမ့်ပြီး - " ဒီအကြောင်းရင်းရဲ့ အရင်းခံက ဒီဗီရို ၄၉လုံးမှာပဲ။ ပြဿနာကို အမြစ်ကပါ ကုသချင်ရင် ဒီဗီရိုတွေကို အခုပဲ ဖျက်ဆီးရမယ်"
"ဒါပေမယ့် ဒီဗီရိုတွေထဲမှာ အရေးကြီးတဲ့ ပစ္စည်းတွေရှိနေတယ်၊ အပြင်သူတွေ မြင်ဖို့မသင့်တော်ဘူး။ မစ္စတာကျန်း ဗီဒီယိုပိတ်ပြီးတော့ ဒီ ဗီရိုတွေကို ဖျက်ဆီးပြီးမှ ပြန်ဖွင့်လို့ရမလား?"
ကျန်းရီထပ်မံပြီး ခေါင်းငြိမ့်လိုက်သည်- "မစ္စတာချူး၊ ကျွန်တော့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ လူ ၇ သိန်းကနေ ၈ သိန်းအထိရှိတယ်။
ဒီဗီရိုတွေကို သူတို့အကုန် မြင်ပြီးသွားပြီ။
ဒါဟာ ငါတို့အလုပ်အကိုင်အရပြောရရင် အကြောင်းအကျိုးနဲ့ ဆက်စပ်သွားပြီ။
သူတို့ ဒီဗီရိုတွေကို မြင်လိုက်တာက အကြောင်းတရား၊ ဒီဗီရိုတွေ ပျက်ဆီးတာကိုမြင်တာက အကျိုးဆက်ပဲ။
သူတို့သာ မျက်ဝါးထင်ထင်မမြင်ရရင် အကြောင်းအကျိုးရှုပ်ထွေးသွားလိမ့်မယ်။ ဒါကို မစ္စတာချူး နားလည်ပါသလား?"
ချူးမိသားစုဝင်ရဲ့ မျက်နှာက မှောင်မဲသွားပေမယ့် ကျန်းရီကတော့ နောက်မဆုတ်ခဲ့ဘူး။
ဘာလို့လဲဆိုတော့ သူဒါတွေအားလုံးကို သူရည်ရွယ်ချက်ရှိရှိ လုပ်နေတာကြောင့်ပါပဲ။
ဒီကမ္ဘာမှာ အကြောင်းအကျိုးတွေက များပေမယ့် "အကြောင်းအကျိုး" ဆိုတဲ့စကားလုံးဟာ ဒဏ္ဍာရီထဲကလို သိပ်မပြင်းထန်နေဘူး။
ဒီဖြစ်ရပ်မှာ ကြည့်ရှုသူတွေဟာ ဗီရိုတွေကိုကြည့်ရုံနဲ့ အကြောင်းအကျိုးထဲ မပါဝင်နိုင်ဘူး။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရုံနဲ့ အကြောင်းအကျိုးထဲ ပါခဲ့မယ်ဆိုရင် ကျန်းရွ ဆိုတဲ့သူဟာ ကျရှုံးမှု တစ်ခု ဖြစ်နေလိမ့်မယ်။
ချူးမိသားစုဝင်က ကျန်းရီကို စူးစိုက်ကြည့်ပြီး မေးလိုက်တယ်- " မစ္စတာကျန်း ၊ ဒါက လုပ်ဖို့ လိုအပ်လို့လား?"
"လိုအပ်၊ မလိုအပ်ဆိုတာ မစ္စတာချူး တကယ် လိုချင်လားဆိုတာပေါ် မူတည်တယ်။ ကျွန်တော်က နည်းလမ်းပေးထားပြီးသား။ တကယ်လို့ မလုပ်ချင်ဘူးဆိုရင် ကျွန်တော် တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ အခုက လူအများကြီး မြင်ပြီးသားဖြစ်နေပြီ"
"မစ္စတာကျန်း တစ်ခုခုသိထားတာလား?" ချူးမိသားစုဝင်ရဲ့ မျက်လုံးတွေ ချက်ချင်း ထက်ရှသွားခဲ့တယ်။
ကျန်းရီက အံ့သြသလိုနဲ့ မေးလိုက်တယ်- "မစ္စတာချူး ဘာကိုဆိုလိုတာလဲ?"
"ဟားဟား၊ ဘာမှမဆိုလိုပါဘူး"
"ဘာမှမဆိုလိုဘူးဆိုရင် မစ္စတာချူးက ဘာလို့ မပျော်သလို ဖြစ်နေတာလဲ? ဒီဗီရိုတွေက တန်ဖိုးမဖြတ်နိုင်တာလား? ဒါပေမယ့် ဒါတွေက ရှေးဟောင်းပစ္စည်းတွေ မဟုတ်ဘူးထင်တယ်"
"ဒါတွေ ပြောပြီးတဲ့နောက် မစ္စတာကျန်းက ကျွန်တော့်ဘေးဒုက္ခကို ဖြေရှင်းပေးဖို့ ကြိုးစားနေတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီဗီရိုတွေကို ဖျက်စီးပြီးရင် ဘာလုပ်ရမလဲဆိုတာ မေးချင်တယ်"
"ဖျက်ဆီးပြီးရင် နံ့သာတိုင်တွေထွန်းပြီး အိမ်က အစေခံတွေကို အိမ်ပတ်လည် လှည့်ပတ်ခိုင်းလိုက်ပါ။ ပြီးရင် အိမ်ပတ်လည်က သရဲတွေကို ခေါ်လို့ရပြီ"
"အခု ခေါ်လို့မရဘူးလား?"
"အခုခေါ်လို့ရရင် ဗီရိုတွေ ဖျက်ဆီးခိုင်းဖို့ထိ ဘာလို့ဒီလို အလုပ်ရှုပ် ခံနေမှာလဲ?"
ချူးမိသားစုဝင်က ဘာမှမပြောတော့ဘဲ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့မျက်နှာကို အကြိမ်ကြိမ် ညှိယူပြီးနောက် ရှောင်ယီ ကို ကြည့်လိုက်တယ်။
"မစ္စတာကျန်း၊ ရှောင်ယီကရော လုံခြုံမှုရှိရဲ့လား?"
"ရှိတာပေါ့၊ ကျွန်တော်ဘယ်တုန်းကမှ မကျရှုံးဖူးဘူး၊ ရှောင်ယီ တင်မကဘူး၊ ခင်ဗျားရဲ့ လုံခြုံမှုလည်းအတူတူပဲ"
အဲ့ဒီအချိန်မှာ ချူးမိသားစုဝင်က ထူးဆန်းတဲ့ အပြုံးနဲ့ရယ်မောလိုက်တယ်။ ဒီအပြုံးရဲ့ အဓိပ္ပါယ်ကတော့ ဘာကိုဆိုလိုလဲ သူပဲ သိပါလိမ့်မယ်။
အစေခံက ပုဆိန်ယူလာတာတွေ့တော့ ချူမိသားစုဝင်က ကိုယ်တိုင်ကိုင်ပြီး ပထမဆုံးဗီရိုကို ရိုက်ချိုးလိုက်တယ်။
တစ်ချက်တည်းနဲ့ ဗီရိုကွဲသွားပြီး ငွေစက္ကူတွေထွက်ကျလာခဲ့တယ်။
ဗီရိုတစ်လုံးစီမှာ ငွေစက္ကူတွေ အပြည့်ရှိနေခဲ့တယ်။ ဗီရိုတစ်လုံးစီက အထပ်တစ်ထပ်လောက် ရှည်ပြီး နှစ်မီတာ၊ သုံးမီတာလောက်ကျယ် သည်။
အဲ့ဒီအချိန်မှာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက လူတွေသာမက ကျန်းရီပါ အံ့အားသင့်သွားခဲ့သည်။
ချူးမိသားစုဝင်ရဲ့ မျက်နှာကတော့ ပိုဆိုးလာခဲ့တယ်။
ဒုတိယ၊ တတိယဗီရိုတွေကိုလည်း ချိုးဖျက်ပြီး ငွေတွေထွက်လာခဲ့တယ်။
ဗီရို ၁၀ လုံးကျော်ထိ ချိုးဖျက်ပြီးတဲ့အခါ ချူးမိသားစုဝင်က ရပ်လိုက်တယ်။
"မစ္စတာချူး ပင်ပန်းနေရင် တခြားသူတွေကို အစားထိုးလုပ်ခိုင်းလို့ ရပါတယ်။ မစ္စတာချူးရဲ့ လုပ်ငန်းက တော်တော်ကိာ ကြီးတာပဲ။ ဒီဗီရို ၄၉ လုံး အကုန်က ငွေတွေနဲ့ ပြည့်နေရင် သန်းပေါင်း ရာကျော်မှာပဲ "
ချူးမိသားစုဝင်က ပြုံးပြီးဘာမှမပြောဘဲ ပုဆိန်ကိုပြန်ကိုင်ပြီး ဗီရိုတွေကို ဆက်ချိုးဖျက်နေခဲ့တယ်။
ဒီတစ်ခါဗီရိုကို ဖွင့်လိုက်တဲ့အခါ ငွေတွေမဟုတ်ဘဲ အိတ်သေးသေးလေးတွေထဲမှာ အမှုန့်တွေ၊ ဆေးလုံးတွေရှိနေခဲ့တယ်။
"မစ္စတာချူး၊ အဲ့ဒါတွေကဘာလဲ?" ချူးမိသားစုဝင်မဖြေခဲ့ဘူး၊ ကျန်းရီက ထပ်မေးလိုက်တယ်- "မစ္စတာချူး၊ ဒီပစ္စည်းတွေကထူးဆန်းနေတယ်၊ ခင်ဗျားလုပ်ငန်းက ထွက်ကုန်တွေလား?"
"မင်းဘယ်သူလဲ!"
ချူးမိသားစုဝင်က ရုတ်တရက်လှည့်လိုက်ပြီး သူ့ မျက်လုံးတွေက နီရဲနေခဲ့တယ်။
ကျန်းရီက အေးဆေးပဲ ပြောလိုက်တယ်- "မစ္စတာချူး၊ ကျွန်တော် ဘယ်သူလဲဆိုတာ မသိဘူးလား? မသိရင် ဘာလို့ ကျွန်တော့်ဆီ လာတာလဲ?"
"ရှောင်ယီ တကယ်ပဲ ဘေးကင်းမှာလား?"
"ကျွန်တော်ပြောပြီးပြီ၊ ခင်ဗျားနဲ့ ရှောင်ယီ ဘေးကင်းမှာပါ"
"ဟား…ဟား… ငါဒီဘေးဒုက္ခကနေ မလွတ်နိုင်ဘူးဆိုတာ မင်းသိနေတာလား?"
"ဒီဘဝမှာ ကံကြမ္မာကလွဲပြီး၊ ခင်ဗျားသာ ဖြောင့်မတ်စွာ နေထိုင်ခဲ့ရင် ဘေးဒုက္ခတွေကို ကျော်ဖြတ်နိုင်တယ်။ မစ္စတာချူးသာ ဖြောင့်မတ်စွာ နေထိုင်ခဲ့ရင် ဘာလို့စိုးရိမ်နေရမှာလဲ?"
ဒီလိုပြောနေစဉ်မှာပဲ အပြင်က တစ်ယောက်ကပြေးလာပြီး- "ဆရာ၊ အပြင်မှာ လက်နက်ကိုင်ရဲတွေ အများကြီး ရောက်နေပြီ!" လို့အော်လိုက်တယ်။
ချူးမိသားစုဝင်က အံ့သြမနေဘဲ ကျန်းရီကို ကြည့်ပြီး သွားကြားထဲက လေသံနဲ့ ပြောလိုက်တယ်-
"ကျန်းရီ မင်းက တကယ့်ကို ကြောက်စရာကောင်းတဲ့ သူပဲ!"