← Chapters

မတရားသေခဲ့ရတဲ့ ဝိညာဥ်တွေ အတူစုဝေးလာခြင်း

Vol. 17 Ch. 231

မတရားသေခဲ့ရတဲ့ ဝိညာဥ်တွေ အတူစုဝေးလာခြင်း

Vol. 17 Ch. 231

ပရိသတ်တွေဟာ အချိန်မီ မတုန့်ပြန် နိုင်သေးသလို ဖြစ်နေခဲ့ကြတယ်။ အထူးသဖြင့် လက်နက်ကိုင်ရဲတပ်ဖွဲ့တွေ မြေအောက်ခန်းထဲ ရောက်လာတဲ့ အချိန်မှာပေါ့။ ပရိသတ်တွေဟာ လုံးဝကို ရှုပ်ထွေးသွားခဲ့ကြတယ်။

ဒါပေမယ့် မကြာခင်မှာပဲ တချို့လူတွေက နားလည်လာခဲ့ကြတယ်။

ဘာလို့လဲဆိုတော့ ဖွင့်လိုက်တဲ့ ဗီရိုထဲတွေမှာ ထူးဆန်းတဲ့ပစ္စည်းတွေ၊ ဆေးလုံးတွေ၊ အမှုန့်တွေ၊ ရေခဲနဲ့ တူတဲ့အရာတွေ အများကြီးပါနေလို့ပါပဲ။

အဲ့ဒါတွေက ဘာတွေလဲ?

တကယ်တော့ လူအတော်များများက ခန့်မှန်းပြီးသား ဖြစ်နေပါပြီ။ ဒါပေမယ့် ခန့်မှန်းမိလိုက်တာနဲ့ပဲ သူတို့ ပိုရှုပ်ထွေးသွားခဲ့ကြတယ်။

ကြည့်ရှု့သူ A- “မစ္စတာချူး က...ဘယ်လိုဖြစ်နိုင်မှာလဲ...သူက ဘယ်သူလဲ?"

ကြည့်ရှု့သူ B-" ဒီခွေးက မူးယစ်ဆေးဝါး ရောင်းတဲ့ သူပဲ! ဒါကြောင့်ပဲ အရင်ကလည်း မျက်နှာမပြခဲ့တာ၊ ဒါကြောင့်ပဲ စတွင်မာ မေးတဲ့အခါတိုင်း လျှို့ဝှက်နေခဲ့တာ၊ ဒါကြောင့်ပဲ ဘဏ်မှာ ပိုက်ဆံတွေ အကုန်မထည့်ရဲခဲ့တာပဲ၊ ဒါကြောင့်ပဲ ဗီရိုတွေမခွဲဖို့ စတွင်မာ ကို ထပ်ခါထပ်ခါ တောင်းဆိုနေခဲ့တာပဲ!"

ကြည့်ရှု့သူ C-"ဒါ ဘယ်လိုဖြစ်နိုင်လဲ? မစ္စတာချူး က လျှို့ဝှက်တယ်ဆိုပေမယ့် ဘာလို့ ဒီလိုလူမျိုးဖြစ်နိုင်မှာလဲ? သူ့သမီးကို အရမ်း ချစ်တာကို!"

ပရိသတ်တွေရဲ့ အတွေးတွေဟာ ဒီအချိန်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ကျန်းရီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ သူတို့ကြောက်တဲ့ သရဲတွေကိုသာမက၊ ကမ္ဘာ့ကြီးရဲ့ နွေးထွေးမှုတွေကိုလည်း အမြဲတမ်း မြင်တွေ့ခဲ့ကြရတယ်။

မိဘနဲ့သားသမီး၊ လင်နဲ့မယား၊ အဖိုးအဖွားနဲ့မြေးတွေကြားက ဆက်ဆံရေးတွေ အစရှိသဖြင့်ပေါ့ ဒါတွေဟာ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းကို ကြောက်စရာ​ကောင်းစေသလို၊ ပရိသတ်တွေကို လူသားဆန်တဲ့ အနွေးဓာတ်တွေ၊ ဘဝရဲ့ ဝမ်းနည်းဖွယ် ကွဲကွာမှုတွေနဲ့ သေဆုံးမှုတွေကိုလည်း ခံစားရစေခဲ့တယ်။

ဒါတွေအားလုံးက ပရိသတ်တွေကို သူတို့ဘဝကို ပိုတန်ဖိုးထားစေဖို့၊ ပိုကောင်းတဲ့ဘဝကို နားလည်စေဖို့ သင်ပေးခဲ့တယ်။

ဒါပေမယ့် သူတို့တစ်ခါမှ မတွေးဖူးခဲ့ကြတာက ကျန်းရီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ မူးယစ်ဆေးဝါး ကုန်ကူးသူကြီး တစ်ယောက်ကို တိုက်ရိုက်ထုတ်လွှင့် ခံရမယ်ဆိုတာပါပဲ။

ဒါအားလုံးက မတော်တဆ ဖြစ်သွားခဲ့တာလား? ဒါမှမဟုတ်ပဲ ချူးမိသားစုဝင်ကပဲ အရမ်း မိုက်မဲပြီး ရောက်လာတာလား?

ပရိသတ်တွေအားလုံး နားလည်သွားတဲ့ အခါမှာတော့ ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်မှု စတင်ကတည်းက တစ်ခုခုကို မှန်းဆထားပြီးသား ဖြစ်နေတဲ့ အတိုင်းပါပဲ။

ဒါကြောင့်ပဲ သူဟာ ဒါတွေအားလုံးကို ထုတ်ဖော်ပြသဖို့ ဂိမ်းတစ်ခု ဆော့နေခဲ့တာဖြစ်မယ်။

"ကျန်းရီ...မင်းတကယ်ကို ကြောက်စရာ ကောင်းတယ်။ ငါ့ကိုပြောစမ်းပါ...မင်းက ငါဘယ်သူလဲဆိုတာ အစကတည်းက သိပြီးသားလား!"

ချူး မိသားစုဝင်က မခုခံခဲ့ဘူး။ သူလည်း သိနေခဲ့ပါတယ်၊ သေနတ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခုခံတာက အရမ်းမိုက်မဲတဲ့ အပြုအမူ ဖြစ်တယ်ဆိုတာကိုပေါ့။

ကျန်းရီက သူ့ကိုကြည့်ပြီး ခေါင်းယမ်းလိုက်ကာ " မင်းရဲ့ ပြုမူပုံက အစကတည်းက ထူးဆန်းနေတယ်။ ဒါကြောင့် ငါသတိထားမိလိုက်တယ်။

ဒါကြောင့်ပဲ မင်းကို အထပ်ထပ်ခေါ်သွားပြီး မင်းရဲ့အစစ်အမှန်မျက်နှာကို ထုတ်ဖော်စေခဲ့တာ။

မင်းရဲ့အစစ်အမှန် မျက်နှာပေါ်လာတာနဲ့ ရဲတွေက ငါ့ကိုဆက်သွယ်ခဲ့တယ်။

အဲ့ဒီတော့မှပဲ မစ္စတယချူး ဆိုတာ နာမည်ကြီး ချူးဟီ ဖြစ်နေတယ်ဆိုတာ ငါသိလိုက်ရတယ်။ ဒါကြောင့် မင်းရဲ့လုပ်ငန်းက သွင်းကုန်ထုတ်ကုန် ဆိုတာလည်း မမှားဘူးပဲ"

"မဟုတ်ဘူး... ငါ့ရဲ့အကြီးဆုံး နောင်တတစ်ခုက ကိုယ့်ကိုယ်ကို မထိန်းနိုင်ခဲ့တာပဲ။

ဒီပစ္စည်းတွေကို အရင်ပို့ပြီးမှ မင်းဆီ အကူအညီတောင်းသင့်တာ။

ဒါပေမယ့် ငါထပ် မစောင့်နိုင်တော့ဘူး။

ရှောင်ယီ တကယ်ပဲအခက်တွေ့နေမှာကို စိုးရိမ်နေခဲ့တယ်။

မင်းကိုမဆက်သွယ်ခင်ကလည်း ဒီပစ္စည်းတွေကို ရွှေ့ဖို့စဉ်းစားခဲ့တယ်။ ဒါပေမယ့် ရဲတွေက ငါ့ကိုစောင့်ကြည့်နေပြီး ငါ့အပေါ်အထောက်အထားရှာမတွေ့ခဲ့ဘူး။

ဒါကြောင့် ငါစဉ်းစားမိတာက အန္တရာယ် အများဆုံးနေရာက အစိတ်အချရဆုံး နေရာဖြစ်နေနိုင်တယ်။

တစ်ခုပဲ ရှောင်ယီက မင်းကို မြေအောက်ခန်း အကြောင်းပြောမယ်လို့ ငါမထင်မိခဲ့ဘူး"

ချူးဟီ ရဲ့စကားတွေမှာ မရေမတွက်နိုင်တဲ့ မျှော်လင့်ချက်ကင်းမဲ့မှုတွေပါနေပြီး၊ သူ့သမီးကိုလည်း ဝမ်းနည်းစွာ ပြုံးပြလိုက်တယ်။

ဒါပေမယ့် ဒီလိုကြည့်ပြီးနောက် ချူးဟီ က ကျန်းရီကို ကြည့်လိုက်ကာ "ရဲတွေက ဒီလို အချိန်မှီရောက်လာတာက မင်းက အစကတည်းက အစီအစဉ်ဆွဲထားတာပဲ။ မင်းဘယ်နေရာမှာ ငါ့ကိုလှည့်စားခဲ့တာလဲ?"

"ဆိုရိုးစကားတစ်ခုရှိတယ်၊ မတရားမှုတိုင်းမှာ သူ့ရဲ့ ပိုင်ရှင်ရှိတယ်။

တကယ်တော့ ဗီဒီယိုစတင်ကတည်းက မင်းရဲ့အိမ်မှာဖြစ်နေတဲ့ပြဿနာရဲ့အရင်းအမြစ်ကို ငါနားလည်သွားခဲ့တယ်။

ဒီမြေအောက်ခန်းမှာမဟုတ်ဘူး၊ ဒီဗီရိုတွေမှာလည်း မဟုတ်ဘူး။

ဒါကြောင့် ဗီရိုတွေကို ခွဲတာက မင်းရဲ့ ပြဿနာတွေထုတ်ဖော်ပြဖို့ပဲ။

ငါမင်းကိုလှည့်စားတယ်၊ ဒါဆို မင်းက ငါ့ကိုမလှည့်စားဘူးလား?"

"လူသတ်မှုအကြောင်းပြောနေတာလား?"

"ဟုတ်တယ်၊ အဲ့ဒါ မဟုတ်ရင် ငါက ဘာကိုပြောရမှာလဲ?"

"ဟားဟား၊ ငါပြောနိုင်တာက ငါ ဒီလုပ်ငန်းထဲ ဝင်ပြီးကတည်းက ငါကိုယ်တိုင် လူမသတ်ခဲ့ဘူး။ ငါ့မှာ ပိုက်ဆံအများကြီးရှိတယ်၊ ပိုက်ဆံရှိရင် အဲဒါတွေလုပ်ပေးမယ့်သူတွေရှိတယ်။ ဒါကြောင့် ငါ့လက်မှာ လူအသတ်တွေ မရှိဘူးလို့ငါပြောခဲ့တာ၊ ငါမလိမ်ဘူး"

"ဒါပေမယ့် ငါမေးနေတာက မင်းလူသတ်ဖူးလား?"

ကျန်းရီက ချူးဟီကို တည့်တည့် ကြည့်လိုက်တယ်။ ချူးဟီ ခဏရပ်သွားပြီး တွေးနေပြီးနောက် အကြီးအကျယ်ရယ်ကာ “ မစ္စတာကျန်း ရဲ့စကားတွေက တကယ့်ကို နက်နဲတာပဲ။ ဒါပေမယ့် သူတို့ တကယ်သေသွားတဲ့သူတွေကို ဘယ်လိုရှာမှာလဲ?"

"ဒါကတော့ မင်းဘယ်သူ့ကို သတ်ခဲ့လဲ ဆိုတာပေါ်မှာပဲ မူတည်တယ်"

"ငါမသိဘူး၊ ငါအဲဒီလူတွေကို မှတ်မိဖို့မကြိုးစားခဲ့ဘူး။

ငါ့အောက်ကလူတွေ ဘယ်သူက လျှို့ဝှက်တပ်ဖွဲ့ဝင်လဲ၊ ဘယ်သူက လက်ဝါးကြီးအုပ်ချင်နေလဲဆိုတာ ပြောပြရင် ငါက သူတို့ကိုသတ်ပြီး မြေမြှုပ်လိုက်ဖို့ ပြောလိုက်ရုံပဲ

ဒါကြောင့် ဒီမျက်နှာတွေက ငါ့အတွက် တကယ်ကို စိမ်းနေတာပေါ့...

ဟ... ဒါကြောင့်ပဲ နတ်ဆိုးငယ်လေးတွေ အများကြီးဖြစ်နေတာပဲ... ရှင်းမယ်ဆိုရင် အမြစ်ကနေ အပြတ်ရှင်းရမယ်... ဒါကြောင့်ပဲ ဖြစ်ရမယ်..."

ချူးဟီကို လက်နက်ကိုင်ရဲတပ်ဖွဲ့က လက်ကို တုတ်ချည်ပြီး မြေကြီးပေါ် လှဲချလိုက်ပေမယ့် သူ့မျက်နှာမှာ အရမ်းထိတ်လန့်နေတဲ့ပုံ မပေါ်ခဲ့ဘူး။

ဒီတော့မှပဲ ရှောင်ယီ အံ့အားသင့်သွားပြီး ရုတ်တရက် ငိုကြွေးလိုက်ကာ သူမမျက်နှာက ရုတ်တရက် ကြမ်းတမ်းလာခဲ့တယ်။

"ဦးကျန်းရီ၊ ဦးလာတာ သမီးနဲ့ သမီးအဖေကို ကူညီဖို့မဟုတ်ဘူးလား? ဘာလို့... ဘာလို့ ဦးရဲတွေက သမီးအဖေကို ဖမ်းရတာလဲ၊ သမီး အဖေကို မနှိပ်စက်ပါနဲ့!"

ရှောင်ယီရဲ့စကားကို ကြားတော့ ကျန်းရီရဲ့မျက်နှာလည်း ခဏတာ ပြောင်းလဲသွားပြီး နောင်တတွေနဲ့ ပြောလိုက်တယ်-

"ရှောင်ယီ၊ ဦးကျန်းရီ သမီးကို တောင်းပန်ပါတယ်။

သမီးအခုအချိန်မှာ အရာတော်တော်များများကို နားမလည်သေးဘူး၊ သမီး ကြီးလာရင်တောင် နားမလည်သေးတဲ့အရာတွေ ရှိနိုင်တယ်။

ဦးလုပ်တဲ့အရာက ဘာလို့လဲဆိုတာ သမီး နားမလည်ဘူး။

ဒါပေမယ့် ဦးပြောချင်တာက သမီးရဲ့ သူငယ်ချင်းနဲ့ မင်းမိသားစုထဲက လူတွေဟာ သေသင့်တဲ့သူတွေ မဟုတ်ဘူးဆိုတာပဲ။

သူတို့အားလုံး သေကြေပျက်စီးသွားကြတယ်။

သူတို့အတွက် ရှင်းပြချက် လိုတယ်။

ဒါတွေကို မှတ်ထားပါ၊

အခုကစပြီး ဦးကျန်းရီကို မုန်းသွားရင်တောင် သမီးကို အပြစ်မတင်ပါဘူး"

ချူးဟီက တစ္ဆေခြောက်ခံနေရတဲ့ မူးယစ်ဆေးဝါး သမားဖြစ်ပြီး ကျန်းရီအနေနဲ့ ဘယ်လိုအချက်တွေပဲရှိရှိ သူ့ကိုထုတ်ဖော်ဖို့ အခွင့်ရှိခဲ့ရင် ထုတ်ဖော်ရမှာပဲ။

ဒါပေမယ့် ဒီဖော်ထုတ်မှုက ရှောင်ယီအတွက် ကြီးမားတဲ့ ဒဏ်ရာကို ဖြစ်စေခဲ့တယ်။

သူ့မိခင်က မကြာသေးခင်ကပဲ ကွယ်လွန်သွားပြီး သူ့ဖခင်ကိုတော့ ဖမ်းဆီးပြီး သေဒဏ်ပေးမယ်ဆိုတာက အံ့အားသင့်စရာမရှိပါဘူး။

အခုကစပြီး သူ့မှာ အဖေမရှိ၊ အမေမရှိတော့ဘူး၊ သူမက ၆ နှစ်ပဲရှိသေးတယ်။

ဒါပေမယ့် သူ့မအတွက်ဆိုပြီး ထားလိုက်ရင် ဒီအပြစ်မဲ့တဲ့ဝိညာဉ်တွေဟာ ဘယ်တော့မှ အေးချမ်းစွာ နေရမှာ မဟုတ်ဘူး။

သူမက ချူးဟီရဲ့ သမီးဖြစ်ပေမယ့် သေဆုံးသွားသူတွေကလည်း တစ်စုံတစ်ယောက်ရဲ့ သားသမီးတွေပဲ ဖြစ်သည်။

ကျန်းရီက ရှောင်ယီကို တောင်းပန်လိုက်တယ်၊ ဒါပေမယ့် ဒီတောင်းပန်မှုက သူမက ကလေးတစ်ယောက် ဖြစ်နေသေးလို့ပါပဲ။

ချူးဟီရဲ့ မျက်လုံးတွေက ကြောက်မက်ဖွယ် ကောင်းနေပြီး လက်နက်ကိုင်ရဲတွေက သူ့ကို ဆွဲတင်လိုက်တဲ့အခါ သူက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကို အော်ဟစ်လိုက်တယ်-

"ကျန်းရီ၊ မင်းပြောတဲ့စကား တည်မှာလား?"

"အသေအချာပဲ"

"ရှောင်ယီ တကယ်ဘေးကင်းမှာလား?"

"ကြည့်လိုက်စမ်း၊ သူတို့အားလုံး ဒီမှာရှိနေတာ မြင်လား?"

ကျန်းရီစကားပြောလိုက်တာနဲ့ တစ်ပြိုင်နက် မြေအောက်ခန်းထဲမှာ ပုံရိပ်တွေ ပေါ်လာခဲ့တယ်။

ရှောင်ယီက ခေါင်းပေါက်နေတဲ့ သူငယ်ချင်းကိုလည်း မြင်ခဲ့တယ်၊ သူ့မိခင်ရဲ့မှတ်တမ်းထဲမှာရှိတဲ့ အကြီးနဲ့အငယ်ကိုလည်း မြင်ခဲ့တယ်၊ ပြီးတော့ အရင်က သူမြင်ဖူးတဲ့ အဖြူရောင် ဝတ်ထားတဲ့ တစ္ဆေတွေအများကြီးကိုလည်း မြင်ခဲ့တယ်။

ဒါပေမယ့် လက်နက်ကိုင်ရဲတွေကတော့ မမြင်ခဲ့ဘူး။ ချူးဟီက ဒီလူတွေကို စိုက်ကြည့်နေပြီး လူအများကြီးကိုမြင်တော့ သူ့ကိုယ်သူ မ​နေနိုင်ဘဲ ပြန်ရယ်မိလိုက်တယ်-

"ငါမသိလိုက်ဘဲ လူတွေအများကြီးကို သတ်မိခဲ့တာလား... စိတ်မကောင်းစရာပဲ၊ မင်းတို့ဘယ်သူတွေလဲဆိုတာ ငါမသိဘူး"

အဲ့ဒီတစ္ဆေတွေအားလုံးက မျက်နှာတွေ အေးစက်နေပြီး ကျန်းရီက ပြန်ဖြေလိုက်တယ်-

"မင်းက အမြစ်ပြတ် ရှင်းပြစ်ခဲ့တယ်၊ ကလေးတွေကိုတောင် မလွှတ်ခဲ့ဘူး။ ချူးဟီ… ငရဲရှစ်ထပ်က ဘယ်လောက်တောင်မှ ကြောက်စရာ ကောင်းတယ်ဆိုတာ မင်းသိလား?"

"ဘယ်လောက်တောင် ကြောက်စရာကောင်းတာလဲ?"

"သူတို့ကို တကယ် စမ်းခိုင်းလိုက်ပါ"

ကျန်းရီစကားပြောပြီးတာနဲ့ တစ္ဆေအားလုံးက ချူးဟီဆီကို ပြေးဝင်လာခဲ့ကြတယ်။

ခဏအတွင်းမှာပဲ ချူးဟီ အော်ဟစ်လိုက်တယ်။

ဒီတစ္ဆေတွေအားလုံးက အရူးအမူးပဲ ဖြစ်နေခဲ့ကြတယ်၊ အထူးသဖြင့် ယူနီဖောင်းဝတ်ထားတဲ့သူတွေက ချူးဟီကို ရူးသွပ်စွာ ဆွဲဖဲ့နေကြတယ်။

"ငါ့တစ်ယောက်တည်းကို သတ်တာနဲ့ မလုံလောက်ဘူးလား? မင်းက ငါ့မိန်းမ၊ ငါ့ကလေးတွေကိုပါ ညှဉ်းပန်းသတ်ဖြတ်မှ ရမှာလား!"

"သုံးရက်၊ သုံးည။ မင်းဖမ်းပြီးနောက် သုံးရက်၊ သုံးညအတွင်းမှာ ငါ့အဖေ ခံစားရတာ ဘယ်လောက်တောင် နာကျင်တယ်ဆိုတာ မင်းသိလား? ချူးဟီ ဒီအကြွေးကို မင်းဆပ်ရမယ်!"

"ချူးဟီ၊ မင်းသေဖို့ကို ငါတို့စောင့်နေတာ... နီးလာပြီ၊ နောက်ဆုံးတော့ နီးလာပြီ။ မင်းသေပြီး ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်သွားရင် ဘာတွေက ပိုကြောက်စရာကောင်းလဲဆိုတာ မင်းနားလည်သွားလိမ့်မယ်!"

All Chapters