← Chapters

သင်္ချိုင်းထဲက အကြောက်တရား

Vol. 17 Ch. 232

သင်္ချိုင်းထဲက အကြောက်တရား

Vol. 17 Ch. 232

ရှောင်ယီကို အပြင်ခေါ်သွားပြီးနောက်၊ အပြစ်မဲ့သောဝိညာဉ်အားလုံးတို့သည် ချူးဟီကို ဝိုင်းဝန်းတိုက်ခိုက်ကြသည်။

သူ၏ အော်ဟစ်သံများက တော်တော်နှင့် မရပ်တန့်ခဲ့ပေ။ အသက်ရှင်နေစဉ် ဝိညာဉ်စုတ်ပြဲခံရသည့် နာကျင်မှုကို ကိုယ်တိုင်ကြုံတွေ့ဖူးသူများသာ နားလည်နိုင်ပေလိမ့်သည်။

သို့သော် ထိုအပြစ်မဲ့ဝိညာဉ်များသည် ကျန်းရီသတိပေးရန် မလိုအပ်ဘဲ သူ့ဘာသာသူ ရပ်တန့်သွားခဲ့ကြသည်။

"ချူးဟွ၊ အခုတော့ မင်းအသက်ကို ခဏချန်ထားပေးမယ်။ မင်းသေပြီးတဲ့အခါ ငါတို့ကိုယ်တိုင် မင်းကို ငရဲကို ဆွဲချမယ်!"

"မင်းအသားကိုစား၊ မင်းသွေးကို သောက်ဖို့ကို မစောင့်နိုင်တော့ဘူး။ ငါ့ကလေးက သေပြီးနောက်မှာတောင် ဦးခေါင်းမှာ အပေါက်ကြီး ကျန်နေသေးတယ်။ ဒါမျိုးသာမဖြစ်ခဲ့ရင်... ငါမတတ်နိုင်လို့သာ ၊ မဟုတ်ရင် မင်းမိသားစု တစ်ခုလုံးကို သတ်ပစ်ချင်စိတ် ရှိတယ်ဆိုတာကို မင်းသိလား?!"

တစ္ဆေတစ်ကောင်က ငိုကြွေးရင်း ပြောလာခဲ့သည်။ စကားပြောသူမှာ ရှောင်ယီပြောခဲ့သည့် သူငယ်ချင်း၏ ဖခင်ဖြစ်သည်။

သူသည် ယူနီဖောင်းဝတ်ဆင်ထားပြီး၊ ရဲတစ်ဦးဖြစ်ကြောင်း ဖော်ပြနေခဲ့သည်။

ကျန်းရီက သူတို့ကို ကြည့်ကာ၊ "မင်းတို့ ဒီမှာ နှစ်အတော်ကြာ နေခဲ့ကြတာလား" ဟု မေးလိုက်သည်။

"ဟုတ်တယ်၊ ငါတို့ထဲက ဘယ်ဘယ်မှ လွယ်လွယ်နဲ့ မထွက်သွားချင်ကြဘူး၊ ချူးဟီကို သူ့အသက်နဲ့ ပေးဆပ်ခိုင်းဖို့ ငါတို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ အရင်က သူ့ဘေးမှာ ကျွမ်းကျင်သူတစ်ယောက် ရှိခဲ့ပြီး၊ ငါတို့က သူ့ကို ဘာမှ မလုပ်နိုင်ခဲ့ကြဘူး။ ဒါ့အပြင်ကို ငါတို့ထဲက ဘယ်သူမှ သူ့ကို တကယ် ထိခိုက်အောင် မလုပ်နိုင်ခဲ့ကြဘူး။ ဘာကြောင့်လဲဆိုတာ ရှင်းပြပေးနိုင်မလား?"

"တစ္ဆေတွေ နယ်နိမိတ်ကို ကျော်လို့ရဘူး၊ ဒါပေမယ့် သင်တို့က နယ်နိမိတ်ကိုကျော်ပြီး ဒီနေရာမှာ စုဝေးနေခဲ့ကြတယ်။ ဒါကြောင့် အဖိုးအခအနေနဲ့၊ သင်တို့က ဘယ်သူ့ကိုမျှ အမှန်တကယ် ထိခိုက်အောင် လုပ်လို့မရဘူး"

ကျန်းရီက အဖြေပေးလိုက်တော့ မတရား သေဆုံးခဲ့ရသူတွေအားလုံးက- "ဒါမမျှတဘူး၊ ချူးဟီ လက်ထဲမှာ အသက်တွေ အများကြီးရှိနေတယ်။

ငါနှစ်ပေါင်းများစွာ လျှို့ဝှက်စွာနေခဲ့ပြီးမှ နောက်ဆုံးမှာ သူ့လူတွေကနေ ဖော်ထုတ်ခံလိုက်ရတဲ့အခါမှာ ငါ့လက်သည်း ခြေသည်းအားလုံးကို နှုတ်ပစ်ခံရတယ်။

ဒါ့အပြင်ကိုမှ သူတို့က ငါ့ခြေထောက်ကို ဖြတ်ပြီး ငါ့ရှေ့မှာပဲ အစိတ်စိတ်အမွှာမွှာ လုပ်ပစ်ခဲ့တယ်!"

"ဘာလို့လဲ၊ ဘာ့ကြောင့် ဒီလိုလူမျိုးက အဖိုးအခ မပေးသင့်ရတာလဲ?! ဘာကြောင့် ငါတို့က နယ်နိမိတ်ကျော်လိုက်တဲ့အတွက် လက်စားချေခွင့်မရှိရတာလဲ!"

ထိုမတရားသေဆုံးရတဲ့ သူတွေရဲ့ စကားတွေကို ကြားလိုက်ရသောအခါ၊ ကျန်းရီက အေးဆေးစွာဖြင့်-“စည်းမျဉ်းတွေက ဒီလိုပါပဲ၊ မင်းတို့ ဒါကို မချိုးဖောက်နိုင်ဘူး၊ ဒါပေမယ့်...

"ဒီနေ့ကစပြီး နောက်ပိုင်းမှာ ချူးဟီလို လူမျိုးနဲ့ တွေ့ရင်၊ ဒီစည်းမျဉ်းတွေက အသုံးမဝင်တော့ဘူး!"

ကျန်းရီ စကားပြောလို့ပြီးတာနဲ့ ထိုမတရား သေဆုံးရတဲ့ သူတွေအားလုံးက သူ့ကိုကြည့်ကာ "အမှန်ပဲလား" ဟု မေးလိုက်ကြသည်။

"ငါပြောတဲ့စကားက အမြဲတမ်း အမှန်ဖြစ်တယ်။ ချူးဟီလို လူမျိုးနဲ့တွေ့ရင် ဒီစည်းမျဉ်းတွေက အကျုံးမဝင်ဘူးလို့ ငါပြောရင်၊ ဒါဟာ အမှန်ပဲ"

တစ္ဆေအားလုံး ငိုကြွေးခဲ့ကြပြီး၊ အချို့က မနေနိုင်တော့ဘဲ ပြောလာကြသည်-“သူ့ဘေးမှာ ပညာနဲ့ကူညီပေးနေတဲ့ နောက်ထပ် လူတစ်ယောက်ကို သူသတ်ခဲ့သေးတယ်။

အဲ့ပညာရှင်က အလွန်တော်တယ်။

တစ်ခါတုန်းက ငါတို့က သူ့အနား ကပ်ဖို့တောင် ကြောက်နေခဲ့ကြရတယ်။

နောက်ပိုင်းမှာ ချူးဟီရဲ့ဇနီးအတွက် ဆရာဝန်နဲ့ သွားပြသတဲ့အခါမှာ သူလုပ်ခဲ့တာတွေကို နားလည်သွားတယ်"

"သူက နတ်ဘုရားတွေရဲ့ အလိုတော်ကို ဆန့်ကျင်ပြီး အပြစ်ရှိသူတစ်ဦးအတွက် ဘေးအန္တရာယ်ကို တားဆီးခဲ့သည်၊ ဒါ့ကြောင့် သူသေဆုံးခဲ့ရတယ်။ ဒါပေမယ့် သူရဲ သေဆုံးမှုက အပြစ်မဲ့တယ်။ ဟူး... နောက်ဘဝမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှူးမဖြစ်ချင်တော့ဘူး။ ဒီဘဝက အရမ်းပင်ပန်းတယ်၊ နာရီတိုင်း၊ မိနစ်တိုင်းမှာ သတိမလစ်ရဲခဲ့ဘူး"

"ဒါတောင်မှပဲ ငါ့ရဲ့ သားလေးကို မကာကွယ် ပေးနိုင်ခဲ့ဘူး..."

ထိုမတရားသေဆုံးရသူ​တွေထဲမှ အများစုသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးရဲများဖြစ်ကြပြီး၊ ယနေ့ခေတ်၏ အအန္တရာယ်အများဆုံး ရဲအမျိုးအစားများထဲမှ တစ်ခုလည်း ဖြစ်သည်။

ကျန်းရီက သူတို့ကိုကြည့်ကာ တိတ်စဆိတ် ခေါင်းညိတ်လိုက်ပြီး၊ "ဒီလောက် နှစ်ပေါင်းများစွာကြာပြီးတာတောင် သင်တို့က ချူးဟီရဲ့ ဇနီးနဲ့ သမီးကို တစ်စုံတစ်ရာလုပ်ဖို့ စိတ်မပိုင်းဖြတ်နိုင်သေးတာက အလွန် ရှားပါးလွန်းလှပြီ။ သင်တို့အောက်ကို ရောက်သွားတဲ့အခါ၊ ငရဲမင်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်မှာပါ။ ဒါကြောင့် သင်တို့ သွားရမယ့် နေရာကို သွားကြပါတော့"

ပြောပြီးနောက်၊ ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ကြည့်လိုက်ကာ- "သူတို့ကို အတူတကွ ပို့လိုက်ကြရအောင်။

သူတို့ထဲမှာ သူရဲကောင်းတွေ အများကြီး ရှိတယ်။

သူတို့က မကောင်းမှုကို ပြုလိုစိတ်ရှိခဲ့ပြီး ရှောင်ယီနဲ့ သူမရဲ့ မိခင်ကို အန္တရာယ် ပြုချင်တဲ့ အတွေးရှိခဲ့ကြသော်လည်း၊

နောက်ဆုံးမှာ သူတို့က အဲ့ဒီ မကောင်းတဲ့ အတွေးတွေ မရှိခဲ့ကြဘူး၊ ဒါ့ကြောင့် သူတို့က အသက်ရှင်နေစဉ်က သူရဲကောင်းတွေဖြစ်ပြီး၊ သေပြီးနောက် ငါတို့၏ အမြင့်မြတ်ဆုံး လေးစားမှုကို ခံယူထိုက်တယ်"

တိုက်ရိုက်ထုတ်လွှင့်မှုခန်းရှိ လူအားလုံးက ပြန်လည်တုန့်ပြန်ကြပြီး၊ ထိုမတရားသေဆုံးရသူတွေရဲ့မျက်နှာတွင် နောက်ဆုံး အပြုံးများပေါ်လာခဲ့သည်။

သူတို့ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက်၊ ကျန်းရီက အခြားဘက်ရှိ ဗီဒီယိုကို ဖြတ်တောက်ကာ တိုက်ရိုက်ထုတ်လွှင့်မှုခန်းသို့ ပြန်လာခဲ့ပြီး၊ စိတ်ထဲတွင်လည်း စိတ်ခံစားမှုများဖြင့် ပြည့်နေပုံရသည်။

ကြည့်ရှု့သူ A-" စတွင်မာ ရှောင်ယီအတွက် စိတ်ပူနေတာလား?"

ကြည့်ရှု့သူ B-" စတွင်မာ မင်းဘာမှားတာမှ မလုပ်ခဲ့ဘူး။ ရှောင်ယီက ရှောင်ယီသာ ဖြစ်ပေမယ့်လည်း၊ သူမက ချူးဟီရဲ့ သမီးလည်း ဖြစ်တယ်။ ချူးဟီက မကောင်းမှုတွေ များစွာပြုလုပ်ခဲ့ပြီး၊ သူ့မှာ သမီးတစ်ယောက်ရှိတယ်ဆိုတာ တစ်ခုတည်းနဲ့ စတွင်မာ သို့မဟုတ် ဘယ်သူမှ သူ့ကို ခွင့်လွှတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင့် မင်းဒီအတွက် အပြစ်ရှိသလို မခံစားနဲ့"

"မဟုတ်ဘူး၊ စတွင်မာမှာ အပြစ်ရှိသလို ခံစားရတာက အသင့်တော်ဆုံးပဲ၊ ဘာလို့လဲဆိုတော့ သူဟာ စိတ်ခံစားချက်တွေ၊ အသွေးနဲ့ အသားနဲ့ ရှိနေတယ်လို့ ထင်ရမှာလေ။ သူက နတ်ဘုရားနဲ့ တူနေတယ် ဆိုပေမယ့်လည်း၊ ဒီလိုက ငါတို့အကြိုက်ဆုံး စတွင်မာဖြစ်တယ်၊ ဟုတ်တယ်မလား?"

ငါးလို ရေသောက်က ပြောလိုက်တော့၊ လူအများစုက သဘောတူခဲ့ကြသည်။

ကျန်းရီက အသက်ပြင်းပြင်း ရှုလိုက်ကာ "ဒီကိစ္စကို ဆက်မပြောတော့ဘူး။ မှန်တယ်၊ မှားတယ်၊ ဒါကတော့ အခြေအနေအရပါပဲ" ဟု ပြုံးရင်း ပြောလိုက်သည်။

"ဟုတ်တယ်၊ စတွင်မာရေ အခုလုပ်ရမှာက အခု လက်ဖက်ရည်လေးသောက်ပြီး နောက်ဖုန်းခေါ်ဆိုမှုကို စောင့်ကြရအောင်!"

ကျန်းရီသည် ဤဖြစ်ရပ်တွင် များစွာကို မဖြေရှင်းခဲ့ရပေ။ ရှောင်ယီဖုန်းခေါ်ဆိုမှုမှ ချူးဟီ ဖမ်းဆီးခံရသည်အထိ နာရီအနည်းငယ်သာ ကြာမြင့်ခဲ့သည်။

ညသန်းခေါင်ကျော်ပြီးတာ မကြာသေးသောကြောင့်၊ သူသည် နောက်ထပ်ဖုန်းတစ်ခုကို ထပ်မံ ဖြေကြားနိုင်ပေသည်။

ကျန်းရီက လက်ဖက်ရည်ခွက်ကို ကောက်ယူကာ လက်ဖက်ရည် တစ်ငုံသောက်ပြီးနောက်၊ နောက်ကွယ်တွင် အနည်းငယ်လုပ်ဆောင်ကာ တိုက်ရိုက်ထုတ်လွှင့်မှုခန်းသို့ ပြန်လာခဲ့သည်။

သူဘာလုပ်နေသည်ကို ဘယ်သူမှ မသိကြသော်လည်း၊ ရှောင်ယီနှင့် သက်ဆိုင်သော အကြောင်းအကျိုးများကို ဖြေရှင်းရန် လိုအပ်သည်ကို သူသိသည်၊ ထို့ကြောင့် ရှောင်ယီအတွက် အရာများကို ပြင်ဆင်ပေးခဲ့သည်။

ထိုအရာများကို ပြင်ဆင်​ပေးပြီးနောက်၊ သူနှင့်ရှောင်ယီ ကြားက အကြောင်းနှင့် အကျိုးက ပြတ်တောက်သွားပြီး၊ နောက်ထပ်ဆက်စပ်မှုမရှိတော့ပေ။

တိုက်ရိုက်ထုတ်လွှင့်မှုခန်းသို့ ပြန်ရောက်ပြီး မိနစ်အနည်းငယ်လောက် စကားပြောပြီးနောက်၊ ဖုန်းသံက မြည်လာခဲ့သည်။

"............."

ကျန်းရီသည် ဖုန်းသံကိုကြားတာနှင့် ဖုန်းကိုကောက်ယူကာ- "ဟဲလို၊ ဟဲလို၊ ကျွန်တော်က ကျန်းရီပါ၊ သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းပေးနေတဲ့ စတွင်မာပါ၊ ဖုန်းခေါ်ဆိုမှုအတွက် ကျေးဇူးတင်ပါတယ်"

ကျန်းရီစကားပြောပြီးတာနှင့်၊ အခြားဘက်မှ အသံတစ်ခု ထွက်လာခဲ့သည်။

အသံက အသက်ရှူမြန်နေပြီး၊ ကျန်းရီက ဒုတိယအကြိမ် အော်လိုက်ပြီးနောက်မှသာ "ကျွန်တော့်ကိုကယ်တင်ပါ... ကျွန်တော့်ကိုကယ်တင်ပါ..." ဟု ပြောလာခဲ့သည်။

အခြားဘက်မှ အလွန် ကြောက်ရွှံနေပုံ ရသောအသံကို ကြားရသောအခါ၊ ကျန်းရီသည်လည်း လေးလေးနက်နက် ဖြစ်လာသည်။

"ဟဲလို၊ ခင်ဗျားက ဘယ်မှာနေတာလဲ၊ ခင်ဗျားမှာ ဘာတွေဖြစ်နေတာလဲ?"

"ဝူး..ဝူး.. ကျွန်တော်က သင်္ချိုင်းထဲမှာ၊ ဒီကို ဘယ်လိုရောက်လာမိတာလဲမသိဘူး!"

ဖုန်းရဲ့အခြားဘက်မှ ငိုသံကို ကြားလိုက်ရသောအခါ၊ ပရိတ်သတ်တွေ အားလုံး တစ်ခဏ တိတ်ဆိတ်သွားခဲ့ကြသည်။

ထိုသူသည့၊ သူက သင်္ချိုင်းထဲတွင် ရှိနေသည်!

ညသန်းခေါင် ကျော်နေပြီဖြစ်သောကြောင့်၊ ဒီအချိန်တွင် ဖုန်းခေါ်သူသည် သန်းခေါင်ယံချိန်တွင် သင်္ချိုင်းသို့ စိတ်လှုပ်ရှားမှု ရှာဖွေရန် သွားခဲ့ခြင်းလား?

"စိတ်သိပ်မပူပါနဲ့၊ အခု ဗီဒီယိုခေါ်ပြီး ပြောလို့ရမလား?"

"ရပါတယ်၊ ရပါတယ်"

"ကောင်းပြီ၊ အခုဗီဒီယို ခေါ်ဆိုမှုပို့လိုက်မယ်၊ ဗီဒီယိုကို အရင်ချိတ်လိုက်ပါ။ အကယ်၍ ပြဿနာတစ်စုံတစ်ရာရှိရင်၊ ကျွန်တော် ချက်ချင်းဖြေရှင်းပေးနိုင်ပါတယ်"

ကျန်းရီက ပြောလိုက်သော်လည်း၊ အခြားဘက်မှ သူက၊ " ခဏ ကျွန်တော်က ခင်ဗျားရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုခန်းကို ဖုန်းမှာရှာဖွေေနေရင်း တွေ့လိုက်တာပါ။ စတွင်မာ မင်းတကယ် ငါ့ကို ကယ်တင်ပေးနိုင်မှာလား?" ဟု မေးလာခဲ့သည်။

"စိတ်မပူပါနဲ့"

အဖြေပြန်ပြီးနောက်၊ ဗီဒီယိုခေါ်ဆိုမှုနဲ့ ချိတ်ဆက်လိုက်ပြီး၊ မကြာမီတွင် ချွေးပြန်နေသော မျက်နှာနှင့် ထိတ်လန့်နေသော လူငယ်တစ်ဦး တိုက်ရိုက် ထုတ်လွှင့်မှုခန်းထဲတွင် ပေါ်လာသည်။

လူငယ်သည် ကျန်းရီကို မြင်သောအခါ၊ သူသည် အနည်းငယ် တည်ငြိမ်သွားပုံရသော်လည်း၊ မကြာမီ သူ၏မျက်ရည်များက ကျဆင်းလာခဲ့သည်။

သို့သော် သူငိုနေစဉ်တွင်၊ သူ၏လက်ထဲရှိ ဖုန်းသည် ရုတ်တရက်လှည့်လိုက်ကာ၊ သူ့ရှေ့တွင် ရှိသော သင်္ချိုင်းဂူကျောက်တိုင်ကို ထောက်ပြလိုက်သည်!

ကျောက်တိုင်တွင် သေဆုံးသူ၏ ဓာတ်ပုံတစ်ပုံ ကပ်ထားပြီး၊ ထိုဓာတ်ပုံသည် သေးငယ်သောမျက်လုံးများနှင့် ဆံပင်ဖြူနေသော အဘွားအိုတစ်ဦး၏ ပုံဖြစ်ကာ၊ တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲသို့ နူးညံ့စွာ ပြုံးနေဟန်ရှိသည်...

All Chapters