သင်္ချိုင်းထဲမှာ
Vol. 17 Ch. 233
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ လူတိုင်းသည် ဂူကျောက်တိုင်က ဓာတ်ပုံကို မြင်ပြီး လန့်သွားခဲ့ကြသည်။
သူတို့က မသိနားမလည်သည်မဟုတ်ပေ၊ သို့သော် ဂူကျောက်တိုင်ပေါ်က အဘွားကြီး၏ ပြုံးနေသောမျက်နှာနှင့် အခုအချိန်၊ နေရာနှင့် လပြည့်ည၏ အလင်းတို့ပေါင်းစပ်လိုက်သောအခါ ထူးဆန်းသော အရိပ်အယောင်များက ချက်ချင်းပင် ပျံ့နှံ့သွားခဲ့တာဖြစ်သည်။
"ကျွန်တော် နိုးလာတိုင်းမှာ ဒီဂူဘေးနားကို ရောက်နေခဲ့တယ်။ ဒီအဘွားကို ဘယ်တုန်းကမှ မသိခဲ့ဖူးဘူး။ တကယ်ပါ... စတွင်မာ၊ဒါကျွန်တော်ရဲ့ တတိယအကြိမ်ပါ။ ညသန်းခေါင်ယံမှာ နိုးတိုင်း မျက်စိဖွင့်လိုက်ရင် သူမကိုပဲ မြင်ရတယ်!"
လူငယ်လေးက ဒါကို အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။ ကျန်းရီကလည်း လေးနက်စွာနဲ့ - "အရမ်း စိတ်မလှုပ်ရှားပါနဲ့။ အစကနေ ပြောပါ။ ပြီးတော့ ဒီသင်္ချိုင်းက ဘာမှမဖြစ်နေဘူးလို့ ကျွန်တော်မြင်တယ်"
"ဟုတ်ကဲ့၊ ကျွန်တော် အရင်ဆုံး သင်္ချိုင်းကနေ ထွက်ရမယ်။ အခု ခြေထောက်တွေက တုန်နေတယ်"
"အိုကေ၊ သင်္ချိုင်းကနေ အရင်ထွက်ပါ။ စိတ်မပူပါနဲ့... အခု ကျွန်တော်နဲ့သာ ဗီဒီယိုချိတ်ဆက်ထားရင် ဘာမှမဖြစ်ဘူး၊ ဒီသင်္ချိုင်းကို ဘယ်သူက စောင့်နေတာလဲ? သင်္ချိုင်းစောင့်နဲ့အတူ သွားနေလိုက်ပါ"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့!"
လူငယ်လေးက နှစ်ခါလောက် ဟုတ်ကဲ့လို့ ပြောပြီး သင်္ချိုင်းအပြင်ဘက်ကို လျှောက်သွားခဲ့တယ်။ မကြာခင်မှာပဲ သင်္ချိုင်းရှေ့တည့်တည့်က အမှောင်ထဲက တိုက်ကလေးတစ်ခုကို မြင်လိုက်ရတယ်။
သူက တံခါးနားရောက်သွားပြီး တံခါးကို ခေါက်လိုက်သည်။ ခဏအကြာမှာပဲ အိမ်တွင်းကနေ မီးလင်းလာခဲ့တယ်။
အတွင်းက လူက အနည်းငယ် ချောင်းဆိုးသံနဲ့အတူ တံခါးကို ဖွင့်လိုက်တယ်။
"ဟေ့၊ ဘယ်သူလဲ?"
"မင်္ဂလာပါ၊ ကျွန်တော်...ကျွန်တော် နိုးလာတော့ ဒီမှာရောက်နေတာ။ အခု အရမ်းကြောက်နေလို့ အိမ်ထဲ ခဏ ဝင်ထိုင်ခွင့်ရမ�လား?"
လူငယ်လေးက အော်ပြောလိုက်တယ်၊ တံခါးပွင့်လာတော့ ပ်ိန်ပြီး အရပ်မမြင့်တဲ့ အဖိုးအိုတစ်ယောက် ထွက်လာခဲ့တယ်။
အဖိုးအို၏ အရေးအကြောင်းများဖြင့် ဖုံးနေသော မျက်နှာပေါ်တွင် မျက်လုံးများကို စွဲမှိတ်ထားပုံရသော်လည်း မကြာမီ သူသည် လူငယ်လေး၏လက်ထဲရှိ တိုက်ထုတ်လွှင့်ခန်းထဲက ကျန်းရီကို မြင်လိုက်ရသည်။
"မင်္ဂလာပါ အဖိုး၊ ကျွန်တော်က သဘာဝလွန် ဖြစ်ရပ်တွေရဲ့ စတွင်မာပါ။ သူ့ကို အဖိုးဆီမှာ ခဏနားခွင့် တောင်းခိုင်းခဲ့တာပါ။ အဖိုးအတွက် အဆင်ပြေရဲ့လား မသိဘူး?"
သင်္ချိုင်းစောင့်က သိပ်မပြောခဲ့ပေ။ သူက ခဏလောက် ကြည့်ပြီး " မင်း နိုးလာတော့ သင်္ချိုင်းထဲ ရောက်နေတယ်လို့ ပြောလိုက်တာလား?" လို့မေးလိုက်တယ်။
"ဟုတ်ပါတယ်၊ မျက်စိဖွင့်လိုက်တာနဲ့ ဒီကို ရောက်နေတာ"
"မင်းကိုယ်တိုင်လာတာလား?"
"မဟုတ်ပါဘူး၊ အိမ်မှာ အိပ်နေခဲ့တာပါ၊ မျက်စိဖွင့်လိုက်တာနဲ့ ဒီလိုဖြစ်သွားတာ"
"အိုး၊ ဒါဆိုရင်တော့ တကယ်ထူးဆန်းတာပဲ။ ဝင်လာပါ၊ ဒီနေရာက ရိုးရိုးရှင်းရှင်းပဲ ရှိနေတဲ့အတွက် စိတ်ထဲမထားပါနဲ့"
သင်္ချိုင်းစောင့်က ပြောရင်း နောက်လှည့်လိုက်တယ်၊ သူ့နောက်ကျောက အနည်းငယ်ကုန်းနေတယ်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေက ဝတ္ထုတွေများ အများကြီး ဖတ်ထားလို့လား၊ ဒါမှမဟုတ် သင်္ချိုင်းစောင့်မှာများ ထူးဆန်းတဲ့ အရိပ်အယောင်ရှိလို့လား မသိ၊ သူတို့အားလုံးက အဖိုးအိုကိုမြင်တဲ့အခါ-
ကြည့်ရှု့သူ A-" စတွင်မာ၊ ဒီသင်္ချိုင်းစောင့်က ပုံမှန်မဟုတ်ဘူး ထင်တယ်။ သူ့ရုပ်က ကြည်မကောင်းပေမယ့် သူ့ဟန်က ကြီးမြတ်တဲ့ လူတစ်ယောက်နဲ့တူတယ်"
ကြည့်ရှု့သူ B- "ဟုတ်တယ်၊ စတွင်မာ ဝတ္ထုထဲမှာ ဒီလိုမျိုး ဇာတ်ကောင်တွေ အားလုံးက တကယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တွေပဲ"
"သူက ကြီးမြတ်တဲ့လူလားဆိုတာ မသိဘူး။ ထိတွေ့ပြီး နားလည်မှသာ သိနိုင်မယ်။ ဒါပေမယ့် သင်္ချိုင်းတစ်ခုမှာ သင်္ချိုင်းစောင့် လုပ်နိုင်တဲ့သူက သတ္တိရှိရမယ်။ ဒါမှမဟုတ် ဘဝရဲ့ ဖိအားတွေကြောင့်လည်း ဖြစ်နိုင်တယ်"
ကျန်းရီက ဒီလိုပြောလိုက်တယ်၊ ဒါပေမယ့် ပရိတ်သတ်တွေက ဆက်မမေးကြတော့ဘူး။
အခုအချိန်မှာ အခန်းငယ်လေးထဲမှာ မှိန်းနေတဲ့ မီးလုံးလေးတစ်လုံး လင်းလာခဲ့တယ်။ ချိတ်ထားတဲ့မီးလုံးက ယိုင်နဲ့ယိုင်နဲ့လုပ်နေတယ်။ အပြင်ဘက်က လေတိုက်လို့ ကြိုးတွေလှုပ်ရမ်းနေတာပါ။ အခုအချိန်မှာ ဒါက ခေါင်းလေးတစ်ခုလို ယိမ်းထိုးနေသလိုပါပဲ။
လူငယ်လေးထိုင်ပြီးတဲ့နောက် သင်္ချိုင်းစောင့်က ရေသွားခပ်ဖို့ ထတော့ " စတွင်မာ ကျွန်တော့်နာမည်က ကျွမ်းဖျင်းပါ။ ကျွန်တော်က လူချန်း မြို့မှာနေတယ်။ အခု ကုန်စုံဆိုင်လေးတစ်ဆိုင် ဖွင့်ထားတယ်"
"မင်္ဂလာပါ မစ္စတာကျွမ်း၊ အိမ်ထောင်ရှိလား?"
"မရှိသေးဘူး၊ ဒီခေတ်မှာ အိမ်ထောင်ပြုဖို့ ခက်တယ်။ တစ်နှစ်ကို အနည်းငယ်ပဲ ရတယ်ဆိုပေမယ့် အခု အိမ်တစ်လုံး ဝယ်ထားတယ်။ ကားကတော့မရှိသေးဘူး။ ပြီးတော့ မိသားစုထဲမှာ ကျွန်တော် တစ်ယောက်တည်းပါ။ ဒါကြောင့် ကျွန်တော့် အမြင်မှာ မိန်းကလေးကသာ ကျွန်တော့် မိဘတွေနဲ့ အတူနေဖို့သဘောတူရင် သူနဲ့ အိမ်ထောင်ပြုမယ်ပေါ့။ တကယ်တော့ ဒါက အခြေအနေတွေနဲ့ပတ်သက်ပြီး စိတ်ကူးယဉ်တာမဟုတ်ဘူး။ တကယ့်ဘဝမှာ မဖြစ်နိုင်လို့ပါ"
"နားလည်ပါတယ်၊ ဒါပေမယ့် မေးခွန်းကနေ သွေဖယ်နေသလိုပဲ။ မစ္စတာကျွမ်းက ညသန်းခေါင်မှာ နိုးလာပြီး အဘွားကြီးရဲ့ဂူဆီရောက်နေတယ်လို့ပြောတယ်မလား?"
"ဟုတ်တယ်၊ ကျွန်တော် ဒီမျက်နှာကို မှတ်မိတယ်။ ကျွန်တော်မျက်စိဖွင့်တိုင်း သူမက ပြုံးနေတယ်။ ဂူကျောက်တိုင်ပေါ်က ဓာတ်ပုံကို သတိထားမိလား? ဘယ်လိုထောင့်ကနေ ကြည့်ကြည့် သူမက ကျွန်တော့်ကိုပဲ ကြည့်နေတယ်! ကျွန်တော်ဘယ်ဘက်မှာရပ်ရင် သူမမျက်လုံးက ဘယ်ဘက်ကို ကြည့်နေသလိုလို၊ ညာဘက်မှာရပ်ရင် ညာဘက်ကိုကြည့်နေသလိုလို၊ ငုံ့ကြည့်ရင်တောင် သူမမျက်လုံးက အောက်ကိုစိုက်ကြည့်နေသလိုပဲ၊ ကြောက်စရာကောင်းတယ်... တကယ့်ကို ကြောက်စရာကောင်းတယ်!"
ကျန်းရီက ထို သေဆုံးသူရဲ့ ဓာတ်ပုံကိုမြင်ဖူးတယ်။ ဓာတ်ပုံပညာနဲ့ ပတ်သက်ပြီးတော့ သူသိပ်မသိဘူး။ ဒါပေမယ့် သေဆုံးသူရဲ့ဓာတ်ပုံတွေကို တိုက်ရိုက်မကြည့်သင့်ဘူးဆိုတာတော့ သူသိတယ်...
သေဆုံးသူရဲ့ဓာတ်ပုံတွေ (သို့) ဂူကျောက်တိုင်ပေါ်က ဓာတ်ပုံတွေကို ကြာကြာကြည့်မိရင် သူတို့ရဲ့ မျက်လုံးတွေက သင့်ကို စူးစိုက်ကြည့်နေသလို ခံစားရတတ်တယ်။ မစ္စတာကျွမ်းပြောခဲ့သလိုပါပဲ၊ သင်ဘယ်လို ထောင့်ကနေကြည့်ကြည့် သင့်မျက်စိအာရုံအတွင်းမှာဆိုရင် သူတို့က သင့်ကိုပဲ ကြည့်နေကြတာပါ။
ကျန်းရီက သေဆုံးသူရဲ့ဓာတ်ပုံတွေ (သို့) ဂူကျောက်တိုင်က ဓာတ်ပုံတွေကို တိုက်ရိုက်ကြည့်ဖို့ ဘယ်တော့မှ မတိုက်တွန်းခဲ့ဘူး။ ဘာလို့လဲဆိုတော့ အဲဒါတွေကို အများကြီးကြည့်မိရင် စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်နိုင်လို့ပါ။
ဒါပေမယ့် မစ္စတာကျွမ်း ပြောနေတဲ့အရာက ကျန်းရီအတွက် အခုထိ ဘာ တန်ဖိုးမှ မရှိသေးဘူး။
"မစ္စတာကျွမ်း၊ အဲဒီအဘွားကြီးရဲ့ နာမည်ကို မှတ်မိလား?"
"အကြိမ်များစွာမြင်ဖူးတယ်လေ၊ ဒါကြောင့် မှတ်မိတယ်။"
"ဒါဆို သူမနာမည်ဘယ်လိုခေါ်လဲ?"
ကျန်းရီက ထူးဆန်းတဲ့ မေးခွန်းတစ်ခု မေးလိုက်တယ်။ မစ္စတာကျွမ်းက မသိစိတ်ကနေ ပါးစပ်ဖွင့်ပြီး အဘွားကြီး နာမည်ကိုပြောဖို့ကြိုးစားလိုက်တယ်။
ဒါပေမယ့် စကားလုံးတွေက သူ့နှုတ်ခမ်းထိ ရောက်လာတဲ့အခါ ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။
"ဘာဖြစ်သွားတာလဲ မစ္စတာကျွမ်း?"
"ဘယ်လိုဖြစ်နိုင်မှာလဲ? သူမကို အကြိမ်များစွာ မြင်ဖူးတယ်၊ ဘာလို့ သူမနာမည်ကို မမှတ်မိတာလဲ?"
"အဘွားကြီးရဲ့နာမည်ကို မမှတ်မိတော့ဘူးလား?"
"မမှတ်မိတော့ဘူး၊ တကယ်ပါ... ဘာလို့မှတ်မိတော့တာလဲ!"
ဂူကျောက်တိုင်ကို သုံးကြိမ်တိုင် မြင်ဖူးပေမယ့် အဲဒီမှာ ထွင်းထားတဲ့နာမည်ကို မမှတ်မိတော့တာ တကယ်ထူးဆန်းတယ်။
ကျန်းရီက မျက်မှောင် အနည်းငယ် ကျုံ့လိုက်ပြီး - " ခင်ဗျား အမှတ်မိတော့မှတော့ ကျွန်တော် ပြောပြမယ်။
အဘွားကြီးရဲ့နာမည်က ဝမ်ကွဲလျန် ပဲ။
သူမက ၁၉၃၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့တယ်။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ သေဆုံးခဲ့တယ်။
သူမသေဆုံးတဲ့အချိန်မှာ အသက် ၈၇ နှစ်ရှိပြီ။
သူမရဲ့ဂူကျောက်တိုင်ပေါ်မှာ သူမရဲ့ သားမြေးတွေရဲ့နာမည်တွေပါတယ်။ သူမရဲ့မိသားစုက အလွန် ကြီးကျယ်ခမ်းနားမယ်ထင်တယ်"
ကျန်းရီပြောလို့ပြီးတဲ့အခါ ရေသွားခပ်ဖို့ ထွက်သွားတဲ့ သင်္ချိုင်းစောင့်က ပြန်လာပြီး ကျန်းရီရဲ့စကားသံကိုကြားလိုက်ရတယ်။
"အိုး.. ဝမ်ဆိုတဲ့ အဘွားကြီးအကြောင်း ပြောနေတာလား? ဟုတ်တယ်၊ သူတို့မိသားစုက တကယ့်ကို ကြီးကျယ်ခမ်းနားတယ်။
မနှစ်က သင်္ချိုင်းမှာ ဈာပနပြုတဲ့အခါ သားကောင်း မြေးကောင်းတွေ၊ သမီး သမက် တွေ အုပ်စုလိုက်ဝိုင်းပြီး ငိုကြွေးနေကြတာ။
အဘွားကြီးက ကောင်းမြတ်တဲ့သူ တစ်ယောက်ထင်တယ်၊ သားမြေးတွေအားလုံးက မျက်ရည်တွေ ကျနေကြတာ။
ဒါပေမယ့် သူမသေဆုံးတဲ့ညမှာတော့ သင်္ချိုင်းထဲမှာ တကယ့်ကို မငြိမ်မသက်ဖြစ်ခဲ့တယ်!!"