← Chapters

မှန်ရှေ့တွင် ပြုံးနေခြင်း

Vol. 17 Ch. 235

မှန်ရှေ့တွင် ပြုံးနေခြင်း

Vol. 17 Ch. 235

ကျွမ်းဖျင်းသည် မိုးကြိုးမုန်တိုင်း ညတွင် ကြုံတွေ့ခဲ့ရသော ထူးဆန်းသည့် အရာများကို စဉ်းစားမိလိုက်သည်။

မူလက ဤကိစ္စကို သိပ်ပြီး အရေးမထားမိသော်လည်း လက်ရှိအချိန်တွင် သင်္ချိုင်းစောင့်၏ စကားများက သူ့အား ထိုအမှတ်တရများကို ပြန်လည်ခြေရာကောက်စေခဲ့သည်။

ကျွမ်းဖျင်း စဉ်းစားလေလေ၊ ဤကိစ္စသည် ပုံမှန်မဟုတ်ဘဲ ထူးခြားနေသည်ဟု ခံစားရလေလေ ဖြစ်လာခဲ့သည်။

ကျန်းရီက သူ့ဇာတ်လမ်းကိုနားထောင်ပြီး မေးခွန်းတစ်ခု မေးလိုက်သည်။

"မစ္စတာကျွမ်း၊ အဲ့ဒီအချိန်က အမျိုးသမီးမှာ အရိပ်ရှိ မရှိကို မှတ်မိသေးလား?"

ဒီမေးခွန်းက ကျွမ်းဖျင်းကို ထပ်မံ ကြောက်အသွားစေခဲ့သည်။

"ကျွန်တော်...မသိဘူး၊ မရှိသလိုလို... ရှိသလိုလိုပဲ!"

"မမှတ်မိတော့တာလား? အဲ့ဒီညက မိုးကြိုးမုန်တိုင်း ည ဖြစ်ပြီး၊ သင်က KTV ကနေ ထွက်ခာတဲ့အချိန်က သန်းခေါင်ကျော်နေပြီဖြစ်တယ်။ ဆိုတော့ အဲ့ဒီညမှာပဲ သင်က ဒီသင်္ချိုင်းကို ပထမဆုံးအကြိမ် ရောက်ခဲ့ခြင်းလား?"

"ဟုတ်ပါတယ်၊ အဲ့ဒီညက ကျွန်တော် အိပ်ပျော်သွားခဲ့တယ့။ နိုးလာတဲ့အခါမှာ မှောင်နေဆဲဖြစ်ပြီး တောင်ကုန်းကနေ လာတဲ့ လေကြောင့် နိုးလာခဲ့တယ်။ မျက်လုံးဖွင့်လိုက်တာနဲ့ ဝမ်ကွဲလျှန် အမည်ရှိတဲ့ အဘွားအိုကို တွေ့လိုက်ရတယ်"

ကျွမ်းဖျင်းက အသေအချာကို ပြောဆိုခဲ့တော့ ကျန်းရီက ခေါင်းညိတ်ကာ "အဲ့ဒီည နောက်ပိုင်း ဘာတွေ ဖြစ်သွားလဲ? KTV ကထွက်ခွာပြီးနောက်က စပြောပါ!"

"အမျိုးသမီးက ကျွန်တော့်ကို ပြစ်ဝင်လိုက်တဲ့ အချိန်မှာ၊ အနီးမှာ သူငယ်ချင်းတစ်ချို့ ရှိခဲ့တယ်။

ထိုအချိန်က ကျွန်တော်တို့မူးနေတဲ့အတွက် သူငယ်ချင်းတွေက အမျိုးသမီးကို တွန်းဖယ်လိုက်ကြတယ်။

သူမမျက်နှာကို ကျွန်တော် သေချာမမြင်ခဲ့ဘူး၊ သူမက ခွက်ကိုသာ ကျွန်တော့်ရှေ့ကို တစ်ချိန်လုံး ထိုးနေခဲ့တယ်။

သူမရဲ့ အဲ့လိုလုပ်ရပ်ကြောင့်သာ ခွက်ထဲရှိ ကြေးဒင်္ဂါးတွေကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတာ"

"အဲ့ဒီအချိန်က ကျွန်တော်ဂရုမစိုက်မိခဲ့ဘူး၊ သေသူရဲ့ ပါးစပ်ထဲတွင် ပိုက်ဆံထည့်တဲ့ အလေ့အထကိုလည်း အခုမှ သတိရမိတယ်၊ အနီရောင်ကြိုးနဲ့ ချည်နှောင်ထားတဲ့ အချက်ကိုလည်း အခု ပိုသေချာစွာ သိလာခဲ့တယ်"

"ကျွန်တော့် သူငယ်ချင်းတွေက လူတွေကို ခြောက်လှန့်ရတာကြိုက်တယ်၊ အဲ့ဒီအချိန်က ထိုအမျိုးသမီးကို မောင်းထုတ်လိုက်ပြီးတဲ့ အခါ သူငယ်ချင်းတစ်ဦးက တစ်ခုခုပြောခဲ့တယ်"

"သူဘာပြောခဲ့လဲ?"

"သူက 'ဒီအမျိုးသမီးလမ်းလျှောက်ပုံက တော်တော်ထူးဆန်းနေတယ်' လို့ပြောခဲ့တယ်"

"ဘာထူးဆန်းတာလဲ?"

"မသိဘူး၊ အဲ့ဒီအချိန်က ကျွန်တော် လုံးဝဂရုမစိုက်မိခဲ့ဘူး။ သူငယ်ချင်းတစ်ဦးက ကျွန်တော့်အတွက် ကားခေါ်ပေးခဲ့ပြီး ကားသမားက ကျွန်တော့်အိမ်ဆီ ခေါ်သွားခဲ့တယ်။ ကျွန်တော်က စတိုးရဲ့ ဒုတိယထပ်မှာနေပြီး၊ ပထမထပ်က ဆိုင်၊ ဒုတိယထပ်က ကျွန်တော့်ရဲ့ နေအိမ်​ပေါ့ဗျာ။ အိမ်ပြန်ရောက်မှ ဘဝက ပြန်စခဲ့တာပေါ့"

ကျွမ်းဖျင်း ဤသို့ပြောဆိုရာတွင် သူ၏အသံထဲ၌ အပြောင်းအလဲ ရှိလာသည်ကို သတိထားမိလိုက်သည်။

သို့သော် ကျန်းရီက သူ့အား ပြင်ဆင်ချိန် ပေးခဲ့သည်။ ကျွမ်းဖျင်း၏ဇာတ်လမ်းကို ပြတ်တောင်း ပြတ်တောင်း မဖြစ်စေလိုခြင်းကြောင့်ဖြစ်သည်။

ကျွမ်းဖျင်း ခဏ အနားယူပြီးနောက် ဆက်လက်ပြောခဲ့သည်။

"အဲ့ဒီည ကားမောင်းသမားက ကျွန်တော့်ကို စတိုးရဲ့ တံခါးနားအထိ ပို့ပေးပြီး လှည့်ထွက်သွားခဲ့တယ်။ ကျွန်တော်က သော့ကို အိတ်ထဲကနေ ထုတ်ယူပြီး တံခါးဖွင့်ရန် ပြင်လိုက်တယ်။ ဒါပေမယ့် တံခါးနားကို ရောက်သည့်တိုင် ချက်ချင်းမဖွင့်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်အနံ့တစ်ခုကို ရခဲ့လို့ပဲ"

"အဲ့ဒီအချိန်က ကျွန်တော် နေထိုင်ရာ လမ်းပေါ်က ဆိုင်တွေအားလုံးက တံခါးတွေ ပိတ်ထားပြီးဖြစ်နေတယ်။

မီးလင်းနေတဲ့ အိမ် အနည်းငယ်သာကျန်ပြီးတော့ လမ်းတစ်လျှောက်လုံး လမ်းမီးတွေသာ လင်းနေခဲ့တယ်။

တံခါးနားမှာ ကျွန်တော်ရပ်နေစဉ်၊ လမ်းရဲ့ တစ်ဖက်ခြမ်းကနေ အနံ့တစ်ခုကို ခပ်ပါးပါးရခဲ့တယ်။

အဲ့ဒီအနံ့ကို သတိထားမိတဲ့အခါ၊ ကျွန်တော် ရုတ်တရက်နိုးလာခဲ့တယ်"

"ကျွန်တော် လောင်ကျွမ်းနေတဲ့ အနံ့တစ်ခုကို ရခဲ့လို့ပဲ။

အဲ့ဒီအနံ့ ဘယ်ကနေ ရောက်လာတာလဲ ဆိုတာကိုတော့ ကျွန်တော်မသိဘူး။

ဒါပေမယ့် ကျွန်တော် အသုဘသဂြိုလ်အိမ်ကို ရောက်ဖူးတယ်။

​ဆွေမျိုးတစ်ဦးသေဆုံးတော့ အဲ့ဒီကို သွားခဲ့တယ်၊ ဒါ့ကြောင့် မီးသင်္ဂြိုဟ်တဲ့ အခမ်းအနားကို ရောက်ခဲ့ဖူးတယ်။

အဲ့အနံ့က တစ်ခါရပြီးနောက်၊ ဘယ်တော့မှ မေ့မရနိုင်တော့ဘဲ၊ စိတ်ထဲမှာ အမြဲ စွဲနေခဲ့တယ်"

"ဒါပေမယ့် ကျွန်တော်နေထိုင်တဲ့ နေရာအနီးမှာ အသုဘသဂြိုလ်အိမ် မရှိဘူး။

အဲ့ဒါက ကီလိုမီတာ တော်တော်လေး ဝေးတဲ့ တောင်ကုန်းတွေနားမှာ ရှိတယ်။

အနီးအနားမှာ မီးသင်္ဂြိုဟ်တဲ့ အနံ့ကို ရနိုင်စရာ အကြောင်းမရှိဘူး၊ ဒါ့ကြောင့် အဲ့ဒီအချိန်မှာ ကျွန်တော် အနည်းငယ် စိုးရိမ်မိခဲ့တယ်။

ဒါပေမယ့် အဲ့ဒီအချိန်က ကျွန်တော့်မှာ သွားစရာနေရာလည်း မရှိတဲ့အတွက် တံခါးဖွင့်ပြီး စတိုးထဲကို ဝင်သွားခဲ့တယ်"

"ကျွန်တော့်မှာ မကောင်းတဲ့အကျင့် တစ်ခုရှိတယ်။

ညတိုင်း ဆိုင်ပိတ်ပြီးရင် ကုန်ပစ္စည်းအချို့ကို ရေတွက်လေ့ရှိသည်။

ပထမတစ်ချက်အနေနဲ့၊ ဒီနည်းဖြင့် ကျွန်တော် ယုံကြည်မှု ပိုရှိလာပြီး၊ ဒုတိယအနေဖြင့်၊ ရောင်းဖို့အတွက် အရေးကြီးတဲ့ ပစ္စည်းတွေကို မပြတ်လပ်စေရန် သေချာစေလိုသောကြောင့် ဖြစ်တယ်။

ကျွန်တော်မှာ ဘာအရည်အချင်းမှ မရှိတဲ့ အတွက် ဒီပစ္စည်းတွေကို အလေးထားပြီး၊ နေမကောင်းတဲ့ အချိန်မှာတောင် အဲ့ဒီ ကုန်ပစ္စည်းတွေကို အလွန် အရေးကြီးတယ်လို့ မှတ်ယူထားတယ်"

"ကျွန်တော်က ပစ္စည်းတင်တဲ့စင်တွေကို တစ်ခုပြီးတစ်ခု ကြည့်ရှုခဲ့သည်၊ ဒါပေမယ့် နောက်ဆုံးစင်တန်းကို ရောက်တဲ့အခါမှာ စင်တန်းတစ်ခုက ပြောင်းလဲနေတာကို တွေ့ရှိခဲ့တယ်။ ဆိုင်ထဲက ပစ္စည်းတိုင်းကို ကျွန်တော်ကိုယ်တိုင် ထားရှိပြီးတော့၊ ပစ္စည်းတိုင်းရဲ့ တည်နေရာကို ကျွန်တော်သိတယ်။ ဒါပေမယ့် မူလက တတိယစင်တန်းမှာ ရှိရမယ့်မှန်က နောက်ဆုံးစင်တန်းမှာ ရှိနေခဲ့တယ်"

"ပြီးတော့ ရောင်းချနေတဲ့ မှန်တွေအားလုံးက စင်ပေါ်မှာ ထောင်နေခဲ့တယ်။

အဲ့ဒီအချိန်က ကျွန်တော်က စတိုးထဲမှာ မီးတစ်လုံးသာ ဖွင့်ထားတဲ့အတွက်၊ အဲ့နေရာတစ်ခုလုံးက သိပ်ပြီး မလင်းနေခဲ့ဘူး။

ဒါပေမယ့် ကျွန်တော်က မှန်ထဲမှာ ကိုယ့်ကိုယ်ကို အလွန်ရှင်းလင်းစွာ မြင်နေခဲ့ရတယ်။

ကျွန်တော့်မျက်နှာက တဖြည်းဖြည်း ဖြူဖတ်ဖြူရော်ဖြစ်လာပြီး၊

ဘာကြောင့်မှန်းမသိဘဲနဲ့၊ အကြီးဆုံး မှန်ရှေ့မှာ ရပ်နေရင်း ပြုံးနေမိတယ်"

"စတွင်မာ၊ ကျွန်တော်ပြုံးပြီးနောက်မှာ ဘယ်လို ခံစားခဲ့ရလဲဆိုတာ သိလား? ကျွန်တော်လုံးဝမပြုံးချင်ခဲ့ဘူး၊ ဒါပေမယ့် မျက်နှာကြီးက ပြုံးနေသလိုဖြစ်နေတယ်။

ပြုံးပြီးနောက်မှာ၊ ကျွန်တော်တစ်ကိုယ်လုံး တုန်ယင်နေခဲ့တယ်။

မှန်ကို မကြည့်စေဖို့ ကျွန်တော် လှည့်ထွက်သွားခဲ့လိုက်တယ်။

ကျွန်တော်က သိပ်ပြီးတော့ နားမလည်ပေမယ့်လည်း၊ ညခင်းမှာ မှန်မကြည့်သင့်ဘူး ဆိုတာပဲ။ အထူသဖြင့် သန်းခေါင်ကျော်အချိန်မှာ မှန်ကို ကြည့်ခြင်းက အလွန်ဆိုးရွားစေတက်တယ် သိထားတယ်။

ကျွန်တော်လှည့်ပြီး အပေါ်ထပ်ကို မြန်မြန် တက်ခဲ့လိုက်တယ်၊ ဒါပေမယ့် လှေကားပေါ် တက်နေစဉ်မှာပဲ၊ နောက်ထပ် အတွေးတစ်ခုက ကျွန်တော့်စိတ်ထဲကို ဝင်လာခဲ့တယ်"

"ဘာတွေးမိလို့လဲ?"

"ကျွန်တော် တွေးမိတာက၊ ကျွန်တော် လှည့်ထွက်လိုက်တဲ့အခါ၊ မှန်ထဲမှာ ကျွန်တော် တကယ်ပျောက်သွားပြီလား? မှန်က တကယ်ပဲ မှန်သက်သက်ပဲလား? မှန်ကိုကြည့်ပြီးနောက်၊ အဲ့ဒီမှန်ထဲမှာ ကျွန်တော်ရှိနေဦးမှာလား? သူက ဆက်ပြုံးနေဦးမှာလား?၊ ဒါမှမဟုတ် ငိုနေမှာလား? ဒါမှမဟုတ် ထိတ်လန့်နေမှာလား?"

"အဲ့ဒီအရာတွေကို စဉ်းစားလေလေ၊ ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွှေးညှင်းတွေ ထလာလေလေပဲ

အိပ်ရာထဲလဲနေစဉ်မှာလဲ ကျွန်တော့်ရဲ့ ပြုံးနေတဲ့ မျက်နှာကိုသာ တွေးနေမိခဲ့တယ်။

မှန်ကို ဘယ်သူရွှေ့ခဲ့တာလဲ? ကျွန်တော် သေချာတာကတော့ စင်တန်းတိုင်းမှာ ပစ္စည်းမျိုးစုံ ရှိနေတယ်ဆိုပေမယ့် မှန်က နောက်ဆုံးစင်တန်းမှာ မရှိနေဘူး၊ ​ခြေစွပ်တွေ၊ လက်သုတ်ပုဝါတွေနဲ့ နေ့စဉ်သုံးပစ္စည်းအချို့သာ ရှိရမှာ!"

"အိပ်ရာထဲလဲနေရင်း၊ ကျွန်တော် အချိန်အကြာကြီး တွေးနေခဲ့သော်လည်း နားမလည်နိုင်ခဲ့ဘူး။

ကျွန်တော် မူးနေတာလား၊ ဒါမှမဟုတ် အခြားတစ်ခုခုလား မသိခဲ့ဘူး၊

ဘာပဲဖြစ်ဖြစ်၊ မကြာခင် ကျွန်တော် အိပ်မောကျသွားခဲ့တယ်။

အိပ်နေတုန်း အိပ်မက်တစ်ခုမက်ခဲ့တယ်။

ထိုအိပ်မက်ထဲမှာ၊ အရာရာက မှောင်မည်းနေတယ်။

အဆုံးမရှိတဲ့ အမှောင်ထဲမှာ မှန်ဆယ်ချပ်က ရုတ်တရက် ပေါ်လာခဲ့တယ်"

"မှန်ရှေ့တွင် ရပ်နေပြီး၊ ပါးစပ် ထောင့်တွေက တဖြည်းဖြည်း ကွေးလာခဲ့တယ်။

ဒါပေမယ့် ကျွန်တော်က မျက်လုံးမှိတ်ထားပေမယ့်လည်း၊ မှန်ထဲက ကျွန်တော့် ပုံရိပ်က မျက်လုံးဖွင့်လိုက်ပြီး၊ အဲ့ဒီမျက်လုံးတွေထဲမှာ ပြုံးရိပ်တွေ ပြည့်နေခဲ့တယ်။

နားထဲမှာလည်း အေးစက်တဲ့ လေတွေရဲ့ အသံကိုလည်း ကြားနေရတယ်၊ ကျွန်တော်လည်းပဲ သင်္ချိုင်းစောင့်​ ဦးလေးကြီးနဲ့ တူညီတဲ့ အတွေ့အကြုံကို ကြုံတွေ့ခဲ့ရတယ်"

"အေးစက်တဲ့ လေက နားကိုဖြတ်သွားပြီး၊ ညင်သာစွာ ခေါ်နေသလိုခံစားလိုက်ရတယ်။ တဖြည်းဖြည်းနဲ့ တစ်စုံတစ်ယောက်က 'ကျွမ်းဖျင်း... ကျွမ်းဖျင်း... ကျွမ်းဖျင်း...' လို့ ခေါ်နေသံကို ကြားလာရတယ်"

All Chapters