← Chapters

နတ်ဘုရားကို မေးမြန်းခြင်း

Vol. 17 Ch. 236

နတ်ဘုရားကို မေးမြန်းခြင်း

Vol. 17 Ch. 236

"အဲ့ဒီအသံကြောင့် ကျွန်တော်နိုးလာခဲ့တယ်။ မျက်လုံး ဖွင့်လိုက်တဲ့အခါ အေးစက်နေတဲ့ ကျောက်ပြားပေါ်မှာ လှဲနေမိတယ်။ ဘေးမှာတော့ ပိုပြီးအေးစက်နေတဲ့ သင်္ချိုင်းကျောက်တိုင်တစ်ခုရှိနေခဲ့တယ်။ ခေါင်းမော့ကြည့်လိုက်တဲ့အခါ အနက်နဲ့အဖြူဓာတ်ပုံထဲက အဘွားအိုကို မြင်လိုက်ရတယ်။ အဘွားအိုက ပြုံးနေတယ်။ ကျွန်တော့်ကို ပြုံးပြနေတာ"

"သူ့ရဲ့ပြုံးနေတဲ့ပုံစံက ကျွန်တော် ကြေးမုံရှေ့မှာရပ်ပြီး ပြုံးနေတဲ့အချိန်နဲ့ တစ်ထေရာတည်းအတူတူပဲ! နှုတ်ခမ်းထောင့်တွေရဲ့ကွေးပုံ၊ ပြုံးနေတဲ့အခါ မျက်လုံးတွေရဲ့ အကြည့်ကအစ အတူတူပဲ!"

"ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ စတွင်မာ? ကျွန်တော် တကယ်ပဲ အဲဒီအဘွားအိုကို ဘယ်တုန်းကမှ မသိဖူးဘူး။ ဘာကြောင့်...ဘာကြောင့် သူမက ကျွန်တော့်ကို ဒီလိုနှောင့်ယှက်နေရတာလဲ?"

ကျွမ်းဖျင်းက သူ့ရဲ့နှလုံးသားထဲက ကြောက်ရွံ့မှုတွေကို ထိန်းချုပ်နိုင်စွမ်း လုံးဝမရှိတော့ဘဲ ငိုကြွေးရင်း ပြောလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့ ပရိသတ်တွေက အစက ကျွမ်းဖျင်း ရဲ့ ကိစ္စကို သိပ်ဂရုမစိုက်ခဲ့ကြဘူး။ ကျွမ်းဖျင်းက သူမှန်ရှေ့မှာရပ်ပြီး မနှစ်မြို့စရာ ပြောင်းလဲမှုတွေ ဖြစ်နေတဲ့ အကြောင်းကို ပြောပြတဲ့အခါမှသာ လူတိုင်းဟာ မသိစိတ်ကနေ မျက်လုံးတွေကို မှိတ်လိုက်ကြတယ်။

ကျွမ်းဖျင်း ပြောသလိုပဲ လူတိုင်းက တိတ်ဆိတ်စွာ မျက်လုံးတွေကို မှိတ်လိုက်ကြတယ်။

ပြီးတော့ အမှောင်ထုကို ခံစားလိုက်တယ်၊ အမှောင်ထုထဲမှာ ပေါ်လာတဲ့ ​မှန်ကို ခံစားလိုက်တယ်၊ ပြီးတော့ မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့ ပြုံးနေမှုကို ကြည့်နေခဲ့တယ်။

ဒါပေမယ့် ပရိသတ်တွေကို အကြီးမားဆုံး ထိတ်လန့်စေခဲ့တာက ကျွမ်းဖျင်း နောက်ပိုင်းမှာ ပြောခဲ့တဲ့စကားပါပဲ။ "လူတစ်ယောက်က မှန်ကြည့်ပြီး ထွက်သွားတဲ့အခါ မှန်ထဲမှာ တကယ်ပဲ ဘာမှမရှိတော့ဘူးလား? မှန်ထဲမှာ ကိုယ့်ရဲ့ နောက်ထပ်ဗားရှင်းတစ်ခု ရှိနေမလား? အဲဒီထဲမှာ ပျော်ရွှင်မှု၊ ကြောက်ရွံ့မှု၊ ဒါမှမဟုတ် တုန်ယင်နေတာတွေတောင် ရှိနေနိုင်တယ်......"

ဟုတ်တယ်… ညသန်းခေါင်မှာ မှန်ထဲကြည့်ပြီးတဲ့နောက် အဲ့မှန်ထဲမှာ တကယ်ပဲ ဘာမှမရှိတော့ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ?

ဒါဆိုရင် ဘာကြောင့် လူကြီးတွေက ညသန်းခေါင်ချိန် မှန်မကြည့်နဲ့လို့ စကားတွေကို လက်ဆင့်ကမ်းခဲ့ကြတာလဲ?

ကြောက်ရွံ့မှုတွေဟာ တိတ်တဆိတ်ပဲ ပျံ့နှံ့လာသလိုတောင် ခံစားလိုက်ရတယ်။

ကျွမ်းဖျင်း ရဲ့ကိစ္စက မပြီးသေးပါဘူး။ သူက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး တုန်နေတဲ့အသံနဲ့ ဆက်ပြောခဲ့တယ်။ "ကျွန်တော်နိုးလာတဲ့အခါ အရမ်း ကြောက်သွားခဲ့ပြီး အော်ဟစ်လိုက်တယ်။ အဲဒီနေ့က ကျွန်တော့်အသံကို ကြားခဲ့သေးလား ဦးလေး?"

သင်္ချိုင်းစောင့်က ခေါင်းခါလိုက်တယ်။ "ငါ ဘာမှမကြားခဲ့ဘူး"

"ဟုတ်တယ်၊ ကျွန်တော် သင်္ချိုင်းထဲက အဘွားကြီးဝမ် ရဲ့ဂူကနေ ပြေးဆင်းလာခဲ့တယ်။ အဲဒီအချိန်တုန်းက ဦးလေးအိမ်ကို မတွေခဲ့ဘူး။ ဖြစ်နိုင်တာက ကျွန်တော် အရမ်းလန့်နေပြီး အာရုံမစိုက်မိခဲ့ဘူးထင်တယ်။ တစ်ချိန်လုံး ပြေးပြီး အိမ်ကို ပြန်ရောက်သွားခဲ့တယ်။ အဲဒီနေ့ ကျွန်တော့်ရဲ့ စတိုးကိုတောင် ပိတ်ထားခဲ့တယ်၊ ပြီးတော့ တိုက်ရိုက်ပဲ မိဘတွေဆီကို သွားခဲ့လိုက်တယ်"

"အရင်တုန်းက ကျွန်တော်က သူတို့ကို နတ်ဘုရားတွေကို အယုံအကြည်ရှိတဲ့ အကြောင်းတွေကို ရယ်စရာလုပ်ခဲ့တယ်၊ ဒါပေမယ့် သူတို့ကို မြင်တဲ့အခါ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ သူတို့က ကျွန်တော့်ရဲ့အသက်ကယ် တံတားတွေလိုပါပဲ"

"ကျွန်တော် အရာတွေအများကြီးကို တစ်ခါတည်း နားလည်သွားတယ်"

"ဒီကမ္ဘာမှာ တကယ်ပဲ အဲ့ဒီအရာတွေ ရှိတယ်"

"လူသားတွေရဲ့စိတ်ကူးနဲ့လုံးဝမမှီနိုင်တဲ့ အရာတွေရှိနေတယ်"

"တစ္ဆေတွေ၊ နတ်ဘုရားတွေ ရှိမရှိဆိုတာက အရေးမကြီးဘူး၊ အရေးကြီးတာက ခင်ဗျားက သူတို့ကို ရိုအသေရှိမရှိ ဆိုတာပဲ အရေးကြီးတယ်"

"ခင်ဗျားက အရမ်းကြီး မယုံကြည်ဘူးဆိုရင်တောင်မှ ဖြစ်နိုင်တာက နတ်ဘုရားတွေက တကယ်ကြီး ပေါ်လာနိုင်တာပဲလေ?"

"ကျွန်တော် မိဘတွေကို ပြောပြခဲ့တယ်၊ သူတို့ရဲ့မျက်နှာတွေက ကြောက်လန့်ပြီး ဖြူဖတ်ဖြူရော်ဖြစ်သွားခဲ့တယ်။ သူတို့က ကျွန်တော့်ကို ကျေးရွာထဲက ဘုရားကျောင်းကို ခေါ်သွားခဲ့တယ်။ အဲဒီဘုရားကျောင်းမှာ နတ်ဘုရား သုံးပါးရှိတယ်။ သူတို့ဟာ ကျွန်တော်တို့ဒေသက အရင်တုန်းက နတ်ဘုရားတွေပါ၊ စွမ်းအားအကြီး သူကို Grand Master လို့ခေါ်ပြီး၊ နောက်တော့ Master Guangyuan နဲ့ Xu Jiangku တို့ပဲ" ( တရုတ်နတ်တွေကို သူ့အတိုင်းပဲ ရေးလိုက်ပါတယ် )

"ပြောကြတာက အဲဒီတုန်းက Grand Master က တရားရုံးရဲ့ ခေါင်းဆောင်ဖြစ်ပြီး သူ့အောက်မှာ လူတစ်သောင်းရှိတယ်တဲ့"

" စစ်သူကြီး Guangyuan ကတော့ စစ်မက်ရေးရာ အောင်မြင်မှုတွေ အများကြီးရှိခဲ့တယ်၊ ဗိုလ်ချုပ် Xu ကတော့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းဖို့ အဓိက အာရုံစိုက်တယ်! ကျွန်တော့်မိဘတွေက နတ်ဘုရားတွေကို ပူဇော်ဖို့ နံ့သာတိုင်၊ ဖယောင်းတိုင်၊ ငွေစက္ကူတွေ အများကြီးယူလာခဲ့တယ်"

"နတ်ဘုရားတွေကို ပူဇော်ပြီးတဲ့နောက် ကျွန်တော့်အဖေနဲ့အမေက ကျေးရွာထဲက လေးစားရတဲ့ အဘိုးအိုတစ်ယောက်ကို ဖိတ်ခေါ်ပြီး နတ်ဘုရားတွေကို မေးမြန်းခဲ့တယ်"

"နတ်ဘုရားတွေကို မေးမြန်းတာက ပါးစပ်ဖွင့်ပြီး မေးလိုက်ရုံနဲ့ ရတာမဟုတ်ဘူး။ နတ်ဘုရားရုပ်တုကို သယ်ဖို့ သန်မာတဲ့လူလေးယောက်လည်း လိုတယ်။ အဘိုးအိုက လက်ထဲမှာ နံ့သာတိုင်ကိုင်ထားပြီး သူတို့သယ်နေတုန်းမှာ နတ်ဘုရားတွေကို မေးမြန်းမယ်!"

" နတ်ဘုရားတွေကို မေးမြန်းတုန်းက အထူးအဆန်းတစ်ခုခုများ ရှိခဲ့သေးလား?"

"ကျွန်တော်ငယ်ငယ်တုန်းက သူတို့နတ်ဘုရားတွေကို သယ်နေတာကို မြင်ဖူးတယ်၊ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော်က အံ့အားသင့်နေခဲ့တာပေါ့"

"ကြီးလာတဲ့အခါ ကျွန်တော်က တစ်ခါတလေ ရယ်စရာလို့ ထင်မိခဲ့တယ်"

"ဒါက သစ်သားနဲ့ထွင်းထုပြီး ရွှေသားသွန်းထားတဲ့ နတ်ဘုရားရုပ်တု တစ်ခုပဲလေ"

"အဲဒီမှာ တကယ်ပဲ တစ်ခုခုရှိနေတယ်"

"ဘယ်လိုမျိုး မှော်အစွမ်းတွေ ရှိနေတာလဲ? အထူးသဖြင့် သန်မာတဲ့ သူတွေက နတ်ဘုရားကို သယ်ဖို့ ဒုက္ခရောက်နေတဲ့ပုံစံကို မြင်ရတဲ့အခါ ဒါက အဲ့ဒီသူတွေက တမင်လုပ်နေပဲတာလို့ ထင်မိခဲ့တယ်"

"ဒါပေမယ့် အဲဒီညမှာတော့ အရာတချို့ဟာ တကယ်ပဲ နက်နဲမှုတွေ ရှိတယ်ဆိုတာ ကျွန်တော်သိလိုက်ရတယ်"

"အဘိုးအိုက သူ့လက်ထဲမှာ နံ့သာတိုင်ကို ကိုင်ပြီး Grand Master ကို အရင်မေးခဲ့တယ်"

"ဒါပေမယ့် Grand Master က ကျွန်တော့်ကို လျစ်လျူရှုခဲ့တယ်၊ စစ်သူကြီး Guangyuan ကလည်း ကျွန်တော့်ကို လျစ်လျူရှုခဲ့တယ်၊ ဗိုလ်ချုပ် Xu ကို မေးတဲ့အချိန်ကျတော့"

"သူက ဗိုလ်ချုပ် Xu ကို မေးလိုက်တယ်၊ ကျွမ်းဖျင်း က မကောင်းတဲ့အရာတစ်ခုခုကို နှောင့်ယှက်မိရင် ရှေ့ကို တိုးလိုက်ပါလို့!"

"ဗိုလ်ချုပ် ရဲ့တုံ့ပြန်မှုက အရမ်းကို ပြင်းထန်တယ်၊ လူသန်လေးယောက်က ဘာပြင်ဆင်မှုမှ မလုပ်ထားဘဲနဲ့ ရှေ့ကိုပြေးသွားခဲ့တယ်"

"အဲဒီအချိန်တုန်းက လေးယောက်လုံး မြေပြင်ပေါ်လဲကျသွားတယ်၊ ဗိုလ်ချုပ် Xu ရဲ့ရုပ်တုက ခုံပေါ်မှာ တည်ငြိမ်စွာ ထိုင်နေတုန်းပဲ"

"လူသန်လေးယောက်က အမြန်ထပြီး ဆက်သယ်တယ်၊ ဒါပေမယ့် သူတို့က မလိုက်နိုင်တော့ဘူး၊ ရှေ့ကိုပဲ ဆက်ပြေးနေတယ်"

"နတ်ဘုရားမေးမြန်းတဲ့ အဘိုးအိုကလည်း ဒါကိုမြင်တဲ့အခါ လန့်သွားပြီး ကျွမ်းဖျင်း က ဘာကိုနှောင့်ယှက်မိလဲလို့ အမြန်မေးလိုက်တယ်"

"အကယ်၍ သူ့မှာ အငြိုးထားစရာ တစ်ခုခုရှိရင် ရှေ့ဆက်သွားပါ!"

"ဒီတစ်ခါတော့ ဗိုလ်ချုပ် Xu က မလှုပ်ဘူး။ နတ်ဘုရားမေးမြန်းတဲ့ အဘိုးအိုက ကျွမ်းဖျင်း နှောင့်ယှက်မိတဲ့အရာက သူနဲ့တစ်ခုခုများ သက်ဆိုင်နေတာလားလို့ နောက်တစ်ခါ ထပ်မေးရတယ်။ အကယ်၍ ဆိုင်ခဲ့ရင် နောက်ပြန်ဆုတ်ပါလို့ မေးလိုက်တယ်!"

"မေးပြီးတဲ့နောက် ဗိုလ်ချုပ် Xu က နောက်တစ်ခါ ပြသခဲ့တယ်။ လူသန်လေးယောက်က နောက်ပြန်ဆုတ်ပြီး နောက်တစ်ခါ မြေပြင်ပေါ် လဲကျလုနီးပါးပဲ။ နတ်ဘုရားမေးမြန်းတဲ့ အဘိုးအိုက နောက်ထပ်မေးခွန်းတချို့ ထပ်မေးတယ်၊ ဒါပေမယ့် ဗိုလ်ချုပ် Xu က ဘာမှမသိသလို ဘာတုံ့ပြန်မှုမှ မရှိတော့ဘူး"

ကျန်းရီက ဒါကိုကြားတဲ့အခါ မျက်လုံးတွေ ကျဥ်းမြောင်းသွားပြီး "ခင်ဗျားပြောတဲ့ Grand Master၊ စစ်သူကြီး Guangyuan နဲ့ ဗိုလ်ချုပ် Xu တို့ကို ကျေးလက်မှာ ဘယ်နှစ်နှစ်ကြာ ကိုးကွယ်ခဲ့ကြတာလဲ?"

"ဒါကိုတော့ ကျွန်တော်မသိဘူး၊ ဒါပေမယ့် ကျွန်တော်တို့ကျေးရွာက နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက ဒီကိုပြောင်းလာခဲ့တာ။ မပြောင်းခင်ကတည်းက သူတို့က အဲ့ဒီ နတ်ဘုရားတွေကိုပဲ ကိုးကွယ်ခဲ့ကြတယ်လို့ ပြောကြတယ်"

ကျန်းရီက ခေါင်းညှိတ်လိုက်ပြီး "ဒါဆို ဒုတိယအကြိမ် သင်္ချိုင်းထဲမှာ နိုးလာတဲ့အချိန်က ဘယ်တုန်းကလဲ?" လို့မေးလိုက်တယ်။

"နတ်ဘုရားတွေကို ပူဇော်ပြီး နှစ်ရက်ပဲ ကြာသေးတယ်"

"ကျွန်တော်က စတိုးကို ဖွင့်ရမယ်"

"အဲဒီလိုမျိုး စီးပွားရေးလုပ်ငန်းကို တံခါးဖွင့်ထားမှ လုပ်လို့ရတာ"

"တစ်ရက်ပိတ်ထားရင် ဘာမှမထူးခြားဘူး ဆိုပေမယ့်၊ ဒါပေမယ့် နှစ်ရက်၊ သုံးရက်၊ ဒါမှမဟုတ် ဆယ်ရက်ကြာတဲ့အထိ ပိတ်ထားရင် ရှိနေတဲ့ ပုံမှန် ဖောက်သည်တွေက တဖြည်းဖြည်း ပျောက်သွားနိုင်တယ်လေ"

"စတိုးက ကျွန်တော့်ရဲ့နှလုံးသားပါ၊ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ဝင်ငွေပါ"

"ကြောက်နေရင်တောင်မှ ကျွန်တော့်ရဲ့ အလုပ်ကို လျစ်လျူရှုမထားနိုင်ဘူး"

"ကျွန်တော့်အဖေက စိုးရိမ်တဲ့အတွက် နောက်တစ်နေ့ လိုက်လာခဲ့တယ်။ အဲဒီတစ်ခါမှာတော့ ကျွန်တော်က ကျွန်တော့်အဖေကို သတ်လုနီးပါးတောင် ဖြစ်ခဲ့တယ်!"

"အဲဒီတစ်ခါမှာ ဘာတွေဖြစ်ခဲ့တာလဲ?"

ဗီဒီယိုထဲမှာ ကျွမ်းဖျင်းက နာကျင်စွာနဲ့ မျက်လုံးတွေကိုမှိတ်ပြီး မျက်နှာကို အပြင်းအထန် ပွတ်သပ်ရင်း မျက်လုံးတွေ နီရဲနေရင်းနဲ့ "သူက ကျွန်တော် တစ်ယောက်တည်း မြို့ထဲမှာရှိနေတာကို စိုးရိမ်နေလို့ ကျွန်တော် တားနေတာကိုတောင် နားမထောင်ဘဲ စတိုးကို လိုက်ခဲ့တယ်။ အဲဒီညကတော့ ဘာမိုးကြိုးမှ မရှိဘူး"

"ကျွန်တော်တို့က မနက်ဖြန်အထိ စကားပြောဖို့ စီစဉ်ထားတယ်၊ ဒါပေမယ့် သူက အသက်ကြီးလာတော့ မခံနိုင်တော့ဘူးလေ၊ ဒါကြောင့် သူ့ကို အိပ်ခိုင်းလိုက်တယ်။ မီးတွေပိတ်ပြီး ကျွန်တော်က အိပ်ယာပေါ်မှာ လှဲနေပြီး ဖုန်းသုံးနေခဲ့တယ်"

"ဒါပေမယ့် ညသန်းခေါင်ယံ ၁၂ နာရီရောက်တဲ့အခါ ကျွန်တော့်ရဲ့ပခုံးကို တစ်ချက် ပုတ်လိုက်တယ်။ အဲဒါက ကျွန်တော့်အဖေပါ..."

All Chapters