← Chapters

တံခါးကို လာခေါက်တဲ့သူ

Vol. 17 Ch. 237

တံခါးကို လာခေါက်တဲ့သူ

Vol. 17 Ch. 237

မင်းတို့ ကျွန်တော့်ကို ရီစရာ လုပ်မှာ သေချာတယ်။ အဖေက ကျွန်တော့်ပခုံးကို ပုတ်လိုက်တာက ဘာကြောက်စရာ ရှိလို့လဲပေါ့။ ဟုတ်တယ်၊ အဖေက ကျွန်တော့်ပခုံးကို ပုတ်လိုက်ရင် ဘာကြောက်စရာရှိလဲ"

"ဒါပေမယ့် အဖေက ညသန်းခေါင်ကြီးမှာ မျက်လုံးမဖွင့်ထားဘဲ ကျွန်တော့်ပခုံးကို ပုတ်လိုက်တာ။ ကျွန်တော့် မော့ကြည့်လိုက်တော့ သူ့နှုတ်ခမ်းထောင့်က နည်းနည်းကွေးသွားတာကို တွေ့လိုက်ရတယ်"

"သူက မျက်လုံးမှိတ်နေပြီး ကျွန်တော့်ကို ပြုံးနေတာ။ သူမျက်လုံးမှိတ်ထားပြီး ကျွန်တော့်ကိုပြုံးနေတာ။ သချိုင်းက ဂူကျောက်တိုင်က အဘွားအိုကြီးလိုပဲ ကျွန်တော့်ကိုပြုံးနေတာ"

ကျွမ်းဖျင်း၏ အသံအနည်းငယ်မြင့်လာပြီး အသံက တုန်နေခဲ့သည်။

သို့သော် သူစကားပြောပြီးသည်နှင့် ကျန်းရီက အမြန်မေးလိုက်သည်- "အဲဒီအဘွားအိုကြီးရဲ့နာမည်ကဘာလဲ-"

"ဒါ... မမှတ်မိတော့ဘူး၊ တကယ် မမှတ်မိတော့ဘူး!"

ကျွမ်းဖျင်းက နာကျင်စွာဖြင့် သူ့ခေါင်းကို ရိုက်လိုက်ပြီး သင်္ချိုင်းစောင့်က သူ့လက်ကို ဆွဲကိုင်လိုက်ပြီး "လူငယ်လေး ဒီလိုမလုပ်နဲ့။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကို ထိခိုက်မိသွားရင် ဘာလိုလုပ်မလဲ" ဟု ပြောလိုက်သည်။

ကြည့်ရှု့သူ A-"စတွင်မာ၊ အဲဒီအဘွားအိုကြီးမှာ ပြဿနာကြီး တစ်ခုရှိနေတယ်။ ဒါမှမဟုတ်ရင် ကျွမ်းဖျင်းက ဘာလို့သူမရဲ့နာမည်ကို အကြိမ်တိုင်းမမှတ်မိရတာလဲ"

ကြည့်ရှု့သူ B-"ဟုတ်တယ်၊ ပြီးတော့ ကျွမ်းဖျင်းက သူမရဲ့သချိုင်းဂူ ကျောက်တိုင်ရှေ့မှာ အကြိမ်တိုင်း နိုးလာတယ်။ ဒါကသူမနဲ့မဆိုင်ဘူးဆိုတာ လုံးဝမဖြစ်နိုင်ဘူး"

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများကလည်း စကားစမြည် စပြောလာခဲ့ကြပြီး အဘွားအိုကြီးနဲ့ ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေပြီဟု အားလုံးက ထင်နေခဲ့ကြသည်။

ကျန်းရီက အနည်းငယ်စဉ်းစားပြီးနောက် သူ့နောက်ခံတွင် တစ်စုံတစ်ဦးက ဖုန်းနံပါတ်တစ်ခု ပို့ပေးခဲ့သည်။

"အဘွားအိုကြီးနဲ့ ဒီကိစ္စက ခွဲလို့မရနိုင်တဲ့ ဆက်ဆံရေးရှိနေပီဆိုတော့ အဘွားအိုကြီးရဲ့ ဆွေမျိုးတွေကို ဖုန်းဆက်ပြီးမေးကြည့်ရအောင်”

ထိုသို့ပြောကာ ကျန်းရီသည် ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည်။

ညသန်းခေါင်ယံချိန်ဖြစ်သော်လည်း တစ်စုံတစ်ဦးက ဖုန်းဖြေခဲ့ပြီး ထိုသူသည် စောင့်နေဟန်ရှိသည်။

"ဟဲလို၊ မစ္စတာကျန်းရီလား?"

ဖုန်းဆက်သွယ်ပြီးနောက် အခြားတစ်ဖက်မှ ကြိုတင်မေးလိုက်သည်။ ကျန်းရီက ပြုံးပြီး "ဟုတ်ကဲ့၊ ကျွန်တော်ပါ၊ မစ္စတာကျူးဟွာလား။ အဘွားဝမ်ရဲ့ အကြီးဆုံးသားလား" ဟုမေးလိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်တော်ကျူးဟွာပါ။ မစ္စတာကျန်းရီ၊ ကျွန်တော့်အမေရဲ့ ဂူမှာ တကယ် ဘာတွေဖြစ်နေတာလဲ"

ကျူးဟွာက မေးလိုက်တော့ ကျန်းရီက "ဟုတ်ကဲ့၊ မစ္စတာကျွမ်းဖျင်းဆိုတဲ့သူက သင့်အမေရဲ့သချိုင်းဂူမှာ ညသန်းခေါင်မှာ ရုတ်တရက်နိုးလာနေပြီး အဲ့ဒါက သုံးရက်ဆက်တိုက် ဖြစ်နေတယ်။ ဒါပေမယ့် မစ္စတာကျူး၊ စိတ်မပူပါနဲ့၊ ကျွမ်းဖျင်းကိစ္စကိုသာ ပြီးဆုံးအောင် စောင့်လိုက်ပါ။ အကယ်၍ သင်ပေးနိုင်တဲ့ အချက်အလက်တွေရှိခဲ့ရင် ကျွန်တော့်ကိုပြောပြပါ" ဟု အတည်ပြု ပြောကြားလိုက်သည်။

"အိုကေ၊ ကျွန်တော် နားထောင်နေပါတယ်"

ကျူးဟွာက ပြန်ဖြေခဲ့ပြီး ကျွမ်းဖျင်းက ဆက်ပြောခဲ့သည်- "အဖေက ကျွန်တော့်ကို ပြုံးပြတဲ့အခါမှာ ကျွန်တော် တုန်နေတာကို ခံစားလိုက်ရတယ်။ အဲဒီအချိန်မှာ အဖေ့ကိုအော်နှိုးလိုက်တယ်။ အဲဒီအချိန်တုန်းက သူ့အခြေအနေမှာ အော်လို့ မရနိုင်ဘူးဆိုတာ ကျွန်တော်မသိသေးဘူး။ သူ ဘာမှ ပြန်မတုံ့ပြန်ဘဲ ကျွန်တော့်ကို ဆက်ကြည့်နေတုန်းမှာ ကျွန်တော်လက်နဲ့ သူ့ပခုံးကိုလှုပ်လိုက်တယ်"

"ကျွန်တော် လှုပ်နေတုန်း ရုတ်တရက် အဖေ့ခန္ဓာကိုယ် တစ်ခုလုံးတုန်လာတယ်။ သူ့မျက်နှာပေါ်က သွေးတွေက ခဏအတွင်းမှာ ပျောက်သွားပြီး ပါးစပ်ထဲမှာ အမြှုပ်တွေထွက်လာခဲ့တယ်။ ကျွန်တော်ကြောက်နေခဲ့တယ်၊ သူတစ်ခုခု လုပ်မိမှာကြောက်လို့ အရေးပေါ် ဖုန်းခေါ်လိုက်တယ်"

"ဆရာဝန်ရောက်လာတဲ့အခါ ချက်ချင်း ဆေးရုံပို့ပြီး ကယ်ဆယ်ဖို့ လိုတယ်လို့ ပြောတယ်။ ကျွန်တော်သူနဲ့ အတူလိုက်သွားတယ်။ အဲဒီအချိန်မှာ ဆရာဝန်မရှိခဲ့ရင် ကျွန်တော့်ရဲ့ တုန်လှုပ်နေမှုက အဖေ့အတွက် မမျှော်လင့်ထားတဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တယ်။ ကယ်ဆယ်နေစဉ်အတွင်း ကျွန်တော်တစ်ယောက်တည်း ကယ်ဆယ်ရေးခန်းအပြင်မှာထိုင်နေတယ်"

"ကျွန်တော်ကြမ်းပြင်ပေါ်မှာထိုင်နေတာ။ ထိုင်ခုံမှာထိုင်လို့မရဘူး။ ထိုင်လိုက်တိုင်း စိုးရိမ်စိတ်တွေဖြစ်နေတယ်။ ကြမ်းပြင်ကအရမ်းအေးတယ်၊ အလင်းရောင်ကျတဲ့အခါ ကြမ်းပြင်ပေါ်မှာ ကျွန်တော့်ခေါင်းရဲ့အရိပ်ကိုမြင်နေရတယ်။ ကျွန်တော်ကြည့်နေတယ်၊ ထိုင်နေတယ်၊ စောင့်နေတယ်။ ဘယ်လောက် ကြာသွားလဲဆိုတာတောင် မသိဘူး။ အဖေမထွက်လာသေးဘူး၊ ဒါပေမယ့် ကျွန်တော်ခေါင်းမော့လိုက်တဲ့အချိန်မှာ ကျွန်တော်သချိုင်းမှာပြန်ပေါ်လာတယ်။ ကျွန်တော့်ခြေထောက်အောက်က ကြမ်းပြင်ဟာ သချိုင်းလမ်းကြောင်းထဲက စကျင်ကျောက်ဖြစ်သွားပြီး အဘွားအိုကြီးရဲ့ ဓာတ်ပုံကို ကြည့်နေခဲ့တယ်"

"ကျွန်တော် နိုးနိုးကြားကြားနဲ့ကို ထိုင်နေတာ ဘာကြောင့် ဒီကို ပြန်ရောက်နေတာလဲ"

"ပြီးတော့ ဒီညမှာ အဖေက ဆေးရုံမှာ တစ်ယောက်တည်း။ ဒီညတွင်းချင်းပဲ ဆင်းရမယ်ထင်တယ်။ သူလည်း ကြောက်နေမယ်၊ ကျွန်တော်လည်း သူ့ကို အချိန်အကြာကြီး ဒီမှာထားဖို့မဝံ့ရဲဘူး၊ ဒါကြောင့် သူ့ကိုအိမ်ပြန်ဖို့ ပြောလိုက်ပြီး အိမ်မှာနတ်ကွန်းကိုသွားပြီးပူဇော်ဖို့ ပြောလိုက်တယ်။ အဖေကလည်း ကျွန်တော့်တောင်းဆိုမှုကို လက်ခံပြီး အိမ်ပြန်ရောက်တဲ့အခါ နတ်ကွန်းကို သွားပူဇော်ဖို့သဘောတူခဲ့တယ်"

"ဒါပေမယ့် ဒီညကျွန်တော် ဒီသချိုင်းကို ပြန်ရောက်နေတုန်းပဲ"

ကျွမ်းဖျင်းဒီလိုပြောတဲ့အခါမှာ သူ့အသံမှာ ပင်ပန်းနွမ်းနယ်မှုတွေ ပြည့်နေခဲ့တယ်။ ကျန်းရီက သူ ဒီလိုသာ အကြိမ်ကြိမ် ဆက်ဖြစ်နေခဲ့ရင် သူအပြီးသတ် ထုံထိုင်းသွားမယ် (သို့) အပြီးသတ် ပြိုလဲသွားမယ်ဆိုတာကို ခံစားမိလိုက်တယ်။

ဒါပေမယ့် အဆုံးမှာတော့ သူ့ခန္ဓာကိုယ်က အပြီးသတ်ပြိုလဲသွားမှာပါပဲ၊ သူ သေမသေ ဆိုတာကတော့ သူ့ကံအပေါ်ပဲမူတည်တယ်။

ကျန်းရီအနည်းငယ်စဉ်းစားခဲ့ပြီးနောက် သူ့ကိုမေးလိုက်တယ်- "ဒီည ဘာမှမဖြစ်ခဲ့ဘူးလား။ ပြီးတော့ ဆေးရုံမှာအဲဒီတုန်းက အိပ်ခဲ့တာလား မအိပ်ခဲ့ဘူးလား"

"ကျွန်တော်အိပ်ပျော်သွားမှာသေချာတယ်၊ ဒါပေမယ့် နက်နက်နဲနဲ မအိပ်ခဲ့ဘူး။ အဲဒီအချိန်က သိပ်နောက်ကျနေပြီ။ အဖေ့ကို ဆေးရုံပို့ပြီးတဲ့နောက် ကျွန်တော်အရမ်းပင်ပန်းနွမ်းနယ်နေတယ်၊ ဒါကြောင့် ဒူးပေါ်မှာ ခေါင်းတင်ပြီး အနားယူလိုက်တယ်။ ခေါင်းမော့ကြည့်လိုက်တဲ့ အချိန်မှာ အနည်းငယ်မှိတ်ထားမိမယ်"

"ဒီညရော"

"ဒီညကျွန်တော်မအိပ်ခဲ့ဘူး။ အောက်ထပ်မှာပဲ နေခဲ့ပြီး အပေါ် မတက်ခဲ့ဘူး။ စတိုးတံခါးကို အမြဲတမ်း ဖွင့်ထားတယ်၊ ပြီးတော့လူတွေက အချိန်မရွေးဝယ်ဖို့ဝင်လာကြတယ်။

“ဒါဆို ဒီည ထူးဆန်းတဲ့ ဧည့်သည်တွေများ ရောက်လာ​သေးလား"

ကျန်းရီကမေးနေသလိုလို ကျွမ်းဖျင်းကို ပိုလျှို့ဝှက်တဲ့အရာတစ်ခုခုကို ရှာဖွေဖို့ လမ်းညွှန်နေသလိုလိုဖြစ်နေခဲ့တယ်။ ကျွမ်းဖျင်းက အာရုံစိုက်စဉ်းစားနေခဲ့သည်။

"လူငယ်တွေလာကြတယ်။ လမ်းသရဲပုံစံ ဝတ်စားထားတဲ့ လူငယ်လေးတွေပါ၊ တင်းကျပ်တဲ့ ဘောင်းဘီဝတ်ထားတဲ့ အသက်၁၄၊၁၅နှစ်လောက်ရှိတဲ့လူငယ်တွေပါ။ အဲဒီလူငယ်တွေက ကျွန်တော့်ဆိုင်ကို လာပြီး ဆေးလိပ်ဝယ်ချင်တယ်လို့ ပြောတယ်။ ကျွန်တော်က စီးပွားရေး လုပ်နေပေမယ့် အရောင်းအဝယ် လုပ်တဲ့အခါမှာ အချို့သော အခြေခံမူဝါဒတွေရှိတယ်။ အဲဒီလို လူငယ်တွေဆေးလိပ်လာဝယ်ရင် ကျွန်တော်မရောင်းဘူး။ သူတို့က ကျောင်းတက်နေတဲ့ ပုံစံတွေလို့ ထင်ရတယ်။ သူတို့က ကျောင်းကရပ်ပြီး အခုအချိန်မှာ အချိန်ပိုင်းအလုပ် လုပ်နေတယ်လို့ပြောတယ် "

"ကျွန်တော်မယုံခဲ့ဘူး၊ ဒါကြောင့် သူတို့ကိုမရောင်းခဲ့ဘူး။ အိုး... ဒါနဲ့ အဲဒီမှာမိန်းကလေးတစ်ယောက်ပါတယ်။ သူမကသူတို့နဲ့အသက်တူတူလောက်ရှိပြီး သူမရဲ့ ဝတ်စားဆင်ယင်ထားပုံက ကျွန်တော် နားမလည်နိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရူးကြောင်ကြောင် ပုံစံဖြစ်နေတယ်။ ကျွန်တော် မရောင်းခဲ့ဘူး။ ဒါနဲ့ သူတို့က ကျွန်တော့်ဆိုင်အပြင်က လှေကားထစ်ပေါ်မှာ ထိုင်နေကြတယ်၊ သူတို့ချင်း စကားပြောနေသလိုပါပဲ၊ ပြီးတော့ ကျွန်တော့်ကို ပြန်ကြည့်နေကြတယ်"

"ကျွန်တော့်အိမ်သာတက်ပြီးပြန်လာတဲ့အခါ သူတို့မရှိတော့ဘူး"

ကျွမ်းဖျင်းစကားပြောပြီးတာနဲ့ သချိုင်းစောင့်က မေးလိုက်တယ်- "လူငယ်တွေက ဘယ်နှစ်ယောက်လဲ"

"အဲဒီမိန်းကလေးနဲ့အတူဆို လူငယ်လေးယောက်၊ ယောက်ျားလေးသုံးယောက်နဲ့မိန်းကလေးတစ်ယောက်ပါ"

"အဲဒီမိန်းကလေးက ဆံပင်အနီနဲ့လား"

"ဟုတ်တယ်"

"ငါသူတို့ကိုတွေ့ဖူးတယ်"

သချိုင်းစောင့်က ဒီစကားကို ပြောလိုက်တဲ့အခါ တစ်ခုခုကို ဖော်ထုတ်လိုက်သလို ဖြစ်နေတယ်။ ကျန်းရီက ကြားတာနဲ့ အမြန် မေးလိုက်တယ်- " သူတို့ကို ဘယ်လိုတွေ့ခဲ့တာလဲ?"

“တစ်ညမှာ၊ ငါက ပိုက်ဆံချွေတာချင်တဲ့ အတွက် ဂတ်စ်နဲ့ မချက်ပြုတ်ပဲ ထင်းခြောက်ပဲ သုံးတယ်။ ဒါ့ကြောင့် သချိုင်းနောက်က တောင်မှာ မှောင်တဲ့အထိ ထင်းသွားကောက်လေ့ရှိတယ်”

“အဲ့နေ့က လှမ်းထားတဲ့ ထင်းတွေကို ရုတ်ထားဖို့ မေ့နေခဲ့တယ်။ မှောင်ခါနီး ပြန်လာမှပဲ မှတ်မိလိုက်တယ်”

“ ဒါပေမယ့် ငါ့အိမ်လေးကို ပြန်လာတော့ သူတို့တွေ ကူသိမ်းပေးနေတာကို တွေ့လိုက်ရတယ်”

“ သူတို့ အလုပ်လုပ်တာ မြန်တယ်။ သူတို့က ရှုပ်နေတဲ့ ထင်းခြောက်တွေကို တစ်ခါတည်း ကူသိမ်းပေးနေ... ခဏနေအုံး..... ဒါက မဟုတ်သေးဘူး...... အဲ့ဒီမိန်းကလေး....”

"လျှပ်စီးလက်တဲ့အခါ သူမရဲ့... သူမရဲ့ဆံပင်က နီနေတယ်"

All Chapters