← Chapters

ဘာအတွက်လဲ မိတ်ဆွေ

Vol. 9 Ch. 861

ဘာအတွက်လဲ မိတ်ဆွေ

Vol. 9 Ch. 861

“ပိုင်ကွေ့ ... သူက ဘယ်သူလဲ”

ဘိုးဘေး တကောင်းက အံ့အားသင့်စွာ မေးလိုက်၏။

“ဘိုးဘေး ... သူက ပေ့ဟန်နယ်က ကျင့်ကြံသူ တစ်ယောက်ပါ ... ကြားရသလောက်ဆို တော်ဝင် ကျိုးမိသားစုက ရှင်းလင်းခံလိုက်ရတယ်တဲ့ ... ဒါပေမဲ့ အသေးစိတ်တော့ ကျွန်တော်လည်း မသိဘူး ... သူက အဲဒီ ကိစ္စကို လုပ်ခဲ့တဲ့တစ်ယောက် ဖြစ်နိုင်တယ်”

လင်းပိုင်ကွေးက ချန်းဖန်ကို ကြည့်ရင်း ဖြေလိုက်သည်။

“ဟမ် ... ပေ့ဟန်ရဲ့ တော်ဝင် မိသားစုမှာ ဓားဧကရာဇ် ရှိတယ် မလား ... ဒီကောင်လေးက ဓားဧကရာဇ်ကို မသတ်နိုင်လောက်ပါဘူး”

ဘိုးဘေး တကောင်းက ချန်းဖန်ကို သေချာစွာ လေ့လာလိုက်သည်။

သူကြည့်ရသလောက် ထိုကောင်လေး၏ ခန္ဓာကိုယ်မှ မည်သို့ ဓမ္မစွမ်းအား အငွေ့အသက်မျှ ထွက်ပေါ်နေခြင်း မရှိချေ။ သို့ဖြစ်ရာ သူ့ အနေဖြင့် ဓားဧကရာဇ် ကဲ့သို့သော လူကို မည်သည့် နည်းနှင့်မျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

ဘိုးဘေး တကောင်း သာလျှင်မက ဝိညာဉ် စိုက်ပျိုးခြင်းနယ်၊ ထျန်းလန်နယ်၊ ယွမ်ဝူနယ်စသည့် အခြားနယ်များမှ အရှင်သခင်များ မှာလည်း ချန်းဖန်ကို ကြည့်ကာ အံ့ဩ နေကြသည်။

“ကျိုးကျူရှင်း ကြည့်ရတာ ဒေါသထွက် နေပုံပဲ ... ဒါပေမဲ့ သူသာ တိုက်ခိုက်မယ် ဆိုရင် ပုထျန်းသီးကို ဆုံးရှုံးသွားလိမ့်မယ်”

အချို့က မှတ်ချက်ချ ကြ၏။ ကျိုးကျူရှန်းမှာလည်း ထိုအရာကို တွေးမိပုံပေါ်သည်။ သူက ဒေါသကို ပြန်ထိန်းကာ နေရာတွင်ပင် ထိုင်လိုက်သည်။

“သောက်ကလေး ... ငါ ပုထျန်းသီးကို ယူပြီးမှပဲ မင်းကို သတ်မယ် ... မင်းရဲ့ ကျူးဝမ် တစ်မျိုးနွယ်လုံးကိုလည်း သတ်မယ် ... မင်းတို့ ဘယ်သူမှ မလွတ်မြောက် စေရဘူး”

“ဟဟ ... ခုလာလေကွာ ... မင်းကို သတ်ပြီးတာနဲ့ ပေ့ဟန်နယ်ရဲ့ ကျိုးမျိုးဆက် ပြတ်ပြီ”

ချန်းဖန်က ဆက်လက်၍ စိန်ခေါ် လိုက်၏။ သို့သော်လည်း မည်သို့ပင် စိန်ခေါ် စေကာမူ ကျိုးကျူရှင်းမှာ နေရာမှ တဖဝါးပင် မရွေ့တော့ချေ။

တစ်ချိန်တည်းမှာပင် ပုထျန်းပင်မှာ တဖြည်းဖြည်း နွမ်းလျလာသည်။ ထို့အတူ ပုထျန်းသီး မှာလည်း နေ အသေးစား တစ်စင်းအလား ပို၍ တောက်ပလာ၏။

“ပုထျန်းသီးက ရင့်မှည့်တော့မယ် ထင်တယ်…”

အရှင်ဝိညာဉ် စိုက်ပျိုးခြင်း၏ မျက်လုံး များမှာ ဝင်းပသွားသည်။ ဘိုးဘေး တကောင်း၊ အရှင် ရွှမ်ဖုန်းနှင့် အရှင် ယွမ်ဝူ တို့မှာလည်း သူတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြ၏။

“ဒီနေရာမှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ပွဲ ဖြစ်လိမ့်မယ် ... ရှင်တို့ အပြင်မှာ ထွက်နေကြ ... တကယ် တိုက်ပွဲဖြစ်ရင် ကျွန်မလည်း ရှင်တို့ကို စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး”

နတ်မိမယ် ရှန်းရှီက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“အင်း…”

ချန်းဖန်က ချက်ချင်းပင် သဘောတူကာ ရှောင်မန်အား ခေါ်ယူ၍ တောင်ကြား ဝင်ပေါက်သို့ ထွက်ခွာ လာခဲ့သည်။

နေ့တစ်ဝက်မျှ ကြာပြီးနောက် ...

“ဘုန်း ... ဘုန်း ... ဘုန်း…”

ကန့်ထျန်း တောင်ကြား အတွင်းမှ ပေါက်ကွဲသံများနှင့်အတူ အလင်းတစ်ခု ကောင်းကင်သို့ ထိုးတက် သွား၏။ ထိုအရာမှာ ပုထျန်းသီး ပေါ်လာခြင်း ဖြစ်ကြောင်း တွေးမကြည့်လျှင်ပက် သိနိုင်ပေသည်။

“အစ်ကို ... ဘာလို့ အထဲကို ဝင်ပြီး ပုထျန်းသီးကို မယူတာလဲ…”

ရှောင်မန်က မေးလိုက်သည်။

“ပုထျန်းသီးနဲ့ ယှဉ်ရင် ကျူးဝမ် မျိုးနွယ်တွေရဲ့ ကျိန်စာ ကိစ္စက ပိုပြီး အရေးကြီးတယ် ... နောက်ပြီး သူတို့ ထွက်လာရင်လည်း သစ်သီးက ပါလာမှာပဲလေ ... ငါတို့က ဒီမှာ ထိုင်ပြီး စောင့်ရုံပဲ

ချန်းဖန်က ပြန်ဖြေလိုက်၏။

“ဟီးဟီး ... အစ်ကိုကတော့…”

ရှောင်မန်က ပါးစပ်ကို ပိတ်ကာ ရယ်မောလိုက်သည်။

ထို့နောက် တောင်ကြားထဲမှ မရေမတွက်နိုင်တော တိုက်ခိုက်သံများ ပေါ်ထွက်လာ၏။ ဓားချီ အလင်းများ၊ ပေါက်ကွဲမှု ရောင်စဉ်များမှာလည်း ကောင်းကင်၌ ထင်ရှားစွာ လင်းလက်လာသည်။ ခဏ အတွင်းမှာပင် တောင်ကြားသည် စစ်တလင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေ၏။

“ဘုန်း…”

ချန်းဖန်သည် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်၍ အကဲခတ် ကြည့်လိုက်ရာ ရူးသွပ်စွာ တိုက်ခိုက်နေသော ကောင်းကင်မြို မြွေကြီး တစ်ကောင်ကို တွေ့ရသည်။ ၎င်းကား အလွန် အစွမ်းထက်ပြီး အစွမ်းထက် ကျင့်ကြံသူများ ပေါင်းစည်း ထားသော အင်အားပင်လျှင် သူ့ကို အနိုင် မယူနိုင်ချေ။

“ဝှစ် ... ဝှစ်…”

ထိုအချိန်မှာပင် တောင်ကြားထဲမှ လင်းပိုင်ကွေး ဦးဆောင်သော လူရိပ်များ ထွက်ပေါ် လာ၏။ ထိုအထဲမှ နှစ်ယောက်မှာ ရွှေအမြုတေ ထိပ်ဆုံး အဆင့် ဝမ်ရှင်း တန်ခိုးရှင်များ ဖြစ်သည်။

“ဘိုးဘေးက တကယ် ဉာဏ်ကောင်းတာပဲ ... သူတို့က ပုထျန်း သစ်သီးကိုပဲ  လိုချင်ကြတာ ... ပုထျန်းပင်ကိုကျ အားလုံး မေ့နေကြတယ် ... ငါတို့သာ အဲဒီ ပုထျန်းပင်ကို ရရင် နောက်နှစ်တစ်ထောင်လောက် စောင့်လိုက်တာနဲ့ အခြား ပုထျန်းသီးတစ်လုံး ရမှာ…”

လင်းပိုင်ကွေးက ကျေနပ်စွာ ပြုံးရင်း ဆိုလိုက်၏။

“ဘိုးဘေးက ဒီပုထျန်းပင်ကို ယူပြီး ထျန်းလန်နယ်ကို ချက်ချင်းပြန်ဖို့ သခင်လေးကို ခိုင်းလိုက်တယ် ... အဲဒါဆို ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး”

အခြားတစ်ယောက်က ပြောသည်။

“ကောင်းပါပြီ…”

လင်းပိုင်ကွေးက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ဘေးသို့ အနည်းငယ် လှည့်ပတ် စူးစမ်းရင်း ဆိုလိုက်သည်။

“ဟိုပေ့ဟန်နယ်က လာတဲ့ သောက်ကလေး ဘယ်ကို ရောက်သွားတာလဲ ... သူ့ကို ခုမသတ်ထားရင် နောင်ကျ သတ်နိုင်တော့မှာ မဟုတ်ဘူး”

ရုတ်တရက် ပြောင်ချော်ချော် အသံတစ်ခု ထွက်ပေါ်လာ၏။

“ဘာလို့ ဒီလောက် အလျင်လို နေကြတာလဲ ... ကြည့်ရတာ မင်းတို့ အဖိုးတန်တဲ့ ရတနာ တစ်ခုခု ရထားပုံ ရတယ်”

လင်းပိုင်ကွေးက ကြည့်လိုက်ရာ အပြုံဖြင့် လျှောက်လာသော ချန်းဖန်တို့အား မြင်ရသည်။

“ဦးလေးနင်း ဦးလေးရှန်း ... သူတို့ကို သတ်ပစ်လိုက် ... မဟုတ်ရင် သတင်းပျံ့ သွားလိမ့်မယ်”

လင်းပိုင်ကွေးက ချန်းဖန်အား လူသေ တစ်ယောက်နှယ် ကြည့်ရင်း ပြောလိုက်သည်။

“ကောင်းပါပြီ ... သခင်လေး”

ရွှေအမြုတေ ထိပ်ဆုံး နှစ်ယောက်က ခေါင်းညိတ် လိုက်ကြ၏။

သူတို့၏ တာဝန်မှာ လင်းပိုင်ကွေးကို စောင့်ရှောက်ကာ ထျန်းလန်နယ်သို့ ပြန်ပို့ရန် ဖြစ်သည်။

ပုထျန်းပင်သည် အလွန် အရေးကြီး၏။ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်သာ သိသွားပါက သတင်း အဆုံးထိ လိုက်လိမ့်မည် ဖြစ်သည်။

“ကောင်လေး ... မင်း သေရမယ်”

ဦးလေးရှန်းဟု ခေါ်သော ဝမ်ရှင်း တန်ခိုးရှင်က ချန်းဖန်အား ကြည့်ရင်း ပြောလိုက်၏။

“ဘုန်း…”

ရုတ်ခြည်းပင် ကမ္ဘာပျက်မတတ် စွမ်းအားနှစ်ခု ဖြစ်ပေါ်လာကာ ချန်းဖန်ထံသို့ တိုးဝင်သည်။

သူတို့သည် ကမ္ဘာနှစ်ခု ဆုံမှတ် အတွင်း၌ အားနည်းသွားသည့်တိုင် အလွန် အစွမ်းထက် နေကြတုန်း ဖြစ်သည်။

ဦးလေးရှန်းသည် ကောင်းကင်အား ပုဆိန်ဖြင့်ဖြိုကာ ဦးလေးနင်းကမူ ချန်းဖန် နောက်ကျောသို့ ရွေ့လျား၍ လျှပ်တစ်ပြက် တိုက်ခိုက်၏။

“ဟဟ…”

ချန်းဖန်က လက်နှစ်ဖက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်၏။ ထို့နောက် သူက မတူညီသော နည်းစနစ် နှစ်ခုကို တစ်ပြိုင်နက် ထုတ်ဖော်လိုက်သည်။

“အစစ်အမှန် နတ်ဘုရား လက်သီး…”

“ခရမ်းရောင် ကောင်းကင်ဓား…”

ရွှေရောင် လက်သီးသည် နဂါး အသွင်ဖြင့် ပုဆိန်အား ဖြိုဖျက်ကာ ဦးလေးရှန်းထံ တိုးဝင်၏။ ခရမ်းရင် ကောင်းကင်ဓားကမူ ဦးလေးနင်းအား တည့်တည့်ပင် ခုတ်ဖြတ်သည်။

“ဘုန်း…”

ဝမ်ရှင်း တန်ခိုးရှင် နှစ်ယောက်မှာ နောက်သို့ ဆုတ်သွားရ၏။ သူတို့ကား သွေးများပင် အန်လိုက်ရသည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ…”

လင်းပိုင်ကွေး၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။

ဘိုးဘေးတကောင်းက ထိုလူငယ်လေးမှာ သန်မာသာ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည် ဆိုသော်လည်း ရွှေအမြုတေ အထွတ်အထိပ် အဆင့်များကိုမူ ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု သူ့အား ပြောခဲ့သည်။ သို့သော်လည်း လက်တွေ့ ဖြစ်နေသည်က ထိုအရာနှင့် တခြားစီ ဖြစ်၏။

“သတ်ကြစမ်း…”

ချန်းဖန်က ခုန်ကာ သူ၏ လက်နှစ်ဖက်ကို ဓားနှစ်လက်အဖြစ် ပြောင်းလဲ လိုက်သည်။ ဆယ်ပေခန့် ကြီးမားသော ခွန်ပန် ပုံရိပ်မှာ သူ၏ အနောက်၌ ပေါ်လာ၏။

“ဝှစ်…”

ဓားအလင်း နှစ်ခုက ကောင်းကင်ကို ဖြတ်သန်းကာ ဝမ်ရှင်း တန်ခိုးရှင် နှစ်ယောက်ကို ထက်ပိုင်းဖြတ်သည်။

“အား…”

ဝမ်ရှင်း တန်ခိုးရှင် နှစ်ယောက်မှာ နာကျင်စွာ အော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော်လည်း ချန်းဖန်က သူတို့အား အခွင့်အရေး တစ်ခုပင် မပေးခဲ့ချေ။ သူက ၎င်းတို့၏ ရင်ဘတ်ကို ထိုးခွဲကာ ရွှေအမြုတေ နှစ်ခုကို ထုတ်ယူလိုက်၏။

“ဘုန်း ... ဘုန်း…”

ရွှေအမြုတေ နှစ်ခု ချန်းဖန်၏ ဓားအားဖြည့် ကျောက်မျက်အတွင်း ရောက်ရှိ သွားသည်နှင့် သူတို့၏ ခန္ဓာကိုယ်များမှာ ပေါက်ကွဲသွားသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ရွှေအမြုတေ အထွတ်အထိပ်အဆင့် ဝမ်ရှင်း နှစ်ယောက်ကား သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် ချန်းဖန်သည် လူအုပ် အတွင်း မွှေနှောက်ကာ လင်းပိုင်ကွေ့မှ လွဲ၍ ထျန်းလန်နယ်ရှိ အားလုံးကို သတ်ပစ်လိုက်သည်။

“မိတ်ဆွေ ပိုင်ကွေ့ ... ဘာအတွက်လဲ ...  ခင်ဗျားက ကျုပ်တို့ကို ကမ္ဘာနှစ်ခု ဆုံမှတ်အတွင်း ဝင်ဖို့တောင်အတူ ဖိတ်ခေါ်ခဲ့တယ် ... ကျုပ်တို့က မိတ်ဆွေတွေလဲ ... ဘာလို့ အဲဒီလို လုပ်တာလဲ ... ကျုပ် တကယ်ပဲ ဝမ်းနည်းမိတယ်ဗျာ”

ချန်းဖန်က သက်ပြင်းတစ်ချက် ချကာ လင်းပိုင်ကွေ့အား ကြည့်လိုက်၏။ ထို့နောက် သူ့အား ပြန်လည် ပြောဆိုချိန် မပေးတော့ဘဲ တစ်ခါတည်း သတ်ပစ်လိုက်တော့သည်။

***

All Chapters