ဘက်မညီသော
Vol. 9 Ch. 863
“ဟူး ... ဟူး …”
လေကြမ်းသည် ကမ္ဘာနှစ်ခုအတွင်း ကမ္ဘာ၌ ကြမ်းတမ်းစွာ တိုက်ခိုက်နေသည်။
“ဘုန်း …”
ကျိုးကျူရှင်းသည် ကောင်းကင်မြို မြွေ၏အသွင်သို့ ပြောင်းလဲ လိုက်သည်။ အရှင် ဝိညာဉ် စိုက်ပျိုးခြင်းသည် ဝံပုလွေကြီး တစ်ကောင်ကို စီးကာ အရှင် ရွှမ်ဖုန်းက မုန်တိုင်းတစ်ခုကို ဝန်းရံ၏။ အခြားသော အရှင်သခင် နှစ်ယောက်ကလည်း သူတို့၏ အစွမ်း အထက်ဆုံး ကျင့်စဉ်များကို အသက်သွင်း လိုက်သည်။
“ဟူး ... ဟူး …”
သူတို့ တစ်ယောက်ချင်း စီကား အလွန် အစွမ်းထက်သည်။ သာမန် ဝမ်ရှင်း တန်ခိုးရှင် များမှာ သူတို့၏ အရှေ့၌ ရပ်တည်ရန်ပင် အခွင့်အလမ်း ရှိမည် မဟုတ်ချေ။ နတ်မိမယ် နတ်မိမယ် ရှန်ရှီပင်လျှင် ဒဏ်ရာ အကြီးအကျယ် ရခဲ့ရသည်။
“ရှင် ခေါင်းမာလှချည်လား …”
နတ်မိမယ် ရှန်းရှီက ချန်းဖန်အား ဒေါသတကြီး ကြည့်လိုက်သည်။ သူမက ထိုင်ရာမှ ထရန် ပြင်လိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီသွား၏။
“ဟား ဟား …”
ဘိုးဘေး တကောင်းနှင့် အခြားလူများက ချန်းဖန်အား ပုရွတ်ဆိတ် တစ်ကောင်ကဲ့သို့ ကြည့်လိုက်သည်။
“မင်းကိုယ်မင်း ဘာထင်နေလဲ ... စိတ်ချပါ ငါတို့က မင်းကိုလည်း အဆုံးသတ် ပေးမှာပါ ... ဟီးဟီး …”
ကျိုးကျူရှင်းက ရယ်မော လိုက်သည်။
သို့သော်လည်း ချန်းဖန်က ဒေါသ မထွက်ဘဲ အေးစက်စွာပင် မေးလိုက်၏။
“ငါ ဘယ်လို ကျိုးမိသားစုကို ရှင်းပစ်လိုက်တယ် ဆိုတာ မင်း ဦးလေးက မပြောပြဘူးလား …”
“ဟမ် …”
ကျိုးကျူရှင်းမှာ ရုတ်တရက် တွန့်ဆုတ် သွားသည်။ သူသည် ကမ္ဘာနှစ်ခု ဆုံမှတ်အတွင်း ပိတ်မိနေရာ အပြင်ဘက်ရှိ အကြောင်းများကို အသေးစိတ် မသိရသေးချေ။
သေချာစဉ်းစား ကြည့်ပါက ပေ့ဟန်နယ် တော်ဝင် မိသားစုသည် ရွှေအမြုတေအဆင့် တစ်ရာကျော်၊ တပ်ဖွဲ့ ကိုးခုနှင့် ဓားဧကရာဇ်တို့ကို ပိုင်ဆိုင်သည်။ ထိုသို့သော အင်အားကို ထိုကောင်လေးက မည်ကဲ့သို့ ရှင်းလင်း လိုက်သနည်း။
“ငါ ဓားဧကရာဇ်ကို လက်တစ်ချောင်းတည်းနဲ့ သတ်ပြီး တော်ဝင်မြို့ အစီအရင်ကို ဖျက်ဆီး ပစ်ခဲ့တယ် ... နောက်ပြီး ကျိုးမိသားစုထဲက သေသင့်တဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်ခဲ့တယ် …”
ချန်းဖန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး …”
ကျိုးကျူရှင်း၏ မျက်လုံးများမှာ ဒေါသဖြင့် နီရဲလာခဲ့၏။ အခြားသော အရှင်သခင် လေးယောက်မှာလည်း ဆွံ့အ သွားကြသည်။
ဓားဧကရာဇ်သည် ဟိုထျန်းဓားဂိုဏ်း၏ ဆက်ခံသူဖြစ်ပြီး ဟန်ရှုံး သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ်များကဲ့သို့ အစွမ်းထက်သည်။ သူတို့ ငါးယောက်တွင်ပင် ဘိုးဘေး တကောင်း တစ်ယောက်သာ ဓားဧကရာဇ်ကို အနိုင်ယူ နိုင်ရန် အခွင့်အရေး ရှိသည်။
အကယ်၍ ထိုလူငယ်သာ ဓားဧကရာဇ်ကို လက်တစ်ချောင်းတည်းဖြင့် သတ်ဖြတ်ပါက သူတို့အား အနိုင်ယူရန်မှာလည်း ခက်ခဲလိမ့်မည် မဟုတ်ချေ။
ရှန်းရှီပင်လျှင် ချန်းဖန်ကို အံ့အားသင့်စွာ ကြည့်၏။
သူမသည် ဓားဧကရာဇ်ကို ကြားဖူးပြီး သူမပင်လျှင် ထိုတစ်ယောက်ကို ရင်ဆိုင်ရန် ခက်ခဲ လိမ့်မည်။ သို့သော်လည်း ချန်းဖန်က ဓားဧကရာဇ်ကို အားမစိုက်ထုတ်ရဘဲ သတ်နိုင်သည်ဟု ပြောဆိုနေသည်။ ထိုအရာက အနည်းငယ် အကဲပိုနေသလို သူမ ခံစားနေရ၏။
“အဓိပ္ပာယ် မရှိတာ ... ငါ မင်းကို အပိုင်းပိုင်း ဖြတ်ပြီးတဲ့ အချိန်ကျရင်တော့ အခုလို ကြွားလုံးထုတ်နိုင်မလား ကြည့်ရသေးတာပေါ့ …”
ကျိုးကျူရှင်းက ဖနှောင့်အား ပေါက်လိုက်၏။
“ဘုန်း …”
သူ၏ ဘယ်ဘက် ခြေထောက်က ပေတစ်ရာခန့် ကြီးမားလာကာ အရာရာအား ဖျက်ဆီး၍ စတင် ကျဆင်းလာ၏။ သူသည် ချန်းဖန်ကိုသာမက တောင်တစ်ခုလုံးကိုပါ ဖျက်ဆီးရန် ကြိုးစား နေခြင်း ဖြစ်သည်။
“ဘုန်း …”
ရုတ်တရက် ကျယ်လောက်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ ကျိုးကျူရှင်း၏ ခြေထောက်ကြီးမှာ အပိုင်းပိုင်းအစစ မွကြေ သွား၏။
ထို့နောက် မြေပြင်မှ ကမ္ဘာသစ်ပင်တစ်ပင် ရုန်းကြွကာ ပေတစ်ထောင်ခန့်အထိ ရှည်လျား လာသည်။ ၎င်း၏ အကိုင်းအခက် တစ်ခုချင်းစီသည် ကမ္ဘာကြီးကို မတင်နေဟန် ရှိကာ ကြယ်များမှာ ထိုအရာများ အကြား၌ ကူးလူး လင်းလက်နေ၏။
“အား …”
ကျိုးကျူရှင်းမှာ နာကျင်စွာ အော်ဟစ်ရင်း သွေးတစ်လုတ် အန်လိုက်ရသည်။
ရှန်းရှီ အပါအဝင် အခြားသော အရှင်သခင်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြသည်။
“အဲဒါက ကောင်းကင်ခန္ဓာရဲ့ စွမ်းအား မလား ... သူက ကောင်းကင် အဆင့် ရွှေအမြုတေကို အောင်မြင် ထားတာလား ... မဟုတ်သေးဘူး ... အဲဒါက ရွှေအမြုတေထက် မိုးကြိုးကပ်ဘေးကို မခံယူဟ ရသေးတဲ့ အမြုတေနဲ့ တူနေတယ် ... ဘာလို့ ရိုးရိုး အမြုတေက အဲဒီလောက်တောင် အစွမ်းထက် နေရတာလဲ”
ရှန်းရှီမှာ မယုံကြည်နိုင်စွာ တွေးလိုက်မိသည်။ သူမသည် အစဉ်အမြဲ တည်ငြိမ်သူ ဖြစ်သော်လည်း ယခု တစ်ကြိမ်တွင်မူ အမှန်ပင် အံ့ဩ နေခဲ့မိ၏။
“မင်းက ငါ့ကို သတ်ချင်တာလား …”
ချန်းဖန်၏ ခန္ဓာကိုယ်မှာ လေထဲသို့ ကြွတက်လာသည်။ ကမ္ဘာ သစ်ပင်မှာလည်း အကိုင်းအခက်များကို ဖြန့်ကြက်ကာ သူ၏ နောက်မှ ကပ်ပါလာ၏။
“သေစမ်း …”
ကျိုးကျူရှင်းက သူ၏ ခန္ဓာကိုယ်ကို ပေထောင်ချီ ရှည်လျားသော ကောင်းကင်မြို မြွေအသွင်သို့ ပြောင်းလဲလိုက်သည်။ ထို့နောက် သူက သွေးရူးသွေးတန်းဖြင့် ချန်းဖန်ထံ တိုးဝင် တိုက်ခိုက်၏။
“ဘုန်း ... ဘုန်း ... ဘုန်း …”
ကောင်းကင်မြိုမြွေနှင့် ကမ္ဘာသစ်ပင်တို့သည် ရှေးဟောင်း နတ်ဘုရားများအလား ကောင်းကင်တွင် စတင် တိုက်ခိုက်ကြ၏။ ကမ္ဘာဖျက် စွမ်းအား၏ တိုးဝှေ့မှုတွင် ပထဝီ မြေထုပင် တဆတ်ဆတ် တုန်ရီ လာသည်။
“ဘုန်း …”
သို့သော်လည်း စက္ကန့်ပိုင်း အတွင်းမှာပင် ကောင်းကင်မြိုမြွေမှာ နောက်သို့ လွင့်စဉ် သွား၏။
“ဟူး... ဟူး …”
သို့သော်လည်း ကမ္ဘာသစ်ပင်သည် လှုပ်ခါကာ အလင်းများကို ထပ်မံ ပစ်လွှတ်လိုက်၏။ အလင်း တစ်ခုချင်းစီသည် ကောင်းကင်ဓား အသွင်သို့ ပြောင်းလဲကာ ကောင်းကင်မြိုမြွေအား ခုတ်ဖြတ်သည်။ တစ်ခဏ အတွင်းမှာပင် ကျိုးကျူရှင်းကား ဒဏ်ရာများ တစ်ခုပြီးတစ်ခု ရနေခဲ့ပြီ ဖြစ်သည်။
“မဖြစ်နိုင်ဘူး …”
ကျိုးကျူရှင်းက နာကျင်စွာ အော်ဟစ် လိုက်သည်။
သူသည် ကောင်းကင်မြိုမြွေ အစစ်အမှန် အသွင်ကို အောင်မြင်ပြီးချိန်မှ စ၍ ဓားဧကရာဇ်၏ ရွှမ်ထျန်း ဓားကျင့်စဉ်ပင် သူ့အား အသေးစား ဒဏ်ရာများသာ ပေးနိုင်ခဲ့သည်။ သို့သော်လည်း ယခုတွင်မူ သူသည် သစ်ပင်တစ်ပင်ထံ၌ ရှုံးနိမ့်ခဲ့သည်။ ထိုအရာက သူ့အနေဖြင့် လက်ခံနိုင်သော အရာမဟုတ်ချေ။
“ရား …”
ကောင်းကင်မြိုမြွေသည် အော်ဟစ် ဟိန်းဟောက်လိုက်၏။ ထို့နောက် ၎င်းက ပါးစပ်ကို ဟကာ အနက်ရောင် တွင်းပေါက်ကြီး တစ်ခုကို ဖန်ဆင်း လိုက်သည်။
ကောင်းကင်မြိုမြွေသည် ခွန်ပန် သားရဲကဲ့သို့ ဟင်းလင်းပြင် သားရဲဖြစ်ကာ ဝါးမျိုခြင်း စွမ်းအားကို ပိုင်ဆိုင်ကြသည်။ အစွမ်းအထက်ဆုံး ကောင်းကင်မြိုမြွေများ ဆိုလျှင် ပေ သန်းချီ ရှည်လျားသော တောင်တန်းများကိုပင် ဝါးမျိုနိုင်သည်။
“ဘုန်း ... ဘုန်း …”
ချန်းဖန် နံဘေးရှိ မရေ မတွက်နိုင်သော ကျောက်ဆောင်များ၊ တောင်ကမူများမှာ ကောင်းကင်မြိုမြွေ၏ ပါးစပ်အတွင်း စုပ်ယူခံ လိုက်ရ၏။ ထို့နောက် စုပ်အားက ချန်းဖန်ထံသို့ပါ ကျရောက် လာသည်။
“ဟမ့် …”
ချန်းဖန်က နှာခေါင်းရှုံ့ လိုက်သည်။ ထိုအခါ သူ၏ နောက်ရှိ ကမ္ဘာသစ်ပင်မှာ ပို၍ ကြီးမားလာကာ ပို၍လည်း တောက်ပ လာ၏။
“ဟူး ... ဟူး …”
ထို့နောက် ၎င်းက ကမ္ဘာနှစ်ခု ဆုံမှတ်အတွင်း ကမ္ဘာရှိ စွမ်းအင်များကို စတင်ကာ စုပ်ယူသည်။ အဆုံး၌ ကမ္ဘာသစ်ပင်မှာ ပေတစ်သောင်းခန့်အထိ ရှည်လျား လာတော့၏။
“မကောင်းတော့ဘူး …”
ကျိုးကျူရှင်းက နောက်သို့ ဆုတ်ရန် ကပျာကယာ ကြိုးစားလိုက်သည်။ သို့သော်လည်း ကမ္ဘာသစ်ပင်၏ အရှေ့၌ သူကား ပုရွက်ဆိတ် အလား သေးငယ် လှ၏။
“သတ် …”
ချန်းဖန်က ချက်ချင်းပင် စတင် တိုက်ခိုက်လိုက်သည်။ ကမ္ဘာသစ်ပင်၏ အကိုင်း တစ်ကိုင်းသည် နတ်ဘုရားဓား အသွင်သို့ ပြောင်းလဲကာ ကောင်းကင်မြို မြွေ၏ အပေါ်သို့ ကျဆင်းလာ၏။
“မလုပ်ပါနဲ့ ... ကယ်ပါဦး”
ကျိုးကျူရှင်းမှာ အော်ဟစ် လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားဓားသည် ကျိုးကျူရှင်း၏ အမြီးကို တိတိကျကျပင် ခုတ်ဖြတ် လိုက်၏။
“တိုက် …”
အရှင်ဝိညာဉ် စိုက်ပျိုးခြင်းနှင့် အရှင်ယွမ်ဝူတို့မှာ ကျိုးကျူရှင်းကို ကူညီရန် ကြိုးစား လိုက်သည်။ သို့သော်လည်း နတ်ဘုရား သစ်ပင်၏ အကိုင်းအခက်များက သူတို့အား တားဆီးထား၏။
“ကျိုးကျူရှင်း ... ပထမအရှင် ပေ့ဟန်က ကျူးဝမ် မျိုးနွယ် အပေါ် နှစ်ထောင်ချီ ကျင့်ကြံလို့ မရအောင် ကျိန်စာတိုက်ခဲ့တယ် ... ပြီးတော့ တော်ဝင် မျိုးနွယ်ကို အဆင့်နိမ့် မျိုးနွယ်တစ်ခု ဖြစ်အောင် ပြောင်းလဲပစ်ခဲ့တယ် ... ဒီနေ့ အဲဒီ ရန်ကြွေးအတွက် ငါ လက်စားချေမယ်”
ချန်းဖန်က ပြောရင်း ကျိုးကျူရှင်းထံ လျှောက်လှမ်း လာ၏။
“အဲဒါက ငါ့အဖေ လုပ်တာ မဟုတ်ပါဘူး ... အဲဒီကိစ္စတွေ အားလုံးက ငါတို့ ကျိုးမျိုးနွယ် လုပ်တာ မဟုတ်ပါဘူး”
ကျိုးကျူရှင်းမှာ အသည်းအသန် အော်ဟစ်ရင်း နောက်သို့ ဆုတ်သည်။
သို့သော်လည်း ချန်းဖန်၏ လက်မှ မည်ကဲ့သို့ လွတ်မည်နည်း။
“ဝှစ် ... ဝှစ် …”
မရေ မတွက်နိုင်သော သစ်ပင်များသည် လှုပ်ခါကာ ပေတစ်သောင်း ရှည်လျားသော ကြိုးအဖြစ် ပြောင်းလဲ၏။ ၎င်းက ကောင်းကင်အား နဂါး တစ်ကောင်အလား ဖြတ်သန်းကာ ကျိုးကျူရှင်းထံ တိုးဝင်သည်။
“အဇူရာ သက်ရှည် နဂါးဖမ်းကြိုး …”
ထိုအရာမှာ အဇူရာ သက်ရှည် ခန္ဓာ၏ နတ်ဘုရား စွမ်းအားတစ်ခု ဖြစ်သည်။ အဇူရာ သက်ရှည် အဘိုးအိုသည် ထိုနည်းနစ်ကို သုံးကာ နဂါးတစ်ကောင်ကို ဖမ်းခဲ့ဖူးသည်။ သို့ဖြစ်ရာ ထိုစွမ်းအားကို ကောင်းကင်မြိုမြွေကဲ့သို့ အသေးအမွှား သားရဲလေး အနေဖြင့် မည်ကဲ့သို့ ခုခံနိုင်မည်နည်း။
“ဘုန်း …”
နဂါးဖမ်းကြိုးသည် ကောင်းကင်မြိုမြွေအား ရစ်ပတ်ကာ ဖမ်းဆီးလိုက်၏။ ထိုအခါ ကျိုးကျူရှင်းမှာ ကောင်းကင်၌ ဆက်လက် ရပ်တည်နိုင်ခြင်း မရှိဘဲ မြေပြင်သို့ ကျလေ၏။
“ဘုန်း …”
ထို့နောက် ချန်းဖန်သည် ကောင်းကင်မှ အရှိန်ဖြင့် ဆင်းကာ မြွေ၏ ဦးခေါင်း ထက်ဝက်ကို နင်းချေ လိုက်တော့၏။
“အဲဒါက …”
ဘိုးဘေး တကောင်းနှင့် အခြားလူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ကြောက်လန့် သွားကြ၏။ ရှန်းရှီပင်လျှင် ချန်းဖန်အား ကြည့်ကာ ကြည့်ကာ အံ့အားသင့်ခြင်းကို ခံစား နေခဲ့ရသည်။
“သူက ဘာလို့ အဲဒီလောက်တောင် အစွမ်းထက်တာလဲ”
***