← Chapters

အပျော်အပါး

Vol. 019 Ch. 1883

အပျော်အပါး

Vol. 019 Ch. 1883

ရီဖူရှင်းသည် ဟယ်လျန်ယိုဘေး၌ ဖြေးညင်းစွာ ရပ်ကာ ပြုံး၍ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"

"ရှင်က ဘယ်လောက်တောင် သန်မာတာလဲ။" ဟယ်လျန်ယိုက မအောင့်အည်းနိုင်တော့ဘဲ ရီဖူရှင်းအား ကြည့်ကာ မေးလိုက်သည်။ သူမက အလွန်ပင် သိချင်စိတ်တို့များပြားနေ၏။

ထိုသည်မှာလည်း သူတို့ အချင်းချင်း ရင်းနှီးလာခဲ့သည့်အတွက် သူမက ထိုသို့သော မေးခွန်းမျိုးအား တည့်တိုးမေးရဲခြင်းပင် ဖြစ်သည်။

"တတိယဆင့်ပဲ ရှိတယ်ဆိုပေမယ့် ငါ့ရဲ့ မဟာလမ်းစဥ် နတ်ဝင်ရိုးက ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုးဆိုတာ မင်း သိတယ်မဟုတ်ဘူးလား။" ရီဖူရှင်းက ရယ်မောကာ ပြောလိုက်သည်။

"ကျွန်မက ရှင့်ရဲ့ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ကို ပြောနေတာ။" ဟယ်လျန်ယိုက ရီဖူရှင်းကို ပြောလိုက်သည်။ "ကျွန်မ ခန့်မှန်းထားတာ ရှိိတယ်။ အရင်နှစ်က ဒီကုန်းမြေရဲ့ ထိပ်သီးအင်အားစုတွေထဲက တစ်ခုဖြစ်တဲ့ မိစ္ဆာလမ်းစဥ်ကျင့်ကြံသူတွေရဲ့ ဆင့်လောအိမ်တော်က တစ်ညတည်းနဲ့ သုတ်သင်ခံလိုက်ရတယ်။ အဲဒါပြီးတော့ ဆင့်လောအိမ်တော်မှာ ဓားစွမ်းရည်ကျင့်ကြံသူတစ်​ယောက် ကျင့်ကြံနေထိုင်ခဲ့တယ်တဲ့။"

သူမက ပြောပြီးသွားသည်နှင့် ရီဖူရှင်းအား စိုက်ကြည့်လိုက်သည်။ သူမက ဟိုစဥ်ကပင် ခန့်မှန်းချက်တချို့ ပြုလုပ်ထားခဲ့သော်လည်း သူမသည် ရီဖူရှင်း ကိုယ်တိုင်ပြောလာသည်အား ကြားချင်မိသေးသည်။

ရီဖူရှင်းက ဟယ်လျန်ယို၏ မျက်ဝန်းများထဲမှ သိလိုစိတ်တို့အား မြင်တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ အင်ပါယာဟယ်လျန်မှ သူ့အပေါ် ထားသော သဘောထားမှာ ထိုကိစ္စနှင့် တစ်ခုခု သက်ဆိုင်နေပုံရသည်။

သို့သော်လည်း ဟယ်လျန်ယိုက သူ့ကို ဤမေးခွန်းမေးလာခြင်းမှာ ယုံကြည်ခြင်း၏ လက္ခဏာဟု ဆိုနိုင်ပေသည်။

"ငါက အခု တုံ့ယွမ်အိမ်တော်မှာ ကျင့်ကြံနေတယ်လေ။" ရီဖူရှင်းက သူမအား တိုက်ရိုက်အဖြေမပေးခဲ့ပေ။ သူက ပြုံးလိုက်ကာ တုံ့ယွမ်အိမ်တော်၏ ဝင်ပေါက်သို့ အေးအေးလူလူ လမ်းလျှောက်သွားလေသည်။

ဟယ်လျန်ယိုက ရီဖူရှင်း၏ နောက်ကျောကို ငေးစိုက် ​ကြည့်နေခဲ့သည်။ ရီဖူရှင်းက တိုက်ရိုက်မဖြေခဲ့သော်လည သူမက အဖြေကို သိရှိပြီးသားဖြစ်သည်။

ဟယ်လျန်ယိုက တုန်လှုပ်စွာနှင့် သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်သည်။ သူမသည် အစကတည်းက ခန့်မှန်းပြီးသား ဖြစ်သော်လည်း ရီဖူရှင်းထံမှ ထိုအဖြစ်ကို  အသိအမှတ်ပြုသည်အား ကြားလိုက်ရသည့်အခါ ထိတ်လန့်သွားမိဆဲပင် ဖြစ်သည်။

အဆုံးမှာတော့ သူသည် တတိယဆင့်နတ်ဝင်ရိုးသာ ရှိပေသည်။ သူက မည်သို့ဖြစ်၍ အဆင့်မြင့်ရန်ဟောင်တစ်ဦးအား သတ်ဖြတ်နိုင်ရသနည်း။

ဆင့်လောအိမ်တော်မှ ခေါင်းဆောင်သည် သူမ၏ ဖခင်အပြင် လျှိုဟန်နှင့် သေချာပေါက် ကျင့်ကြံဆင့်တူပေသည်။ ဆင့်လောအိမ်တော်ခေါင်းဆောင်က အမြဲတမ်း တုံ့ယွမ်အိမ်တော်နှင့် ပူးပေါင်းထားသော အင်အားတစ်ခု ဖြစ်လိုနေခဲ့သည်။ ဆင့်လောအိမ်တော်က အမြဲတမ်း တုံ့ယွမ်အိမ်တော်သို့ ဝင်ရောက်ရန် မဖြစ်နိုင်ခဲ့ခြင်းမှာ အဓိကအင်အားစုအနည်းငယ် ပူးပေါင်း၍ ဆင့်လောအိမ်တော်၏ ဝင်ရောက်မှုကို အတူတကွ တားဆီးထားခြင်းကြောင့် ဖြစ်သည်။

မည်သူမှ မထင်ထားမိသည်က သူသည် ရီဖူရှင်းတစ်ယောက်တည်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့သည်ကို ဖြစ်လေသည်။

ထိုသို့ဆိုလျှင် ယန်တုံ့ချင်းသည်လည်း ရီဖူရှင်းအား ဒုက္ခပေးလိုပါက သူ့ကြံစည်ထားသည်များကို အကောင်အထည်ဖော်ရန် ခက်ခဲပေလိမ့်မည်။

သို့သော်လည်း သူမသည် ယန်တုံ့ချင်းနှင့် ယန်မိသားစုဝင်များကို သတိပေးလိမ့်မည် မဟုတ်ပေ။ သူမအဖေ၏ စကားလုံးများကို သုံးရလျှင် သူတို့၏ ရည်မှန်းချက်များ တူညီနေသည့်အချိန်၌သာ မဟာမိတ်များ ဖြစ်နိုင်သည်။ ယခုချိန်၌ သူတို့၏ ရပ်တည်မှုနှင့် အမြင်များက ကွဲပြားနေခဲ့ပြီ ဖြစ်သောကြောင့် သူတို့အား ထပ်မံဂရုစိုက်နေရန် မလိုအပ်တော့ပေ။

ယခင်က ယန်တုံ့ချင်းသည် ပေ့ကုံးမိသားစုကို မသမာသောနည်းဖြင့် ပစ်မှတ်ထားခဲ့သည်။

သူတို့သည် ယန်တုံ့ချင်း (သို့) ယန်မိသားစုနှင့် စတင်၍ ပဋိပက္ခ ဖြစ်ပွားစေမည် မဟုတ်သည့်အတွက် သူတို့ကိုလည်း သတိပေးရန် မလိုအပ်ပေ။ သူမ၏ အဖေသည် ထိုမြေခွေးအိုကြီး ပေ့ကုံးအော့က တစ်ခုခုကို ကြိုတင်ခန့်မှန်းမိပြီး ဖြစ်ရမည်ဟု ပြောခဲ့သည်။ အကယ်၍ ယန်တုံ့ချင်းက အနာဂတ်တွင် အဖျက်အနှောက် တစ်ခုခု လုပ်ဆောင်ပါက သူ၏ ရူးမိုက်တုံးအမှုကိုသာ အပြစ်တင်နိုင်ပေလိမ့်မည်။

ယန်တုံ့ချင်းနှင့် ယှဥ်လျှင် ပေ့ကုံးအော့က အတော်လေး စဥ်းစားဉာဏ်ရှိသည်။ အတိတ်က သေရေးရှင်ရေးအခြေအနေတွင် သူသည် ရပ်တည်မှုကို ပြောင်းလဲကာ အနိုင်ရသူဘက်၌ ရပ်တည်ခဲ့သည်။ ထို့ပြင် သူသည် ပေ့ကုံးရွှမ်းကို တုံ့ယွမ်အိမ်တော်သို့ ပို့ဆောင်ကာ ကျင့်ကြံစေသည်။ ပေ့ကုံးမိသားစု၏ ခေါင်းဆောင်မှာ အတော်လေး ဉာဏ်ရှိသည့် ပုဂ္ဂိုလ်ဖြစ်သည်။

ရီဖူရှင်းက တုံ့ယွမ်အိမ်တော်သို့ လျှောက်လာသည့်အခါ သူ့ကို မြင်သော လူအများက ဦးညွှတ်လိုက်ကြသည်။

"အိမ်တော်သခင်"

"လျှို့နျန်ဓားအင်ပါယာ"

စစ်ဆေးမှုကို ကျော်ဖြတ်ကာ တုံ့ယွမ်အိမ်တော်သို့ ဝင်ရောက်လာသည့် ကျင့်ကြံသူများက သူအား အရိုအသေပေးလိုက်ကြသည်။ သူတို့က ရီဖူရှင်းကို လေးစားကြည်ညိုကြပြီး တခါတရံ၌ ချစ်စနိုးနှင့် 'ဆံဖြူဓားအင်ပါယာ' ဟုပင် ခေါ်တတ်ကြသည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ သူတို့အား အသိအမှတ်ပြုလိုက်သည်။

"အိမ်တော်သခင်က တကယ်ကို ချောမောပြီး ပြိုင်ဘက်ကင်းတယ်။ သူက ငါ မြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံးပဲ။ ဘယ်သူမှ သူနဲ့ မယှဥ်နိုင်ဘူး။" တစ်စုံတစ်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။

"အင်း.. ပါရမီနဲ့ ယှဥ်ရင်တောင် ​ရှာမှရှားတဲ့သူမျိုးပဲ။"

"ငါက အိမ်တော်သခင်ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာနိုင်မလား သိချင်မိတယ်။" အမျိုးသမီးငယ်လေးတစ်ယောက်က ပြုံးရင်း စိတ်ကူးယဥ်ကာ ပြောလိုက်သည်။ လူအများက သူမအား အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ သည်လင်တရူးနေသည့် အမျိုးသမီးက........

"ပေ့ကုံးမိသားစုရဲ့ အလှလေးက တုံ့ယွမ်အိမ်တော်မှာ ကျင့်ကြံနေတယ်။ ပြီးတော့ ဟယ်လျန်တော်ဝင်မိသားစုက ပထမမင်းသမီးလည်း ရှိနေသေးတယ်။ မင်းက သူတို့နဲ့ ယှဥ်နိုင်လို့လား။" တစ်စုံတစ်ယောက်က လှောင်ပြောင်ကာ ပြောလိုက်သည်။ သူ၏ လှောင်ပြောင်လိုက်သော မှတ်ချက်ကြောင့် အချို့သူများက ရယ်မောလိုက်ကြသည်။

"အဟမ်း" အေးစက်သော အသံတစ်ခုကို ကြားလိုက်ကြသည်။ လူတိုင်းက အသံလာရာကို လှည့်ကြည့်လိုက်သည့်အခါ ရှေးဟောင်းကျမ်းစာအား ဖတ်နေသော အကြီးအကဲတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူက ရန်ဟောင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်အချက်က သူတို့အား ချက်ချင်း တိတ်ဆိတ်သွားစေသည်။ အထူးသဖြင့် သူတို့က ထိုအကြီးအကဲ၏ ကျင့်ကြံမှုအား အနှောက်အယှက် ပေးမိသည်ကို သိလိုက်ရသောကြောင့် ထိတ်လန့်မိသွားကြသည်။ သို့သော်လည်း သူက ရန်ဟောင်အဆင့်သို့ ရောက်နေပြီးဖြစ်ကာ မည်သည့်အတွက်ကြောင့် တုံ့ယွမ်အိမ်တော်၏ အောက်ဆုံးထပ်တွင် ရှိနေရသနည်း။

ရီဖူရှင်းသည် တုံ့ယွမ်အိမ်တော်၏ အပေါ်ထပ်သို့ လျှောက်သွားခဲ့သည်။ သူ၏ လက်ရှိကျင့်ကြံဆင့်နှင့် အဆင့်နိမ့်သော ကျင့်ကြံခြင်းနည်းလမ်းများက သူ့အတွက် မည်သည့် တန်ဖိုးမှ ရှိမနေပေ။

လတ်တလောတွင် တုံ့ယွမ်အိမ်တော်သို့ လူအတော်များများ သက်ရောက်လာသည့်အတွက် တုံ့ယွမ်အိမ်တော်က အတော်လေး လူဦးရေ ထူထပ်နေသည်။ တုံ့ယွမ်အိမ်တော်သို့ ဝင်ခွင့်လူဦးရေကို ကန့်သတ်ထားသည်ဆိုလျှင်ပင် တစ်ထပ်ချင်းစီ၌ လူအတော်များနေဆဲပင် ဖြစ်သည်။ ရီဖူရှင်း အထပ်တစ်ထပ်ကို တက်လာသည့်အခါတိုင်း ကျင့်ကြံသူများက သူ့ကိည 'အိမ်တော်သခင်' ဟု နှုတ်ဆက်ကြသည်။

ရီဖူရှင်း အထပ်​မြင့်တစ်ခုသို့ ရောက်သည့်အခါ တစ်စုံတစ်ယောက်က သူ့ကို အော်ခေါ်လိုက်သည်။ အဝေးတစ်နေရာတွင် ရီဖူရှင်း လက်များကို လှုပ်ရှား၍ တိုက်ခိုက်မှုပုံသဏ္ဌာန်များကို လေ့လာနေသော မိန်းကလေးတစ်ယောက်က သူ့ဘက်သို့ လှည့်လာကာ အော်ခေါ်လိုက်သည်ကို ကြားလိုက်ရ၏။ "အိမ်တော်သခင်ရီ"

"အာ... မိန်းကလေးရွှမ်း၊ ခင်ဗျားလည်း ဒီရောက်နေတာလား။" ရီဖူရှင်းက ပြန်ပြောလိုက်သည်။

"အင်း" ပေ့ကုံးရွှမ်းက ခေါင်းညိတ်လိုက်၏။ "ကျွန်မက ရန်ဟောင်အဆင့်ကို အခုမှ ရောက်တာဆိုတော့ ကျင့်ကြံခြင်းနဲ့ ပတ်သတ်ပြီး မေးခွန်းတွေအများကြီး ရှိနေသေးတယ်။ ဒါကြောင့် တုံ့ယွမ်အိမ်တော်မှာနေပြီး ရှေးဟောင်းကျမ်းစာအကိုးအကားတွေကို လေ့လာနေတာ။ တုံ့ယွမ်အိမ်တော်က မဟာအရှင်တည်ထောင်ထားတာလို့ မပြောရဘူး။ အားလုံးက တကယ့်ကို အသုံးဝင်လွန်းတာတွေချည်းပဲ။"

"အမှန်ပဲ။ တစ်စုံတစ်ယောက်က တုံ့ယွမ်အိမ်တော်အတွင်းမှာ အများကြီး သင်ယူလေ့လာနိုင်တယ်။" ရီဖူရှင်းက သူ့ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။ "ဒါဆို ဆက်လေ့လာလိုက်ပါဦး။"

ထို့နောက် သူက ပို၍ မြင့်သော အထပ်သို့ ဆက်တက်သွားလေသည်။

မ​မျှော်လင့်ဘဲနှင့် ရီဖူရှင်းသည် ပေ့ကုံးရွှမ်းသည်လည်း သူနောက်သို့ လိုက်ပါလာသည်ကို မြင်လိုက်ရသည်။

"တစ်ခုခု အကူအညီလိုလို့လား မိန်းကလေးရွှမ်း" ရီဖူရှင်းက မေးလိုက်သည်။

တုံ့ယွမ်အိမ်တော်အတွင်း အိမ်တော်သခင်က ဘယ်လိုအရာတွေကို လေ့လာမလဲ မြင်တွေ့ပြီး သင်ယူချင်လို့ပါ။" ပေ့ကုံးရွှမ်းက ညင်သာစွာ ပြောလိုက်သည်။ "ဒါပေမယ့် အိမ်တော်သခင်ကို အနှောက်အယှက် ဖြစ်စေမယ်ဆိုရင် ကျွန်မ မလိုက်တော့ပါဘူး။"

သူမ၏ အသံက နူးညံ့ညင်သာကာ နွေးထွေးသည်။ ၎င်းက လူအများကို စိတ်လက်အေးချမ်းစွာ ခံစားရစေသည်။

ရီဖူရှင်းက တွေးလိုက်မိ၏။ 'ပေ့ကုံးမိသားစုက လူတွေများ ဘယ်လိုလူကို ရွေးချယ်သင့်လဲ တကယ် သိတာပဲကိုး'

"​ကြိုက်သလို လုပ်ပါ။" ရီဖူရှင်းက ပြုံးကာ ပြောလိုက်ပြီး လှေကားသို့ တက်သွားခဲ့သည်။ ရီဖူရှင်းက ကြိုက်သလိုလုပ်ပါဟု ပြောခဲ့ရာ ပေ့ကုံးရွှမ်းသည် တွေဝေခြင်းမရှိဘဲ ရီဖူရှင်းနှင့်အတူ အပေါ်ထပ်သို့ လိုက်ပါသွားခဲ့သည်။

ရီဖူရှင်းက အနည်းငယ် စိတ်ရှုပ်သလို ခံစားလိုက်ရသည်။ မည်သို့ဖြစ်စေက ပေ့ကုံးရွှမ်းက ရန်ဟောင်အဆင့်သို့ ရောက်ရှိပြီးသား ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။

ထို့​ကြောင့် သူက သူမအား ဂရုစိုက်ပေးရန် မလိုအပ်ပေ။ သူက တုံ့ယွမ်အိမ်တော်အတွင်းရှိ မှတ်တမ်းမှတ်ရာများမှ ကျင့်ကြံရေး နည်းစနစ်များကို စတင်ဖတ်ရှုလိုက်သည်။ ပေ့ကုံးရွှမ်းသည် သူ့နောက်သို့ လိုက်ပါလာသော်လည်း တိတ်ဆိတ်စွာနှင့် သူ့ကို ပြဿနာမဖြစ်စေပေ။ ရီဖူရှင်း ဖတ်ရှုပြီးသွားသည့် စာအုပ်အား သူမက ယူကာ ဖတ်ရှုပေလိမ့်မည်။

ရီဖူရှင်း ဖတ်သမျှတိုင်းကို သူမက လိုက်လံ ဖတ်ရှုပေသည်။

ဤအခြေအနေက ရက်အနည်းငယ်ခန့် ဆက်တိုက်ဖြစ်နေခဲ့သည်။ ရီဖူရှင်းက ထိုအပြုအမူကြောင့် အနှောက်အယှက် မဖြစ်လျှင်ပင် သူမ၏ အပြုအမူများကြောင့် စိတ်ရှုပ်နေဆဲ ဖြစ်သည်။

တစ်နေ့တွင် သူသည် ကျင့်ကြံနေခြင်းအား ခေတ္တမျှ ရပ်တန့်လိုက်ကာ ပေ့ကုံးရွှမ်းကို ကြည့်၍ ပြောလိုက်သည်။ "မိန်းကလေးရွှမ်း၊ ကျုပ် လေ့လာနေတဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေက ကျုပ်ရဲ့ လမ်းစဥ်အတွက်ပဲ သင့်တော်တာပါ။ ခင်ဗျားနဲ့ကျတော့ အဲဒါတွေက သင့်တော်မှာ မဟုတ်လောက်ဘူး။"

"အင်း" ပေ့ကုံးရွှမ်းက ခေါင်းညိတ်လိုက်သည်။ "ကျွန်မသိတယ်။"

“…” ရီဖူရှင်းက သူမကို ကြည့်လိုက်သည်။ သူက အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်သွားသော်လည်း သူမ၏ လှပသော မျက်နှာလေးက သူမကို ဒေါသမထွက်နိုင်အောင် ပြုလုပ်နေသည်။

သူမက တကယ်တုံးတာလား.. တုံးချင်ယောင်ဆောင်နေတာလား။

"အခြေခံအားဖြင့် ကျွန်မတို့ရဲ့ မဟာလမ်းစဥ်ကို ကိုယ်ပိုင်လမ်းစဥ်လောက်နဲ့ ကန့်သတ်မထားသင့်ဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ကျွန်မ အိမ်တော်သခင်ရီနဲ့ အတူလိုက်ပြီး ဒီရှေးဟောင်းကျမ်းစာတွေကို ဖတ်ရှုခဲ့တယ်။ အဲဒီကနေ အများကြီးလည်း သင်ယူဖြစ်ခဲ့တာမို့ ကျွန်မရဲ့ ကိုယ်ပိုင်လမ်းစဥ်အပေါ် အကျိုးသက်ရောက်မှု ရှိခဲ့တယ်။ ဒီလိုဆိုမှ​တော့ ဘာပြဿနာရှိလို့လဲ။" ပေ့ကုံးရွှမ်းက ရီဖူရှင်းအား ကြည့်ကာ မေးလိုက်သည်။

"ဒါဆိုရင် အခုလိုက ခင်ဗျားအတွက် သိပ်အကျိုးရှိမှာ မဟုတ်ဘူး။ ခင်ဗျားဖို့ ပိုသင့်တော်မယ့် ကျမ်းစာတချို့ ရွေးပေးရမလား။" ရီဖူရှင်းက မေးလိုက်သည်။

"ကျွန်မက မကြာသေးခင်ကမှ ရန်​ဟောင်အဆင့်ကိုရောက်ခဲ့တာဆိုတော့ ကျွန်မနဲ့ ဘယ်ဟာက ပိုသင့်တော်မလဲ ဘာကိုလေ့လာသင့်လဲဆိုတာ မသိသေးဘူး။ ပြီးတော့လည်း တုံ့ယွမ်အိမ်တော်က ကြီးလွန်းတယ်လေ။" ပေ့ကုံးရွှမ်းက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ "အဖေက အိမ်တော်သခင်ရီကို အရမ်းချီးကျူးတာဆိုတော့ ကျွန်မကလည်း အိမ်တော်သခင်ရဲ့ ထိုးထွင်းမြင်နိုင်စွမ်းကို ယုံကြည်တယ်။ ဒါကြောင့် အိမ်တော်သခင်နဲ့အတူ လိုက်ပါကျင့်ကြံဖို့ ဆုံးဖြတ်လိုက်တာပါ။ အိမ်တော်သခင်ရီဘက်က ကျွန်မကို အနှောက်အယှက် ဖြစ်ခဲ့ရင် ခပ်ဝေးဝေးမှာ နေပေးနိုင်ပါတယ်။ ရှင် ဖတ်လို့ပြီးသွားမှသာ အဲဒီစာအုပ်တွေကို ဖတ်မှာပါ။"

သူမက ပြော၍ပြီးသွားသောအခါ မည်သည့် စိတ်မကျေနပ်မှုကိုမှ မပြဘဲ မတုန်မလှုပ်အမူအရာနှင့် ဘေးသို့ ရွှေ့သွားခဲ့သည်။

“…” ရီဖူရှင်းသည် သူမအား ငြင်းပယ်ရန် မည်သည့်စကားလုံးကိုမှ ရှာမတွေ့ခဲ့ပေ။

သူက ပြုံးကာ ခေါင်းကို ယမ်းရင်း သူမအား ချန်ထားခဲ့သည်။ သူသည် ပေ့ကုံးရွှမ်း မည်သို့လုပ်လုပ် သူမအား ထပ်မံအာရုံစိုက်တော့မည်မဟုတ်ပေ။

အမှန်တကယ်ပင် ပေ့ကုံးရွှမ်းက ရီဖူရှင်းထံမှ အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားသော်လည်း ယခင်ကကဲ့သို့ပင် သူ ဖတ်သမျှ စာအုပ်များအား ဖတ်ရှုနေဆဲပင် ဖြစ်သည်။

ရက်အနည်းငယ်မျှ လေ့လာပြီးနောက် ရီဖူရှင်းက ထွက်ခွာသွားသည်။

သူ တုံ့ယွမ်အိမ်တော်သို့ ပြန်ရောက်သည့်မခါ တစ်ဖန်ကျင့်ကြံပြန်သည်။ သူက ရှားရှင်းယွန်ကို ခေါ်ဆောင်ထားပြီး သူမကို သူနှင့် အဖော်ပြုစေသည်။

သို့သောလည်း သူ၏ ထင်မြင်ချက်က လွဲမှားကာ ပေ့ကုံးရွှမ်းကို မောင်းမထုတ်နိုင်ဘဲ သူမက သူ့နောက်သို့ လိုက်ပါနေဆဲဖြစ်လေသည်။ ရီဖူရှင်းသည် သူမ၏ စိတ်ထဲ၌ မည်သည်တို့ကို တွေးနေသည်အား တိတိကျကျ သိချင်လာမိသည်။

ပေ့ကုံးရွှမ်း၏ အပြုအမူက တုံ့ယွမ်အိမ်တော်မှ အခြားလူများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး တုံ့ယွမ်မြို့မှ လူအများအတွက် စိတ်လှုပ်ရှားဖွယ် ဆွေးနွေးမှု ခေါင်းစဥ်တစ်ရပ် ဖြစ်လာခဲ့သည်။ အလှလေးနှင့် ပါရမီရှင် ဇာတ်လမ်းမှာ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ထို့ပြင် ဤကောလာဟလများသည် ကျင့်ကြံခြင်းအဆင့်နှင့် ကန့်သတ်ထားခြင်းမခံရပေ။ ကျင့်ကြံဆင့် ပိုမြင့်မားသော ကျင့်ကြံသူတို့မှာ ပိုမိုတက်ကြွပြီး စူးစမ်းလိုစိတ် ပိုများကြသည်။

သို့ဖြင့် ဇာတ်လမ်းမှာ ပို၍ ရှုပ်ထွေးသော ဆက်ဆံရေးအဖြစ် ပြောင်းလဲသွားပြီး အဓိကဇာတ်ကောင်များမှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွင် ပါဝင်ပတ်သတ်နေပုံရလေသည်။

ထိုသည်မှာ ထမင်းစား လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောဆိုကြသည့် သာမန်ပုံပြင်တစ်ပုဒ်ကဲ့သို့ ဖြစ်လာပေသည်။

ရီဖူရှင်း အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်မိသော်လည်း ထိုသတင်းမှာ သူ၏ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ကျင့်ကြံခြင်းနေ့ရက်တို့အား အနည်းငယ် ဖျော်ဖြေမှုဖြစ်စေသည်။ ကျင့်ကြံခြင်းမှာ အလွန်ပင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည် မဟုတ်ပါလား။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးနေပြီး နှစ်တစ်နှစ် ကုန်လွန်သွားပြန်ပြီ ဖြစ်သည်။ ထိုနှစ်များအတွင်း ရီဖူရှင်းက တုံ့ယွမ်အိမ်တော်မှ မထွက်ခွာခဲ့ပေ။

ကောင်းကင်ပြက္ခဒိန် ၁၀၀၄၆ ခုနှစ်သို့ ရောက်သောအခါ အင်ပါယာဟယ်လျန်၊ ယန်တုံ့ချင်းနှင့် ပေ့ကုံးအော့တို့က တုံ့ယွမ်အိမ်တော်သို့ လာရောက်လည်ပတ်ကြသည်။

ရီဖူရှင်းက သူတို့ဆီသို့ လျှောက်သွားသည့်အခါ သူတို့က နှုတ်ဆက်လိုက်သည်။ "အိမ်တော်သခင်ရီ"

"ယဥ်ကျေးမှုထုံးတမ်းတွေ လုပ်နေစရာမလိုပါဘူး စီနီယာတို့။" ရီဖူရှင်းက ရယ်မောရင်း ပြောလိုက်သည်။ "နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့ပဲ။ အကြီးအကဲတို့လို အလုပ်များတဲ့ သူတွေက တုံ့ယွမ်အိမ်တော်ကို ဘာကိစ္စများရှိလို့လဲ။"

"ကျုပ်တို့က ဒီကို ထူးခြားတဲ့ အကြောင်းပြချက်ကြောင့် ရောက်လာတာပါ။ အိမ်​တော်သခင်လည်း မကြာခင် သိရပါလိမ့်မယ်။" အင်ပါယာဟယ်လျန်က ပြောလိုက်သည်။

ရီဖူရှင်းက ဇဝေဇဝါဖြစ်နေသော အမူအရာနှင့် အံ့အားသင့်မှုတို့ကို ဖော်ပြလာသည်။ အဓိကအင်အားစုသုံးခုက အချို့သော အကြောင်းပြချက်အတွက် တစ်ချိန်တည်းမှာ ရောက်ရှိလာကြသည်။ ကြည့်ရသည်မှာ ထူးခြားသောအကြောင်း တစ်စုံတစ်ရာ ရှိပေလိမ့်မည်။ မဟုတ်လျှင် သူတို့က ထိုကိစ္စအပေါ် အရေးတယူရှိလိမ့်မည် မဟုတ်ပေ။

***

All Chapters