ပထမဦးဆုံး ရွှေရောင်ဒဏ္ဍာရီ စွမ်းရည်၊ မွေးရာပါ ဓားကိုယ်ခန္ဓာ!
Vol. 26 Ch. 353
စုရှင်းသည် သူ့ရှေ့မှ ဆုလာဘ် ရွေးချယ်စရာများကို ကြည့်ပြီး ခဏမျှ စဥ်းစားလိုက်သည်။
ပထမဆုံးအနေဖြင့် စွမ်းရည်နှင့် ဆေးဖော်ခြင်း အတွေ့အကြုံကို ပယ်ဖျက်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် "သုံးရက် အဆာခံ၍၊ အစာကိုးနပ် ပျက်ကွက်ခြင်း" ဆိုသည့် စွမ်းရည်သည် စုရှင်း၏ "အစားမက်သူ" စွမ်းရည်ကို ထပ်ဖြည့်ပေးမည့်အစား လုံးဝ အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သည်။
ဆေးဖော်ခြင်း အတွေ့အကြုံကိုလည်း စုရှင်းက အရေးမလုပ်ခဲ့ပေ။
"ဒြပ်စင်ငါးပါး အပြန်အလှန် ဖြစ်ပေါ်စေတဲ့ နည်းလမ်းနဲ့ တာအို ဒြပ်စင်ငါးပါး အစီအရင် ပညာက ကောင်းပေမဲ့ စျေးနှုန်းက နည်းနည်း မြင့်နေတယ်"
"ငါ့ရဲ့ခွန်အား လုံလောက်တဲ့အခါကျရင် မသေမျိုး စစ်သည်တော်ခေတ် အကျဉ်းခန်းကို ကိုယ်တိုင်သွားပြီး ဒီကျောက်ပြားနှစ်ချက်ကို သိမ်းယူမယ်။ အာ့တာက ပိုပြီးတော့ အကျိုးအမြတ် ရှိနိုင်တယ်"
ထိုသို့ ဆင်ခြင်ပြီးနောက် စုရှင်းသည် ပြတ်သားစွာ ပြောလိုက်သည်။
"ကျွန်တော် မဟာယာနအဆင့် ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ် နဲ့ မဟာယာနအဆင့် ဆန္ဒပြည့် ရွှေဒယ်အိုး နည်းစနစ်ကို ထုတ်ယူဖို့ ရွေးချယ်လိုက်ပါတယ်"။
သူ၏စကားများ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် သရုပ်ပြစက်မှ သတိပေးသံများ ထွက်ပေါ်လာခဲ့သည်။
[သင်သည် ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ် (မဟာယာနအဆင့်) ကို အောင်မြင်စွာ ထုတ်ယူခဲ့သည်။ စွမ်းအင်မှတ် ၁၅၀ သန်း သုံးစွဲခဲ့ပြီး ကျန်ရှိသော စွမ်းအင်မှတ် ၇၆၄.၄၈ သန်း ဖြစ်ပါသည်။]
[သင်သည် ဆန္ဒပြည့် ရွှေဒယ်အိုး လျှို့ဝှက်နည်းစနစ် (မဟာယာနအဆင့်) ကို အောင်မြင်စွာ ထုတ်ယူခဲ့သည်။ စွမ်းအင်မှတ် ၁၅၀ သန်း သုံးစွဲခဲ့ပြီး ကျန်ရှိသော စွမ်းအင်မှတ် ၆၁၄.၄၈ သန်း ဖြစ်ပါသည်။]
သရုပ်ပြစက်၏ သတိပေးသံ ပြီးဆုံးသွားသည်နှင့် နက်နဲဆန်းကြယ်သော စွမ်းအားနှစ်ခုသည် စုရှင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ် နှင့် ဆန္ဒပြည့် ရွှေဒယ်အိုး နည်းစနစ်တို့နှင့် ပတ်သက်သော မှတ်ဉာဏ်များစွာသည် စုရှင်း၏ စိတ်ထဲသို့ ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။
စုရှင်းသည် မျက်လုံးများကို မှိတ်ကာ သူ့စိတ်ထဲရှိ မှတ်ဉာဏ်များကို သေချာစွာ စုပ်ယူခဲ့သည်။
ခဏအကြာတွင် သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ပေါ်လာသည်။
စုရှင်းသည် အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး သူ့ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို အလျှံပယ် လှုံ့ဆော်လိုက်သည်။
ဝိညာဉ်စွမ်းအင်သည် သူ့လက်ဖဝါးတွင် စုစည်းလာပြီး အဆက်မပြတ် ဖိသိပ်ကာ နောက်ဆုံးတွင် လေပွေတစ်ခု အဖြစ် ဖြစ်ပေါ်လာခဲ့သည်။
၎င်းသည် မီးဒြပ်စင် ဝိညာဉ်စွမ်းအင်ဖြစ်သည်။ ထို့နောက် စုရှင်းသည် သစ်သားဒြပ်စင် ဝိညာဉ်စွမ်းအင် အနည်းငယ်ကို ထည့်ရန် ကြိုးစားခဲ့သည်။
သစ်သားနှင့်မီးဒြပ်စင်တို့ ပေါင်းစပ်လိုက်သောအခါ ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်၏ စွမ်းအား အလွန်အမင်း တိုးလာသည်ကို စုရှင်း ရှင်းလင်းစွာ ခံစားမိသည်။
"အဆင့်မြင့် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် ကျင့်ကြံသူတွေကိုတောင် ပြင်းထန်တဲ့ ဒဏ်ရာတွေ ပေးနိုင်တဲ့ နတ်ဘုရား စွမ်းရည်တစ်ခု ဖြစ်တာနဲ့အညီ စွမ်းအားကလည်း တကယ်ကို ကြောက်မက်ဖွယ် ကောင်းတာပဲ" စုရှင်းက ရေရွတ်လိုက်သည်။
မတော်တဆမှုများ မဖြစ်စေရန် အတွက် စုရှင်းသည် ဝိညာဉ်စွမ်းအင်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။
သူ့လက်ဖဝါးမှ ဝိညာဉ်စွမ်းအင် လေပွေသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စုရှင်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ပေါင်းစပ် ဝင်ရောက်သွားခဲ့သည်။
"ကောင်းပြီ၊ ငါ့ရဲ့လက်ရှိခွန်အားနဲ့ဆို ဝိညာဉ်စွမ်းအင် တစ်ဝက်ကို ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်ထဲ ထည့်သွင်းနိုင်ပြီ။ နောက်ပိုင်းမှာ မှော်ပညာကို ဖျက်သိမ်းလိုက်မယ်ဆိုရင် ဝိညာဉ်စွမ်းအင် အများစုကို ပြန်ရနိုင်ပြီး အသုံးဝင်မှုကလည်း အများကြီး တိုးလာနိုင်တယ်။"
"ဒါပေမဲ့ ငါ့ရဲ့ကျင့်ကြံမှုအဆင့် တိုးလာတာနဲ့အမျှ ဒီဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်ရဲ့ ကုန်ကျမှုကလည်း လျော့သွားမယ့်ပုံပဲ"
စုရှင်းသည် အနည်းငယ် ခေါင်းခါယမ်းလိုက်သည်။
သီအိုရီအရဆိုလျှင် ဝိညာဉ်စွမ်းအင်ကို ပိုပြီးလှုပ်ရှားနိုင်လေ ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်၏ စွမ်းအားသည် ပိုကြီးလေ ဖြစ်ပါသည်။
ဥပမာအားဖြင့် စုရှင်းသည် ခန္ဓာကိုယ် ပေါင်းစည်းခြင်း အဆင့်တွင် သူ၏ ဝိညာဉ်စွမ်းအင် တစ်ဝက်ကို ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်ထဲသို့ ထည့်သွင်းနိုင်ခဲ့ပါက စွမ်းအားသည် အခုလက်ရှိထက် နှစ်ဆကျော် ပိုမိုအားကောင်းနိုင်ပါသည်။
"နောက်တစ်ခုက နတ်အာရုံနဲ့ တိုက်ခိုက်တဲ့ နည်းစနစ်ပဲ..."
ထိုသို့ တွေးလိုက်ရင်း စုရှင်းသည် သူ၏ နတ်အာရုံကို ထပ်မံ ထုတ်လွှတ်လိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင် စုရှင်းသည် သူ၏ နတ်အာရုံကို စုစည်းရန် ကြိုးစားခဲ့သည်။
နောက်ဆုံးတွင် စုရှင်း၏ နတ်အာရုံသည် ရွှေရောင် ဒယ်အိုးငယ်လေး အဖြစ် ဖြစ်ပေါ်လာခဲ့သည်။
ထိုဒယ်အိုးငယ်လေးသည် ဝေးကွာသောနေရာမှ ကျောက်တုံးကြီး တစ်ခုကို ရိုက်ခွဲလိုက်သည်။
ဒုန်း! ဟူသော ပြင်းထန်သောအသံနှင့်အတူ ထီးတည်း တည်ရှိနေသော ကျောက်တုံးကြီးသည် ချက်ချင်းပင် အမှုန့် ဖြစ်သွားခဲ့သည်။
စုရှင်းသည် မျက်ခုံးပင့်ကာ ရေရွတ်လိုက်သည်။
"နတ်အာရုံနဲ့ တိုက်ခိုက်တဲ့ နည်းစနစ်က နတ်အာရုံနဲ့ ပတ်သက်တဲ့ တိုက်ခိုက်မှုတွေ အတွက် အသုံးဝင်ရုံတင် မဟုတ်ဘဲ လက်တွေ့ကမ္ဘာ အပေါ်မှာပါ သက်ရောက်မှု ရှိနေတယ်။"
"နတ်အာရုံရဲ့ စွမ်းအား တစ်ခုတည်းနဲ့တင် ငါက သာမန် နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ကိုတောင် အသာလေး ယှဉ်ပြိုင်နိုင်လောက်တယ်။"
စုရှင်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
၎င်းသည် သူ့အတွက် ပျော်ရွှင်စရာ အံ့ဩမှုတစ်ခု ဖြစ်သည်။ နတ်အာရုံ အလုံအလောက် အားကောင်းလျှင် လက်တွေ့ကမ္ဘာကို သက်ရောက်မှု ပေးနိုင်ကြောင်းကိုလည်း စုရှင်း သဘောပေါက်သွားခဲ့သည်။
"အခု နတ်အာရုံနဲ့ တိုက်ခိုက်တဲ့ နည်းစနစ်ကို သင်ယူပြီးပြီ ဆိုတော့ လွတ်မြောက်ခြင်း ပိုင်နက်ထဲကို ဝင်တာက ပြဿနာ သိပ်မရှိတော့ဘူး"
"ဒါပေမဲ့ ခန္ဓာကိုယ် ပေါင်းစည်းခြင်း အဆင့်ကို တက်ဖို့ အတွက် လိုအပ်ချက် ဖြစ်တဲ့ ငါ့ရဲ့ နတ်အာရုံကို ထပ်ပြီး အားကောင်းအောင် လုပ်ဖို့တော့ လိုအပ်သေးတယ်"
"ဒါ့အပြင် ငါ့ရဲ့ လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် ကျင့်ကြံမှု အဆင့်ကိုလည်း တိုးတက်အောင် လုပ်ရမယ့် အချိန်ရောက်ပြီ"
စုရှင်းသည် တစ်ခဏမျှ စဥ်းစားလိုက်သည်။
ခန္ဓာကိုယ် ပေါင်းစည်းခြင်း အဆင့်သို့ တက်ရောက်ခြင်းသာ် တစ်ရက်တည်းနှင့် ပြီးသွားမည့်ကိစ္စ မဟုတ်သည်မှာ ရှင်းနေသည်။
ထို့ကြောင့် လက်ရှိအဆင့်တွင် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံမှုအဆင့်၏ ထိရောက်မှုကို မြှင့်တင်ခြင်းသည် ပို၍ကောင်းမွန်သော ချဉ်းကပ်မှု ဖြစ်သည်။
နောက်လာမည့် သရုပ်ပြခြင်း အတွက် အစီအစဉ်တစ်ခု သူ့တွင် ရှိနေပြီ ဖြစ်သည်။
နောက်တစ်ပတ် အတွင်းမှာတော့ စုရှင်းသည် ပုံမှန်အတိုင်း ဆေးလုံးများ ဖော်စပ်ရင်း သရုပ်ပြစက် အတွက် စွမ်းအင်များ ပိုမို စုဆောင်းနေခဲ့သည်။
တစ်ခါတစ်ရံတွင်တော့ အချိန်ဖြုန်းရန် အတွက် ကျင့်ကြံသူကျုံး၏ ဒိုင်ယာရီကို ဖတ်ရှုခဲ့သည်။
လက်တွေ့ကမ္ဘာတွင် ကျင့်ကြံမှု ပြုလုပ်ခြင်းကတော့ စုရှင်း အတွက် လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပထမဦးစားပေးမှာ စွမ်းအင် ရရှိရန်ဖြစ်သည်။ ထို့နောက် အချိန်နှင့်စွမ်းရည် ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာသည်လည်း ပိုမိုအကျိုးရှိသော သရုပ်ပြစက် အတွင်းတွင် ကျင့်ကြံရန် အတွက် ဖြစ်သည်။
ထိုသို့ဖြင့် တစ်ပတ်တာ ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
တစ်ပတ်အတွင်း စုရှင်းသည် ဆေးလုံးပေါင်း ငါးထောင်ကို ဖော်စပ်ခဲ့သည်။
ဝိညာဉ်စိုက်ခင်းဂူ အတွင်းရှိ ဝိညာဉ်စွမ်းအင်များ တဖြည်းဖြည်း ပိုမိုထူထပ်လာသည်နှင့်အမျှ ဂူတစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်ရှိသော အပင်များနှင့် သတ္တဝါများသည် ထူးခြားသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။
ပထမဆုံးအနေဖြင့် စုရှင်း စိုက်ပျိုးထားသော ဝိညာဉ်စပါးပင်များတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။
လက်ရှိ ဝိညာဉ်စပါးများသည် အရင်ကထက် ပိုမိုပြည့်ဖြိုးလာပြီး စပါးစေ့များတွင် ဝိညာဉ်စွမ်းအင် ပမာဏ ပိုမိုပေါများလာသည်ကို စုရှင်း ရှင်းလင်းစွာ ခံစားမိခဲ့သည်။
၎င်းတို့၏ အာနိသင်သည် အရင်ကထက် အများကြီး ပိုကောင်းလာနိုင်သည်။
"ဒီဝိညာဥ်ဆန်ရဲ့ အရည်အသွေးက အလယ်အလတ်အဆင့် ဝိညာဉ်ဆန် အဆင့်ကို ရောက်နေလောက်ပြီ... ချီသန့်စင်ခြင်း အဆင့်နဲ့ အုတ်မြစ် တည်ဆောက်ခြင်း အဆင်ြ ကျင့်ကြံသူတွေတင်မက ရွှေအမြုတေနဲ့ သန္ဓေတည်ဝိညာဥခ ကျင့်ကြံသူတွေတောင် ရေရှည်စားသုံးရင် အကျိုးကျေးဇူးတွေ အများကြီးရနိုင်တယ်"
စုရှင်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဝိညာဉ်ဆန်၏ အရည်အသွေး တိုးတက်လာခြင်းသည် သူ့အတွက် အကျိုးရှိပြီး အန္တရာယ် မရှိပေ။
ဝိညာဉ်ဆန်များ အပြင် အခြားသော ဝိညာဉ်စွမ်းအင်ရှိ အပင်များ ဖြစ်သည့် နတ်ဘုရားစွမ်းအား နွယ်ပင် နှင့် နဂါးဝိဉာဉ်ပန်း တို့သည်လည်း မျိုးပွားစ ပြုလာပြီး ဝိညာဉ်စွမ်းအင် ဆေးအပင်အသစ် ဒါဇင်နှင့်ချီ၍ ပေါက်လာခဲ့သည်။
စုရှင်းသည် အပင်အသစ်များကို ကြည့်ကာ "ဝိညာဉ်စွမ်းအင် ဆေးပင်တွေကို အသစ်တွေ မစိုက်ဘဲ အဆက်မပြတ် သုံးစွဲနေမယ်ဆိုရင် လွယ်လွယ်ကူကူ ကုန်ဆုံးသွားနိုင်တယ်... ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဝိညာဉ်စွမ်းအင် ဆေးပင်အသစ်တွေ စိုက်ပျိုးဖို့က မဖြစ်မနေ လိုအပ်တယ်"
စုရှင်းသည် ကျင့်ကြံသူကျုံး၏ သိုလှောင်အိတ်ကို ရရှိပြီးနောက် ၎င်းအတွင်းရှိ ဝိညာဉ်စွမ်းအင် ဆေးပင်မျိုးစေ့ အချို့ကို စိုက်ပျိုးထားခဲ့ပြီး ဖြစ်သည်။
ရင့်မှည့်ဖို့ အချိန်အတော်ကြာသေးသော်လည်း စောစောစိုက်လေ စောစောရိတ်သိမ်းနိုင်လေ ဖြစ်သည်။
ထို့အပြင် စုရှင်းသည် ပရော်ဖက်ရှင်နယ် ဈေးတွင် ရှေးဟောင်းဆေးမြစ်များ ဖြစ်သည့် ဂျင်ဆင်းနှင့် အိန်ဂျယ်လီကာကဲ့သို့သော ဆေးမြစ်များကိုလည်း တစ်ခါတစ်ရံ သွားရောက် ရှာဖွေတတ်သည်။
သူသည် ကောင်းမွန်သော အရည်အချင်းများနှင့် ဝိညာဉ်စွမ်းအင်ဆေးပင် အဖြစ် ပျိုးထောင်နိုင်သော အပင်များကို ရွေးချယ်ခဲ့သည်။
…