လင်းလက်စွာ တောက်ပခြင်း
Vol. 9 Ch. 867
ကမ္ဘာနှစ်ခု ဆုံမှတ်သည် ဟင်းလင်းပြင် ပင်လယ် အကြား၌ လှေငယ်လေး တစ်စင်းအလား လွင့်လူးနေ၏။ ပြင်းထန်သော လေဟာနယ် မုန်တိုင်းများသည် အဆုံးမဲ့ တိုက်ခိုက်ကြရာ မရေမတွက်နိုင်သော ကျောက်ဆောင်များ၊ သစ်ပင်များ၊ သားရဲများမှာ ပျက်စီးကုန်၏။
“ဂူး ...”
ရှန်းရှီနှင့် ရှောင်မန်တို့ ကမ္ဘာနှစ်ခု ဆုံမှတ်မှ လွတ်မြောက်သွားသည်ကို မြင်သည်နှင့် နတ်ဆိုး သင်္ဘောအိုကြီးထံမှ ဒေါသတကြီး ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် တစ်ဆက်တည်း လိုလိုပင် တော်ဝင် သင်္ဘောပေါ်ရှိ လျှို့ဝှက်သော အရှင်သခင်က အမိန့်ပေးလိုက်၏။
“ဗိုလ်ချုပ် ... အဲဒီ လူသားကိုသတ်ပြီး သူ့ခေါင်းကို နတ်ဆိုးနန်းတော်မှာ ချိတ်ထားစမ်း ... နောက်ပြီး သူ့ရဲ့ ဝိညာဉ်ကို ငရဲမီးတောက်နဲ့ နှစ်တစ်သောင်း လောင်ကျွမ်းပြီး အမှား ဆင်ခြင်ခိုင်းလိုက်”
ထို့နောက် ...
တော်ဝင် နတ်ဆိုး သင်္ဘောသည် လေဟာနယ် မုန်တိုင်းကို ဖြတ်ကာ ထျန်းဟောင်ဂြိုဟ်သို့ သွားရန် ကြိုးစားသည်။ အခြားသော အနက်ရောင် နတ်ဆိုး သင်္ဘောများမှာလည်း ချန်းဖန်နှင့် ရင်ဆိုင်ရန် နတ်ဆိုး သင်္ဘော တစ်စင်းကိုသာ ချန်ရစ်ကာ တော်ဝင် နတ်ဆိုး သင်္ဘော၏ နောက်သို့ လိုက်ကြ၏။
“မင်းတို့က ငါ့ကို အထင်သေးနေတာပဲ ...”
ချန်းဖန်က အမူအရာ ကင်းမဲ့စွာ ရေရွတ်လိုက်သည်။
“ထိန်းချုပ်ခြင်း ...”
“ဘုန်း ...”
ချန်းဖန်၏ ခန္ဓာကိုယ်မှ အလင်းများမှာ ပေါက်ကွဲကာ အဘက်ဘက်သို့ ပျံ့နှံ့သွား၏။ ခွန်ပန်၊ ရွှမ်ဝူနှင့် လိန်ဟူတို့သည် ကမ္ဘာကြီးအား တုန်ခါစေကာ လေဟာနယ်သည် အေးခဲသွားသည်။ ထိုအခါ မရေမတွက်နိုင်သော နတ်ဆိုး သင်္ဘောများမှာ ရပ်တန့်သွား၏။ အဟုန်ပြင်းသော လေဟာနယ် မုန်တိုင်းပင် တည်ငြိမ်သွားသည်။
“သွား ...”
ချန်းဖန်က လက်တစ်ဖက်ကို ခါယမ်းလိုက်သည်။ အဇူရာ၊ ရွှေ၊ အနက်၊ အဝါနှင့် အဖြူ ဟူသော အလင်း ငါးခုသည် ဓားတစ်စင်း အဖြစ် ဖွဲ့စည်း၏။ ၎င်းဓားသည် လေဟာနယ်ကို ကျော်ဖြတ်ကာ နတ်ဆိုးသင်္ဘော ဆယ်စင်းအား ဖြတ်သန်းသွားသည်။
ထိုဓားချက် အပြီး၌ ချန်းဖန်သည် အနည်းငယ် ပင်ပန်းသွားပုံ ရသည်။ သူသည် မျက်လုံးကို မှိတ်ကာ အသက်အား ပြင်းပြင်းရှူရင်း အနားယူလိုက်သည်။ မိုင်တစ်ရာ အကွာအဝေးကို အေးခဲပစ်ရခြင်းက သူ့အား ဖိအားများစေသည်။ ထိုအရာက ကောင်းကင် အရှင်များသာ တတ်နိုင်သော အရာ ဖြစ်၏။
“ဟူး ... ဟူး ...”
အချိန် ပြန်လည် စီးဆင်းချိန်၌ လေဟာနယ် မုန်တိုင်းသည် နောက်တစ်ကြိမ် တိုက်ခိုက်လာသည်။ များစွာသော ရှေးဟောင်းနတ်ဆိုးများသည် ကြောင်တောင်တောင် ဖြစ်နေကြ၏။
“ဘုန်း ... ဘုန်း ... ဘုန်း ...”
ရုတ်တရက် ကမ္ဘာနှစ်ခု ဆုံမှတ်အတွင်း၌ ပေါက်ကွဲသံများ အစီအရီ ထွက်ပေါ်လာသည်။ နတ်ဆိုး သင်္ဘော ဆယ်စင်းသည် ထက်ပိုင်းပြတ်ကာ မီးလုံးများအဖြစ် ပြောင်းလဲသွား၏။ ဝါးမျိုခြင်း နတ်ဘုရား စွမ်းအား၊ လိန်ဟူ မိုးကြိုးစွမ်းအားနှင့် ရွှမ်ဝူ စွမ်းအားတို့မှာလည်း ကောင်းကင်တွင် မွှေနှောက်ကာ ရှေးဟောင်း နတ်ဆိုးများကို အပိုင်းပိုင်း ဆွဲဖြတ် ပစ်လိုက်သည်။
“...“
ထိုအခိုက်အတန့်၌ ရှေးဟောင်း နတ်ဆိုး စစ်သည် အားလုံးသည် တိတ်ဆိတ်သွား၏။ ထျန်းဟောင်ဂြိုဟ်သို့ ဝင်တော့မည့် တော်ဝင်မိသားစု နတ်ဆိုး သင်္ဘောပင်လျှင် ရပ်တန့်သွားသည်။
စကြဝဠာ၏ ကျော်ကြားသော မျိုးနွယ်စု တစ်ခု အနေဖြင့် ရှေးဟောင်းနတ်ဆိုး နတ်ဆိုးသင်္ဘော တစ်ခုချင်းစီသည် ရွှေအမြတေ အလယ်ဆင့်၏ စွမ်းအားကို ပိုင်ဆိုင်သည်။ ယခု ထိုလူသားကား နတ်ဆိုးသင်္ဘော ဆယ်စင်းကို တစ်ပြိုင်နက်တည်း ဖျက်ဆီးပစ်ခဲ့သည်။ ထိုအရာက အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။
“စိတ်ဝင်စား စရာပဲ ...”
တစ်ခဏအကြာ၌ တော်ဝင် မိသားစု နတ်ဆိုး သင်္ဘောထံမှ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ယခုတစ်ကြိမ်တွင်မူ ထိုအရာက လူသား ဘာသာစကားနှင့် ဖြစ်၏။
“ဗိုလ်ချုပ်များ အမိန့်နာခံကြ ... ဒီလူကို အရင်သတ် ... ပြီးမှ ဟိုမိန်းကလေး နှစ်ယောက်နောက်ကို လိုက်မယ်”
“ကောင်းပါပြီ ...”
ဗိုလ်ချုပ်များက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ ထို့နောက် နတ်ဆိုး သင်္ဘောများထံမှ အနက်ရောင် အလင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။ ထိုအလင်း တစ်ခုချင်းစီသည် ရွှေအမြုတေ ထိပ်ဆုံးအဆင့် နတ်ဆိုးဗိုလ်ချုပ် တစ်ယောက်ကို ကိုယ်စားပြုသည်။ သူတို့အထဲမှ အချို့ဆိုလျှင် ဘိုးဘေး တကောင်းထက်ပင် ပို၍ အစွမ်းထက် ကြ၏။
“ဘုန်း ...”
တစ်ချိန်တည်း၌ ချန်းဖန်သည် ရှေးဟောင်းနတ်ဆိုး စစ်သည်များထံ တိုးဝင်ကာ စတင် သတ်ဖြတ်လိုက်သည်။ အချိန်သည် ချန်းဖန်အတွက် အလွန် အဖိုးတန်၏။ အမြုတေ ငါးခုသည် မိုးကြိုး ကပ်ဘေးကို ကျိန်းသေ ဆင့်ခေါ်မည် ဖြစ်ရာ သူ့အတွက် တစ်ဆယ် စက္ကန့်မျှသာ အချိန်ရပေသည်။
“ဝှစ် ...”
ချန်းဖန်သည် လက်သီးကို ထိုးလိုက်ရာ အမြုတေ ငါးခုမှာ အလင်းငါးမျိုး အဖြစ် ပြောင်းလဲ၏။ ထိုအလင်းများက လက်သီး အသွင်ဖြင့် ပေါင်းစပ်ကာ လေသင်္ဘော ရှစ်စင်းကို ဖျက်ဆီးလိုက်သည်။
“ဘုန်း ... ဘုန်း ...”
ချန်းဖန်၏ လက်သီး တစ်ခုချင်းစီသည် မတူညီသော စွမ်းအင်ငါးခုကို သယ်ဆောင်ထားရာ အလွန် အစွမ်းထက်သည်။ ထိုလက်သီး၏ တိုးဝင်မှုတွင် နတ်ဆိုး သင်္ဘော၊ ရှေးဟောင်း နတ်ဆိုး၊ အစီအရင် အလုံးစုံမှာ ဖျက်ဆီးခံရ၏။ ထိုအခိုက်၌ ချန်းဖန်၏ အသွင်ကား သိုးအုပ်စု အကြားမှ ကျားတစ်ကောင်နှယ် ကြမ်းတမ်းလွန်း နေခဲ့သည်။
“ဗျူဟာပြောင်းမယ် ... ရိုးရိုး စစ်သည်တွေ နောက်ပြန်ဆုတ် ... ဗိုလ်ချုပ်တွေ တိုက်ခိုက်ကြ”
တော်ဝင် မိသားစု နတ်ဆိုး သင်္ဘောထံမှ အမိန့်ပေးသံ ထွက်ပေါ် လာပြန်၏။
“ဝှစ် ...”
များစွာသော နတ်ဆိုး သင်္ဘောများသည် နောက်ဆုတ်ကာ လေးမီတာ အမြင့်ရှိသော သံချပ်ကာဝတ် ဗိုလ်ချုပ်များမှာ အရပ်မျက်နှာ ပေါင်းစုံမှ ပျံသန်းလာကြသည်။ သူတို့က ချန်းဖန် ထွက်ပြေးနိုင်သည့် လွတ်လမ်း မှန်သမျှကို ပိတ်ဆို့ထား၏။
“သေကြစမ်း ...”
ချန်းဖန်က သူ၏ လက်ချောင်းများကို လေထဲတွင် ညင်သာစွာ ဝှေ့ယမ်းလိုက်၏။ သူတစ်ချက် လှုပ်ရှားတိုင်း သူ၏ ဓမ္မအသွင် တစ်ခုမှာ ကွယ်ပျောက်သွားသည်။
“ရွှမ်ဝူ ...”
“ကမ္ဘာသစ်ပင် ...”
“ခွန်ပန် ...”
“လိန်ဟူ ...”
“ရွှေရောင် အလင်းစက်ဝိုင်း ...”
ဓမ္မအသွင် ငါးခု ကွယ်ပျောက်သွားပြီးနောက် ချန်းဖန်၏ လက်တွင် အရောင်ငါးမျိုး အလင်းလုံး တစ်ခုသာ ကျန်ရစ်တော့သည်။ ထိုအလင်းလုံးက လည်ပတ်ကာ အဆုံးမဲ့ စွမ်းအားများကို သယ်ဆောင်ထား၏။
“ငါးခါ ပြန်လည် မွေးဖွားခြင်း ကျင့်စဉ် ...”
ချန်းဖန်က အလင်းလုံးကို ရှေ့သို့ ညင်သာစွာ တွန်းထုတ်လိုက်သည်။
“ဘုန်း ...”
အလင်းလုံးသည် မမြင်နိုင်သော အရှိန်ဖြင့် ကောင်းကင်ကို ဖြတ်သန်းသွားကာ ရှည်လျားသော အမှတ်တစ်ခုကို ဖန်တီးသည်။ လမ်းကြောင်းတွင် ရှိနေသော ဗိုလ်ချုပ် ရှစ်ယောက်မှာ လှုပ်ရှားခွင့်ပင် မရဘဲ ဖျက်ဆီးခံရ၏။ ထို့နောက် ၎င်းက ရှေးဟောင်းနတ်ဆိုး နတ်ဆိုး သင်္ဘောများ ထံသို့ပါ ဆက်လက် တိုးဝင်သည်။
ထိုအချိန်၌ နတ်ဆိုး သင်္ဘောများသည် ဝင်္ကပါတစ်ခု ဖွဲ့စည်းပြီးလုနီးပါး ဖြစ်နေခဲ့သည်။ သို့သော်လည်း အလင်းလုံး၏ ဖြတ်သန်းမှုတွင် ဒါဇင်ပေါင်း များစွာသော နတ်ဆိုး သင်္ဘောများမှာ အပိုင်းပိုင်း အစစအဖြစ် ပျက်စီးကုန်သည်။
“ဘုန်း ... ဘုန်း ... ဘုန်း ...”
ရုတ်တရက် ပေါက်ကွဲသံများမှ လွဲ၍ အရာအားလုံး တိတ်ဆိတ်သွားသည်။ ဗိုလ်ချုပ်များမှာ ဆွံ့အနေကြကာ နတ်ဆိုး စစ်သည်များမှာ ကြောက်လန့် ကုန်ကြသည်။
သူတို့သည် အတိတ်၌ များစွာသော သက်ရှိများနှင့် တိုက်ခိုက်ဖူးသည်။ သို့သော်လည်း ထိုအရာက ချန်းဖန်ကဲ့သို့ အစွမ်းထက်သော လူတစ်ယောက်ကို ပထမဆုံး အကြိမ်အဖြစ် တွေ့ဖူးခြင်း ဖြစ်သည်။
ချန်းဖန်သည်အခြေတည် ဝိညာဉ်အဆင့် ကောင်းကင် အရှင်များကဲ့သို့ အစွမ်းထက်သည်။ ရွှေအမြုတေ ထိပ်ဆုံးအဆင့် ဗိုလ်ချုပ်များပင် သူ၏လက်၌ လွယ်ကူစွာ အသတ်ခံခဲ့ရသည်။
“ဟူး ...”
ချန်းဖန်က သူ၏လက်ကို ဖြည်းညင်းစွာ ပြန်လည် ချလိုက်သည်။ သူ၏ သွေးများသည် ခန္ဓာကိုယ် အတွင်း၌ ပွက်ပွက်ဆူနေ၏။
ငါးခါပြန်လည် မွေးဖွားခြင်း ကျင့်စဉ်သည် ဒြပ်စင်ငါးမျိုး တန်ခိုးရှင်ဂိုဏ်း၏ ကျော်ကြားသော ကျင့်စဉ်တစ်ခု ဖြစ်ပြီး မဟာ ဒြပ်စင်ငါးမျိုး မိုးကြိုးနှင့် တန်းတူ အစွမ်းထက်သည်။ ချန်းဖန်သည် ထိုကျင့်စဉ်ကို အမြုတေ ငါးခု၏ စွမ်းအားကို အသုံးပြု၍ ထုတ်ဖော်ခဲ့ခြင်း ဖြစ်ရာ ထိုအရာက ကမ္ဘာပျက်မတတ် ပြင်းထန်၏။
“ဒါက အဆုံးသတ် မဟုတ်သေးဘူး ...”
ချန်းဖန်က အေးစက်စွာ ဆိုလိုက်သည်။ များစွာသော နတ်ဆိုး စစ်သည်များ ကျဆုံးသွားခဲ့ပြီ ဖြစ်သည့်တိုင် ထိုအရာက ရှေးဟောင်း နတ်ဆိုးမျိုးနွယ် အတွက် ကြီးမားသော ဆုံးရှုံးမှု မဟုတ်သေးချေ။ အထူးသဖြင့် တော်ဝင် မိသားစုသည် ယခု အချိန်အထိ တစ်ချက်ပင် မလှုပ်ရှား ရသေးချေ။ သို့ဖြစ်ရာ ချန်းဖန် အနေဖြင့် ရှောင်မန်တို့ ဘေးကင်းရာသို့ ရောက်သည် အထိ သို့မဟုတ် ရှေးဟောင်း နတ်ဆိုး မျိုးနွယ်များ ကြောက်လန့်သွားသည် အထိ သတ်ဖြတ်ရန် လိုအပ်သည်။
“နောက်တစ်ကြိမ် ...”
ချန်းဖန်က လက်ချောင်းများကို ဆုပ်ကာ ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်သည်။
ထိုအခြင်းအရာကို တွေ့သည်နှင့် ဗိုလ်ချုပ် ခေါင်းဆောင်က အော်ဟစ်လိုက်၏။
“သူ့ကိုသတ် ... ငါတို့ သူ တိုက်ခိုက်တာကို စောင့်နေလို့ မရဘူး ... မဟုတ်ရင် ငါတို့အားလုံး သေသွားလိမ့်မယ်”
“ဘုန်း ...”
ဒါဇင်ချီသော နတ်ဆိုး ဗိုလ်ချုပ်များမှာ အမိန့်အား နာခံကာ ဘက်ပေါင်းစုံမှ စတင် တိုက်ခိုက်ကြတော့၏။ သူတို့ တစ်ယောက်ချင်းစီ၏ တိုက်ခိုက်မှုက လေဟာနယ်ကို ခွဲဖျက်ကာ ကမ္ဘာကိုပင် တုန်ခါစေသည်။ များစွာသော စွမ်းအားများသည် ကောင်းကင်တွင် ယှက်ဖြာနေရာ မိုင်တစ်ထောင် ပတ်လည်ရှိ အမတေချီမှာ မုန်တိုင်းထန် နေတော့သည်။
ထိုသို့သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရပါက ဟန်ကျုံး သတ်မှတ်ချက် ထိပ်ဆုံး ပုဂ္ဂိုလ်များပင် သွေးပျက်သွားနိုင်သည်။ သို့သော်လည်း ချန်းဖန်မှာမူ အလွန်အမင်း တည်ငြိမ်နေ၏။
“ဘုန်း ...”
ဓမ္မအသွင် ငါးမျိုးသည် ချန်းဖန်၏ နောက်၌ ပေါ်လာကာ ပြင်းထန်သော အရှိန်ဖြင့် လည်ပတ်သည်။ ထို့နောက် ၎င်းတို့က ရောင်ခြည်စက်ဝန်း အသွင် ပြောင်းလဲကာ ပြင်းထန်သော အရှိန်ဖြင့် လည်ပတ်၏။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ အမြုတေ ငါးခုကလည်း လည်ပတ်ကာ အဆုံးမဲ့ စွမ်းအားများမှာ သူ၏ လက်ထံသို့ စုစည်းလာသည်။
“ငါးခါ ပြန်လည် ဝင်စားခြင်း ကျင့်စဉ် ...”
“ဘုန်း ...”
ထိုအလင်းလုံးကား ပထမ အလင်းလုံးထက်ပင် ပိုမို၍ ကြီးမားကာ ကမ္ဘာနှစ်ခု ဆုံမှတ်ကို ဖြတ်၍ တောက်ပနေ၏။ မိုင်ပေါင်းများစွာ အကွာအဝေးမှ လူများပင်လျှင် ထိုအရာအား မြင်ကြရသည်။
ထိုအခိုက်အတန့်၌ ကမ္ဘာတစ်ခုလုံးသည် ရပ်တန့်သွားပုံ ရသည်။ အားလုံးမြင်နိုင်သည့် တစ်ခုတည်းသော အရာကား ကောင်းကင်ရှိ အလင်းလုံးသာ ဖြစ်သည်။
ထိုအရာသည် လင်းလက်စွာ တောက်ပနေခဲ့၏။
***