← Chapters

ရွှေအမြုတေ ရရှိခြင်း

Vol. 9 Ch. 873

ရွှေအမြုတေ ရရှိခြင်း

Vol. 9 Ch. 873

"အဲ ... အဲဒါက ဘာကြီးလဲ ...”

ကျိုးကျူရှင်းက မေးလိုက်သည်။ သူ၏ ခန္ဓာနှင့် နတ်ဘုရား စိတ်ဝိညာဉ် နှစ်ခုစလုံးသည် ကောင်းကင်ရှိ  ရွှမ်ဝူ၏ အရှိန်အဝါအောက်တွင် တုန်ရီနေ၏။

"အဲဒါက ကောင်းကင် ကပ်ဘေးပဲ ... အတိအကျ ပြောရရင်တော့ နတ်ဘုရားအဆင့် ရွှေအမြုတေ ကောင်းကင် ကပ်ဘေးပေါ့ ...”

ချန်းဖန်က ပြန်ဖြေလိုက်သည်။ သူ၏ မျက်နှာတွင်မူ အပြုံးတစ်ခုက ဝင်းပစွာ ပွင့်လန်းလာ၏။ ထိုအပြုံး၌ အဆုံးမဲ့ ပျော်ရွှင်မှုများ ပါဝင်နေကြောင်းမှာ တွေးကြည့်ရုံဖြင့် သိနိုင်သည်။

"နတ်ဘုရား အဆင့် ရွှေအမြုတေ ...”

ကျိုးကျူရှင်းမှာ ဆွံ့အသွား၏။ သူသည် ပေ့ဟန်နယ်၏ အရှင်တစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူသည် ကောင်းကင်အဆင့် အမြုတေကိုသာ ကြားဖူး၍ နတ်ဘုရားအဆင့် အမြုတေကိုမူ တစ်ခါမျှ မကြားဖူးချေ။ ထျန်းဟောင်ဂြိုဟ်၌ အထွတ်အထိပ်အဆင့် အမြုတေ ပိုင်ရှင်ပင် မရှိရာ သူက နတ်ဘုရား အဆင့် အမြုတေ အကြောင်းကို မည်ကဲ့သို့ ကြားဖူးမည်နည်း။

"ရွှေအမြုတေမှာ အဆင့်ကိုးခု ရှိတယ် ... အဲဒီ ကိုးခုရဲ့အထက် ရွှေအမြုတေကိုတော့ ကောင်းကင်အဆင့် ရွှေအမြုတေလို့ ခေါ်တယ် ... ကောင်းကင်အဆင့် ရွှေအမြုတေကို အစွမ်းထက် ဂိုဏ်းကြီးတွေရဲ့ တပည့်တွေပဲ ရရှိနိုင်တယ် ... ကောင်းကင် အဆင့်ရဲ့ အထက် ရွှေအမြုတေကိုတော့ အထွတ်အထိပ် ရွှေအမြုတေလို့ ခေါ်တယ် ... အထွတ်အထိပ် အမြုတေကို အထွတ်အထိပ် ဂိုဏ်းတွေရဲ့ အစွမ်းအထက်ဆုံး ကျင့်ကြံသူတွေကပဲ ဖွဲ့စည်းနိုင်ကြတယ် ... ဒါပေမဲ့ အထွတ်အထိပ် ရွှေအမြုတေရဲ့ အထက်မှာ အခြား အဆင့်တစ်ခု ရှိသေးတယ် ... အဲဒါကို နတ်ဘုရားအဆင့် ရွှေအမြုတေလို့ ခေါ်တယ်"

ချန်းဖန်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်သည်။

"နတ်ဘုရား အဆင့် ရွှေအမြုတေက အရမ်း ရှားပါးပြီး ရရှိဖို့ ခက်ခဲတယ် ... အထွတ်အထိပ် ရွှေအမြုတေ ကပ်ဘေးနဲ့ မတူတာက သူက မိုးကြိုးကပ်ဘေးရဲ့ ဓမ္မအသွင်ကို တစ်ကြိမ်ပဲ ခုခံနိုင်ဖို့ လိုအပ်တယ်"

ထို့နောက် သူက ကောင်းရှိ ရွှမ်ဝူကို မော့ကြည့်လိုက်၏။ ၎င်းသည် ရွှမ်မင် စွမ်းအားကို ထိန်းချုပ်က ကောင်းကင်အား သိမ်းပိုက်ထားသည်။

"အဲဒါက နတ်ဘုရား အဆင့် ကောင်းကင် ကပ်ဘေးရဲ့ အစစ်အမှန် ပုံစံပဲ"

ရွှမ်ဝူ ကောင်းကင်သားရဲ၏ စွမ်းအားသည် အလွန် ကြီးမားကာ အတိဒုက္ခ အဆင့် ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ သို့သော်လည်း ယခု ချန်းဖန် ရင်ဆိုင် နေရသည့် ခွန်ပန်မှာမူ အစစ်အမှန် မဟုတ်ဘဲ စကြဝဠာ ဥပဒေသအရ ဖွဲ့စည်းထားသော ပုံရိပ်ယောင်သာ ဖြစ်သည်။

"ဒဏ္ဍာရီတွေ အရဆို တစ်စုံတစ်ယောက်က နတ်ဘုရားအဆင့် အမြုတေကို ဖွဲ့စည်းဖို့ ကြိုးစားရင် စကြဝဠာက နောက်ဆုံး စစ်ဆေးမှုအဖြစ် အစွမ်းထက် သက်ရှိ တစ်ပါးရဲ့ ရွှေအမြုတေ အစောပိုင်း အဆင့် ပုံရိပ်ယောင်ကို စေလွှတ်တယ်တဲ့ ... အဲဒီ ပုံရိပ်ယောင်ကို အနိုင်မယူနိုင်သေး သရွေ့ ငါ့ ရွှေအမြုတေက ပြည့်စုံလာမှာ မဟုတ်ဘူး ... ငါ ရင်ဆိုင်ရမယ့် သက်ရှိ ပုံရိပ်ယောင်ကတော့ ရွှမ်ဝူသားရဲပဲ"

ချန်းဖန်က ဖြူရော်စွာ ပြုံးလိုက်သည်။

များစွာသော ကောင်းကင် သားရဲများသည် အစွမ်းထက်သည် ဆိုသော်လည်း သူတို့၏ ရွှေအမြုတေ အဆင့် အစောပိုင်း စွမ်းအားမှာ ရှေးဟောင်း နတ်ဆိုး မင်းသား၏ စွမ်းအားနှင့်များစွာ ကွာခြားမည် မဟုတ်ချေ။

သို့သော်လည်း ရွှမ်ဝူ သားရဲမှာမူ ကောင်းကင် သားရဲများအနက် အစွမ်းအထက်ဆုံး ဖြစ်သည်။ ရွှေအမြုတေ အစောပိုင်း အဆင့် ရွှမ်ဝူ သားရဲကို ရင်ဆိုင်ရခြင်းက ကောင်းကင် အရှင် တစ်ယောက်ကို ရင်ဆိုင်ရခြင်းနှင့် ကွာခြားမှု မရှိချေ။

"ဘုန်း ...”

ရွှမ်ဝူ ဓမ္မ အသွင်သည် ပြည့်စုံစွာ ဖွဲ့စည်း ပြီးသည်နှင့် စတင်ကာ တိုက်ခိုက်လိုက်၏။ ၎င်းသည် ကြီးမားသော ခြေထောက်ကြီး တစ်ဖက်ကို မြှောက်ကာ မြေပြင်ပေါ် နင်းခြေလိုက်သည်။

"ဘုန်း ...”

ရုတ်တရက် ကောင်းကင်နှင့် မြေကြီး အကြားရှိ ဟင်းလင်းပြင်သည် အက်ကွဲကာ စွမ်းအင် မုန်တိုင်း တစ်ခု ဖြစ်ပေါ်လာ၏။ ကျိုးကျူရှင်းသည် ထောင့်တစ်ခုတွင် ကပ်ကာ လက်တစ်ချောင်းပင် မလှုပ်ရှား ရဲတော့ချေ။

"တိုက်ခိုက်ကြတာပေါ့ ...”

ချန်းဖန်က အော်ဟစ်ကာ ကောင်းကင်သို့ ပျံတက်လိုက်သည်။

"ဘုန်း ...”

ရွှမ်ဝူ ခြေထောက်ကြီး၏ နင်းခြေမှုတွင် ချန်းဖန်မှာ မြေပြင်သို့ ပြန်လည် ပြုတ်ကျသွားသည်။ သူ၏ မြေကြီးအောက်သို့ မီတာ တစ်ထောင်ခန့် အထိပင် နစ်ဝင်သွားခဲ့၏။

ရွှမ်ဝူ ဓမ္မအသွင်၏ စွမ်းအားကား သူ မျှော်လင့်ထားသော အရာထက် ကျော်လွန် လွန်းနေသည်။ ထိုရွှမ်ဝူ၏ ကျင့်ကြံခြင်း အဆင့်သည် ရွှေအမြုတေ အစောပိုင်း အဆင့်တွင်သာ ရှိနေသေးသော်လည်း ၎င်း၏ စွမ်းအားမှာမူ အခြေတည် ဝိညာဉ်အဆင့် တစ်ယောက်ထက်ပင် ကျော်လွန် နေသေး၏။

မိုးကြိုး နှစ်ဆယ့် ခုနစ်ခု၏ သန့်စင်ခြင်းကို ခံယူပြီးနောက် ချန်းဖန်၏ ခန္ဓာကိုယ်မှာ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရန် နီးကပ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ရွှမ်ဝူ၏ တိုက်ခိုက်မှုသည် သူ့အတွက် ခုခံရန် အလွန် အစွမ်းထက်နေဆဲ ဖြစ်သည်။

"မပြီးသေးဘူးကွ ...”

ချန်းဖန်က အော်ဟစ်ဟာ မြေပြင်မှ ကောင်းကင်သို့ ထိုးတက် သွားပြန်၏။ သူကား အရှုံးပေးမည် မဟုတ်ချေ။

"ဟူး ... ဟူး ...”

သူ၏ ခန္ဓာကိုယ်သည် ပို၍ တောက်ပလာကာ သူ၏ ဦးခေါင်းထက်ရှိ အလင်း စက်ဝိုင်းမှာလည်း သန့်စင်သော စွမ်းအင် စက်ဝိုင်းအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းသည် ချန်းဖန်နှင့် အတူ ရွှမ်ဝူထံသို့ ဝင်ရောက်သွား၏။

"ဘုန်း ... ဘုန်း ... ဘုန်း ...”

ကောင်းကင်တွင် ကမ္ဘာပျက်မတတ် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။ ထိုတိုက်ပွဲသည် ချန်းဖန် ရင်ဆိုင်ဖူးသမျှထဲ၌ အပြင်းထန်ဆုံး တိုက်ပွဲဖြစ်၏။

"ဘုန်း ...”

သိပ်မကြာခင်မှာပင် ချန်းဖန်၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျ သွားပြန်သည်။ သူ၏ အနောက်ရှိ မိုင်ပေါင်းများစွာ ရှည်လျားသော တောင်တန်းမှာ အပိုင်းပိုင်း အစစအဖြစ် ပေါက်ကွဲသွား၏။ အကျိုးဆက် အနေဖြင့် သူ၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်ပင်လျှင် အပိုင်းပိုင်း အစစ ဖြစ်လုနီးပါး ဖြစ်သွားခဲ့သည်။

"ဘုန်း ...”

ချန်းဖန်က လိန်ဟူ သားရဲအသွင်သို့ ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက် လိုက်ပြန်၏။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းကာ မိုးကြိုးဓားအလင်းများကို ဆင့်ခေါ်လိုက်သည်။

"ဘုန်း ...”

သို့သော်လည်း ရွှမ်ဝူက လွယ်ကူစွာပင် လက်သည်းများကို ကုတ်ခြစ်ကာ မိုးကြိုး ဓားအလင်းများကို ဖျက်ဆီးလိုက်သည်။ ထို့နောက် သူ၏လက်သည်းက ဆက်လက် ကျဆင်းရာ ချန်းဖန်၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း အစစအဖြစ် ပြောင်းလဲသွား၏။

"ပြန်လည် မွေးဖွားခြင်း ...”

ချန်းဖန်က လျင်မြန်စွာပင် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းလိုက်သည်။ ထို့နောက် သူက နတ်ဘုရား စွမ်းအားများ၊ အစီအရင်များကို သုံးကာ ရွှမ်ဝူအား ထပ်မံ တိုက်ခိုက် လိုက်ပြန်၏။

"သံလိုက် အမတေ ဒြပ်စင်ငါးခု မဟာမိုးကြိုး ...”

ချန်းဖန်က မိုးကြိုးငါးခု ချိပ်တံဆိပ်အား သူ၏ ဦးခေါင်းထက်တွင် ထားကာ အဖြူအနက် အလင်းများကို ဆင့်ခေါ်လိုက်သည်။ တစ်ချိန်တည်း၌ ရွှမ်ဝူကလည်း ပါးစပ်ကိုဟကာ ရွှမ်မင် နတ်ဘုရား မိုးကြိုးကို ပစ်လွှတ်၏။

"ဘုန်း ...”

ရွှမ်မင် နတ်ဘုရား မိုးကြိုး၏ တိုက်ခိုက်မှုတွင် မိုးကြိုးငါးခု ချိပ်တံဆိပ်မှာ စက္ကူ တစ်ချပ်အလား ပျက်စီးသွားသည်။ ချန်းဖန်က အခြားဝိညာဉ် ရတနာများကို ချက်ချင်းထုတ်၍ ခုခံသော်လည်း အဆုံး၌ ရွှမ်မင် မိုးကြိုး၏ ကျဆင်းခြင်းကို ခွင့်ပြုလိုက်ရပြန်၏။

"ဘုန်း ...”

သူ၏ ခန္ဓာကိုယ်က ကိုးကြိမ်မြောက် အဖြစ် ပေါက်ကွဲသွားပြန်သည်။ အကယ်၍ အလင်း စက်ဝိုင်း၏ ကာကွယ်မှုကြောင့်သာ မဟုတ်ပါက သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ပင်လျှင် ကျန်ရှိတော့မည် မဟုတ်ချေ။

"ရွှမ်ဝူက အရမ်း အစွမ်းထက်တယ် ... နတ်ဘုရား အဆင့် အမြုတေကို ရထားတာတောင် သူ့ကို ရင်ဆိုင်ဖို့ ခက်ခဲနေတုန်းပဲ"

ချန်းဖန်၏ နတ်ဘုရား စိတ်ဝိညာဉ်က မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက သူ သိထားသော နတ်ဘုရား စွမ်းအား၊ ကျင့်စဉ်များကို တွေးတောကြည့်လိုက်၏။

"ကောင်းကင် မိုးကြိုးဓား တတိယပုံစံ သုံးသင့်လား ...”

"ဒါမှမဟုတ် အချိန်ဓားနဲ့ တိုက်ခိုက် ရမှာလား ...”

"ရွှမ်ဝူ ဓမ္မအသွင် ဆိုရင်ရော ...”

" ...”

များစွာသော နည်းလမ်းများမှာ ချန်းဖန်၏ စိတ်အတွင်း တရိပ်ရိပ် ဖြစ်ပေါ်လာသည်။ သို့သော်လည်း သူသည် တိုက်ပွဲအား အဆုံးသတ်နိုင်မည့် နည်းလမ်း တစ်ခုကိုမျှ ရှာမတွေ့ခဲ့ချေ။

"ဘုန်း ...”

ချန်းဖန်၏ ခန္ဓာကိုယ်က ကိုးကြိမ်မြောက် အဖြစ် ပြန်လည်ဖွဲ့စည်း လာပြန်သည်။ ဖွဲ့စည်းပြီးသည်နှင့် သူက နတ်ဆိုးဓားအား စွဲကိုင်ကာ ကောင်းကင် မိုးကြိုးဓား တတိယပုံစံကို ထုတ်ဖော်လိုက်၏။

"ဘုန်း ...”

ဓား၏ ခုတ်ပိုင်းမှုတွင် ရွှမ်ဝူမှာ နောက်သို့အနည်းငယ် ဆုတ်သွား၏။ ထိုမြင်ကွင်းကို ကြည့်ကာ ချန်းဖန်၏ မျက်လုံးများမှာ တောက်ပသွားသည်။

"သူ့ရဲ့ စွမ်းအားတွေက တဖြည်းဖြည်း လျော့နည်းလာတာလား ...”

ထို့နောက် ချန်းဖန်မှာ နတ်ဆိုးဓားကိုကိုင်ကာ တရကြမ်း တိုက်ခိုက်တော့သည်။ သူ၏ ထိုးခုတ်မှုများ၏ အောက်၌ ရွှမ်ဝူ၏ စွမ်းအားမှာ တစ်စထက်တစ်စ လျော့နည်း လာသလို အရွယ်အစားမှာလည်း ပို၍ သေးငယ်လာ၏။ မကြာခင်မှာပင် ရွှမ်ဝူ၏ စွမ်းအားမှာ ရှေးဟောင်း နတ်ဆိုး မင်းသား၏ အဆင့်သို့ ရောက်ရှိ သွားသည်။

"သိပြီ ... ငါ့အနေနဲ့ သားရဲကို အနိုင်ယူစရာ မလိုဘူးပဲ ... သူ့ရဲ့ တိုက်ခိုက်မှုကို ကြာကြာ တောင့်ခံနိုင်တာနဲ့ လုံလောက်ပြီ"

အဆုံး၌ ချန်းဖန်က ဖြူရော်စွာ ပြုံးလိုက်မိသည်။ သူသည် ထိုနည်းလမ်းကို အစောကတည်းက သိရှိ ထားသင့်သည်။ ဤသို့ ဆိုလျှင် ယခုလောက်ထိ ဒဏ်ရာများ ရရှိလိမ့်မည် မဟုတ်ချေ။

"ဘုန်း ...”

တိုက်ပွဲသည် ချန်းဖန်က ရွှမ်ဝူ၏ နဖူးကို ထိုးခွဲလိုက်ခြင်းနှင့် အဆုံးသတ်သွား၏။

ထို့နောက် ရွှမ်ဝူ၏ ပြန့်ကျဲသွားသော စွမ်းအင်များသည် အလင်း စက်ဝိုင်း၏ စုပ်ယူမှုကို ခံလိုက်ရသည်။ ထိုစွမ်းအင်သည် သမုဒ္ဒရာအလား နက်ရှိုင်း ကျယ်ပြောလှ၏။ အလင်း စက်ဝိုင်းမှာ ရွှမ်ဝူအား စုပ်ယူပြီးနောက် ပိုမို၍ လင်းလက်လာခဲ့သည်။

"ပြန်လည် မွေးဖွားလို့ ဆယ်နှစ် ကြာပြီးတဲ့နောက်မှာ ငါ ရွှေအမြုတေကို နောက်တစ်ကြိမ် ဖွဲ့စည်းနိုင်ခဲ့ပြီ"

ချန်းဖန်က သက်ပြင်းတစ်ချက် ချကာ အဝေးရှိ စကြဝဠာအား ငေးမောကြည့်လိုက်သည်။ ထိုအချိန်၌ သူ၏အသွင်က နတ်ဘုရား တစ်ပါးနှင့်ပင် အလားတူ နေတော့၏။

***

All Chapters